BBM TV+ Breaking Brainwashed Media ရဲ့ Channel ခွဲတစ်ခုဖြစ်ပါတယ်။

စစ်ကောင်စီက စစ်အာဏာသိမ်းပြီး (၁၆၈၉) ရက်အတွင်း သတ်ဖြတ်ခဲ့တဲ့ ပြည်သူဦးရေ (၇၂၅၇) ဦးအထိရှိလာBBM-စက်တင်ဘာလ ၁၈သတင်း-ဦးထွန်း ၂...
18/09/2025

စစ်ကောင်စီက စစ်အာဏာသိမ်းပြီး (၁၆၈၉) ရက်အတွင်း သတ်ဖြတ်ခဲ့တဲ့ ပြည်သူဦးရေ (၇၂၅၇) ဦးအထိရှိလာ

BBM-စက်တင်ဘာလ ၁၈
သတင်း-ဦးထွန်း

၂၀၂၅ခုနှစ်၊စက်တင်ဘာလ ၁၆ ရက်နေ့အထိ AAPP ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၆၈၉) ရက်အတွင်း ပြည်သူ (၇၂၅၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

အပြစ်မဲ့ မတရားဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၆၈၅) ဦးရှိလာခဲ့ပြီး၊ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၇၆) ဦး ဖြစ်ပါတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့ပြီး မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၈၀၀) ကျော်ရှိပြီဖြစ်ကာ ပြီးခဲ့တဲ့ရက်မှာတော့ (၂၀၀) ကျော်ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပုံ-AAPP

မိုးလေဝသသတင်း BBM-စက်တင်ဘာလ ၁၈သတင်း-ဦးထွန်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသ...
18/09/2025

မိုးလေဝသသတင်း

BBM-စက်တင်ဘာလ ၁၈
သတင်း-ဦးထွန်း

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့် အတင့် ရှိနေပါသည်။

♦ ယနေ့မနက် ၀၅:၃၀နာရီ အချိန်တိုင်းထွာချက်များအရ ယမန်နေ့က ဖိလစ်ပိုင် နိုင်ငံမြောက်ပိုင်းဒေသများကိုဖြတ်ကျော်ခဲ့သော အပူပိုင်းမုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး တောင်တရုတ်ပင်လယ်ပြင်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အပူပိုင်းမုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး နောက်၁၂ နာရီအတွင်း အပူပိုင်းမုန်တိုင်းအဖြစ်သို့ ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါသည်။

မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ကယားပြည်နယ်၊ ရခိုင် ပြည်နယ်နှင့်ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ မန္တလေးတိုင်း ပဲခူးတိုင်း ၊ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းနှင့် ပြည်နယ် တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီး လက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။

လှိုင်းအမြင့်မှာ မြစ်ဝ ကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၅ ပေမှ ၇ ပေခန့် ရှိနိုင်ပါသည်။

မိုးလေဝသသတင်း အစီအစဥ်ကို မိုးလေဝသဌာန၊MOHADM နဲ့ Windy.com တို့မှရယူဖော်ပြထားပါသည်။

ထိုင်းရဲတွေက နယ်စပ်မှာ ရော်ဘာကျည်ဆန်တွေ၊ မျက်ရည်ယိုဗုံးတွေ နဲ့ကမ္ဘောဒီးယားလူမျိုးတွေကို ပစ်ခတ်တိုက်ခိုက်BBM-စက်တင်ဘာ ၁၈ထ...
18/09/2025

ထိုင်းရဲတွေက နယ်စပ်မှာ ရော်ဘာကျည်ဆန်တွေ၊ မျက်ရည်ယိုဗုံးတွေ နဲ့ကမ္ဘောဒီးယားလူမျိုးတွေကို ပစ်ခတ်တိုက်ခိုက်

BBM-စက်တင်ဘာ ၁၈

ထိုင်းရဲတွေက ရော်ဘာကျည်ဆန်တွေနဲ့ မျက်ရည်ယိုဗုံးတွေ အသုံးပြုကာ ကမ္ဘောဒီးယားလူအုပ်အတွင်း ချဉ်းကပ်လာပြီး စက်တင်ဘာလ ၁၇ရက်‌ ဗုဒ္ဓဟူးနေ့ မွန်ူလွဲပိုင်းကပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာအနီးမှာ ထိုင်းအာဏာပိုင်တွေက နယ်နိမိတ်သတ်မှတ်ဖို့နဲ့ နယ်မြေလုံခြုံရေးအတွက် ဝိုင်ယာကြိုးတွေ တပ်ဆင်ပေးခဲ့တဲ့ နယ်ခြားမှတ်တိုင် ၄၂ နဲ့ ၄၃ ကြားရှိ ဘန်းနောင်းမြို့အနီးမှာ ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။

စက်တင်ဘာလ ၁၆ရက် အင်္ဂါနေ့မှာ ကမ္ဘောဒီးယား အရပ်သားတွေက ဝိုင်ယာကြိုးတွေကို ဖျက်စီးပြီး တချို့ကု ဖယ်ရှားခံခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

ဆာခီရိုဒေသရဲ့ ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် သောဝဏ္ဏဒူလာဝစ်က လုံထိန်းရဲတပ်ဖွဲ့ဝင်တွေနဲ့ နယ်မြေခံရဲတွေ ပူးပေါင်းပြီး နယ်မြေစိုးမိုးရေး တည်ငြိမ်စေဖို့ ဗုဒ္ဓဟူးနေ့မှာ အမိန့်ထုတ်ခဲ့ပါတယ်။

အဆိုပါ စစ်ဆင်ရေးဟာ ထိုင်းပိုင်နက်အတွင်း ခိုးဝင်သူများတွေကို ဖမ်းဆီးဖို့ ရည်ရွယ်တာပဲဖြစ်ပါတယ်။

စက်တင်ဘာလ ၁၇ရက် ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီ ၂၀ မိနစ်ခန့်မှာ ထိုင်းအဓိကရုဏ်းနှိမ်နင်းရေးရဲတွေက ရော်ဘာကျည်ဆန်တွေနဲ့ မျက်ရည်ယိုဗုံးတွေအသုံးပြုကာ ကမ္ဘောဒီးယားအရပ်သား ၂၀၀ ခန့်ကို လူစုခွဲခဲ့ပါတယ်။

ကမ္ဘောဒီးယားဘက်ခြမ်းက လူအများအပြားကို စည်းရုံးပြီး ထိုင်းလုံခြုံရေးဝန်ထမ်းတွေကို ရိုက်နှက်ခဲ့တာကြောင့် ဆူပူမှု အခြေအနေတွေ မြင့်တက်လာခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံသား ၂၃ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ကမ္ဘောဒီးယားအာဏာပိုင်တွေက ထုတ်ပြန်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဆန္ဒပြသူအချို့က ထိုင်းတပ်ဖွဲ့၀င်တွေကို တုတ်၊ ကျောက်ခဲ၊ လေးခွတွေနဲ့ပစ်ခတ်ခဲ့ရာ အရေအတွက် အတိအကျ မဖော်ပြထားပေမဲ့ ဒဏ်ရာရရှိသူတွေရှိတယ်လို့ ထိုင်းစစ်တပ်က ပြောကြားထားပါတယ်။

အရေးယူဆောင်ရွက်မှုအားလုံးကို နိုင်ငံတကာလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတွေကို အပြည့်အဝရှင်းပြနိုင်တယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ကိုးကား-Bangkok Post
ဘာသာပြန်-Richard
ပုံ-Bangkok Post

ကျောက်ဖြူမြို့တိုက်ပွဲအတွင်းမှာ ထိခိုက်ဒဏ်ရာရရှိတဲ့ စစ်ကောင်စီတပ်သားတွေကို ဆေးကုသမှုခံယူဖို့အတွက် စစ်တွေမြို့ကို ထပ်မံပိ...
17/09/2025

ကျောက်ဖြူမြို့တိုက်ပွဲအတွင်းမှာ ထိခိုက်ဒဏ်ရာရရှိတဲ့ စစ်ကောင်စီတပ်သားတွေကို ဆေးကုသမှုခံယူဖို့အတွက် စစ်တွေမြို့ကို ထပ်မံပို့ဆောင်နေရ

BBM - စက်တင်ဘာ ၁၇
သတင်း - နိုင်နိုင်

တရုတ်စီမံကိန်းတွေများစွာရှိတဲ့ ရခိုင်ပြည်၊ ကျောက်ဖြူမြို့တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကို စစ်တွေမြို့မှာ ဆေးကုသမှုခံယူဖို့အတွက် ထပ်မံပို့ဆောင်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ အမှတ် ၃၂ ရဲတပ်ရင်းအနီး နှမ်းဖဲတောင်၊ မင်းတက်တောင်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က အကျအဆုံးတွေ များပြားခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ စစ်ကောင်စီတပ်သား ရာနဲ့ချီကို စစ်တွေမြို့ကို ဆေးကုသမှုခံယူဖို့အတွက် ပို့ဆောင်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

" နှမ်းဖဲတောင်နဲ့ မင်းတက်တောင်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းနဲ့ AA တို့ တိုက်ပွဲတွေ ဖြစ်ကြတော့ စစ်ကောင်စီတပ်က အကျအဆုံးများခဲ့ပြီး ဒဏ်ရာရရှိတဲ့သူ ၁၀၀ ကျော်ကို စစ်တွေကို ပို့ဆောင်လိုက်တာပါ။ အဲဒီလို ဒဏ်ရာရရှိတဲ့အထဲမှာ ဓညဝတီရေတပ်ဌာနချုပ်အနီးက ကျေးရွာတွေမှာ တိုက်ပွဲတွေ ဖြစ်ကြတဲ့ သူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်" လို့ အဆိုပါ ကျောက်ဖြူဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

အာရက္ခတပ်တော် AA ဟာ ကျောက်ဖြူမြို့ဝင်ပေါက်ရဲ့ ရှေ့ကာကင်းစခန်းတွေ ဖြစ်ကြတဲ့ ပြိုင်းစေ့ကေ ကာကင်းစခန်းနဲ့ အမှတ် ၃၂ ရဲတပ်ရင်းတို့ကို လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေပြီး အဲဒီတပ်ရင်းတွေကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း ဖြတ်တောက် တိုက်ခိုက်မှုတွေရှိနေတယ်လို့ သိရပါတယ်။

ကျောက်ဖြူမြို့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က အကျအဆုံးတွေ များပြားလာနေတာကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့မှာလည်း စစ်သင်္ဘော ၃ စီးနဲ့ အင်အားဖြည့်တင်းမှုတွေလည်း အဆက်မပြတ်လုပ်ဆောင်လာနေတယ်လို့ သိရပါတယ်။

အဲဒီစစ်အင်အားတွေကို ဓညဝတီရေတပ်ဌာနချုပ်အနီးက ရှေ့ကာကင်းစခန်းတွေဖြစ်တဲ့ ကပ်သပြေကာကင်းစခန်းတွေကို ပို့ဆောင်ထားပြီး လုံခြုံရေးတိုးမြင့်ထားကာ အာရက္ခတပ်တော် AA သိမ်းထားတဲ့နေရာတွေကို ထိုးစစ်ဆင်ဖို့အတွက် ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာလည်း ဓညဝတီရေတပ်ဌာနချုပ်၊ ကပ်သပြေကာကင်းစခန်းအနီး တိုက်ပွဲအတွင်းမှာ ဒဏ်ရာရရှိသွားတဲ့ စစ်ကောင်စီရဲ့ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးနဲ့ တပ်ဖွဲ့ဝင်တစ်ချို့ကို ဆေးကုသမှုခံယူဖို့အတွက် စစ်တွေမြို့ကို စစ်သင်္ဘောတွေနဲ့ ပို့ဆောင်လိုက်ရတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

" ကျောက်ဖြူမြို့ ကုတင် ၂၀၀ ဆံ့တဲ့ ပြည်သူ့ဆေးရုံကြီးမှာလည်း လူနာတွေ ပြည့်နေတယ်လို့ ကြားရပါတယ်။ အရပ်သားတွေနဲ့ စစ်သားတွေအပါအဝင်ပေါ့။ ပြီးတော့ သူတို့ရဲ့တပ်ရင်းတွေမှာလည်း ဆေးကုသဖို့နေရာတွေ မရှိသလောက် ဖြစ်နေကြပြီးလို့ သိရပါတယ်။ အဲတာကြောင့် စစ်တွေမြို့ကို တစ်ခေါက်ပြီးတစ်ခေါက် ပို့ဆောင်နေတာဖြစ်ပါတယ်" လို့ ကျောက်ဖြူ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ ကျောက်ဖြူမြို့မကျရေးအတွက် ရေတပ်အင်အားကို တို့ချဲ့ချထားသလို့ နည်းပညာမြင့် တရုတ်ဒရုန်းစစ်သားတွေ၊ ပြည်သူ့စစ်မှုထမ်း(ပစ)တွေကို ထပ်မံအားဖြည့်ထားပြီး လက်ရှိမှာ AA သိမ်းထားတဲ့နေရာတွေကို ထိုးစစ်ဆင်မှုတွေ အဆက်မပြတ်လုပ်ဆောင်လာနေတာလည်း ဖြစ်ပါတယ်။

အလားတူ ကျောက်ဖြူမြို့ ရေတပ်ဌာနချုပ်အနီးတဝိုက်နဲ့ သံဇစ်မြစ်အတွင်းမှာလည်း စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးနေဗီးတွေ စစ်ရေးအရသွားလာလှုပ်ရှားမှုတွေ ရှိသလို့ စစ်တွေမြို့ကလည်း တိုက်ခိုက်ရေးနေဗီးတွေ အတက်အဆင်းပြုလုပ်တာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ကျောက်ဖြူမြို့မှာ ဓညဝတီရေတပ်ဌာနချုပ်၊ ခလရ ၃၄၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ အမှတ် ၃၂ ရဲတပ်ရင်း၊ တောင်မော်ကြီး ရေတပ်စခန်း၊ အုံးကျွိန်ရေတပ်ဌာနခွဲ တို့ရှိပြီး ရေတပ်အင်အားကောင်းတဲ့မြို့နယ်တစ်ခုဖြစ်တဲ့အပြင် တရုတ်စီမံကိန်းများစွာတည်ရှိနေတဲ့ မြို့တစ်ခုလည်း ဖြစ်ပါတယ်။

17/09/2025

"ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်က ဝိုင်းပတ်တိုက်ခိုက်"
BBM ညနေခင်းသတင်းအစီအစဉ် (၁၇-၉-၂၀၂၅)

စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ ကသာခရိုင်အတွင်းမှ ဗန်းမောက်မြို့ကို KIAနဲ့တော်လှန်ရေးအင်အားစုတွေက ဝိုင်းဝန်းတိုက်ခိုက်နေပြီး စစ်ကောင်စီမှ ထိခိုက်ကျဆုံးမှုတွေရှိသလို မြို့ရဲ့ကာကင်းစခန်းတချို့ကိုလည်း တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားနိုင်တယ်လို့ သိရပါတယ်။

Banmauk Town Under Siege: Resistance Groups Strike Military Council Forces
BBM Evening News (17-9-2025)

In the upper part of Sagaing Region, resistance forces together with the Kachin Independence Army (KIA) are attacking Banmauk town. Reports say that junta troops have suffered casualties, and some of the town’s military outposts have been captured by the resistance forces

TIMECODE

00:05 – In Wetlet and Sagaing, junta troops kill 27 monks and civilians

03:50 – Resistance forces encircle and attack Banmauk town

07:00 – Resistance troops ambush junta column in Dawei town

08:35 – Junta column burns down Yonesigyi village in Taungtha township

10:40 – Israel admits genocide in Gaza

+ # NEWS

မလှိုင်မြို့မှာ စစ်ကောင်စီတပ်က အသက်မပြည့်သေးတဲ့ ကလေးငယ်အပါအဝင် ၁၀ ဦးကို ပေါ်တာဆွဲသွား BBM - စက်တင်ဘာ ၁၇ သတင်း - နိုင်နိ...
17/09/2025

မလှိုင်မြို့မှာ စစ်ကောင်စီတပ်က အသက်မပြည့်သေးတဲ့ ကလေးငယ်အပါအဝင် ၁၀ ဦးကို ပေါ်တာဆွဲသွား

BBM - စက်တင်ဘာ ၁၇
သတင်း - နိုင်နိုင်

မန္တလေးတိုင်း၊ မလှိုင်မြို့ပေါ်မှာ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ကာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပါအဝင် မြို့ခံ ၁၀ ဦး ကို မနေ့က ညနေပိုင်းမှာ ပေါ်တာဆွဲသွားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေဆီက သိရှိရပါတယ်။

စစ်ကောင်စီတပ်ဟာ မနေ့က စက်တင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းမှာ လမ်းသွားလမ်းလာနဲ့ နေအိမ်အတွင်းမှာရှိနေကြတဲ့ အရပ်သားလူငယ်တွေကို ဝင်ရောက်ကာ ပေါ်တာဆွဲသွားခဲ့တာလည်း ဖြစ်ပါတယ်။

" မနေ့က ၁၀ ယောက်ပါသွားပါတယ်။ အသက်ငယ်တဲ့သူတွေကို ဆွဲတာပါ။ မနေ့ကဆိုရင် အသက်မပြည့်သေးတဲ့ ကလေးတွေတောင် ပါတယ်လို့သိရပါတယ်။ စစ်ကောင်စီဟာ တစ်ခါတည်း ဆွဲတာမျိုးမလုပ်ဘဲ တနေရာမှာ ၂ယောက်၊ ၃ ယောက် အဲလိုပုံစံမျိုးနဲ့ ဆွဲနေတာပါ" လို့ မလှိုင်ဒေသခံ တစ်ဦးက BBM ကို ပြောပါတယ်။

မလှိုင်မြို့မှာ စစ်ရေးအရ ငြိမ်သက်နေပေမဲ့ စစ်ကောင်စီရဲ့ ပေါ်တာဆွဲမှုတွေ ပိုမိုပြုလုပ်လာနေတာကြောင့် ဒေသခံပြည်သူလူငယ်တွေအနေနဲ့ သတိထားဆင်ခြင်သွားလာကြဖို့ မလှိုင်မြို့ဒေသခံတွေက ပြောဆိုနေကြပါတယ်။

"စစ်ကောင်စီတပ်က တနေ့ကို ၅ ယောက် လောက်ကို မတူတဲ့နေရာတွေက ရသလိုပေါ်တာဆွဲနေတာပါ။ အရင်လို မြို့ပေါ်မှာ ဆူဆူညံညံဖြစ်သွားအောင်တော့ မဆွဲတော့ဘူးဗျ။ ရပ်ကွက်တစ်ခုက တစ်ယောက်၊ နှစ်ယောက်ပါသွားရင် အဲဒီရပ်ကွက်ကို နောက်ထပ်မဆွဲဘဲ ထားထားတာရှိပါတယ်။ စစ်ကောင်စီက အဲဒီလိုမျိုးလုပ်နေတော့ ဒေသခံတွေကလည်း မရှောင်ကြဘူးဖြစ်နေတာပါ " လို့ မလှိုင်ဒေသခံ နောက်ထပ်တစ်ဦးက BBM ကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲမှုခံရတဲ့သူတွေကို စစ်သင်တန်းတက်ရောက်ဖို့အတွက် မိတ္ထီလာမြို့နယ်ရှိ တပ်ရင်း၊ တပ်မတွေကို တိုက်ရိုက်ပို့ဆောင်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလစကာ တစ်နိုင်ငံလုံးမှာ စစ်မှုထမ်းဥပဒေကို ပြဌာန်းလိုက်ပြီးနောက် စစ်သင်တန်းတက်ရောက်ဖို့အတွက် လူငယ်တွေကို ပေါ်တာဆွဲ လူသစ်စုဆောင်းနေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ရဲ့ စစ်မှုထမ်းသင်တန်းဟာ အပတ်စဥ် ၁၆ ပြီးမြောက်သွားခဲ့ပြီဖြစ်ပြီး နောက်ထပ် အပတ်စဥ် ၁၇ ကို စစ်သင်တန်သား စတင်ခေါ်ယူနေပြီးလည်း ဖြစ်ပါတယ်။

စစ်ကောင်စီဟာ စစ်မှုထမ်းအပတ်စဥ်တစ်ခုကို သင်တန်းသား ၅၀၀၀ ခန့်စီ ခေါ်ဆောင်နေတာဖြစ်ပြီး စစ်မှုထမ်းသင်တန်းဆင်းတွေကိုလည်း တော်လှန်ရေးအဖွဲ့တွေနဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်နေတဲ့ ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်နေတာလည်း ဖြစ်ပါတယ်။

ဗန်းမောက်မြို့ကို တော်လှန်ရေးအင်အားစုတွေက ဝိုင်းပတ်တိုက်ခိုက်မှုတွေပြုလုပ်နေ🟥စစ်ကောင်စီဘက်ကထိခိုက်ကျဆုံးမှုများပြီး မြို...
17/09/2025

ဗန်းမောက်မြို့ကို တော်လှန်ရေးအင်အားစုတွေက ဝိုင်းပတ်တိုက်ခိုက်မှုတွေပြုလုပ်နေ

🟥စစ်ကောင်စီဘက်ကထိခိုက်ကျဆုံးမှုများပြီး မြို့ရဲ့ကာကင်းအချို့ကိုလည်း တော်လှန်ရေးအဖွဲ့တွေသိမ်းပိုက်

BBM-စက်တင်ဘာ၁၇
သတင်း-မင်းသော်

စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ ကသာခရိုင်အတွင်းမှ ဗန်းမောက်မြို့ကို KIAနဲ့တော်လှန်ရေးအင်အားစုတွေက ဝိုင်းဝန်းတိုက်ခိုက်နေပြီး စစ်ကောင်စီမှ ထိခိုက်ကျဆုံးမှုတွေရှိသလို မြို့ရဲ့ကာကင်းစခန်းတချို့ကိုလည်း တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားနိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ရက်နေ့ မနက်ပိုင်းကစပြီး တော်လှန်ရေးအင်အားစုတွေက ဗန်းမောက်မြို့ကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆိုပါနေ့မှာတင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွါးကာ စစ်ကောင်စီဘက်မှ လေကြောင်းဗုံးကျဲမှု(၂)ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါဗန်းမောက်မြို့အတွင်း စစ်
ကောင်စီတပ်ဖွဲ့ဝင်တွေအပြင် စကစလက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) အင်အားတွေလည်း အများအပြားရှိနေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့လည်း သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်မှ စစ်ကောင်စီနဲ့ရှမ်းနီတပ်ဖွဲ့တွေ အထိုင်ချတပ်စွဲထားတဲ့ ဗန်းမောက်မြို့ကာကင်းစခန်းကုန်းအချို့ကို တိုက်ခိုက်ခဲ့တာကြောင့် စကစတပ်ဖွဲ့ဝင်အချို့ သေဆုံးမှုတွေရှိပြီး ကာကင်းစခန်းကုန်းအချို့ကိုလည်း တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

"ဗန်းမောက်က ကာကင်းတွေကို ဝင်တိုက်နေပါတယ်။ စစ်တပ်ဘက်ကလည်း အကျအဆုံးများတယ်ဆိုတာဟုတ်ပါတယ်ခင်ဗျ၊ အရေတွက်တော့သေချာမသိရသေးဘူးဗျ၊ တိုက်ပွဲဖြစ်ပြီး စခ တွေဘက်က ၁၅ရက်နေ့က လေကြောင်းလာ
ကြဲသွားတာရှိပါတယ် နှစ်ခေါက်လာကြဲသွားတာပါ" ဟု ကသာခရိုင်အမှတ်(၄)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက BBM ကိုပြောပါတယ်။

စက်တင်ဘာလ၁၅ရက်နေ့အစောပိုင်းမှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွါးခဲ့တာမို့ ပြည်သူတွေ အနေနဲ့ကြိုတင်ပြင်ဆင်ထားမှုမရှိတာကြောင့် စစ်ရှောင်ချိန်မရဘဲ ဗန်းမောက်မြို့အတွင်း ပိတ်မိနေတယ်လို့ သိရပါတယ်။

မြို့တွင်း ပိတ်မိနေတဲ့ ပြည်သူတွေကို စစ်ကောင်စီနဲ့ ရှမ်းနီတပ်ဖွဲ့တို့မှ စစ်ရှောင်ခွင့်မပေးဘဲ မြို့တွင်းမှာသာနေစေခိုင်းထားတယ်လို့သိရပြီး တိုက်ပွဲအတွင်းက လက်နက်ကြီး၊လက်နက်ငယ်အပြင် စစ်တပ်ရဲ့လေကြောင်းအန္တရာယ်နဲ့ပတ်သတ်ပြီး ပိတ်မိနေတဲ့ပြည်သူတွေအနေနဲ့စိုးရိမ်နေရတယ်လို့လည်း သိရပါတယ်။

အဆိုပါဗန်းမောက်မြို့အတွင်း စစ်ကောင်စီရဲ့ တပ်မ(၇၇)လက်အောက်ခံတပ်ရင်းအချို့အပါအဝင် အခြားတပ်ရင်းများ၊ ရှမ်းနီတပ်မတော်မှ အင်အားများဖြင့် စုစုပေါင်း အင်အား၅၀၀ပတ်ချာလည်ထိ ရှိနေနိုင်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေဘက်မှ အဆိုပါဗန်းမောက်မြို့ကို ဝင်ရောက်တိုက်ခိုက်ပြီး စခန်းကုန်းအချို့ကို သိမ်းပိုက်ပြီးတဲ့နောက် ရှိရင်းစွဲအင်အားတွေအပြင် စစ်ကောင်စီအနေဖြင့် ဟုမ္မလင်းဘက်မှ စစ်ကူပို့အင်အားဖြည့်တင်းတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ ၎င်းမှဆက်ပြောပါတယ်။

"အင်အားဖြည့်တာတွေတော့ရှိမယ်ဗျ၊ ခြေလျင်သွားလို့ရတယ်လေ၊ အဖြစ်နိုင်ဆုံးကတော့ဟုမ္မလင်ဘက်ကပဲဖြစ်မယ်၊ ပြီးတော့ ဗန်းမောက်ထဲမှာ စစ်တပ်ကောရှမ်းနီကော ၅ရာလောက်ရှိနိုင်တယ်လို့လည်း ခန့်မှန်းရတယ်
သေချာတော့အတည်ပြုလို့မရဘူးဗျ၊ပြီးတော့
ပြည်သူအချို့လည်း မြို့တွင်းပိတ်မိနေတာမျိုးတွေရှိတယ်"

ဗန်းမောက်မြို့အတွင်း လက်ရှိအချိန်ထိ ဖုန်းလိုင်း၊အင်တာနက်လိုင်းအချို့ပြတ်တောက်မှုတွေရှိသလို တိုက်ပွဲစတင်ခဲ့တဲ့ စက်တင်ဘာလ၁၅ရက် နေ့ကစပြီး အင်းတော်ဒေသရှိ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း လုံခြုံးရေးအရ ဗန်းမောက်-အင်းတော် ကားလမ်းကို ပိတ်ထားတယ်လို့ သိရပါတယ်။

ဗန်းမောက်မြို့ဟာ စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်အစပ်ကမြို့ဖြစ်သလို တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ အင်းတော်နဲ့ထီးချိုင့်မြို့နယ်တို့နဲ့လည်း နီးစပ်မှုတွေရှိပြီး လူဦးရေ၈၅၀၀ကျော်နေထိုင်တဲ့ မြို့တစ်မြို့ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ နောင်ပိန်ကျေးရွာမှာ နေအိမ်တွေကိုဖောက်ထွင်းပြီး ဖျက်ဆီးနေBBM - စက်တင်ဘာ ၁၇ သတင်း - နိုင်နိ...
17/09/2025

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ နောင်ပိန်ကျေးရွာမှာ နေအိမ်တွေကိုဖောက်ထွင်းပြီး ဖျက်ဆီးနေ

BBM - စက်တင်ဘာ ၁၇
သတင်း - နိုင်နိုင်

စစ်ကောင်စီတပ်က ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာက နေအိမ်တွေကို ဖောက်ထွင်းကာ ပစ္စည်းတွေကိုယူဆောင်ပြီး နေအိမ်တွေကိုလည်း ဖျက်ဆီးနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ အခုရက်ပိုင်းအတွင်းမှာ နောင်ပိန်ကျေးရွာက နေအိမ်တွေနဲ့ စျေးဆိုင်ခန်းတွေကို ဖောက်ထွင်းကာ တန်ဖိုးရှိတဲ့ပစ္စည်းတွေကို ယူဆောင်နေတာဖြစ်တယ်လို့ ရှမ်းမြောက်က ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

"ဈေးဆိုင်နဲ့ လူနေအိမ်ကြီးအိမ်ကောင်းတွေက ပစ္စည်းတွေကိုယူတယ်ပါဗျ။ ပြီးတော့ အချို့အိမ်တွေကိုလည်း ချိုးဖျက် ဖျက်ဆီးခဲ့တာရှိပါတယ်။ တန်ဖိုးရှိတဲ့ ပစ္စည်းမှန်သမျှကိုလည်း အကုန်လုံးသယ်သွားပါတယ်" လို့ ရှမ်းမြောက်က ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ နောင်ပိန်ကျေးရွာကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့က ထိန်းချုပ်လိုက်တာဖြစ်ပြီး ဒေသခံတွေကိုလည်း နောင်ပိန်ကျေးရွာကို ဝင်ခွင့်မပြုဘူးလို့လည်း သိရပါတယ်။

အလားတူ နောင်ပိန်ကျေးရွာအတွင်းမှာ ပိတ်မိနေကြတဲ့ ဒေသခံတွေကိုလည်း လုံးဝထွက်ခွာခွင့်မပြုဘဲ ကျေးရွာထဲမှာ ပိတ်လှောင်ထားပြီး စားဝတ်နေရေး အခက်အခဲတွေ ဖြစ်နေကြတယ်လို့လည်း သိရပါတယ်။

" စစ်ကောင်စီတပ်က နောင်ပိန်ကျေးရွာက ဒေသခံတွေအကုန်လုံးကို အပြင်ထွက်ခွာခွင့်မပြုဘဲ ပိတ်လှောင်ထားပါတယ်။ ပိတ်မိနေကြတဲ့သေခံတွေမှာ စားဝတ်နေရေးအခက်အခဲ ရှိနေကြပါတယ်။ အပြင်က ဒေသခံတွေကိုလည်း ကျေးရွာထဲကို ဝင်ခွင့်မပြုဘူးလို့သိရပါတယ်" လို့ ကျောက်မဲမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ နောင်ပိန်ကျေးရွာကနေ ကျောက်မဲမြို့ကို အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးမှုတွေပြုလုပ်နေတာဖြစ်ပြီး လက်ရှိမှာ ကျောက်မဲမြို့နဲ့ ၈ မိုင်အကွာ ခိုက်တုန်ဟုန်းကျေးရွာအနီးကို ရောက်ရှိလာကာ တအာင်းတပ် TNLA နဲ့ တိုက်ပွဲတွေပြင်းထန်နေကြတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဟာ နောင်ပိန်ကျေးရွာအတွင်းမှာ အင်အား ၂၀၀ ကျော်နဲ့ ခံစစ်အခိုင်အမာပြုလုပ်နေပြီး ကျောက်မဲ၊ မိုးကုတ်နဲ့ မိုင်းလုံမြို့နယ်တွေကိုလည်း ထိုးစစ်ဆင်ဖို့အတွက် ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာဟာ မန္တလေး - လားရှိုး လမ်းမကြီးဘေးမှာ တည်ရှိနေတာဖြစ်ပြီး ရှမ်းတောင်နဲ့ ရှမ်းမြောက်ကို ဆက်သွယ်ရေးမှာ အဓိကအချက်အချာကျတဲ့ ကျေးရွာကြီးတစ်ရွာလည်း ဖြစ်ပါတယ်။

17/09/2025

BBM ရဲ့ စက်တင်ဘာ ၁၇ရက်နေ့ မိုးလေဝသတင်း

နောင်ချိုမြို့နယ်၊ ရတနာသိင်္ဂီမှတဆင့် စစ်ကောင်စီစစ် ကြောင်းအချို့ မိုးကုတ်ဘက်ကို ဦးတည်စစ်ကြောင်းထိုးနေBBM-စက်တင်ဘာ၁၇သတင...
17/09/2025

နောင်ချိုမြို့နယ်၊ ရတနာသိင်္ဂီမှတဆင့် စစ်ကောင်စီစစ် ကြောင်းအချို့ မိုးကုတ်ဘက်ကို ဦးတည်စစ်ကြောင်းထိုးနေ

BBM-စက်တင်ဘာ၁၇
သတင်း-မင်းသော်

စစ်ကောင်စီအနေနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်းရှိ ရတနာသိင်္ဂီမှတဆင့် မိုးကုတ်မြို့ကို စစ်ကြောင်းထိုးဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

နောင်ချိုမြို့နယ်ကို စစ်တပ်မှ ပြန်လည်သိမ်းပိုက်ပြီးတဲ့နောက် နောင်ချိုမြို့နယ်အတွင်းရှိ ရတနာသိင်္ဂီ၊ ကျောက်မဲမြို့နယ်အတွင်းကနောင်ပိန်ကျေးရွာတို့နဲ့ ဂုတ်ထိပ်တံတားဘက်တွေကို စစ်ကြောင်းအသီးသီးဖြန့်ခွဲတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရတနာသိင်္ဂီကိုခွဲထွက်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ ယခုအခါမှာတော့ ရတနာသိင်္ဂီမှတဆင့် မိုးကုတ်မြို့ဘက်ကို ဦးတည်စစ်ကြောင်းထိုးနေပြီး အင်အားရာဂဏာန်းထိရှိတယ်လို့လည်း သိရပါတယ်။

အဆိုပါရတနာသိင်္ဂီဟာ မိုးကုတ်မြို့တို့နဲ့သာမက သပိတ်ကျင်း၊ စဥ့်ကူး၊ မတ္တရာတို့နဲ့ပါထိစပ်နေပြီး ဗျူဟာအရ အရေးပါလှတယ်လို့လည်း ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးမှ BBM ကိုပြောပါတယ်။

"ရတနာသိင်္ဂီကိုဦးတည်တဲ့ စကစ ကမိုးကုတ် မိုင်းလုံဘက်ကိုရည်ရွယ်လောက်တယ်ဗျ၊ပြီးတော့ ရတနာသိင်္ဂီက နောင်ချို နယ်ထဲကဖြစ်ပြီး မတ္တရာ စဥ့်ကူး သပိတ်ကျင်း မိုးကုတ်နယ်တွေနဲ့ထိစပ်နေတဲ့နေရာပါ ၊အရေးကြီးပါတယ်"

ဒါ့အပြင်ခွဲထွက်သွားတဲ့ စစ်ကြောင်းတွေထဲမှ နောင်ပိန်ကိုဦးတည်တဲ့ စစ်ကြောင်းတွေဟာ နောင်ပိန်ရွာမှတဆင့် ကျောက်မဲမြို့ကို ပြည်ထောင်စုလမ်းမကြီးအတိုင် ဆက်လက်
ထိုးစစ်ဆင်နေပြီး ဂုတ်ထိပ်တံတားကို ဦးတည်ခဲ့တဲ့ စစ်ကြောင်းတွေဟာလည်း ထိုမှတဆင့် မိုင်းတင်းကျေးရွာဘက်ကို ဆက်လက်စစ်ကြောင်းထိုးတာတွေပြုလုပ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီအနေနဲ့ မကြာသေးမှီက ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲပြုလုပ်မဲ့မြို့နယ်စာရင်းထဲ TNLAသိမ်းထားတဲ့ မိုးကုတ်မြို့နဲ့ ကျောက်မဲမြို့(၂)မြို့တို့ပါဝင်နေပြီးမြေပြင်မှာလည်း စစ်ကြောင်းထိုးတာတွေပြုလုပ်နေတာကြောင့် ရွေးကောက်ပွဲမတိုင်မှီအဆိုပါမြို့တွေကို အပြီးသိမ်းနိုင်ဖို့ ရည်ရွယ်ထားဟန်တူတယ်လို့ သုံးသပ်ပြောဆိုမှုတွေရှိနေပါတယ်။

Photo-ပုံဟောင်း

မန္တလေးတိုင်းမှ CDM ပညာရေးဝန်ထမ်းနဲ့ ပတ်သက်ပြီး စျေးရောင်းဝယ်နေသူ ၃ ဦးကိုစစ်ကောင်စီက ဖမ်းဆီးBBM စက်တင်ဘာ ၁၇သတင်း ဦးထွန...
17/09/2025

မန္တလေးတိုင်းမှ CDM ပညာရေးဝန်ထမ်းနဲ့ ပတ်သက်ပြီး စျေးရောင်းဝယ်နေသူ ၃ ဦးကိုစစ်ကောင်စီက ဖမ်းဆီး

BBM စက်တင်ဘာ ၁၇
သတင်း ဦးထွန်း

မန္တလေးတိုင်းက (CDM)ပညာရေးဝန်ထမ်း တစ်ဦးဖြစ်တဲ့ မခိုင်စုလွင်နဲ့ ချိတ်ဆက်ကာ ထိုင်းထီနဲ့အဝတ်အထည်တို့ကို ရောင်းဝယ်သူ သုံးဦးကို အကြမ်းဖက်အားပေး စွပ်စွဲချက်နဲ့ စက်တင်ဘာလ ၁၀ ရက်နေ့မှာ ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီလက်အောက်ခံသတင်းဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၂ လမ်းနှင့် ၅၄-၅၅ လမ်းကြား၊ ထွန်တုံးရပ်ကွက်နေ စံထိုက်သီအထည်ချုပ်လုပ်ငန်း လုပ်ကိုင်နေကြတဲ့ CDM ပညာရေးဝန်ထမ်းဖြစ်သူ မသီတာဇော်၊ ကိုဖြိုးမင်းစိုးနဲ့ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ဂရုဏာ(၅)လမ်း၊ ကြူစမ်းရွာသစ်မှာနေထိုင်တဲ့ ကိုသန်းဇော်မိုးတို့ကို ဖမ်းဆီးထားတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မန္တလေးမြို့က အထည်ချုပ်လုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးဟာ ပညာရေးဝန်ထမ်း CDM တစ်ဦးဖြစ်ပြီး CDM မခိုင်စုလွင် အွန်လိုင်းကနေ‌ ရောင်းချနိုင်ဖို့ မြန်မာဝတ်စုံ၊ ရှမ်းဝတ်စုံနဲ့ ညဝတ်အင်္ကျီတွေကိုချုပ်လုပ် ပို့ဆောင်ပေးခဲ့တာ၊ အထည်ချုပ်လုပ်ငန်းလုပ်ကိုင်သူ ကိုဖြိုးမင်းစိုးကတော့ မခိုင်စုလွင်နဲ့ အထည်ရောင်းဝယ်တဲ့အခါ သူ့ရဲ့ mobile payment ကို အသုံးပြုခဲ့သလို မခိုင်စုလွင် ရောင်းတဲ့ ထိုင်းထီကိုလည်း ဝယ်ယူအားပေးခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့မှာ နေထိုင်တဲ့ ကိုသန်းဇော်မိုးကတော့ မခိုင်စုလွင်အတွက် သူ့ရဲ့ mobile payment ကို အခကြေးငွေယူကာ ငွေလွှဲလက်ခံ အသုံးပြုခဲ့တာကြောင့် ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မခိုင်စုလွင်ဟာ CDM ဝန်ထမ်းတစ်ဦးဖြစ်တာ၊ CDM လှုပ်ရှားမှုမှာ ပါဝင်ဖို့ လှုံ့ဆော်တာတွေကြောင့် ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ခံထားရသူတစ်ဦးဖြစ်ပါတယ်။ လက်ရှိ ပြည်ပမှာ နေထိုင်ကာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်နဲ့ တစ်တော့ခ်အကောင့်တွေကနေ ထိုင်းထီနဲ့ အဝတ်အထည်တွေ ရောင်းချနေသလို အဲ့ဒီကရတဲ့ငွေကြေးတွေကို PDF တွေအတွက် ထောက်ပံ့ပေးနေတာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

NUG နဲ့ PDF တွေကို ထောက်ပံ့ပေးနိုင်ဖို့ လူမှုကွန်ရက်မှာ ဈေးရောင်းတာ၊ ချိတ်ဆက်တာ၊ ရောင်းချတဲ့ ပစ္စည်းတွေကို ဝယ်ယူတာ၊ တစ်ဆင့်ခံပြန်လည်ရောင်းချတာ၊ ငွေကြေးလွှဲပြောင်းတာတွေ ပြုလုပ်နိုင်ဖို့ အကူအညီပေးတာ၊ အဲ့ဒီလိုလုပ်ဆောင်ရွက်နိုင်ဖို့ နည်းလမ်းတစ်ခုခုနဲ့ ကူညီဆောင်ရွက်နေသူတွေကိုလည်း အကြမ်းဖက်ဥပဒေနဲ့ အရေးယူနိုင်ဖို့ စိစစ်ဖော်ထုတ်နေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်ကို ၄ လ ကြာ စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ သံဃာတော်တွေ အပါအဝင် ပြည်သူ ၂၇ ဦးကို ...
17/09/2025

ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်ကို ၄ လ ကြာ စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ သံဃာတော်တွေ အပါအဝင် ပြည်သူ ၂၇ ဦးကို သတ်ဖြတ်ခဲ့
BBM - စက်တင်ဘာ ၁၇
သတင်း - နိုင်နိုင်
စစ်ကိုင်းတိုင်း၊ ဝလက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်တွေကို ၄ လ အကြာ စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာတွေက သံဃာတော်တွေအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၂၇ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ Wetlet Informational Network က တာဝန်ရှိသူတစ်ဦးက BBM ကို ပြောပါတယ်။
စစ်ကောင်စီဟာ မေလ ၂၈ ရက်နေ့က စတင်ကာ ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်အစပ်က စဉ့်ကိုင်(တောင်ရွာမြောက်ရွာ)၊ တလိုင်းရွာ၊ ခက်ခရွာ(အရှေ့/အနောက်)၊ မိုးကြိုး၊ ရွာတန်းရှည်၊ သဲကျွန်း၊ ငါးရယ်၊ တိုက်ရွာ(အောက်ရွာ အထက်ရွာ)၊ စမွန်းရွာ၊ ကြခတ်ရွာ၊ လင်းယဉ်ရွာသစ်ရွာ၊ လင်းယဉ်ရွာ၊ မိုးသောက်ရွာ၊ ရှမ်းကုန်းရွာ၊ ကုန်းကြီးရွာ၊ ညောင်းကုန်းရွာ၊ ရေတွင်းဂါစတဲ့ ကျေးရွာတွေကို ဝင်ရောက်စီးနင်းခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပါကျေးရွာတွေကို ဝင်ရောက်စီးနင်းခဲ့စဉ့်အတွင်းမှာ စစ်ကောင်စီဟာ မေလ ၂၈ ရက်နေ့ကနေ စက်တင်ဘာလ ၁၆ ရက်နေ့အထိ ကင်းကျေးရွာက ဘုန်းတော်ကြီး ၁ ပါးနဲ့ ပြည်သူ ၂ ဦး၊ ချောင်းမကြီးကျေးရွာက ပြည်သူ ၁ ဦး၊ မယ်ဇလီချောင်းကျေးရွာက ပြည်သူ ၁ ဦး၊ ရှိမ်းမကားကျေးရွာနဲ့ ငါးရယ်ကျေးရွာက ပြည်သူ ၃ ဦး၊ ရွာတန်းရှည်ကျေးရွာက ပြည်သူ ၃ ဦး၊ သဲကျွန်းကျေးရွာက ပြည်သူ ၄ ဦး၊ အောက်တိုက်ကျေးရွာက ပြည်သူ ၁ ဦး၊ တလိုင်းကျေးရွာက ပြည်သူ ၄ ဦးနဲ့ စစ်ဘေးရှောင်ပြည်သူ ၅ ဦး၊ ခက်ခကျေးရွာက ပြည်သူ ၁ ဦး ဘုန်းတော်ကြီး ၁ ပါးတို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
အခုလို့ စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်တာကို ခံခဲ့ရတဲ့ကျေးရွာသားတွေရဲ့ သေဆုံးစာရင်းဟာ Wetlet Informational Network အဖွဲ့က ကောက်ယူထားတဲ့ စာရင်းတွေသာဖြစ်ပြီး မြေပြင်မှာ အခုထက်ပိုများနိုင်တယ်လို့လည်း Wetlet Informational Network အဖွဲ့ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့အထဲမှာ ပြည်သူ့စစ်မှုထမ်း (ပစ) တွေ အများဆုံးပါဝင်နေတာဖြစ်ပြီး တပ်မ ၃၃၊ တပ်မ ၇၇ နဲ့ တပ်မ ၂၂ တပ်ရင်းတွေက အဓိကစစ်ကြောင်း ထိုးလာခဲ့ကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီ စစ်ကြောင်းကတော့ စစ်ကိုင်းမြို့နယ်၊ မဲကုန်းကနေ ၅ လပိုင်း ၂၈ ရက်နေ့က စပြီးထိုးတာဗျ။ အဲဒီမှာစပြီးတော့ ပြည်သူတွေကို သတ်ဖြတ်တာဖြစ်ပါတယ်။ စစ်ကြောင်းမှာ ပါဝင်တဲ့သူတွေက ပြည်သူ့စစ် (ပစ) တွေများပါတယ်။ သူတို့ဘတ်တံဆိပ်တွေ ကပ်ထားတာကျတော့ တပ်မ ၃၃၊ တပ်မ ၇၇၊ တပ်မ ၂၂ တို့ကဖြစ်ပါတယ်။ ဖမ်းဆီးခံခဲ့ရပြီး လွတ်မြောက်လာတဲ့ ပြည်သူတွေ ပြောပြချက်အရသိရတာပါ လို့ Wetlet Informational Network အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက BBM ကို ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ဝလက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်တွေကို စစ်ကောင်စီတပ်က စစ်ကြောင်း ၂ ကြောင်းထိုးနေတာဖြစ်ပြီး နှစ်ကြောင်းလုံးမှာ အင်အား ရာနဲ့ချီပါဝင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ကြောင်းတွေဟာ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကိုဝင်ရောက်ပြီး ကျေးရွာအတွင်း နေထိုင်တဲ့နေကြတဲ့ အရပ်သားပြည်သူတွေကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ ရှေ့ကနေသွားခိုင်းတာ၊ PDF အဖွဲ့ဝင်ဖြစ်တယ်ဆိုပြီးတော့ သတ်ဖြတ်တာမျိုးတွေနဲ့ ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ပျက်စီးခဲ့တာတွေ ပြုလုပ်ခဲ့တယ်လို့လည်း Wetlet Informational Network အဖွဲ့ရဲ့ တာဝန်ရှိသူ ဆက်ပြောပါတယ်။
ဒီစစ်ကြောင်းက အရပ်သားပြည်သူတွေ အကုန်လုံးကို ဓားစာခံအနေနဲ့ ခေါ်ပါတယ်။ ခေါ်ပြီးတော့ ရှေ့ကနေ သွားခိုင်းတာမျိုး ရှိပါတယ်။ ဒီစစ်ကြောင်းဟာ အရပ်သားတွေကို PDF လို့ စွပ်စွဲပြီးတော့ သတ်ဖြတ်ထားတဲ့ ဗီဒီယိုဖိုင်မှတ်တမ်းတွေလည်း ရှိပါတယ်။ အဲဒီစစ်ကြောင်းဟာ အခုအချိန်မှာ ထွက်သွားတာဖြစ်တာကြောင့် ပြည်သူတွေက ပြန်ဝင်ပြီးတော့ နယ်မြေရှင်းလင်းရေးတွေ စပြီးလုပ်ဆောင်နေရတာဆိုတော့ ဘယ်နှစ်အိမ် ဘယ်လောက်ပျက်စီးသွားတယ်ဆိုတာကိုတော့ မသိရသေးဘူး။ တစ်ချို့ရွာတွေကို စစ်ကြောင်းဝင်တဲ့အခါ ပြည်သူပိုင်ကားတွေကို မီးရှို့ပျက်စီးတယ်။ နေအိမ်တွေကို မီးရှို့ပျက်စီးခဲ့တာရှိပါတယ် လို့ အဆိုပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။
အဲဒီစစ်ကောင်စီ စစ်ကြောင်းဟာ လက်ရှိအချိန်မှာ စစ်ကိုင်းမြို့နယ်၊ မုံညှင်းချောင်းကျေးရွာနဲ့ ညောင်းကုန်းကျေးရွာတွေကို ဆက်လက်စစ်ကြောင်းထိုးနေပြီး အဆိုပါကျေးရွာတွေက ဒေသခံပြည်သူတွေဟာ သတ္တိရှိရှိနေကြဖို့နဲ့ စစ်ကြောင်းအနီးသွားလာခွင့်မပြုကြဖို့ လိုအပ်တယ်လို့လည်း Wetlet Informational Network အဖွဲ့က တိုက်တွန်းထားပါတယ်။
အဆိုပါ စစ်ကောင်စီ စစ်ကြောင်းတပ်စွဲခဲ့တဲ့ ၄ လကျော်ကာလအတွင်းမှာ စစ်ကိုင်းမြို့နယ်၊ မဲဇလီချောင်းကျေးရွာက နွားကျောင်းနေတဲ့ အရပ်သားပြည်သူတစ်ဦးကို PDF အဖွဲ့ဝင်လို့ စွပ်စွဲပြီး ခေါင်းဖြတ်ကာ သတ်ဖြတ်ထားတဲ့ ဗီဒီယိုဖိုင်ကိုလည်း တွေ့ရှိရပါတယ်။
ပုံစာ - စစ်ကိုင်းမြို့နယ်၊ မဲဇလီချောင်း ကျေးရွာက ပြည်သူတစ်ဦးကို သတ်ဖြတ်ဖို့ စစ်ကောင်စီတပ်သားတွေက ပြင်ဆင်နေတာကို တွေ့ရစဥ်။

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ BBM TV+ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์