Tʜᴀɪʟᴀɴᴅ's Mʏᴀɴᴍᴀʀ Nᴇᴡs

Tʜᴀɪʟᴀɴᴅ's Mʏᴀɴᴍᴀʀ Nᴇᴡs ထိုင်းမြန်မာသတင်းများ

မဲဆောက်မြို့တွင် တန်ဆောင်တိုင်ပွဲတော် (လွိုင်ကထုံ) ပွဲတော်နှင့်နိဗ္ဗာန်ဈေးပွဲကျင်းပခဲ့ပြီး မြန်မာအများအပြား လာရောက်ဆင်နွ...
09/11/2022

မဲဆောက်မြို့တွင် တန်ဆောင်တိုင်ပွဲတော် (လွိုင်ကထုံ) ပွဲတော်နှင့်နိဗ္ဗာန်ဈေးပွဲကျင်းပခဲ့ပြီး မြန်မာအများအပြား လာရောက်ဆင်နွှဲ

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့တွင် တန်ဆောင်တိုင်ပွဲတော် (လွိုင်ကထုံ) မီးမျှော ပွဲတော်နှင့် နိဗ္ဗာန်ဈေးပွဲတော်ကို နိုဝင်ဘာ ၈ ရက် ညပိုင်းက ကျင်းပခဲ့ရာ မဲဆောက်ရောက် မြန်မာအများအပြား ပါဝင် ဆင်နွှဲခဲ့ကြောင်း သိရသည်။

မဲဆောက်မြို့တွင် ပျော်ပွဲရွှင်ပွဲ၊ ပွဲလမ်း သဘင်နှင့် တန်ဆောင်တိုင်မီးမျှောပွဲတော် တို့မှာ ကိုဗစ်ကြောင့် နှစ်နှစ်ကျော် သုံးနှစ်နီး ပါး ရပ်နားခဲ့ရာမှ ပြန်လည်စတင်သည့်ပျော် ပွဲရွှင်ပွဲဖြစ်ဖြစ်၍ အကန့်အသတ်ဖြင့် ကျင်းပ ခဲ့သော်လည်း အထူးစည်ကားခဲ့ကြောင်း သိ ရသည်။

ယခင်နှစ်များကဲ့သို့ နှစ်နိုင်ငံချစ်ကြည် အထိမ်းအမှတ်အဖြစ် သောင်ရင်းမြစ်တွင် လွိုင်ကထုံ မီးမျှောပွဲတော်ကို ကျင်းပခြင်းမရှိ သော်လည်း မဲဆောက်မြို့နေရာအနှံ့တွင် ကျင်း ပခဲ့ကြသည်ဟု ဆိုသည်။

မဲဆောက်မြို့တွင်နေထိုင်သူ ကိုကြီးမန်း က “ဒီနှစ်မှာ နှစ်နိုင်ငံချစ်ကြည်ရေး မီးမျှောပွဲ တော်ကို သောင်ရင်းမြစ်မှာ မကျင်းပနိုင်ခဲ့ပေ မဲ့ ရေရှိတဲ့ ကန်၊ မြောင်းရှိတဲ့ နေရာအနှံ့မှာ ကျင်းပခဲ့ကြတယ်။ လွိုင်ကထုံဆိုတာကတော့ ထိုင်းရိုးရာအရ ကြာပန်းမီးခွက်ကိုမျှောပြီး ဆု တောင်းပွဲပြုလုပ်ခြင်းတစ်မျိုးပါ။ ဒီနေ့ထူးခြား တာက မဲဆောက်က နှစ်ပေါင်း၁၀၀ ကျော်ရှိပြီ ဖြစ်တဲ့ကျောင်းကြီးကျောင်းမှာ နိဗ္ဗာန်ဈေးပွဲ တော်လည်း ကျင်းပတော့ မဲဆောက်ရောက် မြန်မာတွေ ၃၀၀၀ လောက်ရှိမယ်ထင်တယ် စည်စည်ကားကားနဲ့ ပျော်စရာလည်း ကောင်း ပါတယ်” ဟု ပြောကြားသည်။

အချို့မှာ မိမိနေအိမ်ရှိ ရေကန်ငယ်၌ လည်း ကြာပန်းမီးမျှောကာ ဆုတောင်းပွဲပြု လုပ်ခဲ့ကြသည်ဟု သိရသည်။

ယခင်က တန်ဆောင်တိုင်ပွဲတော်သို့ ရောက်တိုင်း ထိုင်း-မြန်မာ နှစ်နိုင်ငံချစ်ကြည် ရေးမီးမျှောပွဲတော်ကို သောင်ရင်းမြစ်ကမ်း စပ်တွင် ကျင်းပသည့်အပြင် လက်ဝှေ့ပြိုင်ပွဲ၊ အလှမယ်ပြိုင်ပွဲများလည်း ကျင်းပခဲ့ကြသည်။

သတင်း - ကိုရွှေသိန်း (မြဝတီ)
ဓာတ်ပုံ - ကိုကြီးမန်း

နိုဝင်ဘာလ 8 ရက်နေ့တွင် ကျရောက်သည့် ထိုင်း(လွယ်ကထုံ) တန်ဆောင်တိုင် မီးထွန်းပွဲတော်သည် 8.11.2022 နေ့ မနက်ပိုင်း 5 -နာရီမှ ...
06/11/2022

နိုဝင်ဘာလ 8 ရက်နေ့တွင် ကျရောက်သည့် ထိုင်း(လွယ်ကထုံ) တန်ဆောင်တိုင် မီးထွန်းပွဲတော်သည် 8.11.2022 နေ့ မနက်ပိုင်း 5 -နာရီမှ ညသံခေါင်ယံ အချိန်ထိ အပန်းဖြေပန်းခြံ ဝင်ခွင့်ပြုပေးမည်ဖြစ်သည်

1 စွန်လုံဖိနီ ပန်းခြံ ခစ်ပထွမ်ဝမ်
2 စွန်ကျတုကြတ်
3 စွန်ဝဆင်ဘေန်စထတ် (စွန်လွတ်ဖိုင်) ခစ်ကျတုကြတ်
4 စွန်ဖနခေါင် (ခစ်လတ်ကဘန်)
5 စွန် 60 ဖန်စာ စွန်ဒစ်ဖနန်ကျောင်း (ခစ်လတ်ဘန်)
6 စွန်စရမ်ရွမ် (ခစ်ဖနခေါင်)
7 စွန်ရွမ်ဏီဏတ် (ခစ်ဖနခေါင်)
8 စံဒိဆိုင်ပါကန် (ခစ်ဖနခေါင်)
9 စွန်ဘုရီရွမ် (ခစ်ထုံခရု)
10 စွန်စေရီထိုင် (ခစ်ဘွန်ကွမ်)
11 စွန်နဝမင်ဖိရွမ် (ခစ်ဘွန်ကွမ်)
12 စွန်နောင်ကြောတ် (ခစ်နောင်ကြောတ်)
13 ရာဇ်ဖိရွမ် ( ခစ်နောက်ကြောတ်)
14 ဥထယန် ဘင်ကျစိရိ (ခစ်ကောင်တော်)
15 စွန်ဘင်ကျကျစ် (ခစ်ကောင်တော်)
16 စွန်ဘွန်ကထင် (ခစ်မင်ဘုရီ)
17 စွန်ဖယာဖိရွမ် (ခစ်မင်ဘုရီ)
18 စွန်နဝါရီဖိရွမ် (ခစ်ခေါင်စမ်ဝါ)
19 စိရိဖိရွမ် (ခစ်ခေါင်စမ်ဝါ)
20 စွန်စလွန်ဖကစ် 6 လောပ်ဖဆနွန်ဖန်စာ (ခစ်ဘန်ခေါ်လဲန်)
21 စွန်စံတိဖတ် (ခစ်ရတ်ထေဝီ)
22 စွန်ကီလာ ရမ်အင်ထာ (ခစ်ဘန်ခေန်)
23 စွန်ရွမ်နီထုံစီကန် (ခစ်ဒေါင်မွန်)
24 စွန် 50 ဖန်စာ မဟကျတ်ရီစိရင်ထောင် (ခစ်ပဝစ်)
25 ဝဏထမ် (ခစ်ပဝစ်)
26 စွန်ထဝီဝနရွမ် (ခစ်ထဝီဝပ်ဏာ)
27 စွန်လွန်ဖလမ် 8 (ခစ်ဘန်ဖလတ်)
28 စွန်စာဌာန်ဏဘွန်နမ်းလတ်ဖရောင်း 71 (ခစ်လတ်ဖောင်း)
29 စွန်စိရင်ထရာဖွန်ဆာဖန် (ခစ်ဘန်ကောက်နွဲ)
30 စွန်စလွန်ဖကစ် 80 ဖန်စာ ဖဘတ်စွန်ဒစ်ဖကျောင်းယူဟို (ခစ်ဘန်ကောက်နွဲ)
31 စွန်စလွန်ဖကစ် 80 ဖဘတ်စွန်ဒစ်ဖကျောင်းယူဟို (ခစ်စာထောင်)
32 စွန်ဘန်ခဲဖိရွမ် (ခစ်ဘန်ခဲ)
33 စွန်ထင်ထလေ ဖတ်တနာ ဖွန်စာဖိရွမ် (ခစ်ဘန်ခွန်ထင်)

's Myanmar News

ที่อยู่

Phra Nakhon

เวลาทำการ

จันทร์ 09:00 - 21:00
อังคาร 09:00 - 21:00
พุธ 09:00 - 21:00
พฤหัสบดี 09:00 - 21:00
ศุกร์ 09:00 - 21:00
เสาร์ 09:00 - 21:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Tʜᴀɪʟᴀɴᴅ's Mʏᴀɴᴍᴀʀ Nᴇᴡsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์