SHWE PYI AYE Burmese Notoriety Community Of Leo Messi 🇦🇷 Football News

မက်ဆီရဲ့ ၂၀၁၈ခုနှစ်နောက်ပိုင်း ဖရီးကစ်ဂိုးအရေအတွက်ဟာ ပင်နယ်တီဂိုးတွေထက်တောင် ပိုများနေပါတယ်။ မက်ဆီက ၂၀၁၈ နောက်ပိုင်း ပင်...
13/07/2025

မက်ဆီရဲ့ ၂၀၁၈ခုနှစ်နောက်ပိုင်း ဖရီးကစ်ဂိုးအရေအတွက်ဟာ ပင်နယ်တီဂိုးတွေထက်တောင် ပိုများနေပါတယ်။ မက်ဆီက ၂၀၁၈ နောက်ပိုင်း ပင်နယ်တီ ၃၃ ဂိုးသွင်းခဲ့ပြီး ဖရီးကစ် ၃၅ဂိုးတောင်သွင်းခဲ့ပါတယ်။

မက်ဆီက ဖရီးကစ်ဂိုး စုစုပေါင်း ၆၉ဂိုးသွားထားပြီဖြစ်ပြီး သမိုင်းတလျှောက်ဖရီးကစ်သွင်းဂိုးအများဆုံး နံပါတ် ၃ နေရာမှာရပ်တည်နေပါတယ်။ နံပါတ် ၁ နေရာက ဂျူနင်ဟိုကို ကျော်ဖြတ်ပြီး အများဆုံးဖြစ်ဖို့ ၉ ဂိုးသာလိုပါတော့တယ်။ နံပါတ် ၂ နေရာက ပီလီကိုမှီဖို့ ၁ ဂိုးသာလိုပါတော့တယ်။

မက်ဆီကနောက်ဆုံး MLS ငါးပွဲဆက်တိုက် တစ်ပွဲကို ၂ ဂိုးသွင်းခဲ့ပြီး စုစုပေါင်း ဆယ်ဂိုးထိသွင်းခဲ့ပါတယ်။

လီဗာပူးတိုက်စစ်ကစားသမား ဒီယေဂိုဂျိုတာ ကားမှောက်ပြီး သေဆုံးလီဗာပူးရဲ့ အသက်၂၈ နှစ်အရွယ် ဒီယေဂိုဂျိုတာဟာ စပိန်နိုင်ငံမှာ ကာ...
03/07/2025

လီဗာပူးတိုက်စစ်ကစားသမား ဒီယေဂိုဂျိုတာ ကားမှောက်ပြီး သေဆုံး

လီဗာပူးရဲ့ အသက်၂၈ နှစ်အရွယ် ဒီယေဂိုဂျိုတာဟာ စပိန်နိုင်ငံမှာ ကားမှောက်မှုဖြစ်ပြီး သေဆုံးခဲ့ပါတယ်။ ကားမှောက်မှုအတွင်းမှာ ပေါ်တူဂီဒုတိယန်းလိဂ်မှာ ကစားနေတဲ့ ၂၆ နှစ်အရွယ်သူ့ညီလေးအပါအဝင် သူတို့နှစ်ဦးလုံး ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ဦးစီးလာတဲ့ လမ်ဘော်ဂီနီကားဟာ ကားတစ်စီးကို ကျော်တက်ချိန် တာယာကွဲထွက်ပြီး လမ်းဘေးကို ထိုးကျခဲ့တာပါ။

ဂျိုတာက အရင်အပတ်ကမှ လက်ထပ်ထားတာဖြစ်ပြီး ဒီနေ့မှာပဲဆုံးပါးသွားခဲ့ပါပြီ။ အံ့ဩတုန်လှုပ်စရာသတင်းတခုဖြစ်ပြီး ဘောလုံးလောကတခုလုံး မယုံနိုင်ဖြစ်နေကြပါတယ်။

ကောင်းရာဘုံဘဝရောက်ရှိပါစေ ဂျိုတာရေ… 🕊️

Rest in Peace Diogo Jota 🇵🇹

မက်ဆီ ၃၈ နှစ်မှာ အင်တာမိုင်ယာမီလိုအသင်းနဲ့ ဥရောပချန်ပီယံ PSG ကို 4-0 နဲ့ရှုံးတာဟာ သာမာန်ပါပဲ။ ဒါထက် ဂိုးပိုပြတ်ခဲ့ရင်တော...
01/07/2025

မက်ဆီ ၃၈ နှစ်မှာ အင်တာမိုင်ယာမီလိုအသင်းနဲ့ ဥရောပချန်ပီယံ PSG ကို 4-0 နဲ့ရှုံးတာဟာ သာမာန်ပါပဲ။ ဒါထက် ဂိုးပိုပြတ်ခဲ့ရင်တောင် အေးဆေးပါပဲ။

မအေးဆေးတာက တချို့ 38 နှစ်တုန်းက မန်ယူလို အသင်းနဲ့ ဘရန့်ဖို့ဒ်တို့ ဘရိုက်တန်တို့ကို ဒါမျိုးတွေ ပတ်ရှုံးခဲ့တာ 😭

မက်ဆီအကြောင်းပြန်တွေးရင် ဘယ်ရှုထောင့်ကကြည့်ကြည့် သိမ်ငယ်စရာမရှိဘူး။ ဒီလိုမရှိအောင်လည်း သူနေထိုင် ကြိုးစားခဲ့တယ်။ မက်ဆီက ...
27/06/2025

မက်ဆီအကြောင်းပြန်တွေးရင် ဘယ်ရှုထောင့်ကကြည့်ကြည့် သိမ်ငယ်စရာမရှိဘူး။ ဒီလိုမရှိအောင်လည်း သူနေထိုင် ကြိုးစားခဲ့တယ်။ မက်ဆီက ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ဘောလုံးသမားဖြစ်ရုံမက လူသားတစ်ယောက်အနေနဲ့ဆိုရင်လည်း အတော့်ကို သဘောထားကောင်းတဲ့လူတစ်ယောက်ဖြစ်ပါတယ်။

လူသားတစ်ယောက်အနေနဲ့ သဘောထားကြီးပြီး စိတ်ဓာတ်ကောင်းမှ အားကစားလုပ်ရာမှာလည်း ပိုပြီးလူချစ်လူခင်များမှာဖြစ်ပါတယ်။ မက်ဆီပရိတ်သတ်တွေအနေနဲ့ မက်ဆီကြောင့်မျက်နှာငယ်ရတယ်ဆိုတာ ဘယ်တုန်းကမှ မကြားဖူးခဲ့ပါဘူး။ အဝေးကွင်းမှာ လီဗာပူးကို ၄-၀ နဲ့ရှုံးတဲ့ သမိုင်းဝင်ရှုံးပွဲတွေမှာတောင် မက်ဆီဘယ်လောက်ကြိုးစားခဲ့လည်းဆိုတာ အားလုံးအသိပါ။ ပထမအကျော့မှာကတည်းက အခွင့်အရေးတွေအကြိမ်ကြိမ်ဖန်တီးတဲ့အပြင် နှစ်ဂိုးသွင်းခဲ့ပါသေးတယ်။ ဒီလောက်အဝေးကြီးက ဖရီးကစ်ကို အယ်လီဆန်ရဲ့ ဂိုးပေါက်ထောင့်ထဲ တိတိကျကျလှမ်းထည့်ပြီး ၃-၀ ဆိုတဲ့ရလဒ် ရခဲ့တာပါ။ ဒါကြောင့်လည်း အဲဒီနှစ်တွေက ဘာစီလိုနာကို one man army လို့ ခေါ်ခဲ့ကြတာဖြစ်ပါတယ်။

ကွင်းပြင်ပမှာဆိုရင်လည်း မက်ဆီက မောက်မာတဲ့အမူအရာတခါမှ မလုပ်ဖူးပါဘူး။ ပွဲချိန်အတွင်းမှာ ဘောလုံးကွင်းထဲ ဝင်လာပြီး ကိုယ့်ကိုနှုတ်ဆက်တဲ့ပရိတ်သတ်တွေကိုလည်း ရှောင်မပြေးဖူးပါဘူး။ ကိုယ့်ဆီဓာတ်ပုံလာရိုက်တဲ့ ပရိတ်သတ်ကလေးငယ်ရဲ့ ဖုန်းကိုလည်း လွှင့်မပစ်ဖူးပါဘူး။ အင်တာဗျူးသတင်းထောက်တွေရဲ့ မိုက်ကိုလည်း ရေကန်ထဲ လွှင့်မပစ်ဖူးပါဘူး။

မက်ဆီက ၂၀၁၂ မှာကတည်းက ပြောဖူးပါတယ်။
“ကျွန်တော်က ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ဖို့ထက် လူကောင်းတစ်ယောက်ဖြစ်အောင်ပဲ ကြိုးစားနေထိုင်ပါတယ်” တဲ့။
ဒီစကားက မက်ဆီရဲ့ စိတ်နေစိတ်ထားကိုဖော်ပြနေပြီး စိတ်ဓာတ်ကြောင့်သာ အတုယူရမယ်ဆိုရင် မက်ဆီက ထိပ်ဆုံးကဖြစ်မှာပါ။

မနေ့က မက်ဆီ ၃၈ နှစ်ပြည့်တော့ သူ့အကြောင်းသေချာပြန်တွေးမိပါတယ်။မက်ဆီက ဘာစီလိုနာအသင်းအတွက် 672 ဂိုးသွင်းခဲ့ပါတယ်။ ဒီအရေအတွက...
25/06/2025

မနေ့က မက်ဆီ ၃၈ နှစ်ပြည့်တော့ သူ့အကြောင်းသေချာပြန်တွေးမိပါတယ်။

မက်ဆီက ဘာစီလိုနာအသင်းအတွက် 672 ဂိုးသွင်းခဲ့ပါတယ်။ ဒီအရေအတွက်ဟာ ဘောလုံးသမိုင်းမှာ ကစားသမားတစ်ယောက် အသင်းတစ်သင်းတည်းအတွက် ဂိုးအများဆုံး သွင်းနိုင်တဲ့ပမာဏဖြစ်ပါတယ်။

မက်ဆီက ဂိုးဖန်တီးမှုပေါင်း ၃၇၉ ကြိမ်ရှိပါတယ်။ ဘောလုံးသမိုင်းမှာ ဂိုးဖန်တီးမှု အများဆုံးကစားသမားဖြစ်ပါတယ်။

၂၀၁၂ မှာ မက်ဆီက ၉၁ ဂိုးသွင်းခဲ့ပါတယ်။ နှစ်တစ်နှစ်အတွင်းမှာ (Calendar year) ဂိုးအများဆုံးသွင်းတဲ့ ကစားသမားဖြစ်ပါတယ်။

မက်ဆီက ဘော်လွန်ဒေါ ရှစ်ကြိမ်ရခဲ့ပါတယ်။ သမိုင်းမှာ အများဆုံးကစားသမားဖြစ်ပါတယ်။

မက်ဆီက ရွှေဖိနပ် ၆ ကြိမ်ရခဲ့ပါတယ်။ သမိုင်းမှာ အများဆုံးဖြစ်ပါတယ်။

မက်ဆီက လာလီဂါသမိုင်းရဲ့ ဂိုးအများဆုံးသွင်းတဲ့ ကစားသမားပါ။ လာလီဂါသမိုင်းရဲ့ ဂိုးဖန်တီးမှုအများဆုံး ကစားသမားလည်းဖြစ်ပါတယ်။

အယ်လ်ကလပ်ဆီကိုသမိုင်းမှာ ဂိုးအများဆုံး ကစားသမားက မက်ဆီဖြစ်ပါတယ်။

လာလီဂါသမိုင်းမှာ ဟက်ထရစ်အများဆုံး ကစားသမားက မက်ဆီဖြစ်ပါတယ်။

မက်ဆီက အာဂျင်တီးနားအတွက် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ပါတယ်။ မက်ဆီက အာဂျင်တီးနားအတွက် ဆုဖလားအများဆုံးရတဲ့ ကစားသမာလည်းဖြစ်ပါတယ်။

ဥရောပ ကလပ်ဘောလုံးလောကမှာ ဂိုးအများဆုံးသွင်းတဲ့ ကစားသမားက မက်ဆီဖြစ်ပါတယ်။

ကမ္ဘာ့ဖလားရဲ့ အဆင့်တိုင်းမှာ ဂိုးသွင်းဖူးတဲ့ တစ်ဦးတည်းသော ကစားသမားက မက်ဆီဖြစ်ပါတယ်။ မက်ဆီက အုပ်စုအဆင့်၊ ၁၆ သင်းအဆင့်၊ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲအဆင့်တိုင်းမှာ ဂိုးသွင်းဖူးပါတယ်။

ကမ္ဘာ့ဖလားသမိုင်းမှာ ဂိုးဖန်တီးမှု အများဆုံးကစားသမားက မက်ဆီဖြစ်ပါတယ်။

မက်ဆီက ဆုဖလား ၄၄ ကြိမ်ရခဲ့ပြီး ဘောလုံးသမိုင်းမှာ အများဆုံး ကစားသမားဖြစ်ပါတယ်။

ဘောလုံးသမိုင်းမှာ ဂိုး+ဖန်တီးမှု အများဆုံးက မက်ဆီဖြစ်ပါတယ်။

ဒါပေမယ့် မက်ဆီဟာ သူ့ကိုယ်သူအကောင်းဆုံးကစားသမားလို့ တစ်ကြိမ်တစ်ခါတောင် မပြောခဲ့ဖူးပါဘူး။

ရာသီပြီးတဲ့အချိန် ဘာစီလိုနာရဲ့ ခရီးကို တကျော့ပြန်ကြည့်မိတယ်။ ပြန်တွေ့တာက ဒီပုံလေးပဲ။ ဒီပုံထဲမှာ ဘာစီလိုနာတသင်းလုံးက ဂိုး...
13/06/2025

ရာသီပြီးတဲ့အချိန် ဘာစီလိုနာရဲ့ ခရီးကို တကျော့ပြန်ကြည့်မိတယ်။ ပြန်တွေ့တာက ဒီပုံလေးပဲ။

ဒီပုံထဲမှာ ဘာစီလိုနာတသင်းလုံးက ဂိုးတွေ၊ ဖန်တီးမှုတွေနဲ့ ပလူပျံနေတယ်။ ထူးဆန်းတာက အဲဒီဂိုးတွေ ဖန်တီးမှုတွေဟာ ပြိုင်ဘက်အသင်းတသင်းထဲကို တရာသီထဲမှာ သွင်းခဲ့ကြတဲ့ မှတ်တမ်းတွေဖြစ်ပါတယ်။ ကျနော့်ဘဝမှာ ဒါမျိုး တခါမှတောင် မမြင်ဖူးဘူး။ တရာသီအတွင်း နောက်ခံလူတွေရော၊ ကွင်းလယ်လူတွေရော၊ တိုက်စစ်တွေရော ဒီလောက် ဂိုးတွေရအောင် ဘယ်အသင်းငယ်လေးကိုများ ဒီလောက်နှိပ်စက်ခဲ့ကြသလဲ တွေးစရာရှိပါတယ်။

#ရွှေပြည်အေး #ဘောလုံး #ဘာစီလိုနာ

ပေါ်တူဂီအသင်း ဖလားတွေရပြီး အနေအထားနဲ့ အာဂျင်တီးနားအသင်း ဖလားတွေရပြီး အနေအထား 🫨
10/06/2025

ပေါ်တူဂီအသင်း ဖလားတွေရပြီး အနေအထားနဲ့ အာဂျင်တီးနားအသင်း ဖလားတွေရပြီး အနေအထား 🫨

FT: 🇵🇹 Portugal 2-2 Spain 🇪🇸 [5-3 Penalties]🏆နေရှင်းလိဂ်ချန်ပီယံ ပေါ်တူဂီဖြစ်သွားပါပြီ။
08/06/2025

FT: 🇵🇹 Portugal 2-2 Spain 🇪🇸

[5-3 Penalties]

🏆နေရှင်းလိဂ်ချန်ပီယံ ပေါ်တူဂီဖြစ်သွားပါပြီ။

စပိန်နဲ့ ပေါ်တူဂီရဲ့ နေရှင်းလိဂ်ဖလားဗိုလ်လုပွဲ ပထမပိုင်းပြီးခဲ့ပါပြီ။ ပထမပိုင်းမှာ စပိန်က ၂-၁ နဲ့ အနိုင်ရထားပါတယ်။ စပိန်...
08/06/2025

စပိန်နဲ့ ပေါ်တူဂီရဲ့ နေရှင်းလိဂ်ဖလားဗိုလ်လုပွဲ ပထမပိုင်းပြီးခဲ့ပါပြီ။ ပထမပိုင်းမှာ စပိန်က ၂-၁ နဲ့ အနိုင်ရထားပါတယ်။ စပိန်အတွက် ဂိုးတွေကို ဇူဘီမန်ဒီနဲ့ အိုယာဇာဘယ်တို့က သွင်းယူခဲ့ပါတယ်။

ကွင်းလယ်လူ ပက်ဒရီကတော့ ပုံမှန်အတိုင်း ခြေစွမ်းပြကစားနေပြီး လှပသေသပ်တဲ့ဖန်တီးမှုတခုပြုလုပ်ခဲ့ပါတယ်။ ပက်ဒရီက ဘရူနိုဖာနန်ဒက်ဇ်၊ ဘာနာဒိုဆေးဗား၊ ဗီတင်ညာတို့လို ပေါ်တူဂီနာမည်ကြီးတွေကြားမှာ ထူးထူးခြားခြား ပေါ်ထွက်နေတာပါ။

ပွဲအပြီး ဘယ်သူဖလားရသွားမလဲ ဝင်ရောက်ဆွေးနွေးကြဖို့ဖိတ်ခေါ်ပါတယ်။

ဒီနှစ် ဘောလွန်ဒေါ ဘယ်သူရမလဲ။ တကယ်တော့ အဖြေကရိုးရှင်းပါတယ်။ ဘာစီလိုနာသာ အခုအချိန်ချန်ပီယံလိဂ်ဖိုင်နယ်ရောက်နေရင် ရာဖင်ညာက ...
25/05/2025

ဒီနှစ် ဘောလွန်ဒေါ ဘယ်သူရမလဲ။ တကယ်တော့ အဖြေကရိုးရှင်းပါတယ်။ ဘာစီလိုနာသာ အခုအချိန်ချန်ပီယံလိဂ်ဖိုင်နယ်ရောက်နေရင် ရာဖင်ညာက နံပါတ် ၁ နေရာမှာရှိနေဦးမှာပါ။ ဒါပေမယ့် အင်တာကိုရှုံးခဲ့တာတောင် ရာဖင်ညာဘာကောင်လဲဆိုတာ ပထမအကျော့ရော၊ ဒုတိယအကျော့မှာပါ မြင်ခဲ့ရပါတယ်။

နောက်ထပ်ရေပန်းစားတာက PSG က ဒမ်ဘီလီပါ။ သွင်းဂိုးလည်းများတယ်။ ဒီနှစ်မှာလည်း ခြေစွမ်းပြတယ်။ ဒါပေမယ့် ရာဖင်ညာ၊ လာမီးတို့လောက်တော့ တကိုယ်ရည်အစွမ်းအစ မပြနိုင်ဘူးလို့ထင်ပါတယ်။

လာမီးယာမယ် ဘောလွန်ဒေါရသွားရင် အံ့ဩစရာတကွက်မှ မရှိပါဘူး။ ၁၇ နှစ်အရွယ်မှာတင် ဘောလွန်ဒေါရလာရင်လည်း ထိုက်တန်လို့ရတာပဲဖြစ်ပါတယ်။ ဒီနှစ် သူဘယ်လိုဆော့ပြလဲဆိုတာ အားလုံးမြင်ကြတဲ့အတိုင်းပါ။ ဒီရာသီ ဘာစီလိုနာအတွက် ၁၈ ဂိုးသွင်းတယ်၊ ၂၁ ကြိမ်ဖန်တီးတယ်။ သူ့ကစားဟန်က အနုပညာဆန်တယ်။ သူကစားတာ ကြည့်နေရတာကိုက ရသတမျိုးဖြစ်တယ်။ ဒါတွေကပဲ သူများနဲ့ မတူတဲ့ ကစားသမားတယောက်ဖြစ်စေတာပါ။

ကျနော်က ဒီနှစ် လာမီးယာမယ်ကိုပဲ ဘောလွန်ဒေါရစေချင်ပါတယ်။ ဘယ်လိုထင်ကြလဲ ဝင်ရောက်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

#ရွှေပြည်အေး #ဘောလုံး #ယာမယ် #ရွှေဘောလုံး

မက်ဆီက ၂၀၀၉ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ မန်ယူဘက်ကိုသွင်းတဲ့ သူ့ရဲ့ ခေါင်းတိုက်ဂိုးဟာ ဘာစီလိုနာကစားသမားဘဝရဲ့ သူ့အကြိုက်ဆုံ...
24/05/2025

မက်ဆီက ၂၀၀၉ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ မန်ယူဘက်ကိုသွင်းတဲ့ သူ့ရဲ့ ခေါင်းတိုက်ဂိုးဟာ ဘာစီလိုနာကစားသမားဘဝရဲ့ သူ့အကြိုက်ဆုံးဂိုးလို့ဆိုပါတယ်။

“ဒါထက်လှတဲ့ဂိုးတွေအများကြီး ကျွန်တော်သွင်းဖူးပါတယ်။ ပိုပြီး အရေးပါတဲ့ဂိုးတွေလည်းသွင်းဖူးပါတယ်။ ဒါပေမယ့် မန်ယူကို ချန်ပီယံလိဂ်ဖိုင်နယ်မှာသွင်းတဲ့ ခေါင်းတိုက်ဂိုးက ကျွန်တော့်အကြိုက်ဆုံးပါ” လို့ ပြောခဲ့ပါတယ်။

#ရွှေပြည်အေး #မက်ဆီ #ဘာစီလိုနာ

မနေ့ညက ဆွန်ဟျူမင် ဖလားရတော့ အတော်ဝမ်းသာမိပါတယ်။ ဘောလုံးပရိတ်သတ်ဆိုရင် ဆွန်ကို မုန်းလို့မရပါဘူး။ အာဆင်နယ်ပရိတ်သတ်တွေတောင်...
22/05/2025

မနေ့ညက ဆွန်ဟျူမင် ဖလားရတော့ အတော်ဝမ်းသာမိပါတယ်။ ဘောလုံးပရိတ်သတ်ဆိုရင် ဆွန်ကို မုန်းလို့မရပါဘူး။ အာဆင်နယ်ပရိတ်သတ်တွေတောင် ဆွန်ကို ချစ်ကြပါတယ်။ ဆွန်က အရမ်းအနေအေးပြီး သားလိမ်မာလေးအဖြစ် ပရိတ်သတ်တွေက ရှုမြင်ကြပါတယ်။ ဒါကြောင့် မုန်းသူနည်းပါးလွန်းပြီး ချစ်ခင်သူပေါများတာပါ။

ဆွန်နဲ့ ဟာရီကိန်းက တကယ်ညီခဲ့တဲ့ အတွဲဖြစ်ပါတယ်။ နှစ်ယောက်လုံးက ပရီးမီးယားလိဂ် ရွှေဖိနပ်ရဖူးပါတယ်။ သူတို့နှစ်ယောက်လုံး ဒီတစ်နှစ်အတွင်း ဖလားရခဲ့လို့ ကျေနပ်ပါတယ်။ ဒါပေမယ့် ကျနော်က ဆွန်အတွက် ပိုပျော်ပါတယ်။ ဟာရီကိန်းဖလားရတာဟာ ဆွန်လောက်တော့ ကျေနပ်ဖို့မကောင်းပါဘူး။

ဟာရီကိန်းက ကစားသမားဘဝမကုန်ခင် ဖလားလိုချင်တယ်။ ဒီတော့သူက စပါးကို စွန့်ခွါပြီး ဘိုင်ယန်ကိုပြောင်းတယ်။ ဘိုင်ယန်မှာ သူရှိရှိမရှိရှိ နှစ်တိုင်းနီးပါးရနေတဲ့ အမှတ်ပေးချန်ပီယံဖြစ်တယ်။ ဒီလောက်ပါပဲ။
ဆွန်ကတော့ ဆယ်နှစ်တာကစားခဲ့တဲ့ စပါးအသင်းနဲ့အတူ ဆိုးအတူတူ၊ ကောင်းအတူတူဖြတ်သန်းတယ်။ အဆိုးဆုံးအချိန်တွေ၊ တန်းဆင်းဇုန်နဲ့ ကပ်နေတဲ့အချိန်မှာတောင် အသင်းမှာဆက်ရှိပြီး လိုအပ်တဲ့အချိန်ပေးဆပ်တယ်။ ဥရောပပြိုင်ပွဲတစ်ခုရဲ့ ဗိုလ်လုပွဲမှာ မန်ယူကို အနိုင်ယူတယ်။ စပါးရဲ့ ၁၇ နှစ်ကြာ ဖလားလက်မဲ့ဖြစ်မှုကို အဆုံးသတ်ပေးနိုင်ခဲ့တယ်။ သူ့လောက်ပျော်ဖို့ကောင်းတဲ့သူ ရှိမှာမဟုတ်ပါဘူး။

ကျနော့်အမြင် ဆွန် ရီးရဲမက်ဒရစ်ကိုပြောင်းလို့ ချန်ပီယံလိဂ်ရတာထက် စပါးမှာနေရင်း ယူရိုပါလိဂ်ရတာက ပိုဂုဏ်ယူဖွယ်ကောင်းပါတယ်။ ဒီနေ့ဟာ ဆွန်ရဲ့နေ့ရက်ဖြစ်ပါတယ်။

စပါးအတွက်လည်း ဂုဏ်ပြုရမှာပါ။ သူတို့ရဲ့ ကြိုးစားမှုဟာအရာထင်ခဲ့ပါပြီ။ ၁၇ နှစ်အကြာမှာ ဖလားပြန်လည်ဆွတ်ခူးနိုင်ခဲ့ပါပြီ။ ဒါဟာ နောက်နှစ်တွေမှာလည်း FA ဖလား၊ လိဂ်ဖလား စတဲ့ပြည်တွင်းဖလားတွေကို ရနိုင်စွမ်းရှိတယ်ဆိုတဲ့ စိတ်ဓာတ်ကိုပိုင်ဆိုင်ခဲ့တာပါ။ ဒုတိယရာသီမှာ ဖလားရတယ်ဆိုတဲ့ နည်းပြဟာလည်း လေလုံးထွားခဲ့တာမဟုတ်ဘူးဆိုတာ သိရပါတယ်။ ဥရောပဖလားရဖူးတဲ့ မြောက်လန်ဒန်အသင်းဟာ တော့တင်ဟမ်ဖြစ်ခဲ့ပါပြီ။

#ရွှေပြည်အေး #စပါး #မန်ယူ

ที่อยู่

Phra Nakhon

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ SHWE PYI AYEผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์