M United Views Hello ManU Fan, Please Like And Follow Our Page

😁
08/05/2025

😁

ပီယာလို 🗣️“ခရစ်စတီယာနိုနဲ့ အတူကစားခွင့်ရပြီး ဂိုးဖန်တီးမှုအများကြီး မရဘူးဆိုရင်တော့ မင်းအသုံးမကျလို့ပဲ...ကျွန်တော်သာ သူ့...
10/02/2025

ပီယာလို 🗣️

“ခရစ်စတီယာနိုနဲ့ အတူကစားခွင့်ရပြီး ဂိုးဖန်တီးမှုအများကြီး မရဘူးဆိုရင်တော့ မင်းအသုံးမကျလို့ပဲ...

ကျွန်တော်သာ သူ့နဲ့ အကြာကြီးတွဲကစားရရင်
ဖန်တီးမှုအများဆုံး ကွင်းလယ်ကစားသမား ဖြစ်လာမှာ..”

✅ မက်ဆီနဲ့ရော်နယ်ဒိုရဲ့ ကွာခြားချက်အက်သလက်တီကိုနည်းပြ ဆီမြွန်နီ 🗣️“မင်း ခရစ်စတီယာနိုကို စ-စ်ပွဲတစ်ပွဲဆီကို ခေါ်သွားလိုက်...
09/02/2025

✅ မက်ဆီနဲ့ရော်နယ်ဒိုရဲ့ ကွာခြားချက်

အက်သလက်တီကိုနည်းပြ ဆီမြွန်နီ 🗣️

“မင်း ခရစ်စတီယာနိုကို စ-စ်ပွဲတစ်ပွဲဆီကို ခေါ်သွားလိုက်၊ သူတစ်ယောက်တည်းနဲ့ ရန်သူအားလုံးကိုအနိုင်ယူပြလိမ့်မယ်...

မက်ဆီဆိုရင်တော့ သူတစ်ခုခုလုပ်ပြနိုင်ဖို့အတွက် သူ့အသင်းဖော်တွေကိုပါ ခေါ်လာပေးမှရမှာ...”

အီတလီဂန္တဝင်တိုက်စစ်မှူး Roberto Baggio 🗣️“ခရစ်စတီယာနိုရော်နယ်‌ဒိုက သူဘာလုပ်ပြနိုင်လဲဆိုတာကို မတူညီတဲ့လိဂ်(၃)ခုမှာ သက်သေ...
07/02/2025

အီတလီဂန္တဝင်တိုက်စစ်မှူး Roberto Baggio 🗣️

“ခရစ်စတီယာနိုရော်နယ်‌ဒိုက သူဘာလုပ်ပြနိုင်လဲဆိုတာကို မတူညီတဲ့လိဂ်(၃)ခုမှာ သက်သေပြထားပြီးသားပါ...

ဒါကြောင့် သူကသာ ကမ္ဘာ့အကောင်းဆုံးကစားသမားလို့ ကျနော်မြင်ပါတယ်...”

✅ယူနိုက်တက်ကစားသမားဟောင်း အန်ဒါဆန်🗣️“ခရစ်စတီယာနိုရော်နယ်ဒို ပြန်ရောက်လာတုန်းက အသင်းအနေနဲ့ သူ့ကိုကာကွယ်ပေးသင့်ပါတယ်။ အခုသ...
06/02/2025

✅ယူနိုက်တက်ကစားသမားဟောင်း အန်ဒါဆန်🗣️

“ခရစ်စတီယာနိုရော်နယ်ဒို ပြန်ရောက်လာတုန်းက အသင်းအနေနဲ့ သူ့ကိုကာကွယ်ပေးသင့်ပါတယ်။ အခုသူ ဂိုး(၅၀)ကျော်သွင်းပြထားတယ်၊ တချို့ကတော့ အဲ့ဒါကဆော်ဒီမှာမို့လို့ဆိုပြီး ထောက်ပြကြပေမယ့် ဂိုး(၅၀)က အတော်များတဲ့ ပမာဏပါ...

မင်းသူ့ကို (၃)ကြိမ်ဖန်တီးပေးလိုက်၊ (၂)ဂိုးလောက်ရအောင် သူသွင်းပြလိမ့်မယ်၊ သူနဲ့ရင်ဆိုင်ရတဲ့ ဘယ်ကစားသမားမဆို သူ့ကိုရှိန်နေမှာ၊ကြောက်နေမှာ...

ဒါပေမယ့် ယူနိုက်တက်နဲ့ကစားရမှာကို အခုဘယ်သူမှမကြောက်ကြဘူး၊ ဘာလို့လဲဆိုတော့ ယူနိုက်တက်က ရှုံးပြီးရင်း ဆက်ရှုံးနေမှာ သူတို့သိတယ်...

ယူနိုက်တက် တည်ဆောက်နေဆဲကာလမှာ ရော်နယ်ဒိုပြန်ရောက်လာတယ်၊ (၂၅)ဂိုးလောက် သူသွင်းပြသွားတယ်၊ ပြီးတော့ သူထွက်သွားတယ်...”

ဂုတ်ကြီးရဲ့ (၄၀)ပြည့်မွေးနေ့ဘောလုံးလောကမှာ အကောင်းဆုံးလို့ဆိုလိုက်တာနဲ့ ပေါ်တူဂီသားကြီး ခရစ်စတီယာနိုရော်နယ်ဒိုက လူတိုင်း...
05/02/2025

ဂုတ်ကြီးရဲ့ (၄၀)ပြည့်မွေးနေ့

ဘောလုံးလောကမှာ အကောင်းဆုံးလို့ဆိုလိုက်တာနဲ့ ပေါ်တူဂီသားကြီး ခရစ်စတီယာနိုရော်နယ်ဒိုက လူတိုင်းရဲ့ခေါင်းထဲမှာ လက်ခနဲ ပေါ်လာတာ ငြင်းလို့မရပါဘူး...

နယ်မရွေးလိဂ်မရွေးပဲ ရောက်ရာအရပ်မှာ သူ့နာမည်ကျန်နေအောင် လုပ်နိုင်စွမ်းရှိသူ...

ပြိုင်ဆိုင်မှုပြင်းထန်ပါတယ်ဆိုတဲ့ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးဆိုတဲ့ဂုဏ်ပုဒ်ကို ရခဲ့သူ

စပိန်မြေမှာလည်း မရေမတွက်နိုင်တဲ့စံချိန်တွေနဲ့ ပြိုင်ဘက်အသင်းတွေရဲ့ အိမ်မက်ဆိုးဖြစ်ခဲ့သူ

ဂိုးသွင်းရခက်ပေ့ဆိုတဲ့ အီတလီလိဂ်မှာလည်း အောင်မြေစိုက်ထူနိုင်ခဲ့သူ

အသက်(၃၇)နှစ်နဲ့ အသင်းဟောင်းယူနိုက်တက်ကို တကျော့ပြန်လာပြီး အကောင်းဆုံးကစားသမားဆုတွေယူပြခဲ့တာတော့ ထည့်‌မပြောတော့ဘူး...

လက်ရှိ ဆော်ဒီမြေမှာလည်း ဂိုး(၁၀၀၀) ပြည့်အောင် အသက်အရွယ်မှအားမနာပဲ တဒုန်းဒုန်းသွင်းပြနေတုန်း...

ဟော ဂိုးသွင်းတဲ့နေရာမှာလည်း သူကနံပါတ်(၁)ပဲ

အဝေးကစ်၊ အနီးကစ်၊ ခေါင်းတိုက်၊ နောက်ပြန်ကစ်၊ ဖရီးကစ်၊ ပင်နယ်တီ ဘယ်နေရာယှဉ်ယှဉ် သူ့ကိုယှဉ်နိုင်တဲ့သူဆိုတာ အတော်လေးရှားပါတယ်...

ကျနော်တို့ရဲ့ဂုတ်ကြီးဟာ အခုဆိုရင်တော့ အသက်ထိပ်စီးပြောင်းပြီး (၄၀)ဆိုတဲ့ ကိန်းဂဏန်းကိုရောက်ရှိလာခဲ့ပါပြီ...

Happy Birthday ပါ ရော်နယ်ဒို ယနေ့မှစပြီး ချစ်ရတဲ့မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပြီး စံချိန်သစ်တွေ တင်နိုင်ပါစေလို့ ဆုတောင်းရင်း...

✅ ယူနိုက်တက်ရဲ့ ဟီးရိုးအာဆင်နယ်နဲ့ပွဲမှာ ဘာရင်ဒါကို အာမိုရင်ကပွဲထုတ်မယ်ဆိုတော့ အားလုံးက သံသယအတွေးကိုယ်စီနဲ့ ဝေဖန်ကြတယ်.....
13/01/2025

✅ ယူနိုက်တက်ရဲ့ ဟီးရိုး

အာဆင်နယ်နဲ့ပွဲမှာ ဘာရင်ဒါကို အာမိုရင်ကပွဲထုတ်မယ်ဆိုတော့ အားလုံးက သံသယအတွေးကိုယ်စီနဲ့ ဝေဖန်ကြတယ်...

အရင်ပွဲက အမှားတွေကြောင့် သူ့ကိုမယုံရဲတာလည်းပါမှာပေါ့လေ၊ ဒါပေမယ့် အဲ့ဒီသံသယတွေမှားကြောင်း ဘာရင်ဒါက အာဆင်နယ်နဲ့ပွဲမှာ သက်သေပြလိုက်တာပဲ...

ဘောလုံးပေးပို့မှုတွေ မသပ်ရပ်ပဲ ကွင်းပြင်ကို ကန်ကန်ထုတ်နေပေမယ့် အသင်းအတွက် လိုအပ်လာရင် တို*က်တန်းနစ် သင်္ဘောကြီးကိုတောင် တားပြမယ်ဆိုတဲ့ လက်စွမ်းမျိုးပါပဲ...

ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဖြစ်သလို အိုနာနာကိုလည်း မျက်ခုံးလှုပ်စေခဲ့တဲ့ အချစ်တော် ဂိုးသမားလေးပါ...

✅ ရော်နယ်ဒိုရဲ့လက်ပတ်ကြောင့် အသက်ရှင်သန်ခွင့်ရခဲ့တဲ့ ခလေးခရစ်စတီယာနိုရဲ့ပေါ်တူဂီအသင်းဟာ ၂၀၂၂ ကာတာ ကမ္ဘ့ာဖလား ခြေစစ်ပွဲအဖ...
10/01/2025

✅ ရော်နယ်ဒိုရဲ့လက်ပတ်ကြောင့် အသက်ရှင်သန်ခွင့်ရခဲ့တဲ့ ခလေး

ခရစ်စတီယာနိုရဲ့ပေါ်တူဂီအသင်းဟာ ၂၀၂၂ ကာတာ ကမ္ဘ့ာဖလား ခြေစစ်ပွဲအဖြစ် ဆားဘီးယားနဲ့ယှဥ်ပြိုင်ကစားခဲ့ပြီး 2-2ဆိုတဲ့ရလဒ်နဲ့ သရေကျခဲ့ပါတယ်...

အဆိုပါပွဲစဉ်မှာ အနိုင်(၃)မှတ်ရစေမယ့် ရော်နယ်ဒိုရဲ့နောက်ကျဂိုးက ဂိုးစည်းကျော်သွားပေမယ့် ကွင်းလယ်ဒိုင်က ပယ်ဖျက်လိုက်တာကြောင့် ရော်နယ်ဒိုလည်း အတော်လေး ဒေါသထွက်သွားပြီး လက်ပတ်ကို မြက်ခင်းပေါ် ချွတ်ပစ်ခဲ့ပါတယ်...

အဲ့ဒီလက်ပတ်ကို မီးသ*_က်သမားတစ်ဦးက ကောက်ယူကာ လေလံတင်လိုက်ရာကနေ ဒေါ်လာ(၇၅၁၅၀)ကျော်ရရှိခဲ့ပြီး (၆)လအရွယ် ရောဂါသည်ကလေးတစ်ဦးအတွက် ခွဲစိတ်ကုသမှုပြုလုပ်ပေးနိုင်ခဲ့ပါတယ်...

အခုဆိုရင် ခလေးရဲ့မိသားစုလည်း ထောက်ပံ့ငွေတွေအများအပြားရရှိခဲ့ပြီး ဒါတွေအားလုံးက ရော်နယ်ဒိုကြောင့်ဆိုတာတော့ ငြင်းလို့မရပါဘူး။ ဂုတ်ကြီးရဲ့လွှမ်းမိုးမှုကြီးက အတော်လေးကို အံ့ဩစရာပါပဲ...

✅အီတလီဂန္တဝင်တိုက်စစ်မှူး Roberto Baggio 🗣️“ခရစ်စတီယာနိုရော်နယ်‌ဒိုက သူဘာလုပ်ပြနိုင်လဲဆိုတာကို မတူညီတဲ့ ထိပ်သီးလိဂ်(၃)ခု...
09/01/2025

✅အီတလီဂန္တဝင်တိုက်စစ်မှူး Roberto Baggio 🗣️

“ခရစ်စတီယာနိုရော်နယ်‌ဒိုက သူဘာလုပ်ပြနိုင်လဲဆိုတာကို မတူညီတဲ့ ထိပ်သီးလိဂ်(၃)ခုမှာ သက်သေပြထားပြီးသားပါ...

ဒါကြောင့် သူကသာ ကမ္ဘာ့အကောင်းဆုံးကစားသမားလို့ ကျနော်ထင်ပါတယ်...”

✅အစားထိုးမရတဲ့ ကျောနံပါတ်ပိုင်ရှင်လွန်ခဲ့တဲ့နှစ်(၂၀)အတွင်း မန်ချက်စတာယူနိုက်တက်ရဲ့ အခြားသော ကျောနံပါတ်(၇)ကစားသမားတွေဟာ ပ...
08/01/2025

✅အစားထိုးမရတဲ့ ကျောနံပါတ်ပိုင်ရှင်

လွန်ခဲ့တဲ့နှစ်(၂၀)အတွင်း မန်ချက်စတာယူနိုက်တက်ရဲ့ အခြားသော ကျောနံပါတ်(၇)ကစားသမားတွေဟာ ပရီးမီးယားလိဂ်သွင်းဂိုး (၂၇)ဂိုးသာ သွင်းယူနိုင်ခဲ့တာပါ...

ရော်နယ်ဒိုကတော့ ယူနိုက်တက်အတွက် (၁၀၃)ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်၊ သူ့နေရာကို ဘယ်သူမှအစားမထိုးနိုင်တာ ယနေ့ထက်ထိပါပဲ...

ဘရူနိုဖာနန်ဒက်စ်🗣️“ဒီနေ့ လီဗာပူးနဲ့ပွဲကလို ခြေစွမ်းမျိုး အပတ်တိုင်း ဘာလို့ မလုပ်နိုင်ရတာလဲ ဆိုတာကိုတွေးပြီး ကျွန်တော် တေ...
06/01/2025

ဘရူနိုဖာနန်ဒက်စ်🗣️

“ဒီနေ့ လီဗာပူးနဲ့ပွဲကလို ခြေစွမ်းမျိုး အပတ်တိုင်း ဘာလို့ မလုပ်နိုင်ရတာလဲ ဆိုတာကိုတွေးပြီး ကျွန်တော် တော်တော် စိတ်မကောင်းဖြစ်မိတယ်...

ပွဲမစခင်မှာ ကျွန်တော်ပြောခဲ့သလိုပါပဲ၊ ဒီရာသီကနေ တစ်ခုခုရဖို့အတွက် ကျွန်တော်တို့ကိုယ်တိုင်က အများကြီး ကြိုးစားဖို့လိုပါတယ်...

လီဗာပူးဖြစ်နေလို့ အသင်းသားတွေအားလုံး ကြိုးစားပန်းစားကစားနေတာကို ကျွန်တော် စိတ်မပူပါဘူး၊ ဆောက်သမ်တန်နဲ့ပွဲကို ကျွန်တော်ပိုစိုးရိမ်မိပါတယ်...”

(ဘရူနိုပြောချင်တာက အသင်းကြီးတွေနဲ့ဆို စိတ်နှစ်ကစားကြလို့ ရလဒ်ကောင်းပြီး အသင်းကလေးတွေနဲ့ဆို ပေါ့ပျက်ပျက်ကစား ရလဒ်ဆိုးတွေရနေကြတယ်လို့ ဆိုလိုတာပါ)

ဂယ်ရီနဗီးလ် 🗣️“အိမ်မက်ထဲက ကစားသမား(၃)ယောက်နဲ့ Dinner အတူတူစားခွင့်ရမယ်ဆိုရင် ဘယ်သူ့ကိုရွေးဖြစ်မလဲ..”လီဗာပူးကြယ်ပွင့် အာန...
05/01/2025

ဂယ်ရီနဗီးလ် 🗣️
“အိမ်မက်ထဲက ကစားသမား(၃)ယောက်နဲ့ Dinner အတူတူစားခွင့်ရမယ်ဆိုရင် ဘယ်သူ့ကိုရွေးဖြစ်မလဲ..”

လီဗာပူးကြယ်ပွင့် အာနိုး 🗣️
“ စတီဗင်ဂျရတ်၊ ဇီဒန်း၊ ရော်နယ်ဒိုတို့နဲ့ တွေ့ချင်တယ်...”

ဂယ်ရီနဗီးလ်🗣️
“ခရစ်စတီယာနိုလား..”

အာနိုး 🗣️
“ ဟုတ်ပါတယ်၊ ကျနော် သူ့ရဲ့အတွေးအခေါ်နဲ့ အယူအဆတွေကို သဘောကျတယ်‌ဗျ...”

ที่อยู่

Phra Nakhon

เบอร์โทรศัพท์

+6635414127

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ M United Viewsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง M United Views:

แชร์