NUG Federal Network

NUG Federal Network ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก NUG Federal Network, สื่อ, Phra Nakhon.

"ကျွန်" လိုနေရတာ ပျော်ရဲ့လား ?************************ငါ၏နှမ .... လှချင်လှပါ လှနိုင်ပါတယ်"ကျွန်" ဖြစ်နေတာ မမေ့ပါနဲ့ရယ်ချ...
27/09/2025

"ကျွန်" လိုနေရတာ ပျော်ရဲ့လား ?
************************
ငါ၏နှမ ....
လှချင်လှပါ လှနိုင်ပါတယ်
"ကျွန်" ဖြစ်နေတာ မမေ့ပါနဲ့
ရယ်ချင်ရယ်ပါ ရယ်နိုင်ပါတယ်
"ကျွန်" ဖြစ်နေတာ မမေ့ပါနဲ့
ပျော်ချင်ပျော်ပါ ပျော်နိုင်ပါတယ်
"ကျွန်" ဖြစ်နေတာ မမေ့ပါနဲ့
ပိုက်ဆံရှာတာ ရှာနိုင်ပါတယ်
"ကျွန်" ဖြစ်နေတာ မမေ့ပါနဲ့
အချင်းချင်းတွေ ရန်ဖြစ်နေတာ ဖြစ်နိုင်ပါတယ်
"ကျွန်" ဖြစ်နေတာ မမေ့ပါနဲ့
နေရစားရ ဝဋ်ဒုက္ခနှင့်
နေ့တဓူဝ ရှာရဖွေရ
ကြောက်ရလန့်ရ ရုန်းကန်ကြရင်း
"ထမင်း" တလုပ် "တုတ်" တချက်နှင့်
"အသက်တချောင်း" မက်၍ကောင်းတုန်း တရုန်းရုန်းနှင့် ကုန်းရုန်း၍သာ
"ကျွန်" ဖြစ်နေတာ မမေ့ပါနဲ့
"ကျွန်" မဟုတ်ပဲ "ကျွန်" လုပ်ခံရ
"လက်နက်" ပြ၍ အဓမ္မအတင်း
ကျွန်ပြုခြင်းအား မငြင်းမဆန်
အညံ့ခံကာ နေသာသလို
နေမည်ဆိုက - - -
ငါတို့ဘဝ ....
"ကျွန်မ" "ကျွန်ထီး" "ကျွန်ကြီး" ကျွန်လေး"
ငါတို့မွေးသည့် ငါတို့ "ရင်သွေး"
ငါတို့ "ကလေး" တွေလည်း
"ကျွန်လေး" တွေပဲ ဖြစ်လိမ့်မယ်။
#နိုင်မြန်မာ
Credit.
3.6.2023

စစ်အုပ်စု၏ ရွေးကောက်ပွဲ ဂျပန်အစိုးရ လက်မခံ၊ ပြင်းထန်သော ဆန့်ကျင်မှုများ ဖြစ်ပေါ်စေမည့်အပြင် ငြိမ်းချမ်းစွာ ဖြေရှင်းရေး ပ...
01/09/2025

စစ်အုပ်စု၏ ရွေးကောက်ပွဲ ဂျပန်အစိုးရ လက်မခံ၊ ပြင်းထန်သော ဆန့်ကျင်မှုများ ဖြစ်ပေါ်စေမည့်အပြင် ငြိမ်းချမ်းစွာ ဖြေရှင်းရေး ပိုမို ခက်ခဲစေမည်ဟု သတိပေး

🟥 ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးထားသူများကို လွှတ်ရန် ဂျပန်အစိုးရ တောင်းဆို

စက်တင်ဘာ၁

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လူအများအပြားကို ဖမ်းဆီးပြီး စစ်တပ်က ရွေးကောက်ပွဲ ပြုလုပ်ရန် စီစဉ်မှုမှာ မြန်မာပြည်သူများ၏ ပြင်းထန်သော ဆန့် ကျင် တုံ့ ပြန်မှုများ ဖြစ်ပေါ်စေမည့်အပြင် မြန်မာ့အရေး ငြိမ်းချမ်းစွာ ဖြေရှင်းရေး ပိုမို ခက် ခဲလာစေ မည်ဖြစ်ကြောင်း ဂျပန်အစိုးရက ယနေ့ ထုတ်ပြန်ကြေညာသည်။

ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ၏ အခြေအနေနှင့်ပတ်သက်၍ ဂျပန်အစိုး ရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး အဆိုပါ ကြေ ညာချက်တွင် ယင်းကဲ့သို့ စစ်တပ်၏ ရွေးကောက်ပွဲကို လက်မခံကြောင်း အတိအလင်း ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၄ နှစ်ခွဲကြာသည့်တိုင် မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပေါ်နေသည့် အခြေအနေများကို လေးလေးနက်နက် စိုးရိမ်ပြီး ရှုတ်ချကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူအများအပြားကို စစ်တပ်က ဆက်လက် ဖမ်းဆီးထားဆဲဖြစ်ပြီး အခြေအနေမှာ တိုးတက်မှု အရိပ်အယောင် မပြဘဲ လေကြောင်း တိုက်ခိုက်မှုနှင့် အခြားသော အကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း ဂျပန်အစိုးရက ဆိုသည်။

ထိုသို့သော အခြေအနေမျိုးတွင် မြန်မာစစ်အစိုးရက အရေးပေါ် အခြေအနေ ရုပ်သိမ်းပြီး လာမည့် ဒီဇင်ဘာလနှင့်ဇန်နဝါရီလတွင် အထွေထွေ ရွေးကောက်ပွဲများ ကျင်းပမည်ဟု ကြေညာခဲ့ကြောင်း၊ ဖမ်းဆီးထားသူများကို ပြန်လည် လွှတ်ပေးခြင်းမရှိခြင်း၊ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုများ မရှိခြင်း အပါအဝင် နိုင်ငံရေးတိုးတက်မှုမရှိဘဲ အထွေထွေ ရွေးကောက်ပွဲများ ကျင်းပမည် ဆိုပါက မြန်မာ ပြည်သူများ၏ ပိုမို ပြင်းထန်သော တုံ့ပြန်မှုများကို ဖြစ်ပေါ်စေပြီး ငြိမ်းချမ်းသော ဖြေရှင်းမှု များကို ပိုမို ခက်ခဲလာစေမည် ဖြစ်ကြောင်း ဂျပန်အစိုးရက ဆိုသည်။

ဂျပန်အစိုးရအနေဖြင့် အချက် ၃ ချက် တောင်းဆိုလိုက်ပြီး အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူများကို လွှတ်ပေးရန်နှင့် မြန်မာ့ဒီမိုကရေစီစနစ်ကို အမြန်ပြန်လည်ထူထောင်ရန် ဂျပန်က ထပ်မံတိုက်တွန်းသည်။

စစ်တပ်က အရေးပေါ်အခြေအနေ ရုပ်သိမ်းပြီးပါက စစ်တပ်အနေဖြင့် ရိုးရိုးသားသား ဆောင်ရွက်မည်ဟု ဂျပန်က မျှော်လင့်ကြောင်း၊ တစ်ချိန်တည်းမှာပင် ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်း အပစ်အခတ်ရပ်စဲရေး နှင့် လက်တွေ့ကျယုံကြည်ရသော အကောင်အထည်ဖော်မှု အောင်မြင်ရန် မျှော်လင့်ကြောင်း၊ မြန်မာ့နိုင်ငံရေးအတွက် သက်ဆိုင်သူအားလုံးက ငြိမ်းချမ်းသော ဆုံးဖြတ်ချက်တစ်ခုဆီသို့ စိတ်ရင်းမှန်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဂျပန်က အခိုင်အမာ မျှော်လင့်ကြောင်း ထုတ်ပြန် ကြေညာသည်။

ဂျပန်နိုင်ငံအနေဖြင့် မြန်မာ့အရေး ဖြေရှင်းရေးအာဆီယံ၏ ကြိုးပမ်းမှုများကို အပြည့် အ၀ထောက်ခံကြောင်း၊ အထူးသဖြင့် လူ သားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေး အပါအဝင် အာဆီယံဘုံသဘောတူညီချက်၅ ရပ်အကောင် အထည်ဖော်ရေး အပြည့်အ၀ ထောက်ခံကြောင်း ကြေညာသည်။

ဂျပန်နိုင်ငံက မြန်မာပြည်သူများ၏ အသံများကို ဂရုတစိုက် နားထောင်ပြီး သက်ဆိုင်သူ အသီးသီးနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယခုမတ်လ ငလျင်ဒဏ်ကြောင့် မြန် မာပြည်သူများ အသက်မွေးဝမ်းကြောင်းပြုခြင်း နှင့် ကာလရှည်ကြာ ပဋိပက္ခများ ကြောင့် ထိခိုက်နေရသော မြန်မာနိုင်ငံ ပြည်သူများ၏ ဘဝတိုးတက်ရေး အတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီ နှင့် ပံ့ပိုးကူညီမှုများ ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။

ဓာတ်ပုံ- ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့ ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်အစိုးရက ဂုဏ်ပြု တပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

ကမ္ဘာ့စစ်ရာဇဝတ်တရားခံ  စစ်တပ်က KNU ကို အကြမ်းဖက်အဖြစ် ကြေညာမှု "သူခိုးက လူပြန်ဟစ်" နေခြင်းဖြစ်ပြီး ဂရုစိုက်စရာ အကြောင်းမ...
29/08/2025

ကမ္ဘာ့စစ်ရာဇဝတ်တရားခံ စစ်တပ်က KNU ကို အကြမ်းဖက်အဖြစ် ကြေညာမှု "သူခိုးက လူပြန်ဟစ်" နေခြင်းဖြစ်ပြီး ဂရုစိုက်စရာ အကြောင်းမရှိဟု KNU တုံ့ပြန်

🟥 ICJ ၊ ICC နှင့် အာဂျင်တီးနားတရားရုံးများတွင် စစ်ရာဇဝတ်မှု ကျူးလွန်မှုများဖြင့် မြန်မာစစ်တပ်ကို စွဲချက်တင်ထားမှုက သက်သေဟုဆို

ရန်ကုန်၊ ဩဂုတ် ၂၉

ပြည်သူများကို သတ်ဖြတ်နေသော ကမ္ဘာ့စစ်ရာဇဝတ်တရားခံ စစ်တပ်က ကရင်အမျိုးသားအစည်း အရုံး- KNU ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာမှုမှာ သူခိုးက လူပြန်ဟစ်သော လုပ်ရပ်ဖြစ်ပြီး ဂရုစိုက်စရာ အကြောင်းမရှိကြောင်း KNU ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်သူ ပဒိုစောတောနီးက ပြောဆိုလိုက်သည်။

ယမန်နေ့ ညပိုင်း အကြမ်းဖက် မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက်စစ်တပ်က ကရင်အမျိုးသားအစည်းအရုံး (KNU) ကို မတရားအသင်းအဖြစ် ကြေညာပြီး အကြမ်းဖက်အဖွဲ့အဖြစ်ပါ ကြေညာလာခြင်းဖြစ်သည်။

မိမိကိုယ်ကို ယာယီသမ္မတအဖြစ် ကြေညာထားသော အကြမ်းဖက် မင်းအောင်လှိုင်က KNU က တရား ဥပဒေ စိုးမိုးရေး၊ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ အများ ပြည်သူများ၏ အေးချမ်းသာယာရေးကို အနှောင့် အယှက် ဖြစ်စေစေကြောင်း၊ မတရားအသင်းများ အက်ဥပဒေပုဒ်မ ၁၆ အရ KNU ကို မတရားအသင်းအဖြစ် ကြေညာကြောင်း၊ ထို့ပြင် စစ်တပ်လက် အောက်အခံ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ကလည်း ကရင်အမျိုး သားအစည်းအရုံး (KNU) အဖွဲ့ကို အကြမ်းဖက် အုပ်စု အဖြစ်ပါ ထပ်မံ ကြေ ညာသည်။

KNU က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်မှုဖြစ်သည့် လုံခြုံရေး၊ အသက်အိုး အိမ် စည်းစိမ်၊ အခြေခံအဆောက်အအုံ၊ နိုင်ငံပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်း ကိရိယာ နှင့် အသုံးအဆောင်ပစ္စည်များကို ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေရန် လုပ်ဆောင်ကြောင်း၊ ထို့ပြင် အဝေးမှ လက် နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb တွေချခြင်းများ လုပ် ဆောင်ကြောင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းများ လုပ်ဆောင်သည်ဟုဆိုကာ အကြမ်းဖက်စစ်တပ်က KNU ကို အကြမ်းဖက် အုပ်စု အဖြစ် ကြေညာထားသည်။

မင်းအောင်လှိုင်နှင့် အကြမ်းဖက်စစ်တပ်၏ ကြေညာမှုသည် သူခိုးက လူပြန်ဟစ်နေခြင်းဖြစ်ပြီး လက်ရှိ စစ်တပ်မှာ နိုင်ငံတကာနှင့် ကမ္ဘာ့စာမျက်နှာတွင် အကြမ်းဖက်သမား အမှန်အကန်ဖြစ်သည်ကို နိုင်ငံ တကာတရားရုံးများဖြစ်သည့် ICJ ၊ ICC နှင့် အာဂျင်တီးနားတရားရုံးတို့တွင် စစ်တပ်နှင့် စစ်ခေါင်း ဆောင် များကို စစ်ရာဇဝတ်မှုများဖြင့် စွဲချက်တင်ထားမှုက သက်သေပြနေကြောင်း ပဒိုစောတောနီးက သုံးသပ်ပြောဆိုသည်။

"မိုးလုံးပြည့်မုသာဝါဒစကားလုံး​တွေနဲ့ယုတ်ရမ်းကြမ်းတမ်းလှပြီး သူခိုးက​နေလူကိုပြန်ဟစ်တတ်တဲ့ "စကမ" အဆင့်ထက်မပိုလို့ ကျ​နော်တို့အ​နေနဲ့ဘာမှဂရု စိုက်စရာမလိုပါဘူး။ အကြမ်းဖက်သမား အမှန် အကန်နဲ့နိုင်ငံတကာအဆင့် ကမ္ဘာ့အဆင့် ရာဇဝတ်​ကောင်တွေဟာ ဘယ်သူ​တွေလဲဆိုတာရယ်၊ မတရားအသင်းဆိုတဲ့ဟာတွေက ဘယ်သူ​တွေ ဖြစ်​နေလဲဆိုတာ ICJ, ICC နဲ့ အာဂျင်တီးနားအစရှိတဲ့နိုင်ငံတကာခုံရုံးတွေက ​နေစွဲချက်တင်ထားတာကိုကြည့်ရင် ထူးထူး ထွေထွေသက်​သေပြ​နေစရာ​တောင်မလို​တော့ပါဘူး" ဟု ပဒိုစောတောနီးက ပြောဆိုသည်။

KNU က အကြမ်းဖက်စစ်တပ်က ကျင်းပမည့် ရွေးကောက်ပွဲကို လုံး၀ လက်မခံပဲ တရားဝင်မှုမရှိ၍ လုံး၀ လက်မခံနိုင်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

မိန်းမအရင်းကိုနောက်ပို့လိုက်တဲ့ကေကျူး၊ ဗီဗီကအင်္ဂါနံစပယ်ရှယ်လစ်ဆိုတော့ပါတီမှာအရေးပါပုံရတယ်၊ မဲနိုင်ရင် ပန်းသေနေသူတွေ ပန်...
27/08/2025

မိန်းမအရင်းကိုနောက်ပို့လိုက်တဲ့ကေကျူး၊ ဗီဗီက
အင်္ဂါနံစပယ်ရှယ်လစ်ဆိုတော့ပါတီမှာအရေးပါပုံရ
တယ်၊ မဲနိုင်ရင် ပန်းသေနေသူတွေ ပန်းရှင်အောင်
ပြည်သူ့ပါတီဗီဗီက အထူးစပယ်ရှယ် ကိုယ်ထိလက်
ရောက် ကူညီမှာပါတဲ့

ခွီး့သူခိုး အောက်တန်းစား အကုသိုလ်ကောင် ကိုကိုကြီး

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို လုပ်ကြံ အမှုဆင်ရာတွင် အဓိက ကျသည့် မင်းအောင်လှိုင် လက်ကိုင်တုတ် စသုံးလုံ...
27/08/2025

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို လုပ်ကြံ အမှုဆင်ရာတွင် အဓိက ကျသည့် မင်းအောင်လှိုင် လက်ကိုင်တုတ် စသုံးလုံး ဌာန အရာရှိများ

By ရန်ကုန်ခေတ်သစ်

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် တို့ကို မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလ ၁ ရက်နေ့တွင်ဖမ်းဆီးပြီး လုပ် ကြံ အမှုဆင် တရားစွဲရန် မင်းအောင်လှိုင်က စစ်တပ် နှင့် ပြည်ထဲရေး ဝန်ကြီး ဌာန ကို ညွှန်ကြားခဲ့သည်။

ထိုအချိန်က ပြည်ထဲရေးဝန်ကြီး စိုးထွဋ်(ယခု အစိုးရအဖွဲ့ရုံး ဝန်ကြီး) နှင့် စစ်တိုင်းမှူး များ က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည် နှင့် သမ္မတဦးဝင်းမြင့်တို့ကို အမှုဆင် လုပ်ကြံရန် အတွက် အထူးစုံစမ်းစစ် ဆေးရေး ဦးစီးဌာနတစ်ခုလုံးကို တာဝန်ပေးအပ်ခဲ့ရာ တွင် ဒေါ်အောင်ဆန်း စုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို အဓိက လုပ်ကြံ ဇတ်လမ်း ဆင် အမှု တည် ဆောက်သူ စသုံးလုံး အရာရှိများ အကြောင်းကို အဓိက ဖော်ပြ လိုက်ပါသည်။

ရဟတ်ယာဉ်ဝယ်ယူမှုအတွက် လုပ်ကြံအမှုတည်ဆောက်ခဲ့သည့် စသုံးလုံး ညွှန်ကြားရေးမှူး မောင်မောင်မြင့်
===========================================

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သဘာဝဘေးကူညီကယ် ဆယ် ရေးအတွက် အသုံးပြုမည့် ရဟတ်ယာဥ် တစ်စီးဝယ်ယူမှုအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ ကို အဂတိမှု ၂ မှုဖြင့် အမှုဆင် လုပ်ကြံရေး ဆောင်ရွက်ခဲ့သူမှာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူး မောင်မောင်မြင့် ဖြစ် သည်။

ထိုအမှုအတွက် အဖွဲ့ခေါင်းဆောင်အဖြစ် စသုံးလုံး ညွှန်မှူး မောင်မောင်မြင့်ကို တာဝန်ပေးအပ်သူမှာ ပြည်ထဲရေးဝန်ကြီး စိုးထွဋ် (ယခု အစိုးရအဖွဲ့ရုံးဝန်ကြီး) ဖြစ်ပြီး ရဟတ်ယာဉ် ဝယ်ယူမှုကိစ္စ လိမ်လည် အမှုဆင်ရန် အတွက် အထူး စုံစမ်း စစ်ဆေးရေးဌာနမှ အရာရှိနှင့်ဝန်ထမ်း ၁၉ ဦးကို အသုံးပြုခဲ့သည်။

ရဟတ်ယာဉ်အမှုအတွက် လုပ်ကြံ အမှုဆင်ခဲ့သည့် အဖွဲ့တွင် ခေါင်းဆောင် စသုံးလုံး ညွှန်ကြားရေးမှူး မောင်မောင်မြင့်နှင့်အတူ ရှမ်းပြည်နယ် အထူး စုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ အရာထမ်း ၄ ဦး၊ အမှုထမ်း ၃ ဦး၊ စစ်ကိုင်းတိုင်း စသုံး လုံးမှ အရာထမ်း ၂ ဦး၊ အမှုထမ်း ၂ ဦး၊ တနင်္သာရီတိုင်း စသုံးလုံး အရာထမ်း ၃ ဦး၊ အမှုထမ်း ၁ ဦး၊ မကွေးတိုင်းစသုံးလုံးမှ အရာထမ်း ၂ ဦး၊ အမှုထမ်း ၂ ဦး စုစု ပေါင်း ၁၉ ဦးပါဝင်သည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို စိစစ် လိမ်လည် အမှုဆင်ခဲ့သူ စသုံးလုံး ညွှန်ကြားရေးမှူး စိုးနောင်ဦး
===========================================

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း အတွက် လာဘ်ပေးလာဘ်ယူ လုပ်ခဲ့သည်ဟု လိမ်လည် အမှုဆင်တည်ဆောက်ခဲ့သည့်အဖွဲ့ကို စသုံးလုံး ညွှန်ကြားရေးမှူး စိုးနောင်ဦးက ဦးဆောင်သည်။

ထိုအမှုအတွက် စသုံးလုံး စိုးနောင်ဦးကို အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေး အပ်သူမှာ ရန်ကုန်တိုင်း စစ်တိုင်းမှူး ညွန့်ဝင်းဆွေ (ယခုဒုတိယဗိုလ်ချုပ်ကြီး) ဖြစ်သည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအမှုကို လိမ်လည် အမှုတည်ဆောက်ခဲ့ သည့် အဖွဲ့တွင် စသုံးလုံးညွှန်မှူး စိုးနောင်ဦးနှင့်အတူ ရန်ကုန်တိုင်းစသုံးလုံးမှ အရာရှိ ၁၅ ဦး၊ အမှုထမ်း ၁၅ ဦး၊ မွန်ပြည်နယ် စသုံးလုံးမှ အရာရှိ ၂ ဦး၊ အမှုထမ်း ၁ ဦး ၊ ပဲခူးတိုင်းစသုံးလုံးမှ အရာရှိ ၄ ဦး၊ အမှုထမ်း ၅ ဦး ၊ ဧရာ၀တီတိုင်း စသုံးလုံးမှ အရာရှိ ၁ ဦး ၊ အမှုထမ်း ၄ ဦး စုစုပေါင်း စသုံးလုံးအရာရှိနှင့်ဝန်ထမ်း ၄၇ ဦး ပါဝင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် လာဘ်ပေးလာဘ်ယူ လုပ်သည်ဟု အမှုဆင် လိမ် လည်သူ ဒုညွှန်ချုပ် သိန်းနိုင်ထွန်း၊ ဦးစီးအရာရှိ အောင်မြတ်မိုး နှင့် ဦးစီးအရာရှိ မင်းထွေး
===========================================

ဒေါ်အောင်ဆန်းစုကြည်က လာဘ်ပေးလာဘ်ယူ လုပ်သည်ဟု အမှုဆင် လိမ် လည် အမှုတည် ဆောက် ရသူများမှာ စသုံးလုံး ဒုညွှန်ချုပ် သိန်းနိုင်ထွန်း၊ ဦးစီး အရာရှိ (စုံစမ်းရေး) အောင်မြတ်မိုး၊ ၊ ဦးစီးအရာရှိ(စုံစမ်းရေး) မင်းထွေးတို့ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က အသင်းအဖွဲ့ဆိုင်ရာ လာဘ်ပေးလာဘ်ယူ လုပ် သည်ဟုဆိုကာ အမှုတည်ဆောက်ရန် အမိန့်ပေးသူမှာ ပြည်ထဲရေးဝန်ကြီး စိုးထွဋ်ဖြစ်ပြီး သူက ဒုညွှန်ချုပ် သိန်းနိုင်ထွန်းကို တာဝန်ပေးအပ်သည်။

အသင်းအဖွဲ့ဆိုင်ရာ လာဘ်ပေးလာဘ်ယူကိစ္စများကို အဖွဲ့ခေါင်းဆောင် ဒုညွှန်ချုပ် သိန်းနိုင်ထွန်းနှင့်အတူ စသုံးလုံး ဦးစီးဌာနချုပ်မှ အရာရှိ ၁ ဦး ၊ အမှုထမ်း ၃ ဦး ၊ စသုံးလုံး သတင်း/နည်ပညာ အရာရှိ ၁၇ ဦး ၊ အမှုထမ်း ၃၃ ဦး ၊ ကယားပြည်နယ် စသုံးလုံးမှ အရာရှိ ၂ ဦး ၊ အမှုထမ်း ၁ ဦး စုစုပေါင်း စသုံးလုံး အရာရှိနှင့်ဝန်ထမ်း ၅၉ ဦး အသုံးပြုခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်သော ငွေကြေးစီးဆင်းမှုဆိုင်ရာ အမှု လိမ်လည် တည်ဆောက်သူ အဖွဲ့ခေါင်းဆောင်မှာ ဦးစီးအရာရှိ (စုံစမ်းရေး) အောင်မြတ်မိုးဖြစ်ပြီး NLD ပါတီ၏ ငွေကြေးစီးဆင်းမှု ဆိုင်ရာ စိစစ် လိမ်လည် အမှုတည်ဆောင်သူ အဖွဲ့ခေါင်းဆောင်မှာ ဦးစီးအရာရှိ မင်းထွေးဖြစ်သည်။

ဦးစီးအရာရှိ အောင်မြတ်မိုးသည် ရွေးကောက်ပွဲ မဲလက်မှတ်များ ပိုရိုက်နှက်ခြင်း ရှိမရှိဆိုသော အမှုတွင်လည်း စိစစ်ရသည့်အဖွဲ့ခေါင်းဆောင်ဖြစ်သည်။

ဦးစီးအရာရှိ အောင်မြတ်မိုးနှင့် မင်းထွေးတို့သည် စသုံးလုံး သတင်း/နည်းပညာ (ရန်ကုန်) မှအရာရှိ ၆ ဦးနှင့် အမှုထမ်း ၉ ဦး စုစုပေါင်း ၁၅ ဦးကို အသုံးပြုခဲ့ကြပြီး ၎င်းတို့နှစ်ဦးကို အမိန့်တာဝန်ပေးအပ်သူမှာ ရန်ကုန်တိုင်းစစ်တိုင်းမှူး ညွှန့်ဝင်း ဆွေဖြစ်သည်။

အဓိက ကျသည့် စသုံးလုံး ညွှန်ကြားရေးမှူးများ
=============================

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်တို့ကို မင်းအောင်လှိုင်က ဖမ်း ဆီးပြီးနောက် ပြည်ထဲရေးဝန်ကြီး စိုးထွဋ် က စသုံးလုံးဌာနထံသို့ လိမ်လည်လုပ်ကြံအမှုများ တည်ဆောက်ရန် အမိန့် ပေးခဲ့ရာတွင် အမှုဆင်များလုပ်ဆောင်ရာတွင် စသုံးလုံးဌာနမှ စိုးနောင်ဦး နှင့် မောင်မောင်မြင့်တို့သည် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း အတွက် လာဘ်ပေးလာဘ်ယူ လုပ်ခဲ့သည်ဟု လိမ်လည် အမှုဆင်တည်ဆောက်သူမှာ စသုံးလုံး ညွှန်ကြားရေးမှူး စိုးနောင်ဦး ဖြစ်သည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သဘာဝ ဘေးကူညီကယ် ဆယ် ရေးအတွက် အသုံးပြုမည့် ရဟတ်ယာဥ် တစ်စီးဝယ်ယူမှုအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ ကို အဂတိမှု ၂ မှုဖြင့် အမှုဆင် လုပ်ကြံရေး ဆောင်ရွက်ခဲ့သူမှာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူး မောင်မောင်မြင့် ဖြစ် သည်။

စသုံးလုံး ညွှန်ကြားရေးမှူး စိုးနောင်ဦး
=======================

စသုံးလုံး ညွှန်ကြားရေးမှူး စိုးနောင်ဦး(အသက် ၅၀ နှစ်) သည် ၁၉၇၁ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့မှာ မွေးဖွားသူဖြစ်သည်။ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်ဇာတိဖြစ်ပြီး ၁၉၉၀ ခုနှစ်၊ မေလတွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ် စဉ် ၃၆ ကို တက်ရောက်ခဲ့သည်။

၁၉၉၅ ခုနှစ်တွင် စစ်တက္ကသိုလ်ကျောင်းဆင်းပြီး ဒုဗိုလ်ရာထူးဖြင့် စစ်မှု ထမ်းခဲ့သည်။ ၂၀၀၅ ခုနှစ်မှာတော့ ဗိုလ်မှူးရာထူးဖြင့် အငြိမ်းစားယူပြီး ပြည်ထဲရေးဝန် ကြီးဌာန ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးအဖြစ် တာ ဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၄ ခုနှစ်တွင် စသုံးလုံးဌာန၏ ညွှန်ကြားရေးမှူးဖြစ်လာပြီး ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည် နယ်တို့တွင် ပြောင်းရွှေ့တာဝန်ယူခဲ့သည်။ ၂၀၁၆ ခုနှစ်မှ ယနေ့အထိ စုံစမ်းရေးနှင့်ငွေကြေးဆိုင်ရာဌာန၊ ရန်ကုန်ရုံးတွင် ညွှန်ကြား ရေးမှူး အဖြစ် တာဝန်ယူနေဆဲဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို လိမ်လည် အမှုဆင်ရာတွင် ဦးဆောင်ပါဝင် ခဲ့ခြင်း ဖြစ်သည်။

စိုးနောင်ဦးသည် ညွှန်ချုပ်မောင်မောင်ကျော် အငြိမ်းစားယူပါက ဒုညွှန်ချုပ် အဖြစ် ရာထူးတိုးရန် အလားအလာကောင်း နေသူတစ်ဦးဖြစ်ကြောင်း သိရှိရ သည်။

စသုံးလုံးဌာန ညွှန်ကြားရေးမှူး စိုးနောင်ဦးတွင် ဇနီး ၊ သမီး၊ သား တို့ရှိပြီး ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင် နေထိုင်ကြသည်။

စသုံးလုံး ညွှန်ကြားရေးမှူး မောင်မောင်မြင့်
==================================

မောင်မောင်မြင့်သည် ရှမ်းပြည်နယ်စသုံးလုံးဌာန၏ ညွှန်ကြားရေးမှူးဖြစ်ပြီး အသက် ၆၀ နှစ်ရှိနေပြီဖြစ်ကာ ၁၉၆၂ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် မွေးဖွားသူဖြစ်သည်။

သတ္တဗေဒ သိပ္ပံဘွဲ့ရတစ်ဦးဖြစ်ပြီး ၁၉၈၅ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ မြန်မာ့ရေလုပ်ငန်းတွင် လက် ထောက် သုတေသနမှူးအဖြစ် အလုပ်လုပ်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် စသုံးလုံးဌာနသို့ ပြောင်းရွှေ့ စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

စုံစမ်းရေးလက်ထောက်အဖြစ် ရန်ကုန်တိုင်းရုံးတွင် ၁၉၈၉ ခုနှစ် ၁၉၉၀ ခုနှစ်အထိလည်းကောင်း၊ ဒုတိယစုံစမ်းရေးမှူးအဖြစ် ၁၉၉၁ ခုနှစ်မှ ၁၉၉၅ ခုနှစ်တွင်လည်းကောင်း ၊ စုံစမ်းရေးမှူးအဖြစ် တနင်္သာရီတိုင်းရုံးတွင် ၁၉၉၅ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ လည်းကောင်း၊ ဦးစီးအရာရှိ (စုံစမ်းရေး) အဖြစ် ၂၀၁၀ ခုနှစ်မှ ၂၀၁၅ အထိလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် ၂၀၁၅ ခုနှစ်မှ ၂၀၁၇ နှစ်အထိ လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးအဖြစ် ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ စစ်ဆေးရေးဌာနတွင်လည်းကောင်း၊ ညွှန်ကြားရေးမှူး (ရှမ်းပြည်နယ်ရုံး) အဖြစ် ၂၀၂၀ ခုနှစ်မှ ယနေ့ အထိလည်းကောင်း တာဝန်ယူနေသူဖြစ်သည်။

ဇနီးဖြစ်သူမှာ ၎င်းထက် အသက် ၁ နှစ်ပို၍ ကြီးသူလည်းဖြစ်သည်။

ဓာတ်ပုံ- စသုံးလုံး ညွှန်ချုပ် မောင်မောင်ကျော်ဖြစ်ပြီး စသုံးလုံးဌာနတစ်ခုလုံး အတွက် တာဝန်ရှိသူဖြစ်သည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီအမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်းဗဟန်းမြို့နယ်၊ ရန်ကုန်မြို့nld.cwc@proto...
09/08/2025

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်ကော်မတီ
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
nld.cwc@protonmailcom

ရက်စွဲ - ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၃) ရက်

သို့
လေးစားအပ်ပါသော တန်စရီအော့သ်မန်ဟာရှင်
အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်
သြဂုတ်လ ၄ ရက်နေ့မှ ၇ ရက်နေ့ထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ကျင်းပမည့် မြန်မာနိုင်ငံ ဆိုင်ရာ သက်ဆိုင်သူများအားလုံးပါဝင်သည့်အစည်းအဝေး (STAKEHOLDERS ENGAGEMENT MEETING ON MYANMAR- SEM) သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တက်ရောက်ဆွေးနွေး ပေးပါရန် ဖိတ်ကြားသည့်အတွက် ကျေးဇူးတင်ပါသည်။
သို့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ ပြည်ပခရီးသွားလာရေး အခက်အခဲများကြောင့် တက်ရောက်နိုင်ခြင်းမရှိသည့်အတွက် မိမိတို့သဘောထားကို အောက်ပါအတိုင်းပေးပို့ပါသည်-
၁။ ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်း အရဖြေရှင်းရမည် ဟုယုံကြည်ပါသည်။

၂။ မြန်မာ့ပြဿနာများ ပြေလည်စေရေးအတွက် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ကာ ကြိုးပမ်းဆောင်ရွက်နေမှုကို အသိအမှတ်ပြုကျေးဇူးတင်ပါသည်။

၃။ မြန်မာ့ပြဿနာများ ဖြစ်လာရခြင်း၏အရင်းအမြစ်သည် ထိုစဥ်က တည်ဆဲဖွဲ့စည်းပုံအခြေခံ ဥပဒေကိုချိုးဖောက်ပြီး ရွေးကောက်ခံအရပ်သားပြည်သူ့အစိုးရထံမှ စစ်တပ်ကအာဏာသိမ်းလိုက် သည့်အတွက် ပေါ်ပေါက်လာရခြင်းဖြစ်သည်။ ထို့ကြောင့် ပြဿနာအရင်းခံအကြောင်းဖြစ်သည့် စစ်တပ်၏ လုပ်ဆောင်ချက်မှန်သမျှကို အသိအမှတ်ပြုပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် လိုအပ်ပါ သည်။

၄။ ယခုအခါစစ်တပ်သည် အတုအယောင်ဟန်ပြရွေးကောက်ပွဲမှ လိုချင်သည့်ရလဒ် ထွက်ပေါ် လာအောင် လူထုယုံကြည်ထောက်ခံသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မြန်မာ့နိုင်ငံရေးဖြစ်စဥ်များတွင် မပါဝင်နိုင်ရန် ဖယ်ထုတ်ခြင်းနှင့် ရွေးကောက်ပွဲများတွင် ပြည်သူလူထုကို လွတ်လပ်စွာဆန္ဒမပြုနိုင်ရန် ဖိနှိပ်ချုပ်ချယ်သောဥပဒေများ ပြဋ္ဌာန်းလာခြင်းတို့ကြောင့် ပြည်သူလူထု၏ ဆန္ဒအစစ်အမှန်ပေါ်ထွက်လာမည့် ရွေးကောက်ပွဲ မဟုတ်ကြောင်း ထင်ရှားနေပါသည်။

၅။ ထို့ကြောင့် လွတ်လပ်ပြီးတရားမျှတမှုမရှိသည့် စစ်တပ်၏နိုင်ငံရေးလှည့်စားမှုဖြစ်သည့် အတု အယောင်ဟန်ပြရွေးကောက်ပွဲကျင်းပရန် ကြံစည်နေမှုအား ကန့်ကွက်တားဆီးခြင်းဖြင့် ပိုမိုရှုပ်ထွေး ဆိုးဝါးလာနိုင်သည့် နောက်ဆက်တွဲပြဿနာများကို ကြိုတင်ကာကွယ်နိုင်မည်ဖြစ်သည်။

၆။ ထို့အပြင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသားများကို အကျဥ်းထောင်လက်စွဲ ဥပဒေပါအခွင့်အရေးများနှင့် လုံလောက်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ မရရှိစေသည့်အတွက် အကျဥ်းထောင်များအတွင်း သေဆုံးမှုူဖြစ်စဥ်များ ဆက်တိုက်ဖြစ်ပေါ်လာသည့်အပေါ် နိုင်ငံရေး အကျဥ်းသားများအား အာဆီယံအနေဖြင့် ကာကွယ်ပေးနိုင်မည့် အစီအစဥ်များချမှတ်ဆောင်ရွက် ပေးပါရန် မေတ္တာရပ်ခံပါသည်။

၇။ မြန်မာ့နိုင်ငံရေးပြဿနာများ ပြေလည်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံဆွေးနွေးမှုမပါဝင်ဘဲ ပြေလည်ရေးလမ်းစမရရှိနိုင်ဟု အခိုင်အမာယုံကြည်ပါသဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီးဦးဝင်းမြင့်တို့အပါအဝင် နိုင်ငံရေးအကျဥ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ရန်လိုအပ်ပါသည်။

၈။ စစ်တပ်၏ အရပ်သားပြည်သူလူထုအပေါ်ပစ်မှတ်ထား၍ လေကြောင်းမှဗုံးကြဲသတ်ဖြတ် နေမှုများ ရပ်တန့်ရန်အတွက်လိုအပ်သောအစီအမံများ ချမှတ်ဆောင်ရွက်ပေးခြင်းသည် လူသား ချင်းစာနာထောက်ထားမှု အကူအညီများပေးပို့ခြင်းကဲ့သို့ ပိုမိုလုပ်ဆောင်သင့်သော အကြောင်းအရာ ဖြစ်ပါသည်။

ဗဟိုအလုပ်ကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ကမ္ဘာလုံးဆိုင်ရာ ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု တိုကျိုတွင်ပြုလုပ် (ဓာတ်ပုံ) တပါတီအာဏာရှင်ကို ဖြုတ်ချနိုင်ခဲ့တဲ့ ရှစ်လေးလုံး ...
08/08/2025

ကမ္ဘာလုံးဆိုင်ရာ ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု တိုကျိုတွင်ပြုလုပ် (ဓာတ်ပုံ)

တပါတီအာဏာရှင်ကို ဖြုတ်ချနိုင်ခဲ့တဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ၃၇ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အနေနဲ့ ဩဂုတ် ၈ ရက်မနက်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကမ္ဘာလုံးဆိုင်ရာ ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို မဲခိုးလို့ ထောင်ကျတာ၊ နိုင်ငံရေးအကျဉ်းသား မဟုတ်ဘူး” လို့ ဘန်ကောက်မှာ မုန့်ဟင်းခါးဆိုင် ဖွင့်ထားသ...
06/08/2025

“ဒေါ်အောင်ဆန်းစုကြည်ကို မဲခိုးလို့ ထောင်ကျတာ၊ နိုင်ငံရေးအကျဉ်းသား မဟုတ်ဘူး” လို့ ဘန်ကောက်မှာ မုန့်ဟင်းခါးဆိုင် ဖွင့်ထားသူ၊ ဟင်းချက် Blogger ချိုဝတ်ရည် လ-င်ဖြစ်သူ မြင့်ကျော်သူ အသရေဖျက်ပြောဆိုလာ”

စစ်တပ်အာဏာသိမ်းပြီးနောက် ဘန်ကောက်ကို ပြောင်းရွှေ့အခြေချ နေထိုင်ပြီး ဘန်ကောက်မှာ စျေးအကြီးဆုံးမုန့်ဟင်းခါး ရောင်းချနေသူ မြင့်ကျော်သူက ဒေါ်အောင်ဆန်းစုကြည်ဟာ မဲခိုးတာကြောင့် ထောင်ကျနေခြင်းဖြစ် ကြောင်း၊ နိုင်ငံရေးအကျဉ်းသားမဟုတ်ကြောင်း စစ်တပ် အလိုကျ ဝါဒဖြန့် ရေးသား ပြောဆိုမှုတွေ ဆက်တိုက်လုပ်လာတာဖြစ်ပါတယ်။

“တွေးမိတာ ဒေါ်စုက နိုင်ငံရေး အကျဉ်းသားလား ဆိုတာပဲ။ ၈၈ တုန်းကနဲ့ မတူဘူး။ သူက ရာထူးရှိတဲ့ကြားက ဖမ်းခံရတာ။ နိုင်ငံရေးလုပ်လို့ ဖမ်းခံရတာ မဟုတ်ဘူး။ ဥပမာ ကိုယ်ကဆန္ဒပြလို့ အဖမ်းခံရတယ်၊ ဆူပူမှုနဲ့ ထောင်ချရင် ဒါနိုင်ငံရေးအကျဉ်းသား။ ဆန္ဒလဲပြတယ်၊ ထမီလဲ ခိုးတယ်၊ ခိုးရင်းမိတာ နိုင်ငံရေး အကျဉ်းသား မဟုတ်ဘူးလေ။ သူခိုးလေ။ ၈၈ တုန်းက ပလိန်းကြီး ဖမ်းခံရတာ၊ ၂၀၂၁ မှာက ဒေါ်စုက မဲခိုးလို့ ဖမ်းခံရတာလေ။ မတူဘူး နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးပါဆိုတိုင်း ဆန္ဒပြဖူးတဲ့ ထမီသာခိုးတော့ ရောလွတ်စရာ မလိုဘူးထင်တယ်။ သူ့ဟာသူ ဒေါ်စုက တရားရင်ဆိုင်လို့ တရားရုံးက အပြစ်မရှိဘူး ဆုံးဖြတ်ရင် လွတ်လိမ့်မပေါ့။ ဟုတ်ဖူးလား‘’ ဆိုပြီး ပြည်သူလူထုကို ဝေးဝါးလာအောင် သူ့ရဲ့ အကောင့်တွေကနေ တစိုက်မတ်မတ် ပုံဖျက် ပြောဆိုနေတာဖြစ်ပါတယ်။

IT လောကမှာ အတန်အသင့် လူသိများတဲ့ မြင့်ကျော်သူက စစ်တပ်အာဏာသိမ်းပြီးနောက် ဘန်ကောက်ကို ပြောင်းရွှေ့အခြေချ နေထိုင်နေသူဖြစ်ပြီး “Mohin Gar”အမည်နဲ့ မုန့်ဟင်းခါးဆိုင်ကို Phetchaburi လမ်းမ ပေါ်ရှိ Phenix Pratunam ၄ လွှာမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ရောက်ရှိနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ စစ်အာဏာရှင် စေလွှတ်ထားတဲ့ သပ်လျှိုတွေနဲ့ မသတ်သက်ခြင်း ထိထိရောက်ရောက် လူမှုရေးအပြစ်ဒဏ် ပြုလုပ်ခြင်းဖြင့် အရေးယူကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

ကိုဂျင်မီကိုဖြိုးဇေယျာသော်ကိုလှမျိုးအောင်ကိုအောင်သူရဇော်အားလုံးအတွက်သွေးကြွေးမှာဆွေးနွေးစရာမရှိ💪💪💪မဆုံးသေးတဲ့ခရီးလျှောက်...
24/07/2025

ကိုဂျင်မီ

ကိုဖြိုးဇေယျာသော်

ကိုလှမျိုးအောင်

ကိုအောင်သူရဇော်အားလုံးအတွက်

သွေးကြွေးမှာဆွေးနွေးစရာမရှိ💪💪💪

မဆုံးသေးတဲ့ခရီးလျှောက်လှမ်းလျက်ပါ💪💪💪

စစ်အာဏာရှင်လူမိုက်အုပ်စု ​​ပြည်သူများကြားအ​ကြမ်းဖက်မှိုင်းတိုက်ဝါဒဖြန့်ချီရေးနှင့် ​ပြည်သူများအား အဓိကရုန်း အကြမ်းဖက်သတ်...
23/07/2025

စစ်အာဏာရှင်လူမိုက်အုပ်စု ​​ပြည်သူများကြားအ​ကြမ်းဖက်မှိုင်းတိုက်ဝါဒဖြန့်ချီရေးနှင့် ​ပြည်သူများအား အဓိကရုန်း အကြမ်းဖက်သတ်ဖြတ်ရေးပါတီ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
အသင်းဝင်များ၊

နိုင်ငံသားတစ်ယောက်ကို ဒီလိုလုပ်လို့ရရင်ဘယ်နိုင်ငံသားက လုံခြုံမှာလဲ။
22/07/2025

နိုင်ငံသားတစ်ယောက်ကို ဒီလိုလုပ်လို့ရရင်
ဘယ်နိုင်ငံသားက လုံခြုံမှာလဲ။

အရမ်းလှမိန့်ခွန်း (ဘက်မလိုက်ဝါဒဟာမီဒီယာတွေရဲ့ မုချ လိုက်နာရမည့် အချက်ပဲ)📌📌📌📌📌📌📌📌📌📌📌UN အစည်းအဝေးမှာပြောခဲ့တဲ့ အီရန်သံတမန်...
22/06/2025

အရမ်းလှမိန့်ခွန်း (ဘက်မလိုက်ဝါဒဟာမီဒီယာတွေရဲ့ မုချ လိုက်နာရမည့် အချက်ပဲ)
📌📌📌📌📌📌📌📌📌📌📌
UN အစည်းအဝေးမှာပြောခဲ့တဲ့ အီရန်သံတမန်ရဲ့ မိန့်ခွန်းစကားလေးပါ
📍📍📍📍📍📍📍📍

(( ငါတို့က အနုမြူနဲ့ခြိမ်းခြောက်နေတယ်ဆိုတော့ ကမ္ဘာ့နျူကလီးယားစစ်ဆေးရေး IAEA အဖွဲ့ကို ယနေ့တိုင် တို့နိုင်ငံက ဝင်ရောက်စစ်ဆေးခွင့်ပေးထားတယ် .. ဘာကြောင့်ဆို ငါတို့က မဟုတ်တာ လုပ်မနေလို့ပဲ ...

တစ်ခုရှိတာက တို့ကို ပေါက်ပန်းလေးဆယ်စွပ်စွဲနေတဲ့ မင်းတို့အစ္စရေးနိုင်ငံကျတော့ ဘာကြောင့်များ IAEA ရဲ့ ဝင်ရောက်စစ်ဆေးမှုကို မခံဝံ့တာလဲ

တစ်ကယ်တမ်း တတိယကမ္ဘာစစ်ကိုဖြစ်အောင်လုပ်ပြီး ကမ္ဘာ့ပြည်သူတွေကို ေTကြေပျက်စီးအောင် စစ်မီးစမွှေးတာ မင်းတို့ပဲ .. မင်းတို့သာ နျူကလီးယားကဏ္ဍနဲ့ပတ်သက်ပြီး ကမ္ဘာကြီးမပျက်ဆီးအောင် မဟုတ်တာမလုပ်ထားဘူးဆိုရင် IAEA ရဲ့ ဝင်ရောက်စစ်ဆေးမှုကို ခံယူလိုက်လေ ..

အမေရိကန်နဲ့မင်းတို့ကိုတစ်ခုပြောချင်တာက နိုင်ငံငယ်တွေကို ကမ္ဘာ့ဥပဒေကို လေးစားလိုက်နာဖို့ တစ်ဖွဖွပြောလေ့ရှိတဲ့ မင်းတို့အတွက်ကျ သူတစ်ပါးနိုင်ငံထဲကို ကျူးကျော်စော်ကားဖို့ ကမ္ဘာ့ဥပဒေမလိုဖူး .. ကမ္ဘာမှာ ကိုယ့်ပြည်သူကိုယ်ပြန်Tတ်နေတဲ့လအာဏာရှင်နိုင်ငံတွေအများကြီး .. ငါတို့အစိုးရက ငါတို့ပြည်သူတွေအတွက် နိုင်ငံသားထောက်ပံ့ကြေးတွေ ၊ ပညာသင်စားရိတ် ၊ ကျန်းမာရေး စားရိတ် အစစအရာရာ အားလုံးထောက်ပံ့ပေးထားတယ် ..

ငါတို့ဘာသာအရ ငါတို့ရဲ့ ပညတ်ချက်တွေကို ငါတို့စောင့်ထိန်းလိုက်နာကြတာက အပြစ်တစ်ခုမဟုတ်ပါဘူး .. တို့ပြည်သူတွေက အာဏာရှင်လက်ထဲရောက်နေလို့ ဒုက္ခရောက်နေရသယောင်ယောင် မင်းတို့အုပ်စုက ကမ္ဘာ့ပြည်သူတွေနဲ့ တို့ကို အမြဲရန်တိုက်လေ့ရှိတယ် .. ငါတို့သာ ငါတို့ပြည်သူတွေအပေါ် အနိုင်ကျင့်မယ်ဆိုရင် တို့ပြည်သူတွေ နိုင်ငံပြင်ပကို အလုံးအရင်းနဲ့ထွက်ပြေးပြီး ရောက်ရာနိုင်ငံအသီးသီးမှာ နိုင်ငံရေးအရ ၊ ဘာသာရေး တင်းကျပ်ဖိနှိပ်မှုအရ ခိုလှုံကြမှာပေါ့ကွာ ...

ငါတို့ပြည်သူတွေနဲ့ ငါတို့နိုင်ငံကို အဖက်ဖက်က ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ထားပါလျှက် ငါတို့ကို အာဏာရှင်တံဆိပ်ကပ်ပြီး ငါတို့ထက် အဆပေါင်းများစွာဆိုးဝါးလှတဲ့နိုင်ငံတွေကိုတော့ မသိကျိုးကျွံပြုထားတာ မင်းတို့ကျင့်သုံးတဲ့ ဒီမိုကရေစီလား ?

ငါတို့ပြည်သူတွေကို လာကယ်ထုတ်တယ်လို့ ဆိုရအောင် ငါတို့က ငါတို့ပြည်သူတွေအပေါ် ကြိမ်နဲ့တောင်တစ်ချက်မနှက်ဘူးဟ .. ငါတို့ထက် အဆပေါင်းများစွာဆိုးဝါးနေတဲ့ နိုင်ငံတွေကိုတော့ လစ်လျူရှု့ပြီး နိုင်ငံသားထောက်ပံ့မှုအပြည့်အဝရနေတဲ့ငါတို့ပြည်သူတွေကို အာဏာရှင်လက်အောက်က လာကယ်ထုတ်နေတာပါဆိုတော့ မင်းတို့စကားက ယောက်ကျားမပီသတဲ့ ပြည့်တန်ဆာစကားဖြစ်နေပါပြီ ...

အီရတ်ကိုလည်း နျူမရှိပဲ ရှိတယ်ဆိုပြီး မင်းတို့ဝိုင်းယုတ်ခဲ့ကြတယ် .. လစ်ဗျားကိုလည်း ထိုနည်းအတိုင်း မင်းတို့ လုပ်ကြံခဲ့ကြတယ် .. နိုင်ငံတစ်နိုင်ငံအပေါ် မင်းတို့ယုတ်တော့မယ်ဆိုရင် အဲ့နိုင်ငံကို အကြမ်းဖက်ခေါင်းစဥ် အာဏာရှင်ခေါင်းစဥ်တွေတပ်ပြီး ကမ္ဘာ့ပြည်သူတွေကို နှစ်အတန်ကြာအောင် မီဒီယာအားကိုးနဲ့ Brain Wash ကြိုလုပ်ပြီး လုပ်ကြံလေ့ရှိတတ်ကြတယ် ..

မင်းတို့ မတရားဝင်ကျူးတဲ့အချိန် ကမ္ဘာ့ဥပဒေမလိုပေမယ့် တို့တွေအတွက်တော့ သောက်သောက်လဲဥပဒေတွေကို လိုက်နာဖို့လိုအပ်နေတယ် .. မင်းတို့နိုင်ငံတွေမှာ မင်းတို့ပြည်သူတွေ စစ်ကိုမတိုက်ဖို့ နေ့စဥ်နဲ့အမျှ ဆန္ဒပြနေတာတောင် မင်းတို့ပြည်သူတွေရဲ့စကားကိုလစ်လျူရှု့ပြီး စစ်မီးကိုမင်းတို့ စမွှေးခဲ့ကြတယ် .. ဒါလား မင်းတို့ရဲ့ ဒီမိုကရေစီ

တစ်နိုင်ငံထဲကို သုံးလေးနိုင်ငံက ဝိုင်းတိုက်တာ သတ္တိမဟုတ်ဘူးကွ .. မင်းတို့နဲ့အတူ မင်းတို့အတွက် ဂုဏ်ယူနေသူတွေကိုလည်း အရမ်းအံ့သြတယ် .. အဲ့ဒါ သတ္တိမဟုတ်ဘူးကွ .. ဒါပေမယ့် ငါတို့ မမှုပါဘူး .. ငါတို့ ပါရှန်းတွေဟာ အသက်ပင်ေTပါစေ ၊ ရန်သူကို ဒူးထောက်ခဲ့ရိုး ထုံးစံမရှိပါဘူး .. ငါတို့နိုင်ငံ ၊ ငါတို့ဘာသာ ၊ ငါတို့ပြည်သူတွေအတွက် ငါတို့အသက်ကို စတေးရဲပါတယ် .. ငါတို့ရှင်သန်နေသ၍ ငါတို့အမိမြေအတွက် ငါတို့အသွေးအသားတွေကို စည်းရိုးအဖြစ်တန်ဆာဆင်ပြီး ငါတို့ပေးဆပ်ကာကွယ်သွားမှာပါ ))

ที่อยู่

Phra Nakhon

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ NUG Federal Networkผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท