Thuzar Moe 𝑩𝒖𝒅𝒅𝒉𝒊𝒔𝒕 🙏🕊

ကြားရင်လည်း မကြားသလို သိရင်လည်း မသိသလို နေတတ်မှ လူတိုင်းနဲ့အဆင်ပြေတာ...ကိုယ့်အတင်းပြောသံကြားလည်း ရယ်နေလိုက်ကိုယ့်ကိုချီး...
09/06/2025

ကြားရင်လည်း မကြားသလို
သိရင်လည်း မသိသလို နေတတ်မှ
လူတိုင်းနဲ့အဆင်ပြေတာ...

ကိုယ့်အတင်းပြောသံကြားလည်း ရယ်နေလိုက်
ကိုယ့်ကိုချီးကျူးကြရင်လည်း ပြုံးနေလိုက်
နေတတ်မှ ကိုယ်လှတာ။

အားနည်းချက်ပြောပြလည်း ကျေးဇူးတင်လိုက်
ဝေဖန်နေလည်း အသိအမှတ်ပြုလိုက်
နေတတ်မှ ပညာတစ်ခုတိုးတာ။

ယူတတ်ရင် အသိတရားရနေတဲ့ခေတ်ကြီးထဲ
နေရာတကာ ကိုယ့်ကိုယ်ကို
ဦးစားပေးနေလို့ဘယ်ဖြစ်ပါ့မလဲ....

ဒီဘက်ခေတ်ကြီးထဲ
ကိုယ့်စိတ်နဲ့ထပ်တူ
ယုံကြည်ရမယ့်လူတွေနည်းနေပြီဆိုတော့
ခံစားချက်ဆိုတာကလည်း မြိုသိပ်ထားတတ်အုံးမှ... တော်ကာကျတာ.....။

Credit

လူတယောက်အတွက် အဓိကဆုံးက စိတ်ထားပါ။စိတ်ထားတစ်ခုပဲ လွဲသွားရင်…စကား၊ လုပ်ရပ်၊ ဆုံးဖြတ်ချက်တွေ အကုန်လုံးလွဲသွားတတ်တယ်။စိတ်ထာ...
08/06/2025

လူတယောက်အတွက် အဓိကဆုံးက စိတ်ထားပါ။
စိတ်ထားတစ်ခုပဲ လွဲသွားရင်…
စကား၊ လုပ်ရပ်၊ ဆုံးဖြတ်ချက်တွေ
အကုန်လုံးလွဲသွားတတ်တယ်။

စိတ်ထားက တည်ငြိမ်မှ လုပ်ရပ်တွေ
တည်မြဲတတ်တယ်။ စိတ်ထားက သန့်ရှင်းမှ
ဆုံးဖြတ်ချက်တွေ မှန်ကန်တတ်တယ်။
လုပ်ရပ် မှန်လာရင်ပဲ ဘဝဟာ တည်ငြိမ်ပြီး
ကိုယ်စိတ်ကူးထားတဲ့ ရည်ရွယ်ချက်တွေကို
တဖြည်းဖြည်းနဲ့ တက်လှမ်းနိုင်တယ်။

စိတ်ထားက စိုက်ပျိုးရမယ့် မြေပြင်လို့ ဆိုလို့ရတယ်။
မြေက ညစ်နေရင် မည်သည့်အမြစ်မှ မကောင်းနိုင်သလို
စိတ်ထားမမှန်ရင် ဘယ်လိုကြိုးစားမှုမှ
တကယ်ကောင်းတဲ့ရလဒ်ကို မပေးနိုင်ပါ။

ဘဝမှာ အကျိုးအမြတ်ကို မျှော်လင့်မယ်ဆိုရင်
အရင်ဆုံး ကိုယ့်စိတ်ထားကို ဖြူစင်အောင် ထိန်းသိမ်းဖို့
လိုတယ်။

စိတ်ထားမှန်မှ လုပ်ရပ်မှန်မယ်၊
လုပ်ရပ်မှန်မှပဲ ဘဝကို တည်ဆောက်နိုင်မှာပါ။

Credit

30/05/2025

“”ဂေါတမမြတ်စွာဖစ်မဲ့ ဘုရားလောင်း ဇောတိပါလ တောင် ဘုရားကျောင်းကန်သွားဖို့ တရားနာဖို့စိတ်မဝင်စားလို့ သူငယ်ချင်းဖစ်သူ ဃဋိကာရ က တိုက်တွန်းခဲ့ရဖူးတယ်။”” မိမိနဲ့ပတ်သက်တဲ့ မိတ်ဆွေသူငယ်ချင်းတွေကို တကယ်ချစ်တယ် ခင်တယ်ဆိုရင်ဘုရား တရား သံဃာအပေါ်ရိုသေကိုင်းရှိုင်းမူ့ရှိလာအောင် သဒ္ဒါတရားတွေရှိလာအောင် အင်မတန် အေးချမ်းတဲ့ တရားဓမ္မအရိပ်ကို ရောက်အောင် လမ်းပြပေးသင့်ပါတယ်။ အင်မတန်မှ တန်ဖိုးရှိတဲ့ ကောင်းမွန်တဲ့ မိတ်ဆွေတစ်ယောက်နဲ့ ခင်မင်ရတာလည်း မိမိအတွက် ဒီဘဝတင်မက နောင်သံသရာအထိပါအကျိုးကျေးဇူးများစွာ ရရှိစေနိုင်ပါတယ်။

🙏🪷
Thuzar Moe🍀

14/03/2025

🙏🙏🙏

ที่อยู่

Phra Nakhon

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Thuzar Moeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์