တောင်ငူ ရိုးရာမြေအလှ

တောင်ငူ ရိုးရာမြေအလှ ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก တောင်ငူ ရိုးရာမြေအလှ, เว็บไซต์ข่าวและสื่อ, Phra Nakhon.

08/07/2025
17/06/2025
04/06/2025
04/06/2025
02/06/2025
27/05/2025

ရင်ထဲခံစားရတယ် 😭😭😭

27/05/2025

ဖိနပ်ပဲရောင်းပါ အမရယ်😔😔

25/05/2025

😔😔😔😔

25/05/2025

တောင်ငူမြို့နယ်တွင် တိုက်ပွဲပြင်းထန်၊ လေကြောင်းပစ်ကူကြောင့် ဒေသခံထောင်ချီထွက်ပြေးနေ
DVB

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ထဲမှာ မေ ၂၂ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲတွေပြင်းထန်နေသလို စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းကနေ တောက်လျှောက်တိုက်ခိုက်နေလို့ တိုက်ပွဲဖြစ်နေတဲ့အနီးအနား ကျေးရွာတွေက ထောင်ချီတဲ့ ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

“တောင်ငူအနောက်ဘက် အမြန်လမ်းမကြီး မိုင်တိုင် ၁၄၇ အနားဝန်းကျင်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ စစ်တပ်ဘက်ကတော့ ရဟတ်ယာဉ်တွေရော၊ တိုက်လေယာဉ်တွေနဲ့ပါ အဆက်မပြတ် ဗုံးကြဲနေတယ်။
အပြည့်အစုံ ကွန်မန့်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
#တောင်ငူ #တိုက်ပွဲပြင်းထန် #စစ်တပ် #လေကြောင်းတိုက်ခိုက် #စစ်ဘေးရှောင်
https://burmese.dvb.no/archives/706696

23/05/2025

တောင်ငူတွင် နှစ်ရက်ဆက် တိုက်ပွဲဖြစ်၊ စပါးကြွယ်ရွာကို စာသင်ကျောင်းပါမချန် စစ်တပ်မီးရှို့

23 May 2025 By Hsu Yee / MPA

ပဲခူးတိုင်း ၊ တောင်ငူမြို့နယ်တွင် နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေပြီး စပါးကြွယ်ရွာကို စာသင်ကျောင်းပါမချန် စစ်တပ်က မီးရှို့ခဲ့ကြောင်း သိရသည်။

မေလ ၂၁ ရက်မှစတင်၍ တောင်ငူမြို့ အနောက်ဘက် အမြန်လမ်းမကြီး မိုင်တိုင် ၁၄၇ရှိ စပါးကြွယ် ရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ယ နေ့(မေလ ၂၃ရက်) နံနက် ကိုးနာရီကျော်၌ စစ်ကောင်စီတပ်က စပါးကြွယ်ရွာကို မီးရှို့ခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

"စပါးကြွယ်မှာ။အဲ့နားမှာ ဖြစ်နေတာ နှစ်ရက်ရှိပြီ။ဒီမနက်လည်း ဖြစ်နေတယ်တဲ့။ စစ်သားတွေက လည်း လက်နက်ကြီးနဲ့ ရမ်းပစ်နေတယ်။စပါးကြွယ်ရွာကို စစ်ကောင်စီက မီးရှို့နေတယ်။စာသင် ကျောင်းပါ မချန်ဘူးတဲ့"ဟု ၎င်းက MPA သို့ပြောသည်။

စပါးကြွယ်ရွာအတွင်း မီးလောင်ပျက်စီးမှုအခြေအနေကို မသိရသေးပေ။

စစ်ကောင်စီတပ်သည် ယခုလအတွင်း စပါးကြွယ်ရွာတွင် တပ်စွဲခဲ့ပြီးနောက် အနီးဝန်းကျင်သို့ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်နေမှုကြောင့် စပါးကြွယ်ရွာ ၊ မြပင်ကူ ၊ ကမ္ဘားနီ ၊ ဇီးကုန်း နှင့် ပေပင်ကရင်စု ရွာများမှ ပြည်သူများ နေရပ်စွန့် တိမ်းရှောင်နေရကြောင်း သိရသည်။

" ရှောင်တာတော့ တောင်ငူမြို့ပေါ်နဲ့ နီးစပ်ရာ ဆွေမျိုးတွေရှိရာတွေကို ရှောင်ကြတာပေါ့"ဟု ၎င်းက ဆက်လက်ပြောသည်။

စပါးကြွယ်ရွာသည် အိမ်ထောင်စု ထောင်ကျော်ရှိသည့် ရွာကြီးဖြစ်ပြီး စစ်တပ် အထိုင်ချကတည်းက ရွာသားအချို့ နေရပ်စွန့်ခွာ ပြောင်းရွှေ့ခဲ့ကြသည်။

စပါးကြွယ်ရွာအနီးတွင် တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မ‌တော် တပ်ရင်း ၃၅၀၁ ရှိကြောင်း သိရသည်။

ဧပြီ ၁၀ ရက်ကလည်း တောင်ငူမြို့နယ်၊ ကျောက်လုံးကြီးရွာ အခြေစိုက် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကွမ်းပင် ၊ ကျောက်တိုင် ၊ ဥသျှစ်ပင်နှင့် ငွေတောင်လေးရွာများမှ ဒေသခံပြည်သူများ တိမ်းရှောင်ခဲ့ရသေးသည်။

စာတည်း-ML

#တောင်ငူမြို့နယ် #စပါးကြွယ်ရွာ #စစ်တပ်ကမီးရှို့

ที่อยู่

Phra Nakhon

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ တောင်ငူ ရိုးရာမြေအလှผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์