22/09/2025                                                                            
                                    
                                                                            
                                            😱😱😱ကိုင်းးတော်ရုံကိစ္စတွေဆိုအကျယ်အကျယ်မဖြစ်ချင်လို့ ဘာမှ မတင်ဖြစ်၊မပြောဖြစ်ပေမဲ့ ရှေ့မှာလဲ ကျွန်တော်တို့အသိ၃/၄ဆိုင်လောက် ခုလိုဖြစ်ခဲ့တာတွေနဲ့ တိုက်ဆိုင်နေတာကြောင့်ရော မပြောရင် နောက်လူတွေ ထပ်ဖြစ်မှာစိုးလို့ သတိထားနိုင်အောင်လို့ တင်ပေးရခြင်းဖြစ်ပါတယ်ဗျာ……။
ကျွန်တော်တို့ရဲ့ သစ္စာလမ်းဆိုင်ကို မနက်၆ခွဲလောက်မှာ သူခိုးဝင်ဖောက်တယ်။ဆိုင်က လိိတ်တံခါးက သွပ်ပြားကို ကလန့်ပီး အဲ့ကနေဝင်တယ်။ဝင်ဝင်ချင်း Cctvကြီးကပြူးနေတော့ cctvကို ပိတ်ပီး စိတ်ကြိုက်ဝင်မွှေတယ်။ဆိုင်က ဖုန်း၂လုံးနဲ့ ငွေသားရယ် Podတွေရယ် ယူသွားတယ်…။
မနက်၇နာရီလောက် သိသိချင်းမှာ cctvပိတ်တုန်းက မြင်လိုက်ရတဲ့ရုပ်နဲ့ တိုက်ပီး စုံစမ်းတော့ ခိုးသွားတဲ့ ပလုံကောက်တဲ့ ခလေးတွေရဲ့ နာမည်နဲ့ လိပ်စာအတိအကျပါသိရတာနဲ့ သိသိချင်း ရပ်ကွက်လူကြီးတွေ ရဲတွေနဲ့လိုက်ဖမ်းလိုက်တာ မနက်၉နာရီခွဲလောက်မှာ ခိုးသွားတဲ့ ဖုန်း၂လုံးရယ်၊ပစ္စည်းတချို့ တဝက်ရယ်နဲ့ ငွေသားတချို့တဝက် ပြန်ရတယ်…
ပြောချင်တာက အခုမှ စမှာ ပုံကဘာလို့တင်ရလဲဆိုတော့ ဒီကောင်တွေက ပလုံကောက်ရင်း အဲ့လိုလုပ်စားနေတာကြာဘီ။သူတို့မိဘတွေ အုပ်ထိန်းသူဆိုတဲ့သူတွေကလဲ အလိုတူအလိုပါ 
ခိုင်းစားနေကြတဲ့သူတွေ။(ကလေးတွေခိုးလာတဲ့ပိုက်ဆံတွေကို သူတို့မိဘတွေက သုံးပီးနေကြဘီ)သူတို့အဲ့အရွယ်လေးတွေနဲ့ အချူပ်ထဲမထည့်မှန်းသိတော့ စခန်းကိုဝင်လိုက်ထွက်နဲ့ အရေထူနေကြတာ…..ရှေ့တပတ်ကမှ တစ်ခါပြန်လွှတ်ပေးထားတာလို့လဲ စခန်းက ပြောတယ်…။
ကျွန်တော်တို့က ကလေးဆိုတော့သနားတာရယ် ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်ဒဏ်ရာရပီး ပိုဆိုးသွားမှာစိုးလို့ နောက်မလုပ်ရင်တော်ဘီဆိုပီး ပြန်လွှတ်လိုက်ပေမဲ့ သူတို့ပုံစံတွေက ခုလိုလုပ်တာကိုပဲ နောင်တ တစက်လေးမှ ရမဲ့ပုံမပေါ်လို့၊ပီးတော့ လွယ်လို့ခိုးတာမဟုတ်ပဲနဲ့တမင်တကာကြီးကို ဆိုင်ဖောက်တာဖြစ်နေလို့ သတိထားနိုင်အောင်လို့ ရုပ်နဲ့တကွ တင်ပေးရခြင်းဖြစ်ပါတယ်….။(အခုတော့ သူတို့၄ယောက်လုံးကို ကတုံးတုံးပေးလိုက်တယ်ပြောပါတယ်)