14/11/2024
အရမ်းစားကောင်းတဲ့"မုန်လာဥနီ ဆနွင်မကင်း"လုပ်နည်း
ဒီတခါတော့ မုန်လာဥနီလေးတွေ ဝယ်လာတာ များနေတဲ့အတွက် ဆနွင်းမကင်းလေး ဖုတ်ဖြစ်လို့ လိုက်လုပ်စားကြည့်လို့ရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင့်
စားလို့အရမ်းကောင်းပြီး အချိုပွဲ ပြင်လို့လဲ အရမ်းကောင်းလွန်းတဲ့ မုန့်လေးတမျိုးပါ
'လုပ်နည်းလေးတွေကြည့်ရအောင်နော်'
{ ပါဝင်ပစ္စည်းများ }
၁။ မုန်လာဥနီ - 1 kg
၂။ ဂျုံမှုန့် - 120 g
၃။ ရွှေကြည်မှုန့် - 60 g
၄။ သကြား - 150 g (အချိုကြိုက်ပါက ပိုထည့်ပါ)
၅။ ထောပတ် - 150 g
၆။ အုန်းနို့ - 150 g
၇။ ရေ - 150 g
၈။ ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
၉။ ဘိန်းစေ့ - ထမင်းစားဇွန်း တစ်ဇွန်း
၁၀။ အုန်းသီးမှုန့် - မိမိနှစ်သက်သလောက်
၁၁။ မုန့်ဖုတ်မည့်ဘန်း - တခု
{ ပြင်ဆင်ပြုလုပ်ပုံ }
~ မုန်လာဥနီကို အခွံခွာတဲ့ဒါးနှင့် အခွံများခွာပေးကာ ရေဆေးပြီး ရေစစ်ထားပါ
~ ပြီးတာနဲ့ အမွလေးတွေ ရလာအောင် ဂျစ်နဲ့ ခြစ်ပေးပါ
~ မုန့်ဖုတ်မည့် ဗန်းကို ထောပါတ်ဆီနှင့် သုတ်ထားပါ
~ အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်းများကို ပြင်ထားပါ
~ ဇလုံတလုံးထဲမှာ ဘိန်းစေ့မှလွဲပြီး ကျန်တဲ့ပါဝင်ပစ္စည်းများကို ထည့်ပေးပြီး သမအောင် ရောမွှေပေးပါ
~ပြီးတာနဲ့ မကပ်တဲ့ အိုးတလုံးထဲမှာ ထည့်ပေးပြီး မီးအနေတော်နှင့် တည်ပေးပါ
~အိုးမကပ်စေရန် မကြာမကြာ မွှေမွှေပေးပြီး တည်ထားသော အိုးထဲမှာ မုံလာဥနီ မုန့်သားထဲမှ ထောပါတ်ဆီ ပြန်တက်လာတဲ့အထိ တည်ပေးပါ
~အိုးထဲမှာ ထောပါတ်ဆီ ပြန်တက်လာပါက မုန့်ဖုတ်မည့် ဗန်းထဲသို့ ထည့်ပေးပါ
~မုန့်သားထည့်နေစဉ် မုန့်သားမျက်နှာပြင်ကို ညီစေရန် လိုက်ဖိပေးပါ
~ပြီးတာနဲ့ မုန့်သားအပေါ်မှာ ဘိန်းစေ့များကို ဖြန့်ထည့်ပေးပါ
~အဆင်သင့်ဖြစ်တာနဲ့ မိုက်ခရိုဝေ့ထဲမှာ တမိနစ်စီ ၈မိနစ်လောက် ထည့်ပေးပါ
~မုန့်ဖုတ်တဲ့အချိန် ပြည့်တာနဲ့ မီးဖိုအပြင်ဖက် ထုတ်ပေးပြီး အအေးခံပေးပါ
~မုန့်သားအေးသွားတာနဲ့ မိမိနှစ်သက်သလို လှီးပေးပြီး အချိုပွဲအတွက် စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
မိုက်ခရိုဝေ့ မီးဖိုနဲ့ မဖုတ်ဘဲ oven နဲ့ ဖုတ်ပါက 200 c နှင့် ၁၀မိနစ်လောက် ကျိုပြီးဖွင့်ထားပြီး ၂၅မိနစ်လောက် ဖုတ်ပေးပါ
မုန့်ဖုတ်ချိန် ပြည့်တာနဲ့ မီးပိတ်ပေးပြီး မီးဖိုထဲက လက်ကျန်အပူရှိန်နှင့် ၁၀မိနစ်လောက် ထည့်ထားပါ
အအေးခံကာ မိမိနှစ်သက်သလို လှီးပေးပြီး သုံးဆောင်လို့ရပါပြီ 🥰
#ဆနွင်းမကင်း #ဟင်းချက်နည်း #မုန်လာဥနီဆနွင်းမကင်း
Thanks for recipe (Crd all)