Pwar Kya Mal စိတ်ချမ်းသာခြင်းထက် ပိုတဲ့ချမ်းသာသုခ မရှိ

31/10/2024

Holloween

31/10/2024

Longing for you in this season of yearning, where every moment apart only makes my heart fonder.
💚💜


17/06/2024

ပျော်ရွှင်တဲ့စိတ် ☺
ရောင့်ရဲတတ်ခြင်းကြောင့်... ပျော်ရွှင်ရပါတယ်..
မိမိမှာရှိတဲ့..အရာတွေကိုတန်ဖိုးထားခြင်းဖြင့်..ပျော်ရွင်တဲ့စိတ်ကိုပိုင်ဆိုင်ရပါလိမ့်မယ်.
ပျော်ရွှင်ခြင်းမှာ..အတိုင်းတာ...အကန့်သတ်ဆိုတာမရှိပါဘူး.မိမိရဲ့စိတ်ကသာမိမိကိုပျော်ရွှင်ခြင်းစီကိုခေါ်ဆောင်သွားနိုင်တာဖြစ်လို့..လူသားတိုင်းပျော်ရွှင်ကြပါစေလို့ဆန္ဒမွန်ဖြင့်..Narrator by Yadana က..
ဆရာမနိုင်းနိုင်းစနေရဲ့.. ပျော်ရွှင်တဲ့စိတ် ဆိုတဲ့စာစုလေးကို...ဖတ်ပြလိုက်ရပါတယ်☺


#ဆရာမနိုင်းနိုင်းစနေအားလေးစားစွာခရက်ဒစ်ပေးပါတယ်ရှင်
#လူတိုင်းပျော်ရွှင်နိုင်ကြပါစေ

17/06/2024

ထိုင်း ရဲ့ ကားစျေးကွက် နှင့် လက်ရှိ Trend

ထိုင်းမှာ Use ကားများကို တစ်ချို့ လက်ညိုးထိုးရောင်းနေကြပါတယ်။ အဲဒါဟာ လေလံကားတွေ ဖြစ်နိုင်သလို ကားအကြောင်းနားမလည်ပဲ ကားကိုလက်ညိုး ထိုး ရောင်းနေကြတာကတော့ အတော်ကိုဆိုးပါတယ်။ ထိုင်းနိုင်ငံမှာ ထိုင်းတွေဟာ ကားကိုလိမ်ရောင်းလေ့မရှိပါဘူး လိမ်ရောင်းခဲ့ရင်လည်းတရားစွဲလို့ရတဲ့အထိ ဥပဒေက ကာကွယ်ပေးထားပါတယ်။ ဒါကြောင့် Use ကားတွေဝယ်ယူမယ်ဆိုရင်တောင်ရွေးချယ်စရာများတဲ့ ကား Stand တွေဆီကဝယ်ကြပါ။ အကြွေး ဝယ်ယူမယ်ဆိုရင် တစ်ချို့ကားတွေဟာ Finance က စျေးသတ်မှတ်ချက် 4 သိန်း ကားတန်ဖိုး 3.5 သိန်း စသဖြင့် ရနိုင်တဲ့ကားမျိုးကို သာရှာဖွေပါ။ ဒါကမေတ္တာစကားပါခင်ဗျာ မည်သူ့ကိုမှ ထိခိုက်လိုစိတ်မရှိပါဘူး ဘယ်အလုပ်ပဲလုပ်လုပ် ဝမ်းစာလေးတော့လိုပါတယ်။

ထိုင်းမှာ ကားဝယ်တဲ့အခါ အမျိုးသမီးတွေအတွက် မည်သည့် ကားအမျိုး အစားမရွေး အဆင်ပြေပေမဲ့ အမျိုးသားအများစုအတွက် မိမိနဲ့လိုက်ဖက်မယ့်ကားကို ရွေးချယ်ဝယ်ယူတတ်ဖို့ အရမ်းအရေးကြီးပါတယ်။တစ်ကြောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလိုပေါ့ …သူ့အရပ်နဲ့သူ့ဇတ် အယူအဆလေးတွေ ပြောပြပေးပါမယ်။

ထိုင်းနိုင်ငံမှာရှိကြတဲ့ အမျိုးသားအများစုဟာ Honda Jazz , Yaris , City , Nissan Match စတဲ့ Eco ကားသေးများကို မစီးကြပါဘူး အဲဒီအစား ၄င်းတို့ နှင့်လိုက်ဖက်သည့် Fortuner ,Pajero ,Isuzu စသဖြင့် တံခါးငါးပေါက်နှင့် Pick Up Truck များနှင့် ဆလွန်းများ ကိုသာ ရွေးချယ်စီးနှင်းကြပါတယ်။

EV ကားတွေ လှိုင်လှိုင် ပေါလာတဲ့အခါမှာတော့ ထိုင်းနိုင်ငံရဲ့ ဆီကားစျေးကွက်က နယ်အကြိုက် Pick up Truck ,Fortuner တို့လို တံခါး ၅ ပေါက်ကားတွေကလွဲရင် ဆလွန်း နှင့် Europe ကားများရဲ့စျေးကွက်က စျေးတွေထိုးကျပြီး BMW ,Mercedes စတဲ့ကားများရဲ့စျေးကအဆမတန် ထိုးကျနေပါတယ်။ ထင်မှတ်မထားလောက်အောင် စျေးနဲ့ ရတာမို့ အခုချိန် Use ကားထဲမှာ Mercedes,BMW , Honda စတဲ့ဆလွန်းကားတွေ စီးနေရင်တော့ ခွက်ခွက်လန်အောင်ရှုံးမှာသေချာပါတယ်။

ကားမှန်ရင် Hybrid လေးဖြစ်ရမယ် သို့မဟုတ် EV ကားဖြစ်မှသာ ထိုင်းနိုင်ငံရဲ့ Trend ထဲမှာ စီးမြှောနိုင်မှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်ရဲ့ လမ်းမများထက်မှာ ကား အကောင်းစားများကို တွေ့ရင် လမ်းဖယ်ပေးဖို့ နံပါတ် အလှများဖြစ်ကြတဲ့ 11111,22222,33333,55555, စသဖြင့် အပူးအခွများ နှင့် Super Car & Luxury ကားများ ကိုတွေ့ရင် လမ်းဖယ်ပေးဖို့ ခပ်ဝေးဝေးကလိုက်ဖို့ ကျနော့်မိတ်ဆွေ ယိုးဒယားက အမြဲသတိပေးပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ထိုင်းမှာရှိတဲ့ ကားအာမခံတွေရဲ့ ပြင်ဆင်စရိတ်ကလည်း သတ်မှတ်ချက်တစ်ခုရှိတဲ့အတွက် ဒုက္ခရောက်မှာစိုးတာရယ် မိမိထက် ငွေကြေးနှင့် Network အဆက်အသွယ်များတဲ့သူများကို တုပြိုင်မဖြစ်ဖို့ အမြဲရှင်းလင်း သတိပေးပါတယ်။

ဒါကြောင့် ငွေကြေးတတ်နိုင်ရင်တော့ ကားကောင်း
ကောင်း ဝယ်စီးစေချင်ပါတယ်။ Super Car တွေ စီးတဲ့သူဆိုရင်တော့ ထိုင်းနိုင်ငံမှာ Shopping Mall တွေမှာ Super Car တွေရပ်ဖို့ သီးသန့် နေရာတွေတောင် စီစဉ်ပေးထားပါတယ်။ ဒါက တန်ဖိုးကြီး ကားတွေအတွက် အထူး ပသားပေးတာပေါ့။
ညဘက် Restaurants , Bar တွေသွားတဲ့အခါ သူတို့ရဲ့ ဆိုင်ရှေ့မှာ Super car တွေကို ရပ်ခိုင်းကြပါတယ်။ တက္ကစီ နဲ့ Eco car တွေဆိုရင်တော့ အများနည်းတူ ဆိုင်ရဲ့ ကားပါ ကင်ထဲကို အကြည့်လွတ်အောင် မောင်းသွင်းခိုင်းလေ့ရှိပါတယ်။

🔶 Pick up Truck , Toyota Commuter

စတဲ့ လုပ်ငန်းသုံးယာဉ်တွေကျတော့ စျေးကွက်ထဲမှာ စျေးကျဖို့ခက်ပါတယ်။ မြန်မာနိုင်ငံရဲ့ မြဝတီ တောင်
ပေါ် လမ်းအခြေအနေဆိုးနေတဲ့ ကာလတွေမှာ ထိုင်းနိုင်ငံမှာလည်းအဝယ်လိုက်လို့ ဒီကားတွေဟာစျေးကိဖို့ခက်ပါတယ်။ သို့ပေမဲ့ ထိုင်းနိုင်ငံမှာတော့ ဆလွန်းကားက အိမ်စီးကားတော်တော် များများက လမ်းပေးလေ့ သိပ်မရှိပါဘူး။

ထိုင်းနိုင်ငံသား အများစုဟာ ကားဝယ်တဲ့အခါမှာ အရမ်းကို sensitive ဖြစ်ပါတယ်။ ထိုင်းနယ်မြို့တွေမှာ ဆိုရင် “ကျိကုန်းဘန်းနော့” လို့ခေါ်တဲ့ တောသူဌေးတွေကတော့ Pick Up , Pajero , Fortuner ,Isuzu စသဖြင့်အမြင့်ကားတွေကို ကြိုက် ကြ အသုံးပြုကြပါတယ်။ အဲဒီ ကားတွေ ဘန်ကောက် ရောက်တဲ့အခါမှာတော့ ဘောင်မဝင်တော့ပါဘူး။ စီးပွါးရေးကိစ္စ ဘာညာ အချိန်းအချက်လုပ်တဲ့အခါမှာ မိမိနောက်ကွယ်မှာ ကျိကုန်းဘန်းနော့ ( တောသူဌေး) လို့ ဝေဖန်တတ်တာကိုသတိပြုရမှာပါ။ သို့ပေမဲ့ ကားစျေးကတော့ မကျပါဘူး စျေးကွက်ထဲမှာလူကြိုက်များတဲ့ကားများဖြစ်လို့ပါ။

🔶Toyota Yaris ,Honda Jazz, Pick up Truck

စသဖြင့် Eco ကားတွေနဲ့ Pick Up Truck ကားတွေ စီးတဲ့လူကျတော့ စစ်ဆေးရေး ဂိတ်ဖြတ်တိုင်း ၊ Surprise Charge ရှောင်တစ်ခင် စစ်ဆေးခြင်းများ ရဲတွေနဲ့ကြုံရတဲ့အခါ မိမိတို့ အသုံးပြုတဲ့ကားအပေါ်မူတည်ပြီး စစ်ဆေးခံရပါတယ်။

ထိုင်းမှာ မဟုတ်တာလုပ်တဲ့ ဆေးမှု၊ ဆေးသယ်တဲ့ကားတွေအများစုက ယာယီနံပါတ်အနီ နဲ့ အပေါ် က City ကားတွေကို အသုံးပြုတာများတဲ့အတွက်အချိုး ချလိုက်ရင် ရဲတွေရဲ့အမြင်စောင်းခြင်း ကိုခံရပါတယ်။
( ကိုယ်ကောင်းရင်တော့ ခေါင်းဘယ်မှာမရွေ့ ပါဘူး ၊ သို့ပေမဲ့ အလုပ်ရှုပ်ပြီး အချိန်ကုန်ပါတယ်။ ) ဒီနေရာမှာ သင့်တင့်လျှောက်ပါတ်အောင် ကားရွေးချယ်တဲ့သူကျတော့ အဆင်ပြေတာကို သတိပြုမိပါတယ်။

🔶 Yaris ,City ,Honda Jazz
ဒီလို City Car ကားမျိုးတွေက မယားငယ် စီးသည့်ကားလို့ ထိုင်းတစ်ချို့ကသတ်မှတ်ကြပါတယ် ။ရေချိုးခန်းက ခလေးမတွေ စီးတာများ ကြပါတယ်။အမျိုးသားလူငယ်တွေစီးရင် ရဲတွေအထင်မှားတတ်ပါတယ်။ ( ခါးခိုင် ရာ ဆေးရောင်းသမားလို့ထင်ကြပါတယ် )

🔶Pajero ,Fortuner ,Isuzu

ဒီကားတွေကို ( ကျိကုန်းဘန်းနော့ ) နဲ့ ရဲ အရာရှိများစီးတာများပါတယ်။ တော်ရုံတန်ရုံ ဆေးရောင်းတဲ့အိမ် ရှေ့မှာ ဒီကားတွေလာရပ်ရင် ချက်ခြင်း ပြေးကြတာများပါတယ်။

🔶 Honda Accord ကျတော့ အာစီယာ / လို့ခေါ်တဲ့ ထိုင်းက ဘောစိ အသစ်လေးတွေ အစီးများကြပါတယ်။

🔶 Honda CR V ,HRV

ကျတော့ ဝန်ထမ်း / မန်နေဂျာ / အရာရှိ စသဖြင့်မိသားစုနဲ့ ခရီးထွက်လို့အဆင်ပြေ All in One အသုံးပြုဖို့ မိသားစုသိပ်မများတဲ့ သူတွေ စီးလေ့ရှိပါတယ်။

🔶 Toyotoa Camry , ကားအများစုဟာ လေဆိပ်မှာ Limousine ဈေးကွက်ကား ၊တွေနဲ့ တူလို့ ထိုင်း တို့သိပ် မစီးကြပါဘူး။ Camry က ဈေးနှုန်းအမျိုးအစားအလိုက်ပေါ်မူတည် ပြီး အဆင့်အတန်းများစွာနဲ့ ကားထုတ်တဲ့အတွက် Fair ဖြစ်တယ်လို့ ထိုင်းတို့မယူကြပါဘူး။

( ဇိမ်ခံကားဝယ်မယ်ဆို Camry ကိုထိုင်းတွေက ရှောင်ကြပါတယ်။ လုပ်ငန်းသုံးဆို ရင်တော့အထူးအဆင် ပြေပါတယ်။)

🔶 Taxi နဲ့တူသောကား

မီးပွိုင့်မှာ ကားချင်းယှဉ်ရပ်တဲ့အခါ တက္ကစီ နဲ့ မိမိ တန်ဖိုးထားစီးရတဲ့ ကားတစ်ထပ်တည်းကျနေတာကို ထိုင်း တို့ လုံးဝ ( လုံးဝ ) မကြိုက်ပါဘူး ။

ဒါကြောင့် ၎င်းတို့ အိမ်စီးကားဝယ်ရင် Taxi အဆွဲများတဲ့ ကားတွေရှာင်ကြပါတယ်။ အကယ်၍ မိမိက တက္ကစီ ကားတွေကို အိမ်စီးကားလုပ်ထား ရင်တော့ ဘောင်မဝင်ပါဘူး။ ဒါတော့ သိဖို့ပါ။

🔶ထိုင်း အမျိုးသားအများစုဟာ ကားအသေးတွေ မစီးကြပါဘူး။

ထိုင်းက ငွေကြေးအသင့်အတင့်သုံးနိုင်တဲ့ အမျိုးသားတွေဟာ ကားအသေးတွေဖြစ်တဲ့ Honda Jazz , Yaris , City ,Belta စသဖြင့် City car တွေကို မ စီးကြပါဘူး။ ( ကလေးကျောင်းပို့ကျောင်းကြိုလောက်တော့ မဖြစ်မနေ တွင်တွင်ကျယ်ကျယ်သုံးတာ မြင်ဖူးပါတယ်။ )

🔶နံပါတ် အလှများ

ထိုင်း လူမျိုးများဟာ နံပါတ်ကစား ကြပါတယ်။ ၎င်းတို့ရဲ့နံပါတ် အလှကို ကားရောင်းတဲ့အခါမှာ တခါတည်းထည့်မပေးတတ်ကြပါဘူး ။
တစ်ချို့ကား နံပါတ်တွေဆိုရင်ဘတ် 1 သန်းလောက်အထိပေါက်ဈေး လည်းရှိပါတယ်။ ထိုင်း လူမျိုးတွေက နံပါတ် ပေါင်းခြင်း ၉ ကိုနှစ်သက်ကြပြီး ထိုင်းနွယ် ဖွားတရုတ် တွေကျတော့ နံပါတ် 8 “ ဟိန်း ဟိန်း “ လာဘ်လာဘ များတယ်လို့ နှစ်သက်ကြပြီး ၊ နံပါတ်ပေါင်းခြင်း ၄ ကိုတော့ “ ဆီ “အဓိပ္ပါယ် အားဖြင့် သေတယ်လို့ ယူဆကြလို့ နံပါတ် 4 ကိုမနှစ်သက်တတ်ကြပါဘူး။

ထိုင်း လူမျိုးတွေက BMW ကို Series ( စီးလီး လ လတ် လန်း ) ထိုင်းလို အခေါ်ဖြင့် ကားဈေးနှုန်းကို တွက်ချက်ကြပါတယ်။ အခုတော့ Use Car များဆို ရင်မထင်မှတ်ထားသည့်စျေးဖြင့်ရမှာဖြစ်ပါတယ်။

BMW Series 3 ဆိုကြပါစို့။

ဘတ် 1 သန်း x series 3 = ဘတ် 3 သန်း
BMW Series 3 ကို ဘတ် ၃ သန်း စသဖြင့် အလွယ်မှတ်ကြပါတယ် ။

🔶series 5 X ဘတ် 1 သန်း= ဘတ် 5 သန်း

🔶series -7 x ဘတ် 1 သန်း = 7 သန်းစသဖြင့်တွက်ချက်ကြပါတယ်။

🔶 Mercedes & BMW , Porshce တို့ကို တော်ရုံပိုက်ဆံတတ်နိုင်တဲ့သူတွေက အတွေးမတူသလို တာဝန် လည်းသိပ်မယူနိုင်ကြတဲ့သူတွေကမစီးကြပါဘူး။

အခုတော့ Europe ကလာတဲ့ Use Car တွေဟာစျေးခွက်ထိုးခွက်လန်ကျနေပါပြီ။

Mercedes & BMW နဲ့ Grade တူတာလေးတွေ ကတော့

🔶BMW Series-3 က Mercedes ဆိုရင် C-Lass နဲ့အတူတူပါပဲ

🔶 BMW Series - 5 သူက Mercedes E Class Weight အတူတူ ဘော်ဒီပါတူပါတယ်။

🔶BMW Series -7 , 9 ကတော့ Mercedes S class နဲ့တူပါတယ်။

🔶 BM-3M series တွေက - Mercedes Benz 4 Couple နဲ့ တူပါတယ် ။

🔶 Mercedes 4 Matic နှင့် BMW - X6 ကအတူတူပဲမို့ ကြိုက်နှစ်သက်ရာရွေးချယ်လို့ရပါတယ်။

🔶 Toyota

စူငိုက်ခိုင်ခေါင်း - ရောင်း / ဝယ် လွယ် Toyota ကား၊ ဈေးကွက်ကားတွေကို ထိုင်းက လူအတော်တော် များများကြိုက်ကြပါတယ်။ လူပြိန်း ဈေးကွက်အကြိုက်ကတော့ထိုင်းမှာလည်း Toyota နဲ့ Isuzu ပါပဲ ပြီးတော့ တရုတ်ကလာတဲ့ EV ကားများဖြစ်ပါတယ်။

ထိုင်းမှာ ရောင်းအား အကောင်းဆုံး လျှပ်စစ်ကား မော်ဒယ်တွေနဲ့ ရောင်းချထားတဲ့ အစီးရေကိုအောက်မှာ ဖော်ပြလိုက်ပါတယ်။

1. BYD Atto 3 – 19,214
2. Neta V – 12,777
3. BYD Dolphin – 9,410
4. Ora Good Cat – 6,712
5. Tesla Model Y – 5,881
6. MG 4 – 4,833
7. MG EP – 4,475
8. Tesla Model 3 – 2,324
9. BYD Seal – 1,810
10. MG ZS EV – 1,753

ဖော်ပြပါ စာရင်းမှာ ပါတဲ့ ကား ၈ စီးဟာ တရုတ် ကုမ္ပဏီထုတ်တွေ ဖြစ်ပြီး ထိုင်းမှာ တရုတ် လျှပ်စစ်
ကား ကုမ္ပဏီတွေ ကြီးစိုးနေတာကို ပြသနေပါတယ်။ ထိုင်းနိုင်ငံဟာ EV ကားစျေးကွက်ရဲ့ ဗဟိုချက်ဖြစ်အောင်ကြိုးစားနေတာကိုလည်းသတိပြုရမှာဖြစ်ပါတယ်။

#ဘန်ကောက်လမ်းညွန်ကိုစိုင်း

11/06/2024
💚
10/06/2024

💚

08/06/2024

မိမိရဲ့စကားတစ်ခွန်းက လူတစ်ယောက်ရဲ့ ဘဝတစ်ခုကို ပြောင်းလဲစေနိုင်တယ်တဲ့ဆိုတဲ့...အကြောင်းအရာလေးကို...ရတနာက ဖတ်ပြထားတာပါ...
ရေးသားသူနိုင်းနိုင်းစနေကို..လေးစားစွာ credit ပေးပါတယ်ရှင်


#နိင်းနိုင်းစနေရဲ့စကားတစ်ခွန်းလူတစ်ယောက်ကိုပြောင်းလဲစေနိုင်သည်စာစုကိုလေးစားစွာအသံသွင်းထားပါသည်

08/06/2024

The Easiest Way to Grow Lemons from Lemon Cuttings.

1. Gather Materials: Collect lemon tree cuttings, tissue paper, plastic bags, and a container.

2. Preparing the Cuttings: Choose healthy lemon tree cuttings, about 6-8 inches long, with at least two or three leaves.

3. Wrapping with Tissue Paper: Moisten the tissue paper and wrap it around the base of the cuttings to keep them moist.

4. Creating a Humid Environment: Place the wrapped cuttings in a plastic bag to maintain humidity, which helps with root development.

5. Monitoring Growth: Keep the cuttings in a warm, bright location, but out of direct sunlight. Check regularly for root growth.

6. Transplanting: Once roots develop, transplant the cuttings into pots with well-draining soil.

7. Care for New Plants: Water the newly potted cuttings regularly and provide adequate sunlight for continued growth.

Conclusion: Successfully Grow Lemon Trees
Follow these steps to propagate lemon trees from cuttings and enjoy fresh lemons from your own garden.

19/05/2024

နေရာအသစ်...ပတ်ဝန်းကျင်အသစ်တွေကို..လေနဲ့အတူရှာဖွေစူးစမ်းပြီး...ပြန်လည်ရှင်သန်ပြီး..ဘဝသစ်စတင်ကြတဲ့.....
Dandelion တောရိုင်းပန်းလေး အကြောင်း 🌼

#မူရင်းရေးသားသူနိုင်းနိုင်းစနေကိုလေးစားစွာcrdပေးပါသည်

ที่อยู่

Phra Nakhon

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Pwar Kya Malผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Pwar Kya Mal:

แชร์