သုတဇုံ - Thu Ta Zone

သုတဇုံ - Thu Ta Zone သုတ၊ ရသ စုံလင်စွာ

14/01/2025

ဝမ်းမိုးဟာသ 🤣

#သုတဇုံ #သုတ #ရသ #သတင်း #ဟာသ #ရယ်စရာ #သဲသဲ

13/01/2025

မကျော့ရေ...ဒီမှာကြည့်စမ်း 🤩

#သုတဇုံ #သုတ #ရသ #သတင်း #ဟာသ #ရယ်စရာ #သဲသဲ

(HMPV) ဆိုတာဟာ အအေးမိခြင်းလိုမျိုး လက္ခဏာတွေကို ဖြစ်စေတတ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပါတယ်။ချောင်းဆိုးတာ၊ အသက်ရှူကြပ်တာ၊ ...
11/01/2025

(HMPV) ဆိုတာဟာ အအေးမိခြင်းလိုမျိုး လက္ခဏာတွေကို ဖြစ်စေတတ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပါတယ်။

ချောင်းဆိုးတာ၊ အသက်ရှူကြပ်တာ၊ နှာရည်ယိုတာ၊ လည်ချောင်းနာတာအစရှိတာတွေကို ဖြစ်စေနိုင်ပါတယ်။ တစ်ခါတရံမှာတော့ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ပိုးဝင်ခြင်းကို ဖြစ်စေတတ်ပေမယ့် တစ်ခါတလေမှာတော့ အဆုတ်အအေးမိ၊ ပန်းနာရင်ကျပ်၊ နာတာရှည်လေပြွန်ကျဉ်းရောဂါ (COPD) လိုမျိုး အသက်ရှူလမ်းကြောင်းအောက်ပိုင်း ပိုးဝင်တာတွေကို ဖြစ်စေနိုင်ပါတယ်။

အပျော့စားဗိုင်းရပ်စ်ဆိုပေမယ့် ကလေးငယ်လေးတွေ၊ အသက် ၆၅ နှစ်အထက် လူကြီးတွေနဲ့ ကိုယ်ခံအားစနစ် အားနည်းနေသူတွေအတွက်တော့ ပြင်းထန်နိုင်ပါတယ်။ HMPV ဟာ အဖြစ်များပြီး လူအများစုဟာ အသက် ငါးနှစ်မပြည့်ခင်ကတည်းက ကူးစက်ခံရဖူးပါတယ်။ HMPV ဟာ တစ်ကြိမ်ဖြစ်ဖူးလည်း နောက်တစ်ဖန် ထပ်မံ ကူးစက်ခံရနိုင်ပေမယ့် ဒုတိယအကြိမ်ကူးစက်ခံရမှုဟာ ပထမအကြိမ်လောက်တော့ ပြင်းထန်မှာမဟုတ်ပါဘူး။ များသောအားဖြင့်တော့ HMPV ကူးစက်မှုဟာ ဆောင်းတွင်းနဲ့ နွေဦးရာသီမှာ ပိုအဖြစ်များပါတယ်။

Human metapneumovirus ဟာ သာမန်အအေးမိခြင်းပဲလား?

Human metapneumovirus ဟာ လူအများစုအတွက် အအေးမိခြင်းလို လက္ခဏာတွေကိုသာ ဖြစ်စေတတ်ပေမယ့် တချို့သူတွေအတွက်တော့ အလွန်ပြင်းထန်နိုင်ပါတယ်။ ပထမအကြိမ်ကူးစက်ခံရတဲ့အခါမှာ အပြင်းအထန်ဖျားနာနိုင်ခြေများတာကြောင့် ငယ်ရွယ်တဲ့ကလေးတွေအတွက် အတော်ခံစားရနိုင်ပါတယ်။ ပထမဆုံးအကြိမ်ကူးစက်ခံရမှုဟာ ပြင်းထန်နိုင်ပေမယ့် နောက်တစ်ခါကူးစက်ခံရရင်တော့ သာမန်ဖျားနာသလိုသာ ခံစားရတော့မှာပါ။ အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာရှိနေတဲ့၊ သို့မဟုတ် ခုခံအားစနစ်အားနည်းနေတဲ့ အသက် ၆၅ နှစ်အထက် လူကြီးတွေဟာ ပြင်းထန်တဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

HMPV ၏ ရောဂါလက္ခဏာတွေမှာ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း သို့မဟုတ် နှာစေးခြင်း၊ အသက်ရှူကြပ်ခြင်း၊ လည်ချောင်းနာခြင်းနှင့် အဖုများထွက်ခြင်းတို့ ပါဝင်ပါတယ်။ သူ့လက္ခဏာတွေဟာ သာမန်အအေးမိတာနဲ့ ဆင်တူပါတယ်။

Human metapneumovirus က ဘယ်လိုကူးစက်နိုင်လဲ?
HMPV ဟာ ရောဂါပိုးရှိသူနှင့် တိုက်ရိုက်ထိတွေ့တာ ဒါမှမဟုတ် ရောဂါပိုးရှိသူ ကိုင်တွယ်အသုံးပြုထားတဲ့အရာတွေကို ထိတွေ့မိရာမှ ကူးစက်နိုင်ပါတယ်။ ဥပမာ-
ချောင်းဆိုး နှာချေခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်း၊ ပွေ့ဖက်ခြင်း သို့မဟုတ် နမ်းခြင်း၊ ရောဂါပိုးရှိသူ ကိုင်တွယ်ထားတဲ့ ဖုန်း၊ တံခါးလက်ကိုင်၊ ကီးဘုတ် သို့မဟုတ် အရုပ်တွေကို ကိုင်တွယ်မိရာမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။

Human metapneumovirus အတွက် ဖြစ်နိုင်ခြေ အကြောင်းရင်းတွေက ဘာတွေလဲ?
ဘယ်သူမဆို HMPV ကူးစက်ခံရနိုင်ပေမယ့် ဒီလိုလူတွေမှာတော့ ပြင်းထန်တဲ့ဖျားနာနိုင်ခြေ ပိုများပါတယ်။

အသက် 5 နှစ်အောက်ကလေးငယ်များ (အထူးသဖြင့် လမစေ့ဘဲ မွေးတဲ့ မွေးကင်းစကလေးများ) နဲ့ အသက် 65 နှစ်အထက် လူကြီးများ ကိုယ်ခံအားနည်းနေတဲ့သူများ (HIV၊ ကင်ဆာခံစားနေရသူတွေ၊ ခုခံအားစနစ်ကို ဖိနှိပ်တဲ့ ဆေးဝါးသောက်သုံးနေရသူတွေ)
ပန်းနာရင်ကျပ် သို့မဟုတ် COPD ခံစားနေရသူများ

Human metapneumovirus ရဲ့ နောက်ဆက်တွဲပြဿနာတွေက ဘာတွေလဲ?
တစ်ခါတစ်ရံမှာ HMPV ဟာနောက်ဆက်တွဲပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ တစ်ခါတလေမှာ ဆေးရုံတင်ထားဖို့တောင် လိုအပ်နိုင်ပါတယ်။ အဲ့ဒီနောက်ဆက်တွဲတွေကတော့…
လည်ချောင်းနာ
နမိုးနီးယား
ပန်းနာရင်ကျပ် သို့မဟုတ် COPD
နားပိုးဝင်ခြင်း စတာတွေပါပဲ။

Human metapneumovirus ကူးစက်ခံရ ကြောင်း ဘယ်လိုအတည်ပြုနိုင်မလဲ?
ကျန်းမာရေးစောင့်ရှောက်မှုပေးသူတွေဟာ လူနာရဲ့ ရောဂါလက္ခဏာနဲ့ ကျန်းမာရေးရာဇဝင်ကို အခြေခံပြီး HMPV ကို စစ်ဆေးလေ့ရှိပါတယ်။ နှာခေါင်း သို့မဟုတ် လည်ချောင်းမှ Sample ရယူဖို့အတွက် Swab ကို အသုံးပြုနိုင်ပါတယ်။
တစ်ခါတစ်ရံမှာတော့ အဆုတ်ရဲ့ လေလမ်းကြောင်းပြောင်းလဲမှုတွေကိုရှာဖွေသိရှိနိုင်ဖို့အတွက် bronchoscopy သို့မဟုတ် ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်းကိုလည်း ပြုလုပ်နိုင်ပါတယ်။

Human metapneumovirus ကို ဘယ်လိုကုသမလဲ?
လတ်တလောမှာတော့ Human metapneumovirus ကိုကုသနိုင်တဲ့ ဆေးဝါးမရှိသေးပါဘူး။
သင် ဒါမှမဟုတ် သင့်ကလေး အပြင်းအထန်နေမကောင်းဖြစ်ရင်တော့ ဆေးရုံတင်ဖို့ လိုအပ်နိုင်ပါတယ်။ ဒါမှ ကျန်းမာရေးဝန်ထမ်းတွေက အခြေအနေစောင့်ကြည့်ပြီး ခံစားရတာ သက်သာအောင် ပြုလုပ်ပေးနိုင်ပါလိမ့်မယ်။

Human metapneumovirus ကူးစက်မှုကို ကာကွယ်နိုင်ပါသလား?
HMPV နှင့် အခြားသော ကူးစက်ရောဂါများ ဖြစ်ပွားနိုင်ခြေကို အောက်ပါနည်းလမ်းလေးတွေနဲ့ လျှော့ချနိုင်ပါတယ်။
လက်ကို ဆပ်ပြာသုံးပြီး ရေနဲ့ မကြာခဏ ဆေးပါ။ ဆပ်ပြာနဲ့ရေကို အသုံးမပြုနိုင်ရင် Alcohol ပါတဲ့ လက်သန့်ဆေးရည်ကို အသုံးပြုပါ။
နှာချေ သို့မဟုတ် ချောင်းဆိုးတဲ့အခါ တံတောင်ဆစ်နဲ့ နှာခေါင်း၊ ပါးစပ်ကို အုပ်ထားပါ။
အအေးမိဖျားနာနေတဲ့အခါ တခြားသူတွေနဲ့ ဝေးဝေးနေပါ။
အကယ်၍ နေမကောင်းဖြစ်ပြီး အခြားသူတွေကို ရှောင်ဖို့လည်း မလွယ်ကူဘူးဆိုရင် Mask တပ်ထားပါ။
မျက်နှာ၊ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တို့ကို လက်မဆေးဘဲ မကိုင်တွယ်ပါနဲ့။
အစားအစာ (သို့) ခက်ရင်း၊ ဇွန်း၊ ပန်းကန်တွေကို အခြားသူများနှင့် ဝေမျှမသုံးစွဲပါနဲ့။

Human metapneumovirus ကူးစက်တဲ့အခါ ဘယ်လောက်ကြာကြာ ခံစားနေရမလဲ?
Human metapneumovirus ဟာ များသောအားဖြင့်တော့ ရက်အနည်းငယ်မှ တစ်ပတ်အထိသာ ကြာမြင့်တတ်ပါတယ်။ အရမ်းဖျားနာနေတယ်ဆိုရင်တော့ ပိုကောင်းလာဖို့ အချိန်ပိုကြာနိုင်ပါတယ်။ မဖျားနာတော့ရင်တောင်
ချောင်းဆိုး ကျန်နေတာမျိုးဖြစ်တတ်ပါတယ်။

ကိုယ့်ကိုယ်ကို ဘယ်လို ဂရုစိုက်ရမလဲ?
ရေဓာတ်ခမ်းခြောက်ခြင်းမှ ကာကွယ်ရန် အရည်များများသောက်ပါ။
ရောဂါလက္ခဏာပေါ် မူတည်ပြီး အကိုက်အခဲပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေးစတာတွေ သောက်သုံးပါ။
ကလေးအထူးကုဆရာဝန်ကို ဦးစွာမမေးဘဲ ကလေးတွေကို ဆေးမပေးပါနဲ့။ လူကြီးအတွက် အဆင်ပြေတိုင်း ကလေးအတွက် အဆင်မပြေနိုင်ပါဘူး။

ဘယ်အချိန်မှာ ဆေးရုံတက်သင့်သလဲ?
အဖျားကြီးတဲ့အခါ (၁၀၃ ဒီဂရီဖာရင်ဟိုက် / ၄၀ ဒီဂရီစင်တီဂရိတ်ကျော်)
အသက်ရှူရခက်တဲ့အခါ
အသားအရေ၊ နှုတ်ခမ်း၊ လက်သည်းတွေ ပြာလာတဲ့အခါ ဆေးရုံတက်ရောက်သင့်ပါတယ်။

တခြားသူတွေလည်း သိရှိစေဖို့ ဒီအကြောင်းအရာလေးကို Share လေးတစ်ချက်နဲ့ မျှဝေပေးပါဦးနော်။

crdGandaWinMagazine
#သုတဇုံ #သုတ #ရသ #သတင်း #ဟာသ #ရယ်စရာ #သဲသဲ

10/01/2025

လွမ်းလိုက်တာ မိသားစုထမင်းလေး 😪

#သုတဇုံ #သုတ #ရသ #သတင်း #ဟာသ #ရယ်စရာ #သဲသဲ

 #မီးလာ  #မီးပျက် အချိန်ဇယား 📌လိုရမယ်ရ share သွားနော်။ #သုတဇုံ    #သုတ  #ရသ  #သတင်း  #မီး
10/01/2025

#မီးလာ #မီးပျက် အချိန်ဇယား 📌

လိုရမယ်ရ share သွားနော်။

#သုတဇုံ #သုတ #ရသ #သတင်း #မီး

တူရာ တန်ရာ  ✅☝သစ္စာ မရှိတဲ့ ယောက်ျား နဲ့တန်ဘိုးမရှိတဲ့ မိန်းမ တွေ့ဆုံတဲ့အခါ #ဖောက်ပြန်ခြင်းဆိုတာ ဖြစ်ပေါ်လာတယ်။မြင်မြင်သ...
10/01/2025

တူရာ တန်ရာ ✅☝
သစ္စာ မရှိတဲ့ ယောက်ျား နဲ့
တန်ဘိုးမရှိတဲ့ မိန်းမ တွေ့ဆုံတဲ့အခါ
#ဖောက်ပြန်ခြင်းဆိုတာ ဖြစ်ပေါ်လာတယ်။

မြင်မြင်သမျှ မိန်းမ ကို ကြိုက်တတ်တဲ့ ယောက်ျားနဲ့
ယောက်ျား မှန်သမျှ ကို လက်ခံတဲ့ မိန်းမ တွေ့ဆုံတဲ့အခါ
#စနိုက်ကြော်ခြင်း ဆိုတာဖြစ်ပေါ်လာတယ်။

ငွေရှိရင် ဘာမဆို လုပ်လို့ရတယ် ထင်တဲ့ယောက်ျားနဲ့
သူများအထောက်အပံ့ ကို ယူချင်တဲ့ မိန်းမ တွေ့ဆုံတဲ့အခါ
#စပွန်ဆာ ဆိုတာ ဖြစ်လာတယ်။

ဒါကြောင့်
တူရာတူရာတွေ့ပြီး တန်ရာတန်ရာ ရကြတယ်ဆိုတာ
ဒီလို တွေ့ဆုံခြင်းမျိုးကို ပြောတာဖြစ်ပါလိမ့်မယ်။
ဒါကြောင့် ကိုယ် နဲ့ က စိတ်ရော ဗီဇေရာ မတူလို့
ထွက်သွားတဲ့ အပေါ် မှာ လိုက်ပြီး ခံစားမနေပါနဲ့
သူနဲ့ မကောင်းတဲ့ အကျင့်စရိုက် ဗီဇ တူတဲ့ တန်တဲ့
သူနဲ့ တွေ့ဆုံ နေလို့ပါ။

ကိုယ့်အပေါ်မချစ်မနှစ်သက်တက်သူတွေနဲ့ ဝေးရာမှာနေပါ☺


#သုတဇုံ #သုတ #ရသ #သတင်း

09/01/2025

#သုတဇုံ #သုတ #ရသ

09/01/2025

သီပေါမင်းခေတ်မှီတဲ့ ၁၁၄ နှစ်အရွယ် အဖွား (တိုက်ကြီး)
Crd:Tun Min

#သုတဇုံ #သုတ #ရသ #သတင်း #ဟာသ #ရယ်စရာ #သဲသဲ

ရုပ်ဆိုးသလောက် ခန္ဓာကိုယ်နဲ့ထိတွေ့မိသူတိုင်း စွဲလန်းခဲ့ရသူကြီးပစ္စရေကဗုဒ်ဓါမထေရ်ကို ရွှံ့လှူခဲ့တဲ့  အကျိုးက  အထိတွေ့ကို ...
07/01/2025

ရုပ်ဆိုးသလောက် ခန္ဓာကိုယ်နဲ့
ထိတွေ့မိသူတိုင်း စွဲလန်းခဲ့ရသူကြီး

ပစ္စရေကဗုဒ်ဓါမထေရ်ကို ရွှံ့လှူခဲ့တဲ့ အကျိုးက
အထိတွေ့ကို နူးညံ့မှုရခဲ့တာ
ဒါပေမယ့် ..
မထေရ်မြတ်ကို ဘာ ဖု တယ် မသိဘူး ...
ဒေါနဲ့မောနဲ့ ကြည့်မိခဲ့တယ် ဆိုပဲ ..
အဲဒီ အပြစ်က ရုပ်ဆိုးသွားခဲ့ရတယ်
သူ့ကိုမြင်မိတဲ့သူတိုင်း ဒဲ့ ရွံရတဲ့ ထိပဲ
အေး ...
အထိတွေ့လေးနဲ့ ပြန်ထိန်းထားလို့သာ
ပဉ္စပါပီရယ်လို့ ဟော့ ဖြစ်လာတာ ...

ဗာရာဏသီမင်းကြီးတောင်မှ
ပဉ္စပါပီရဲ့ အထိတွေ့မှာ မျောပါခဲ့ရတာ
မအိပ်နိုင် မစားနိုင် နဲ့ ယင်း ထပြီး
ပါပီလေးရဲ့ မိဘတွေဆီမှာတောင်းရမ်းပြီး
မိဖုရားတင်မြှောက် ပစ်လိုက်တာ ...

ဆိုတော့ ... မင်းကြီးက ပဉ္စပါပီ ကို
ထိတဲ့အချိန် မျက်လုံးမှိတ်ထားလား
အဝတ်စည်းထား လား .. ဒါ တွေးမှရမယ်
ပါပီ ကို မြင်မိသူတိုင်း ရွံကြတယ်ဆိုတော့
ဘယ်လို တက်ကနစ်တွေ သုံးကြမလဲ ...
မင်းကြီးမျက်နှာ ကို
အဝတ်တွေဘာတွေစည်းရင် သေချာပြီ
" B**M အစ ဗာရာဏသီ က ပဲ "

တစ်ရက်သား ...
ပဉ္စပါပီ အိမ်မက် မက်တယ်
သူက မင်းနှစ်ပါးရဲ့ မိဘုရားဖြစ်တယ် တဲ့
အ့ မင်းကြီးကို ပြောပြတော့
လာစမ်း ပုရောဟိတ်တွေ ... အိမ်မက်ကို
အတိတ်ကောက်စမ်းပေါ့ ...
ဘုရင့်မယားမို့သာ သီးခံနေရတာ
မျက်နှာမြင် ဒဲ့ရွံ နေကြရတာဆိုတော့
ဒါ အခါကောင်းပဲ .. ကိုင်း ဝိုင်းလှော်ကြစို့
" မှန်ပါ မင်းကြီးအသက်အန္တရာယ်
စိုးရိမ်ရကြောင်းပါ ဘုရား "
ကိုင်း မှတ်ပလား ...
" ဒီလိုလည်း မဖြစ်တန်ရာဘူး ...
အသက်ရှင်ရင် မိဘုရား က ရှာလို့ရတယ်
ကဲ .. ဖောင်ဖွဲ့ ပြီးသာ မျှောလိုက်ပေရော့ "
အဟင်း ...လစ် ... ပေ တော့

ဒီလိုနဲ့ ... ပဉ္စပါပီမယ် ဖောင်ကြီးစီးပြီး
လွင့်လာလိုက်တာ .. ဗာဝတီ မင်းကြီးနဲ့
ဆုံပါလေရော .. လာပြန်ပြီ ဂတက်တစ်ဗွေ
ဖောင် ကနေ ကမ်းပေါ်တက်တော့
ဗာဝတီမင်းကြီး က
လက်လှမ်းပေးတယ် ထင်ပါတယ် ..
အ့မှာ ဗာဝတီမင်းကြီး ကျွံတော့တာပဲ
တခါတည်း မိဖုရားတန်းကောက်တာ
မူးမတ်တွေကတားကြပါသေးတယ် ..
ဗာရာဏသီ ပန်တော်ကျကြီးကို မယူပါနဲ့
အသစ်ရှာပါ ဘုရားပေါ့ ...
မှုန်ယိုနေတော့ မရပါဘူး ... ပြန်ပက်တယ်
" မှတ်ထား ... သားရီးတို့
ပန်းကန်ဆိုတာ ဘယ်သူစားစား
ရေဆေးလိုက်ရင် ပြောင်သွားတာပဲ " တဲ့
အေးတာပဲ ...
ဗာဝတီသွေး ... ရေဆေးပစ်မယ် ဟေ့

ဒီသတင်းကို ဗာရာဏသီမင်းကြီးဆီ
ပြန်ပေါက်တော့
လွှတ်တဲ့ငါး ကြီးပြပါတော့တယ် ...
" ဟေ့ ... ငါ့မယားပြန်ပေးမလား
စစ်မက်ခင်းမလား တစ်ခုရွေး ဗာဝတီ "
" လက်ရှိ officially ဖြစ်တာ ငါဟ..
မယားတော့ မရဘူး ဓါးပဲ ရမယ် "

အပြန်အလှန် စာပို့ပြီး
သွေးကောင်းနေလိုက်ကြတာဆိုတာ ...
နောက်တော့ ချိန်းပြီး F2F ဒဲ့ရှင်းကြတော့
နှစ်ဖက်တိုင်းပြည်က မူးမတ်တွေက
" စမူတစ်ခုရယ်ကြောင့်
ပူမှုရယ်တဲ့ ဆယ်ကုဋေ
နှစ်ပြည်ထောင် ဘူဆောင်စေတော့မယ် ဟဲ့
မဖြစ်ချေဘူး " ... ဆိုပြီး
" မှန်ပါ ... ပြည်သူတွေကို ငဲ့ညှာတတ်သော
မင်းကြီးများဖြစ်လို့ နှစ်ပြည်ထောင်အပေါ်
ငဲ့ညှာသနားသောအားဖြင့်
ပဉ္စပါပီအား ခုနှစ်ရက်စီ အလှည့်ကျ
မိဘုရားပြုကြပါ ဘုရား "

ဇွဘုတ် ... ပဲ
ဘာကိစ္စက ငါက နှစ်လင်ယူပြီး
အလှည့်ကျ ဖောင်းဒိုင်းခံရမှာတုန်း
သောက်ကျိုးနည်း ဆပ်ဂျက်ရှင်း

" ဒမှာ ဗာရာဏသီမင်းကြီး ...
အစိမ်းခွဲခံရတဲ့ နှလုံးသားဟာ
အလွယ်တကူ ကျက်ဖို့ လွယ်တတ်သလား
ရုပ်ဆိုးပေမယ့် တုတ်ထိုးမဝ နိုင်ပါဘူး လို့
ဘယ်သူပြောခဲ့တာလဲ ... မင်းကြီး
ဖောင်နဲ့ မျှောပြီး ရက်စက်တတ်တဲ့
ရှင့်နှလုံးသားက ခုမှချစ်တတ်လာတာလား
ဖြေစမ်းပါ ..ဒီတစ်ခုတော့ ဖြေပေးစမ်းပါ "

" အို ... နှမငယ် ... ပူစီ ... အဲ ပါပီ "
ကြယ်တွေကို ဖြုတ်ချမိတဲ့ကောင်းကင်ဟာ
လမင်းတစ်စင်း ကို အမြန်တင်ရတယ် တဲ့
ကိုယ်က မင်းကို ကြယ်လေးမှတ်နေတာ
တကယ်က ကိုယ့်ရင်ခွင်ကို
ထွန်းလင်းစေမယ့် လမင်းကြီးပါပဲ "
ကြွေတော့ ပါပီ ... ကြွေလိုက်ပါတော့

" မင်းသာ ပြန်လိုက်သွားရင်
ကိုယ့်ခေါင်းအုံးလေး က ကိုယ့်ကို
ကျိမ်ဆဲနေတော့မှာပေါ့ ပဉ္စပါပီ "
" ဘာကြောင့်များလဲ မောင်ကြီးဗာဝတီ "
" မင်းအကြောင်းတွေ အမြဲတွေးနေတဲ့
ကိုယ့်ခေါင်းဟာ
တဖြည်းဖြည်း လေးလာတော့မှာမလို့ တဲ့ "
သေစမ်း ပါပီ ... မျောနေလိုက်တော့ အ့မှာ
နှစ်ယောက်ကြားမှာ ဗျာများရတဲ့ ပါပီ ..

နောက်ဆုံး ... တော်ကီချုပ်တွေရဲ့ ဖောင် မှာ
ဒုတိယအကြိမ် ထပ်မျောခဲ့ရတဲ့ ပဉ္စပါပီ
ဘုရင်နှစ်ယောက်ဆီမှာ တစ်ပတ်ဆီ
မိဖုဘုရား အလှည့်ကျပြုပြီး နေရသတဲ့ ...
စစ်ဖြစ်မယ့်ဘေးဟာလည်း
ဒီလိုနဲ့ပဲ ငြိမ်းအေးသွားခဲ့ကြတယ်

အင်း ...
ရွှံ့လှူခြင်း အကျိုးတွေ ... ကြည့်စမ်း

အေး .. ကြို ပြောထားမယ်နော်
လင်ရမယ့် နည်း တွေ့ပဟ ဆိုပြီး
ဘုန်းဘုန်းတွေ တွေ့ရင် ရွှံ့လှူဖို့ မစဉ်းစားနဲ့
သပိတ်နဲ့ ထရိုက်လိမ့်မယ် ...
ပဉ္စပါပီပဲ ရမယ် .. နင်တို့ မရဘူး
သွား မယွကြနက် ..😂😂

#သုတဇုံ #သုတ #ရသ #သတင်း #ဟာသ #ရယ်စရာ #သဲသဲ
Credit. ; Org writer

ကျားလျှာတစ်ချက် သပ်လိုက်ရင်ဖြင့် 🤔
06/01/2025

ကျားလျှာတစ်ချက် သပ်လိုက်ရင်ဖြင့် 🤔

06/01/2025

မာန်ဟုန်တင်းတဲ့ ကြိုး

#သုတဇုံ #သုတ #ရသ #သတင်း #ဟာသ #ရယ်စရာ #သဲသဲ

05/01/2025

နားဝင်ချိုလိုက်တာ 🥰

#သုတဇုံ #သုတ #ရသ #သတင်း #ဟာသ #ရယ်စရာ #သဲသဲ

ที่อยู่

Phra Nakhon

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ သုတဇုံ - Thu Ta Zoneผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์