Han Story မဂ်လာပါ..ဗဟုသုတ နှင့် ဘဝအတွက်ခွန်အားဖြစ်စေမည့် ဗီဒီယိုများကိုနေ့စဉ်တင်ဆက်ပေးနေပါသည်။ Motivational Video
(1)

 #ရွေးချယ်ခွင့်မရှိတဲ့ ငယ်ဘ၀မှာ သေချာစောင့်ရှောက်ပေးခဲ့လို့ မိဘတွေကို ကျေးဇူးတင်တယ်။
09/09/2024

#ရွေးချယ်ခွင့်မရှိတဲ့ ငယ်ဘ၀မှာ

သေချာစောင့်ရှောက်ပေးခဲ့လို့

မိဘတွေကို ကျေးဇူးတင်တယ်။

(ဒုက္ခကိုကျေဇူးတင်လိုက်ပါ).................. .................ပင်ပန်းမှုဆင်းရဲဒုက္ခတွေနဲ့ရင်ဆိုင်ရတဲ့အခါကျုပ်တိုတတွေကြံဖ...
26/08/2024

(ဒုက္ခကိုကျေဇူးတင်လိုက်ပါ).................. .................

ပင်ပန်းမှုဆင်းရဲဒုက္ခတွေနဲ့ရင်ဆိုင်ရတဲ့အခါ
ကျုပ်တိုတတွေကြံဖန်ပြီးကျေးဇူးတင်နိုင်အောင်
ကျိုးစားရမယ်......

ဘာလိုလဲဆိုတော့.....
ကိုယ်အဆင်ပြေနေတဲ့အချိန်မှာ မိတ်ဆွေတွေပေါတယ်
ချစ်သူခင်သူတွေကလည်းတစ်ပုံကြီးပါပဲ ဒါပေမယ့်
ဘယ်သူကကိုယ့်အပေါ်ကို တကယ့်မေတ္တာထားပြီးချစ်ကြလဲ
ခင်နေကြတာလဲဆိုတာ မသိခဲ့ရဘူးလေ......

အမှန်တကယ်ဒုက္ခဆင်းရဲတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာတော့
အဆင်ပြေတုန်းခင်မင်ခဲ့ကြတဲ့မိတ်ဆွေတွေ ချစ်ခဲ့ကြတယ်ဆိုတဲ့
သူငယ်ချင်း ဆွေမျိုးညာတိတွေဟာ အနေးနဲ့အမြန်ကိုယ်နဲ့
ခတ်ဝေးဝေးကိုရှောင်ထွက်သွားကြတယ်......

တကယ်တော့ ကိုယ့်ကိုတကယ်ချစ်တယ် တကယ်ခင်တယ်ဆိုတဲ့
မိတ်ဆွေသူငယ်ချင်းတွေဟာ သိပ်များများသားသားမရှိပါဘူး
ကိုယ်နဲ့အရင်းနီးဆုံးမိတ်ဆွေတွေလိုထင်မိရတဲ့သူတွေတောင်
အတုယောင်တွေဆိုတာ ဒုက္ခနဲ့နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ရမှ
ပိုပိုပြီးထင်ရှားလာတယ်.....

အမှန်တော့ ဒုက္ခဆိုတာ လူတစ်ယောက်ကို ကိုယ်ရောစိတ်ပါ
ဆင်းရဲအောင်ဖန်တီးခဲ့ပေမယ့်.....ဘယ်သူကကိုယ့်ကို
မိတ်ဆွေအစစ်နဲ့ပေါင်းသင်းနေလဲ ဘယ်သူကအချစ်မေတ္တာအစစ်
တွေနဲ့ပေါင်းသင်းဆက်ဆံခဲ့သလဲ ဘယ်သူကအတုရောင်တွေနဲ့
အပေါ်ယံဆက်ဆံနေသလဲဆိုတာ ထင်ထင်ရှားရှားသိမြင်အောင်
လမ်းပြပေးခဲ့သူပါ.....

ဒါကြောင့်ဒုက္ခဆင်းရဲခြင်းက ကိုယ့်ကိုနှိပ်စက်ခဲ့ရင်တောင်
ကျုပ်တိုတတွေအဲ့ဒီဒုက္ခကို ကြံဖန်ပြီးကျေးဇူးတင်နိုင်အောင်
ကျိုးစားရမယ်......
#စာပေ #ခွန်အားပြည့် #စိတ်ဓာတ် #ချစ်ပါ #မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်

ရှိတဲ့သူက ပေးရင် ( စေတနာ )ကျေးဇူးတင်ရမယ်......တဲ့မရှိတဲ့သူက ပေးရင်မရှိတဲ့ကြားက ခြစ်ချုပ်ပြီးပေးတဲ့အတွက်စေတနာမဟုတ်ဘူးအဲဒါ...
25/08/2024

ရှိတဲ့သူက ပေးရင် ( စေတနာ )
ကျေးဇူးတင်ရမယ်......တဲ့

မရှိတဲ့သူက ပေးရင်
မရှိတဲ့ကြားက ခြစ်ချုပ်ပြီးပေးတဲ့အတွက်
စေတနာမဟုတ်ဘူး
အဲဒါ ( ချစ်မေတ္တာ )
တန်ဖိုးထားရမယ်........တဲ့။

~မိုးဃ်ဇော်~

မိဘကို ချစ်နေရုံနဲ့မပြီးဘူးပြုစုစောင့်ရှောက်ဖို့လည်းလိုတယ် ။ပြုစုစောင့်ရှောက်ရုံနဲ့လည်းမပြီးဘူးချိုချိုသာသာပြောဖို့လည်းလ...
24/08/2024

မိဘကို
ချစ်နေရုံနဲ့မပြီးဘူး
ပြုစုစောင့်ရှောက်ဖို့လည်းလိုတယ် ။

ပြုစုစောင့်ရှောက်ရုံနဲ့လည်းမပြီးဘူး
ချိုချိုသာသာပြောဖို့လည်းလိုတယ် ။

ချိုချိုသာသာပြောရုံနဲ့လည်းမပြီးဘူး
ကြင်နာယုယဖေးမဖို့လည်းလိုတယ် ။

ကြင်နာယုယဖေးမရုံနဲ့လည်းမပြီးဘူး
မိဘရဲ့အိုမင်းခြင်းကို
သည်းခံနိုင်ဖို့လည်းလိုတယ် ။

ဆီးမနိုင်တာတွေ
ဝမ်းမနိုင်တာတွေနဲ့
စိတ်သွားတိုင်းကိုယ်မပါတော့တဲ့
အိုမင်းခြင်းကို
ဘယ်သူမှ မနှစ်သက်ပါဘူး ။

ဘယ်သူမှလည်းမဖြစ်ချင်ပါဘူး ။
သင်လည်း ဖြစ်ချင်မှာမဟုတ်ပါဘူး ။
ဒီလိုပြုစုခွင့်တွေဟာ
သင်ကံကောင်းလို့ရတာပါ ။

❤️ငယ်စဉ်က အားကိုးတကြီးဆုပ်ကိုင်ခဲ့ဖူးတဲ့ လက်အစုံက
တချိန်မှာ မိဘတွေအတွက် အားဖြစ်စေမဲ့ လက်တစ်စုံဖြစ်ပါစေ💚
#အမေ့လက် 😘😘

အဖေဆိုတာ ဘဝမှာဟန်ဆောင်အကောင်းဆုံးလူသားတွေပါ။ ပြိုလဲနေပါလျက် သန်မာချင်ယောင်ဆောင်ကြတယ်။ ချစ်ပါလျက် မချစ်သလိုခပ်စိမ်းစိမ်းန...
24/08/2024

အဖေဆိုတာ ဘဝမှာဟန်ဆောင်အကောင်း
ဆုံးလူသားတွေပါ။

ပြိုလဲနေပါလျက် သန်မာချင်ယောင်ဆောင်
ကြတယ်။

ချစ်ပါလျက် မချစ်သလိုခပ်စိမ်းစိမ်းနေတတ်
ကြတယ်။

သူတို့ရဲ့ခံစားချက်ကိုတော်ရုံထုတ်မပြောကြ
ပဲ မိသားစုရဲ့ လိုအပ်ချက်တွေကို အကောင်း
ဆုံးဖြည့်ဆည်းပေးပြီး အရှေ့က မားမားမတ်
မတ်ရပ်တည်ပေးချင်သူသာဖြစ်ပါတယ်။

ငယ်စဉ်ကတည်းက လေးစားအားကျရတဲ့သူ
ဖြစ်ပြီး ဘဝမှာတခြားသူတွေထက်မမြင့်
တောင် မနိမ့်ကျအောင် တန်းတူစားသောက်

နေထိုင်နိုင်အောင်ကြိုးစားရုန်းကန်ပေးခဲ့သူ
လည်းဖြစ်ပါတယ်။

အဖေဟာ တိတ်တိတ်လေးအပေးဆပ်ဆုံး
လူသားတစ်ယောက်ဖြစ်ပါတယ်။

အရာအားလုံးအတွက် ကျေးဇူးပါ ဖေဖေ။



မိဘကျေးဇူး မြင်းမိုရ်ဦး

လူတချို့က  ညနေစာလေး ချက်ဖို့ကိုအလုပ်ရှင်ဆီက လုပ်အားခ စောင့်တောင်းနေရတယ် ။လူတချို့က  အလုပ်သမားတွေကို  ပြစ်ထားပြီးဘီယာဆိုင...
22/08/2024

လူတချို့က ညနေစာလေး ချက်ဖို့ကို
အလုပ်ရှင်ဆီက လုပ်အားခ စောင့်တောင်းနေရတယ် ။

လူတချို့က အလုပ်သမားတွေကို ပြစ်ထားပြီး
ဘီယာဆိုင်မှာ ဘောလုံးပွဲကြည့်ရင်း
ကြက်ကြော်ကို အရသာမတွေ့လို့
ငြိုငြင်နေကြတယ် ။

လူတချို့က မနက်ဖြန်အတွက်တွေးရင်း
အိပ်မပျော်ပဲ ကြောင်အိမ်ဖွင့်ကြည့်ပြီး
ရေအိုးစင်က ရေကို လေးတွဲ့စွာ
သောက်နေကြတယ် ။

လူတချို့က အိပ်မရလို့ ဂိုဒေါင်ထဲက ကားကိုထုတ်
KTV မာဆတ် သွား ဇိမ်ခံရင်း
မနက်ဖြန်ကို မေ့နေကြတယ် ။

လူတချို့က စျေးတောင်းခေါင်းပေါ်ရွက်
လာအုံး ဆိုတဲ့ အသံ နားစွင့်ရင်း
ချွေးသုတ် နေကြတယ် ။

လူတချို့က သိန်းရာနဲ့ ထောင်နဲ့ချီတဲ့
ငွေကို ရဖို့ ဘဏ်သွားရမှာ နေပူသတဲ့ ...

လူတချို့က သားသမီးကို
ကျောင်းထမင်းချိုင့်ထဲ ဆီဆမ်း
ကြက်ဥကြော်လေး ထည့်ပေးပြီး
၅၀၀ တန် ဟောင်းနွမ်းတာလေး ပေးရင်း
မတည့်တာမစားနဲ့တဲ့ မှာနေတယ် ။

လူတချို့က သားသမီးတွေကျောင်းကို
ဇိမ်ခံ ကားနဲ့လိုက်ပို့
ကလေးက ... မေမေ သား ပုဇွန်ထုပ်မစားတော့ဘူးနော်
နေ့လည်ကျရင် ပီဇာ နဲ့ အချို့ရည်ပဲ ယူလာခဲ့နော်တဲ့

လူတချို့က ဒီလ အိမ်လခ မပေးနိုင်ရင်
နေစရာ မရှိတော့ပေမယ့်

လူတချို့က ၉ ထပ် RC ဆောက်မလို့
ပုံကြမ်းတွေ ထုတ်ခိုင်းနေတယ် ။

လူတချို့က အိပ်ယာထဲကနေ
ကြက်သားဆန်ပြုတ်လေးကို
ဆေးနီကြော် တစ်ထုပ်နဲ့ သောက်ချင်ပေမဲ့
စျေးကြီးနေလို့တဲ့ ။

လူတချို့က အထူးကု ဆေးရုံ ကို အားမရလို့
စင်္ကာပူသွား ဘန်ကောက်သွား
ချောင်းဆိုးပျောက်အောင် ကုမလို့တဲ့ ။

သေရင် ဘာမှ မပါပေမယ့်
မသေခင် ဘာမှ မရှိရင်
သေတာထက် ဆိုးတယ်ဆိုတာကို
မသိချင်ယောင် ဆောင်ပြီး
အားတင်း နေကြရပါတယ်

ကိုယ်ချင်းစာနာတတ်ကြပါစေ …။

Credit:::
MHK

ဆင်ခြင်တုံတရားမရှိသူတွေကစိတ်ထဲကစကားကို နှုတ်ကတန်းထွက်တတ်တယ်။ဆင်ခြင်တုံတရားရှိသူကစိတ်ထဲကပြောချင်တဲ့စကားကိုနှုတ်ကတန်းမထွက်...
21/08/2024

ဆင်ခြင်တုံတရားမရှိသူတွေက
စိတ်ထဲကစကားကို နှုတ်ကတန်းထွက်တတ်တယ်။

ဆင်ခြင်တုံတရားရှိသူက
စိတ်ထဲကပြောချင်တဲ့စကားကို
နှုတ်ကတန်းမထွက်ပဲ
ဦးနှောက်ဆီကို အရင်ပို့တယ်။

ဦးနှောက်ကနေမှ
ပြောသင့်တဲ့စကားလား
မပြောသင့်တဲ့စကားလား
ပြောလိုက်ရင် ဘယ်လိုအကျိုးရနိုင်လဲ
မပြောလိုက်ရင် ဘယ်လိုအကျိုးရနိုင်လဲ
သုံးသပ်ဝေဖန်ပိုင်းခြားတယ်။

အသိရှိသူ သတိရှိသူတွေဟာ
စကားကို လွယ်လွယ်မပြောတတ်ကြဘူး။

အသိနဲ့သတိမရှိသူတွေကတော့
ရင်ထဲကစကားလုံးတွေကို
ဦးနှောက်နဲ့ မဆက်သွယ်ပဲ
ပြောချင်ရာတွေ စွတ်ပြောတော့တာပါပဲ။

စကားပြောတဲ့အခါ
စိတ် နဲ့ နှုတ် နှစ်ခုထဲ
ဆက်သွယ်နေတာမျိုးမဟုတ်ပဲ

စိတ်ရယ် ဦးနှောက်ရယ် နှုတ်ရယ်
သုံးမျိုးနဲ့ ဆက်သွယ်ပြီးမှပြောရင်
မပြောသင့်တာတွေ မပြောမိတော့ပဲ
ပြောသင့်တာတွေပဲ ပြောမိလာပါလိမ့်မယ်.

ပတ်ဝန်းကျင်ကတော့ ဝေဖန်မှာပဲ🌿ကိုယ်ကသူတိုစကားနောက်မပါပဲကိုယ်လုက်ချင်တဲ့ အရာကိုသာလက်တွေလုက်ပြလိုက်ပါ✅မဖြစ်နိုင်ဘူးဆိုတာမရှိ...
21/08/2024

ပတ်ဝန်းကျင်ကတော့ ဝေဖန်မှာပဲ🌿

ကိုယ်ကသူတိုစကားနောက်မပါပဲ
ကိုယ်လုက်ချင်တဲ့ အရာကိုသာ
လက်တွေလုက်ပြလိုက်ပါ✅

မဖြစ်နိုင်ဘူးဆိုတာမရှိဘူး✅


မိဘကို ချစ်နေရုံနဲ့မပြီးဘူးပြုစုစောင့်ရှောက်ဖို့လည်းလိုတယ် ။ပြုစုစောင့်ရှောက်ရုံနဲ့လည်းမပြီးဘူးချိုချိုသာသာပြောဖို့လည်းလ...
20/08/2024

မိဘကို
ချစ်နေရုံနဲ့မပြီးဘူး
ပြုစုစောင့်ရှောက်ဖို့လည်းလိုတယ် ။

ပြုစုစောင့်ရှောက်ရုံနဲ့လည်းမပြီးဘူး
ချိုချိုသာသာပြောဖို့လည်းလိုတယ် ။

ချိုချိုသာသာပြောရုံနဲ့လည်းမပြီးဘူး
ကြင်နာယုယဖေးမဖို့လည်းလိုတယ် ။

ကြင်နာယုယဖေးမရုံနဲ့လည်းမပြီးဘူး
မိဘရဲ့အိုမင်းခြင်းကို
သည်းခံနိုင်ဖို့လည်းလိုတယ် ။

ဆီးမနိုင်တာတွေ
ဝမ်းမနိုင်တာတွေနဲ့
စိတ်သွားတိုင်းကိုယ်မပါတော့တဲ့
အိုမင်းခြင်းကို
ဘယ်သူမှ မနှစ်သက်ပါဘူး ။

ဘယ်သူမှလည်းမဖြစ်ချင်ပါဘူး ။
သင်လည်း ဖြစ်ချင်မှာမဟုတ်ပါဘူး ။
ဒီလိုပြုစုခွင့်တွေဟာ
သင်ကံကောင်းလို့ရတာပါ ။🌷

Crdeit: သက်လွန်းအိမ် (D D Y)

ခေတ်ပျက်ထဲမှာ ဉစ္စာပစ္စည်းမကြွားနဲ့ခေတ်ပျက်ထဲမှာ နေစရာ/နေရာကောင်းမကြွားနဲ့ခေတ်ပျက်ထဲမှာ စားကောင်းသောက်ဖွယ်မကြွားနဲ့ခေတ်ပ...
20/08/2024

ခေတ်ပျက်ထဲမှာ ဉစ္စာပစ္စည်းမကြွားနဲ့
ခေတ်ပျက်ထဲမှာ နေစရာ/နေရာကောင်းမကြွားနဲ့
ခေတ်ပျက်ထဲမှာ စားကောင်းသောက်ဖွယ်မကြွားနဲ့
ခေတ်ပျက်ထဲမှာ ပျော်ရွှင်မှုမကြွားနဲ့။

တချို့တွေ ဘာဉစ္စာပစ္စည်းမှမရှိကျတော့ဘူး
တချို့တွေ အိုးအိမ်ပြာကျနေစရာ/နေရာမရှိကျတော့ဘူး
တချို့တွေ စာကောင်း‌/သောက်ကောင်းထက်
မသေထမင်း/မသေဟင်း စားပြီးအသက်ဆက်နေကျရတာ
တချို့တွေ မပျော်နိုင်ရှာဘူး/အပူမီးကိုယ်စီ
တောက်လောင်/ဝမ်းနည်းငိုကြွေး အမြဲပူပင်
သောက ရောက်နေရတာ။

ခဗျား လူပီသ/တယ်ဆို
ခဗျား မကြွားမိပါစေနဲ့
တချို့ဘဝတွေကို စာနာ/သနား
အားနားတတ်ပါစေ။

-ဒီပ(ဖဒို)
#ခေတ်ပျက်

🛑သား'သမီး မရှိလို့များအသက် ကြီးရင်တော့ဒုက္ခ"ရောက်မယ်လို့ထင် နေသူတွေ၊သား"သမီး ရှိရက်ဒုက္ခ ရောက်နေတဲ့မိဘ"တွေဟာအများကြီးတဲ့...
18/08/2024

🛑သား'သမီး မရှိလို့များ
အသက် ကြီးရင်တော့
ဒုက္ခ"ရောက်မယ်လို့
ထင် နေသူတွေ၊

သား"သမီး ရှိရက်
ဒုက္ခ ရောက်နေတဲ့
မိဘ"တွေဟာ
အများကြီးတဲ့!

ကျမ"အရင်ထဲက
စဉ်းစားမိတာ
တစ်ခု"ရှိတယ်
မိဘ"လောက်
ဘယ် သားသမီး"မှ
ပြန် မကောင်းနိုင်ပါဘူး!

(လူ နည်းစု)
သားသမီး"က လွဲလို့

သား"သမီး ဆိုတာ
အားကိုးစရာ လို့
မွေးလာ ကထဲက
တွေးထားရင်တော့
မိဘ"အမှားပါ!

မိဘ"ကိုယ်တိုင်
သားထောက် သမီး"ကံ
ခံစားရမဲ့"ကံလဲ
လိုပါတယ်၊

မိဘ'တာဝန် ကျေထားလို့
သား'သမီး က
ပြန်"တာဝန် ကျေမှာပဲလို့
မျှော်လင့်ရင်!

အဇာတသတ်"ရဲ့
ဖခမည်းတော်"လောက်
သားသမီး အပေါ်မှာ
တာဝန်"ကျေတာ
ရှိသေးလို့လား!

ကျမတို့ အနီး
မိဘ တော်တော်များများ
ကျွန်မ"တို့လို
သားသမီး ဆီက
ဘာ'အထောက်အပံ့ မှ
မယူ
သားသမီး ကို
တစ္ဆေ'ကုန်းပိုး မလုပ်တဲ့
မိဘတွေ ရှိကြသလို

ဘယ်လောက်
ထောက်ပံ့'နေပါစေ
သူတို့ ပေးခဲ့တာနဲ့
နိုင်းယှဉ်ပြီးတော့

သားသမီး"တွေက
ပြန်မကြည့်လေချင်း
ဆိုပြီးတော့လည်း
အလို'မပြည့် တဲ့
မိဘ'များလဲ
ရှိကြပါတယ်၊

မိဘ'မစ်တာ ဆိုတဲ့
ရှေးရိုး စကားကို
သရုပ်ဖော်ပြီး
ပေးဆပ်ခဲ့ကြတာမို့
ပြန်မျှော်လင့်ကြတယ်၊

ခေတ်ကို မကြည့်ဘူး
အရင်လို
တစ်ယောက်'လုပ်စာ
တစ်အိမ်လုံး စားတဲ့
ခေတ်'မဟုတ်တော့ဘူး
ဆိုတာကိုလည်းပဲ
မေ့နေတတ်ကြတယ်၊

နေထွက်"နေဝင်
ရှာဖွေ လုပ်ကိုင်ရင်း
မိဘဆီ လာတွေ့ဖို့
အတွေးထဲမှာတင်
ပျောက်နေကြရတယ်၊

မိဘ'အတွက်
ဖယ်ထားရင်းက
သူတို့
သားသမီး အတွက်
ပါသွားတတ်ကြတယ်၊

ရေစုန် စီးတာ
အား"ပိုကောင်းတယ်လေ၊

ဒါ့ကြောင့်
ငယ်စဉ်'ထဲက
ရှာပါ"စုပါ

သား'သမီး ကို
အသိပညာ အတတ်ပညာ
အမွေ"ပေးပါ

ကြီးပြင်း လာချိန်
ကိုယ်"ပေးချင်သပါ့ဆို
ကိုယ့်"အတွက်
အိုစာမင်းစာ'လေး
ချန်ပြီးတော့မှ ပေးပါ၊

ဘယ်"သားသမီး မှ
မိဘ'လောက်
မကောင်းနိုင်ပါ

သင့်"သားသမီး
သင့်'ကို
ပြန်ကြည့်တယ်ဆို

သင့်"ကံ ကို
သင်"ကျေးဇူးတင်ပါ
သင့်"သားသမီး ကို
ကျေးဇူးတင်ပါ၊

ငါက မိဘပဲ
သူ"ကြည့်ရမှာ ပေါ့လို့
စာအုပ်ကြီး"အတိုင်း
မတွေးပါနဲ့၊

ဘိုးဘွားရိပ်သာ"မှာ
အကြောင်းကြောင်း ကြောင့်
သားသမီးတွေ ရှိပါလျက်နဲ့
ရောက်နေသူတွေဟာ
အများကြီးပါ၊

သားသမီး"ရှိ/မရှိ
အရေးမကြီး
ကိုယ့်"အတွက်
အထုပ် ရှိဖို့ကသာ
ပို၍ အရေးကြီးပါသည်၊

ဒီနေ့'ဖတ်မိတာလေး
ထိမိဂွိ လွန်းလို့ပါ

ရွှေအေးနွယ်

(ပြန်လည်•••မျှဝေပါသည်)
Credit.
Photo credit.

လူတယောက် နေစရာမရှိတုန်းက သူနဲ့သိပ်ရင်းနှီးတဲ့သူငယ်ချင်းက သူ့အိမ်မှာပေးနေလိုက်တယ်။စစချင်း နေခွင့်ရတုန်းကတော့ အရမ်းကျေးဇူး...
18/08/2024

လူတယောက် နေစရာမရှိတုန်းက သူနဲ့သိပ်ရင်းနှီးတဲ့သူငယ်ချင်းက သူ့အိမ်မှာပေးနေလိုက်တယ်။

စစချင်း နေခွင့်ရတုန်းကတော့ အရမ်းကျေးဇူးတင်သွားတာ။

ပြောင်းစေချင်တဲ့အခါ အချိန်မရွေးပြောပါ ပြောင်းပေးပါ့မယ်ဆိုပြီး အာမတောင်ခံလိုက်သေး။

အနေလည်း ကြာလာတော့ သူများအိမ်ကို သူ့အိမ်လို စိတ်ထဲမှာ မှတ်ယူလာတော့တယ်။

အချိန်တန်လို ပြောင်းပေးဖိုပြောတော့ မကျေမနပ်တွေဖြစ်လာတယ်။

တချိန်က နေခွင့်ပေးခဲ့တဲ့ ကျေးဇူးဆိုတာကို သတိရဖိုမပြောနဲ့ကျေးဇူးရှင်ကိုတောင် ရန်သူတယောက်လိုမြင်သွားတယ်။

သူငယ်ချင်းတစု အတူတူပေါင်းပြီးအဆောင်ငှါးနေကြတယ်။

စေတနာကောင်းတဲ့သူငယ်ချင်းက ချက်ပြုတ်ကျွေးတယ်။
အစတုန်းကတော့ ချက်ကျွေးတာကို ကျေးဇူးတွေတင်နေကြတယ်။

ကြာလာတော့ ချက်ပြုတ်ကျွေးတာကို သူကပဲ မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုလိုမြင်လာကြတယ်။

အကြောင်းကြောင်းကြောင့် ချက်မကျွေးဖြစ်တဲ့အခါ ချက်ကျွေးခဲ့တာတွေ ကျေးဇူးတင်ဖိုနေနေသာသာ ချက်မကျွေးရကောင်းလားဆိုပြီး ငြိုငြင်လာကြတယ်။

လူတယောက် အပြင်သွားတဲ့အခါတိုင်း သစ်ပင်တပင်အောက်က ဖြတ်သွားနေကျ။

နောက်တော့ လမ်းဘေးက တွေ့နေကျ ခွေးတကောင်ကို သနားလို အနီးနားက အပင်တပင်အောက်မှာ အမြဲတမ်း အစာခေါ်ခေါ်ကျွေးလိုက်တာ။

အရင်က အဲ့ဒီသစ်ပင်နား တခါတလေတွေ့ရတုန်းက လူမြင်တိုင်း အမြဲတမ်း ကြောက်ပြီးရှောင်ပြေးတတ်တဲ့ခွေးဟာအပင်အောက်မှာ အစာလာစားတာကြာလာတော့ အဲ့ဒီသစ်ပင်ကို သူပိုင်တယ်လိုထင်သွားပုံရတယ်။

နောက်ပိုင်းကျတော့အပင်နားရောက်လာတဲ့ တွေ့တဲ့သူတိုင်းကို ဟောင်တော့တာပဲ။

ကုမ္ပဏီတခုမှာ အလုပ်သမားတွေ အလုပ်နောက်ကျလိုမရဘူးဆိုတဲ့ စည်းကမ်းရှိတယ်။

တခါတလေနောက်ကျတာကို သနားသဖြင့် ခွင့်လွှတ်ပေးထားတယ်။
အစတုန်းကတော့ ကုမ္ပဏီကို နားလည်မှုရှိတယ်ဆိုပြီး ကျေးဇူးတင်ကြတာ။

ကြာလာတော့ သူတိုဟာ နောက်ကျခွင့်ရှိတယ်လိုမြင်လာပြီး အမြဲလိုလိုနောက်ကျမှအလုပ်တက်ကြတော့တယ်။

နောက်ကျဖန်များလာလို နောက်မကျဖိုပြောတဲ့အခါကျတော့ အရင်ကပေးခဲ့တဲ့ အခွင့်အရေးတွေကို ကျေးဇူးတင်ရကောင်းမှန်းမသိတော့ပဲ သူတိုရဲ့ရပိုင်ခွင့်ကိုတောင် ချိုးဖောက်တယ်လိုမြင်လာကြတယ်။

လူတွေရဲ့အကျင့်က အမြဲတမ်း...
ပေါပေါများများရနေပြီဆိုရင် အဲ့ဒါကို ကျေးဇူးတင်စရာလိုမထင်တော့ဘူး။

တခါတလေ ရခဲတဲ့အရာမျိုးလောက်ပဲ ကျေးဇူးတင်တတ်ကြတာမျိုး။

မိဘနဲ့သားသမီး
ဆရာနဲ့တပည့်
အလုပ်ရှင်အလုပ်သမား
သူငယ်ချင်းကြား
ချစ်သူကြား
မိတ်ဆွေကြား

အသင်းအဖွဲတွေကြား စသည့်ဘယ်ဆက်ဆံရေးမှာမဆိုအခွင့်အရေးဆိုတာပေးသင့်သလောက်ပဲပေးရတယ်။

အမြဲတမ်းပေးတော့မယ်ဆိုလည်း
ကိုယ်ပေးနိုင်တဲ့ပမာဏလောက်ပဲပေးသင့်တယ်။

လိုတာထက်ပိုတဲ့ အခွင့်အရေးမျိုးပေးမိလျှင် ကြာလာတဲ့အခါ ရပိုင်ခွင့်လိုထင်သွားကြတယ်။

တချိန်ချိန်မှာ ကိုယ်က အခွင့်အရေးတွေဆက်မပေးနိုင်တော့တဲ့အခါကိုယ့်လုပ်ပိုင်ခွင့်နဲ့ကိုယ်လုပ်တာတောင် သူတိုရဲ့ရပိုင်ခွင့်ကို ချိုးဖောက်တယ်လို ထင်လာတတ်ကြတယ်၊ ကိုယ်ကပဲမှားနေတယ်လိုလည်း သူတိုက မြင်လာကြတယ်။

အချိုသောသူတွေရဲ့စရိုက်ကများပြားလွန်းတဲ့ ကျေးဇူးတင်စရာတွေထက်အနည်းငယ်သော အလိုမကျမှုလေးတွေကိုသာစိတ်ထဲမှာ အမြဲတမ်းမြင်နေတတ်တဲ့သဘောရှိတယ်။

ဒါကြောင့် ပေးဆပ်ဖိုစဉ်းစားတိုင်းမှာ...
တချိန်ချိန်မှာဖြစ်လာနိုင်တဲ့ရလဒ်ကိုလည်း ထည့်သွင်းစဉ်းစားဖိုလိုသေးတယ်။

မဟုတ်ရင်အဲ့ဒီစေတနာတွေဟာ...
အဆုံးမှာစော်ကားစရာအဖြစ်သာ ကျန်နေလိမ့်မယ်။

စကားတစ်ခုရှိတယ်
"လူသားတွေ ကျေးဇူးကန်းတဲ့အခါ
နတ်ဘုရားတွေတောင် ဘုရားပြန်တနေရတာမျိုး

#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည် #စိတ်ဓာတ် #ခွန်အားပြည့် #ထိုင်းနိုင်ငံ #လူ့တန်ဖိုး #ဟာသ #ဘဝအတွက်စာပေ #စာပေဥယျာဉ် #သူခိုး #တင်ညွန့်

ငါတို့ရဲ့နောင်နှစ်ပေါင်းမှာ နှောင်းလူငယ်တွေကို ပြန်ပြောစရာတွေ များများရတာပေါ့လေအဲ့ဒီတုန်းကဆိုတာမျိုးနဲ့ ငါတို့တွေအစချီရလ...
17/08/2024

ငါတို့ရဲ့နောင်နှစ်ပေါင်းမှာ နှောင်းလူငယ်တွေကို
ပြန်ပြောစရာတွေ များများရတာပေါ့လေ
အဲ့ဒီတုန်းကဆိုတာမျိုးနဲ့ ငါတို့တွေအစချီရလိမ့်မယ်။

ပင်ပန်းသလောက် အကျိုးမရှိတဲ့အချိန်တွေရယ်
ပျံချင်ပါလျှက်နဲ့ အတောင်ကျိုးနေတဲ့အကြောင်းတွေ
အားမတန်လို့ မာန်လျှော့ခဲ့ရတဲ့ အကြောင်းတွေ
လက်တစ်ကမ်းအလိုမှာ ရိုက်ချခံရတဲ့အကြောင်းတွေ

ဒီစကားတွေဟာ သက်ပြင်းချရင်းပြောရအုံးမယ်
ဒီစကားတွေဟာ တိတ်ဆိတ်စွာရယ်ရင်းပြောရအုံးမယ်
ဒီစကားတွေဟာ အားမလိုအားမရပြောရအုံးမယ်။ ။

#ရွက်လွှာ

"အိမ်"ငယ်ငယ်တုန်းကအိမ်ဆိုတာ အမေအမေဆိုတာ အိမ်ပဲလို့ထင်တယ်။အမေ မရှိရင်အိမ်ဆိုတာ ဘယ်ရှိလိမ့်မလဲ။အိမ်ပြန်မယ်လို့သာ ပြောတယ်၊တ...
17/08/2024

"အိမ်"
ငယ်ငယ်တုန်းက
အိမ်ဆိုတာ အမေ
အမေဆိုတာ အိမ်ပဲလို့ထင်တယ်။

အမေ မရှိရင်
အိမ်ဆိုတာ ဘယ်ရှိလိမ့်မလဲ။
အိမ်ပြန်မယ်လို့သာ ပြောတယ်၊
တကယ်တော့ အမေ့ကိုရှာတာပဲ။

အမေ ဘယ်မှာလဲ....
အမေရှိတဲ့အရပ်က အိမ်ပေါ့။
အမေ မရှိတဲ့အရပ် အိမ်မရှိပါဘူး။

ကြီးလာတော့လည်း
အမေဆိုတာ အိမ်
အိမ်ဆိုတာ အမေလို့ထင်တုန်းပဲ။
အမေ မရှိရင် အိမ်မရှိဘူး။

အိမ်ကိုလွမ်းတယ်လို့သာ ပြောတယ်၊
တကယ်တော့ အမေ့ကို လွမ်းတာပါ။

အိမ်ထဲဝင်တာနဲ့
"အမေ" လို့ အရင်ခေါ်တာပါပဲ။

အမေကို မတွေ့ရင်
အမေကိုရှာတယ်။
အမေကိုတွေ့မှ
အော်.. အိမ် ပြန်ရောက်တယ်။

အင်း.... ဘာဖြစ်လို့
လူတွေဟာ အခက်အခဲနဲ့ ကြုံတဲ့အခါ
အိမ်ပြန်ချင်ကြပါလိမ့်၊
အကြပ်တည်းဆုံးနဲ့ ကြုံတဲ့အခါ၊
အမေ့ကို အရင်သတိရကြပါလိမ့်၊
ဘာမှမတတ်နိုင်တဲ့အခါ
"အမေ"လို့ တကြပါလိမ့်...

တစ်သက်ရှိခဲ့ပါပြီ...
တမ်းတရင်း လွမ်းဆွတ်ရင်း
ဘယ်နေရာမှာ
လောကရဲ့အလှဆုံးအိမ်ရှိသလဲလို့
တမ်းတလွမ်းဆွတ်လာတာ တစ်သက်ရှိပါပြီ။

ကျနော် အကျယ်ကြီး ပြောပါရစေ...
....... အမေ ........................

အမေရဲ့နွေးထွေးတဲ့ရင်ခွင်ကမှ
ကျွန်တော်တစ်သက်တာအတွက်
အလုံခြုံ အပျော်ရွှင်ဆုံးအိမ်ပါ အမေ...
Credit-

16/08/2024

ကိုယ့်ကောင်းကွက်ကို ရှာပြီးကြည့်တဲ့သူဆီမှာကိုယ်ဟာ လူကောင်းဖြစ်လိမ့်မယ်..။ကိုယ့်ဆိုးမှိုက်မှုကို ရှာပြီးကြည့်တဲ့သူဆီမှာကိ...
15/08/2024

ကိုယ့်ကောင်းကွက်ကို ရှာပြီးကြည့်တဲ့သူဆီမှာ
ကိုယ်ဟာ လူကောင်းဖြစ်လိမ့်မယ်..။

ကိုယ့်ဆိုးမှိုက်မှုကို ရှာပြီးကြည့်တဲ့သူဆီမှာ
ကိုယ်ဟာ မကောင်းတဲ့သူဖြစ်လိမ့်မယ်..။

အသံကောင်း ဟစ်ပြမနေသလို
အရမ်းကြီးလဲ ဖြူစင်ပြမနေဘူး!
ဒါကို သူတို့ဘာသာ ခေါင်းစဉ်တပ်နေကြတာ..။

သူတို့က ရှုပ်နေကြတာပါ..။
ကျွန်တော်က ရှင်းပါတယ်..။

Author - ရိုးတံ

အဆိပ်ခက်ခံရလို့ သေသွားတဲ့ ခွေးအကြောင်းကြားဖူးရင် အစာကျွေးတိုင်း ချစ်လို့ မဟုတ်ဘူးဆိုတာ ငါတို့ နားလည်ထားရမယ်ဘဝဟာ ငါတို့ ထ...
15/08/2024

အဆိပ်ခက်ခံရလို့ သေသွားတဲ့ ခွေးအကြောင်း
ကြားဖူးရင် အစာကျွေးတိုင်း ချစ်လို့
မဟုတ်ဘူးဆိုတာ ငါတို့ နားလည်ထားရမယ်

ဘဝဟာ ငါတို့ ထင်သလောက် မရိုးရှင်းသလို
ငါတို့ ထင်သလောက်လဲ တရားမျှတမနေဘူး

ဘယ်သူ့ကိုမှ မင်းထက် တော်တယ်လို့
မသတ်မှတ်ခိုင်းပေမဲ့ မင်းညံ့ရင်တော့
မင်းခံရမှာပဲ

#ကောက်ရိုး

ဖုန်းကိုလဲ ယူမစစ်နဲ့၊messenger ထဲလဲ ယူမကြည့်နဲ့၊contacts တွေထဲလဲ လိုက်မရှာနဲ့၊viber တွေထဲလဲ ဝင်မကြည့်နဲ့။အရိပ်တကြည့်ကြည်...
15/08/2024

ဖုန်းကိုလဲ ယူမစစ်နဲ့၊
messenger ထဲလဲ ယူမကြည့်နဲ့၊
contacts တွေထဲလဲ လိုက်မရှာနဲ့၊
viber တွေထဲလဲ ဝင်မကြည့်နဲ့။
အရိပ်တကြည့်ကြည့်နဲ့လဲ စိတ်မချမဖြစ်နဲ့။

အဲ့ဒါ relationship တစ်ခုမှာ လုပ်စရာမလိုအပ်တဲ့
အပိုအလုပ်တွေပဲ။

ကိုနဲ့နှိုင်းယှဥ်လိုက်..
သူမှသူဖြစ်နေတဲ့အခါ..တစ်ယောက်ထဲနဲ့ကို
ပြည့်စုံနေပြီ။

တကယ်ဖောက်ပြန်ချင်တဲ့လူက
"သမုက္ခသိင်္ဂီ ကို အာခံတွင်းထဲထည့်ပြီး ငုံထားတဲ့ တာနောယက္ခဘီလူး"လိုပဲ
ဘယ်လောက်ပဲ ငုံထားစေအုံး..နောက်ဆုံးဖောက်ပြန်မှာပဲ။

ပြီးတော့ တကဲ့လက်တွဲဖော်စစ်စစ်ဆိုတာ..
Privacy( လျှို့ဝှက်ခြင်း) ရှိမနေဘူး။

အစထဲကမှ မရိုးရှင်း၊စိတ်မချရရင်...
နောက်လဲ 😞😞စိတ်ထဲတထင့်ထင့်နဲ့ တအုံတနွေးနွေးနဲ့ သွားရမှာ။

ကျနော်ပြောတာ လက်ခံပါ၊
Privacy ရှိတဲ့လူကို ဘယ်တော့မှ ဘဝအတွက်မရွေးပါနဲ့။
ရွေးချယ်မိထားရင်လဲ တဖြေးဖြေးဆုတ်ခွာပါ။

ที่อยู่

Phuket

เบอร์โทรศัพท์

+66629309979

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Han Storyผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Han Story:

แชร์