Travel With Htar

Travel With Htar The Media Times is a Media Group . We are publishing Local News, Sport News , Celebrity News And Others.We are US-Based News & Media Website .

Our Media are standing for News And People.

27/12/2025

သားမိနှစ်ယောက် ပျော်ခဲ့ရတဲ့အချိန်လေး😍



🇻🇳 သွားတုန်းက မနက်အစောကြီးသွားရမှာမို့လေဆိပ်နားက Hotelတခုမှာ အိပ်ကြတာ မနက်ပိုင်းအသဲအသန်လုပ်ကြ ကိုင်ကြရင်း...Apple Watchလ...
22/12/2025

🇻🇳 သွားတုန်းက မနက်အစောကြီးသွားရမှာမို့
လေဆိပ်နားက Hotelတခုမှာ အိပ်ကြတာ
မနက်ပိုင်းအသဲအသန်လုပ်ကြ ကိုင်ကြရင်း...
Apple Watchလေး ကျန်ခဲ့
11ရက်ရှိပီ ခုမှအေးဆေးသွားပြန်ယူ
Agoda ကို Mailပဲ ပို့ထားတာ
ဖုန်းလည်း ဆက်လို့မရလို့ ဘန်ကောက်ရောက်မှ
Hotelကိုဆက်မေးကြည့်လိုက်တာ
တွေ့တယ်ဆိုပီး Hotel က သေချာလေး သိမ်းပေးထားတယ်
ခုမှပြန်သွားယူ ပြန်ရလာ ဖြစ်လိုက်ရင် အာ့လိုတွေ
တော်သေးတယ် ထိုင်း မို့ ပြန်ရတာ
ထိုင်း တွေ တကယ် စိတ်ဓာတ်တွေကောင်းကြတယ်
ဒီတခုထဲကြောင့် ကောင်းတယ်ပြောတာ မဟုတ်ဘူး
တခြား ကိုယ်တွေ ကြုံတွေ့နေရတဲ့ အရာတွေအကုန်လုံးနဲ့
ယှဉ်ပီး တကယ် စိတ်သဘောထားလေးတွေ
ကောင်းလို့ ကောင်းတယ်ပြောတာ
တခြားလူတွေအတွက်တော့ မပြောတတ်

🇻🇳မှာ ခြေအိတ်လေးကျန်ခဲ့တာ
ဒါတောင် ဝတ်ပီးသား ကိုယ်တိုင်လည်း
သေချာ အိတ်လေးနဲ့ ပိတ်ပီး အံ့ဆွဲလေးထဲ ထည့်ထားတာ
နောက်ရက် အခန်းပြောင်းတော့
အာ့အခန်းမှာ အံ့ဆွဲထဲထည့်ခဲ့တာဆိုလည်း ပြန်မရတော့ဘူး
ခြေအိတ်လေးမို့ ပြောမနေတော့ဘူး
ဒါပေမဲ့လည်း Uniqlo ထဲက
အကြိုက်ဆုံး ဖြူ အမဲ အဆင်းလေးမို့ နှမြော😢

🇻🇳 သွားပီး ထိုင်းမှာ သွားရတာတွေလောက် မပျော်ခဲ့ရ
စိတ်ဓာတ် အကျင့် အနေအထိုင် ဆက်ဆံပုံ
အစားအသောက် အနံ့အသက်
နေရာတိုင်း အမှိုက်တွေ တွေ့တွေ့နေရ
Mallပေါ်က အစ အမှိုက်တွေချန်ထားခဲ့ကြတာ
စိတ်အဆင်မပြေစရာ
သူတို့ အစားအသောက်တွေ
ကိုယ်တွေပါးစပ်နဲ့ အဆင်မပြေလို့
Kfc Burger King Hotpot လျှောက်စားကြည့်တော့လည်း
ဘယ်လိုမှ အဆင်ပြေ

Sapa မြို့လေးက အစားအသောက်လေးတွေတော့
တောင်ပေါ်စာလေးတွေဆိုတော့
စားလို့ တော်သင့်ရုံ အဆင်ပြေခဲ့
(10)ရက်လေး သွားတာ
(1)နှစ်လောက်တောင် ကြာသွားတယ် ထင်မိ🥴

ဒီလောက်အဆင်မပြေနေတာ
ဘာလို့ (10)ရက်တောင် နေလဲဆို
လည်ဖို့သက်သက်မဟုတ်ပဲ နားဖို့ပါဆိုပီး
ရက်တွေ ပို တွက်မိလိုက်ပီး
Round trip ဖြတ်ထားမိလိုက်လို့🥲

Krung Thai ကဒ် ကို စက်က ဆွဲယူသွားလို့
ကိုယ်တွေပဲ ဖစ်တယ်ထင်နေတာ လိုက်ရှာကြည့်တော့
တခြားလူတွေလည်း အာ့လိုပဲ
စက်က ဆွဲယူထားလိုက်တာတဲ့😬
တခါမှတောင်မကြုံဖူးဘူး
ဆိုင်ကယ်ဆိုရင် မစီးရဲလို့ ကားပဲ ငှားစီး
ကားစီးလည်း ကြောက်နေရ ဇွတ်ဝင် ဇွတ်ထွက် ဇွတ်ကပ်
ဟွန်းတွေ အသေတီး ဆူညံ🥴

ကောင်းတဲ့ Reviewတွေပဲ မြင်နေရပီး
မကောင်းတဲ့ အရာလေးတွေရှိတယ် ဆိုတာလည်း
ရေးကြတာ သိပ့်မတွေ့လို့လေ
ကိုယ်လည်း ရေးဖို့ အစီအစဉ်မရှိပေမဲ့
ကြုံလို့ Review လေး ရေး မိ လိုက်တာ

Coffeeဆိုင်လေးတွေ ထိုင်လို့ကောင်းပီး
လည်ဖို့နေရာလေးတွေ လှ အဆင်ပြေပေမဲ့
နေထိုင်ဖို့တော့ ဘယ်လိုမှ အဆင်မပြေပါဘူး
လူတယောက်နဲ့တယောက် အကြိုက်တွေမတူနိုင်လို့
ဇွတ် မကောင်းမပြောပါဘူး
အပိုတွေ ထည့် မပြောပဲ ကိုယ်တွေ တကယ် ကြုံခဲ့ရတဲ့
အချက်အလက်အနည်းငယ်ကိုသာ ပြောချင်း ဖြစ်ပါတယ်

25/10/2025

Khao Sok National Park 🏞️☘️🌱🍀💚

Bangkok Condo တွေထက် အငှားစျေးနှုန်းပိုရတဲ့ Condoတွေကို ဖူးခက်မှာ Invest လုပ်လိုက်ပါ...ဖူးခက်ကွန်ဒိုတွေအကြောင်းကို အရင် ...
22/01/2025

Bangkok Condo တွေထက် အငှားစျေးနှုန်းပိုရတဲ့ Condoတွေကို ဖူးခက်မှာ Invest လုပ်လိုက်ပါ...

ဖူးခက်ကွန်ဒိုတွေအကြောင်းကို အရင် နည်းနည်းပြောပြပါမယ်... ဖူးခက်မှာ ကမ်းခြေတွေနဲ့နီးတဲ့ ကွန်ဒိုတွေဟာ မိုးတွင်း July,Sep,Oct ကလွဲပြီးတော့ စျေးကို အမြင့်စျေးနဲ့ငှားကျတာကိုတွေ့ရပါတယ်... ကမ်းခြေမြို့ဖြစ်တဲ့အတွက် ကမ်းခြေကိုသွားရတဲ့ အကွာအဝေးနီးလေ စျေးပိုရလေဘဲဖြစ်ပါတယ်... ဒီတော့ ဖူးခက်မြို့မှာ ကွန်ဒိုဝယ်မယ်ဆိုရင် စျေးနှုန်းလည်းအသင့်အတင့်ဖြစ်ပြီးတော့ ကမ်းခြေနဲ့ နီးပြီးတော့ Developer ကောင်းကောင်းဆောက်တဲ့ Project တွေကိုလိုက်ရှာရပါတယ်...

Project ကဘယ်နားမှာလဲ ... ဆိုတော့ မကြာသေးခင်က
ပြီးသွားတဲ့ EDC Thailand လုပ်သွားတဲ့ ကွင်းကြီးရဲ့ဘေးမှာ ပါ
အနီးနားမှာလည်း Bangtao Beach လို ကမ်းခြေကျယ်ကျယ် သဲဖြူဖြူ နဲ့ ရေကြည်တဲ့ Luxury Beach ကလည်း 2km ဘဲသွားရပါတယ်
ပြီးရင် အနီးနားမှာ Head Start International School နဲ့ Blue Tree Phuket လို Activites တွေ အစုံလုပ်လို့ရတဲ့ လူကြီးလူငယ်မရွေးကြိုက်ကျတဲ့ နေရာလည်းရှိပြန်ပါသေးတယ်
Laguna Phuket Golf Club ကလည်း 3.6Km အကွာမှာရှိပါတယ်... Robinson Thalang နဲ့လည်း မနီးမဝေးမှာရှိတာမို့ စျေးဝယ်ဖို့အတွက်ဆိုလည်း မခက်ပြန်ပါဘူး...

ကဲနေရာအနေထားတော့ ဟုတ်ပြီ
ကွန်ဒိုက ဘယ်လိုမျိုးလဲ???
ကွန်ဒိုက Building A,B ဆိုနှစ်ခုပါပါမယ်...
Free Hold အတွက်ဆို Floor 4,7 ဘဲရပါတော့မယ်
ကျန်တာက investor အကြီးတွေယူလို့ရွေးမရတော့ပါ

Pool,
Mini Garden,
Hot Springs ,
Co-working Space,
Gym,
Lobby နဲ့ ဖူးခက်မှာရှားလှပါတယ်ဆိုတဲ့
Pet Allowed ကွန်ဒိုဖြစ်ပြီးတော့ Pets Park ပါရှိပါမယ်....
နောက်တခု ထူးခြားတာတခုက
Co-Kitchen တနေရာပါမှာဖြစ်ပြီးတော့
ယနေ့မေးခဲ့တာ Party တွေအတွက်သုံးလို့ရတာလားဆိုတော့
ရပါတယ်တဲ့ အရမ်းတော့မဆူနဲ့ပေါ့တဲ့

ဒါကလည်း
ဖူးခက်ကွန်ဒိုတွေထဲမှာ ထူးခြားတာလို့ပြောလို့ရတယ်....
ဘာမှကြည့်မနေဘဲ
Pet Allowed တခုနဲ့တင် Rental က အတော်မိုက်နေပြီ
Bangtao Beach လိုနေရာမှာ
Retired foreigners ကြီးတွေဟာ
ခွေးလေးကြောင်လေးတွေနဲ့ လာနေကျတာ အများကြီးဘဲလေ
ဒီတော့ ကိုယ်တောင်းတဲ့စျေးသူတို့ပေးကြတယ်
တခါတလေ ကိုယ်မတောင်းဘဲတောင် ကြောင်လေးခေါ်လာချင်လို့
Htarရဲ့အခန်း 28sqm ကို 25000 baht နဲ့ငှားနေတာကို 50000 baht ပေးပါ့မယ်ဆိုပြီးလာငှားသေးတယ်
ဒါပေမဲ့လည်း ကွန်ဒိုက ခွင့်မပြုလေတော့လည်း မငှားရဘူးပေါ့....

စျေးကရော ဘယ်လောက်လဲ???
ဘန်ကောက်ထက်မများပါဘူးလို့ပြောရမယ်ထင်ပါတယ်
များတယ်ဆိုရင်လည်း Luxury Beach နဲ့ နီးတဲ့ နေရာကြီးမှာ
4MB ကစပြီးတော့ 1 Bedroom Plus ကို
ဝယ်လို့ရနိုင်တာဆိုတော့ မများဘူးလို့ပြောရမှာပါပဲ
ဒီတော့ အခန်းပုံစံတွေနဲ့ စျေးနှုန်းတွေကို သိချင်တယ်ဆိုရင်
Htarကို ဆက်သွယ်လိုက်ပါ
အသေးစိတ် ရှင်းပြပေးပါမယ်...
ဝယ်ယူပီးတော့ Rental အတွက် ကို
တာဝန်ယူပေးပါဆိုရင်လည်း တာဝန်ယူပေးပါတယ်ရှင့်

Rental အတွက်ကလည်း စျေးပိုရတဲ့
Monthly အငှားရော 6months , 1 Year
အကုန်စီစဉ်ပေးမှာဖြစ်ပါတယ်...
လာရောက်ဝယ်ယူတဲ့အခါမှာလည်း
လေဆိပ်ကို လာကြိုပေးမှာဖြစ်ပြီးတော့
ဒီတခုမကြိုက်လည်း နောက်တခု ထပ်ရှာပေးမှာဖြစ်လို့
စိတ်ဝင်စားပါက လာရောက်ကြည့်ရှုနိုင်ပါတယ်ရှင့်

Contact Me - [email protected]
Viber - +66925506497

Hello အားလုံးပဲ မင်္ဂလာပါ Coffee ကြိုက်တဲ့သူတွေ အတွက်Bangkok က Cafeဆိုင်လှလှလေးတဆိုင်အကြောင်း Reviewလေးလာပေးတာပါ🥰Htar က ...
03/08/2024

Hello အားလုံးပဲ မင်္ဂလာပါ
Coffee ကြိုက်တဲ့သူတွေ အတွက်
Bangkok က Cafeဆိုင်လှလှလေး
တဆိုင်အကြောင်း Reviewလေးလာပေးတာပါ🥰

Htar က Coffee Crazy
Coffeeအရမ်းကြိုက်တတ်သူမို့
Cafeဆိုင်လေးတွေဆို
ကိုယ်ဘာသာ အမြဲလိုက်ရှာပီး သွားဖစ်တယ်
ဆိုင်တော်တော်များများ သွားဖစ်ပေမဲ့
နေရာကျဉ်းတာရယ်
Photoလေးတွေ သေချာမရိုက်ဖစ်တာရယ်
အရမ်းကြီး မကြိုက်လို့ရယ်နဲ့ Review ​မပေးဖစ်ဘူး😁

ဒီတခေါက်ဆိုင်လေးကိုတော့
တော်တော်လေး သဘောကျပီး
အရမ်းကြိုက်လို့ လာပြောပေး ဖစ်တာပါ

ဆိုင်က နှစ်ထပ်ကိုမှ တော်တော်ကြီးကြီးလေး
ဆောက်ထားတယ်
Shop Area လည်း တော်တော် ကျယ်တယ်
ထိုင်စရာ Table နေရာတွေလည်း များတယ်
အပေါ်ထပ်မှာ ငှက်သိုက်လို ပုံစံလေးလို့ပြောရမလား
Private Table 4/5ဝိုင်းလောက် ရှိတယ်
ပိုက်ဆံထပ် ပေးစရာမလိုဘူး
နေရာလွတ်နေရင် ကြိုက်တဲ့ နေရာဝင်ထိုင်လို့ရတယ်
အပြင်ကအလင်းရောင်ကောင်းကောင်းမြင်ရအောင်ရယ်
မိုးရွာရင် မိုးစက် မိုးပေါက်လေးတွေ မြင်ရအောင်ရယ်
ဘေးမှာမှန်ကြီးကြီးလေးတွေ သုံးပေးထားတယ်

Photoလှလှလေးတွေ ရိုက်ဖို့အတွက်လည်း
Decoration က လုံးဝ ရှယ် မိုက်😎

အေးချမ်း တိတ်ဆိတ်ပီး🍀
ဆိုင် အပြင်အဆင်တွေကလည်း
တခြား Cafeဆိုင် တော်တော်များများနဲ့ မတူပဲ
လုံးဝကွဲထွက်နေပီး Modern ဆန်ဆန်လေးကိုမှ
လူတိုင်း စိတ်ကျေနပ်မှုရအောင်
သေချာလေးပြင်ဆင်ပေးထားတယ်🥰

ဈေးလေးတွေကတော့ နည်းနည်းကြီးတယ်
အနည်းဆုံး ဘတ်200ဝန်းကျင်လောက်က စ ရှိပါတယ်

Htar အတွက်တော့
ဈေးကြီးပေမဲ့ တန်တယ်လို့ ခံစားရပါတယ်♥️

ဆိုင်လေးကလေ အပြင်က ကြည့်လိုက်တာနဲ့
Luxury ဆန်ဆန်လေး
အေးချမ်းတိတ်ဆိတ်ပီး ရလိုက်တဲ့
စိတ်ကျေနပ်မှုကလည်း
တန်တာထက်ကိုပိုတယ်လို့ ပြောလို့ရတယ်🥰

ပုံလှလှလေးလည်း ရခဲ့လို့လေ😛

Car Parking အတွက် နေရာလည်း
တော်တော်ကျယ်တယ် အစီး 30လောက်ရပ်လို့ရတယ်

အခုလို မိုးရာသီလေးမှာ Coffeeလေးသောက်ရင်း
မိုးစက်လေးတွေ ငေးရင်း
ချစ်ရတဲ့ သူလေးတွေနဲ့ Coffee Dateလေး
လုပ်ကြရင် အကောင်းဆုံး အချိန်လေးပေါ့ရှင်😛

အဓိက က တော့ ဒီဆိုင်လေးက အေးအေးချမ်းချမ်းနဲ့
တိတ်တိတ်ဆိတ်ဆိတ် ဖစ်တာလေးရယ်
နေရာလည်းကျယ်တော့
ဓာတ်ဖမ်းရင် လူများပီး ရှုပ်ရှပ်ခပ်မနေတာရယ်ပေါ့😉

Htar က စာတွေ သိပ့်မရေးဖစ်တော့
အခုရေးတဲ့ထဲမှာ အမှားပါသွားခဲ့ရင်လည်း
သည်းခံပေးကြပါရှင့်🙏

တွေ့သမျှကို Review ပေးတာ မဟုတ်ပဲ
လူတိုင်း အပြင်မှာရောက်သွားရင်
ကြိုက်လောက်မဲ့ နေရာတွေ
ကိုယ်ကြိုက်တဲ့ အကြောင်းအရာတွေနဲ့
တကယ်လှတဲ့ နေရာလေးတွေ
အကြောင်းပဲ တင်ပေးမှာမို့
ပေါပေါပဲပဲ Review တွေတော့ လုံးဝမပေးပါဘူးရှင့်
Pageလေးကိုလည်း Like & Follow လေးလုပ်ပေးကြပါအုံးနော်🥰

ဆိုင် နာမည်လေးက San Rafael Thailand

Location https://maps.app.goo.gl/1ZadWNsYncXDgd7u6?g_st=ic










19/07/2024

Singapore Trip🇸🇬♥️

ที่อยู่

75/42
Phuket
83120

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Travel With Htarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์