Purple Pink

Purple Pink Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Purple Pink, ครีเอเตอร์ดิจิทัล, Yangon.

Blah😅
17/04/2025

Blah😅

29/03/2025
မန္တလေးမြို့၌ ငလျင်ဘေးဒုက္ခသည်များ အခမဲ့သုံးဆောင်နိုင်သော စားသောက်ဆိုင်များ1. ရွှေကွတ်ခိုင်    09-953832339 | 09-4301608...
29/03/2025

မန္တလေးမြို့၌ ငလျင်ဘေးဒုက္ခသည်များ အခမဲ့သုံးဆောင်နိုင်သော စားသောက်ဆိုင်များ

1. ရွှေကွတ်ခိုင်
09-953832339 | 09-43016082
58/36D| ရှမ်းခေါက်ဆွဲ ပြင်ဆင်ထားပါသည်။ အကူအညီလိုအပ်သူများ စိတ်ချလက်ချ အခမဲ့ သုံးဆောင်နိုင်ပါသည်။

2. Beer Prince
65/108 | ထမင်းကြော်၊ ခေါက်ဆွဲကြော်နှင့် ရေသန့်များ ရရှိနိုင်ပါသည်။

3. xiaolajiao အကင်ဆိုင်
63/39*40| အခမဲ့ ထမင်းဖြူ ရယူနိုင်ပါသည်။

4. chilichacha
လိပ်စာဖော်ပြမထား။

5. 39 bar
54/30 | အခမဲ့ ထမင်းဖြူ နှင့် ရေသန့်ရရှိပါသည်။

6. 007 beach bar
ကွင်းပြင်လွတ်၌ ခိုလှုံနိုင်ပြီး အခမဲ့ ထမင်းကြော်သုံးဆောင်နိုင်ပါသည်။

7. WeiDongNan အရှေ့တောင်အရသာစားသောက်ဆိုင်
60/35*35A

8. IN.718 bar
09-888599899 | 09-665713227
55*56/39D| အခမဲ့ ထမင်းကြော်နှင့် ထမင်းဖြူ ရယူနိုင်ပါသည်။

Credit - Shwe Htut

မြန်မာပြည်ငလျင်နဲ့ ပတ်သက်ပြီး မိုးလေဝသဆရာကြီး ဦးထွန်းလွင် မကွယ်လွန်မီ လွန်ခဲ့တဲ့ (၇) နှစ်က ရေးသားခဲ့သော ကွက်တိမှန်ခဲ့တဲ့...
29/03/2025

မြန်မာပြည်ငလျင်နဲ့ ပတ်သက်ပြီး မိုးလေဝသဆရာကြီး ဦးထွန်းလွင် မကွယ်လွန်မီ လွန်ခဲ့တဲ့ (၇) နှစ်က ရေးသားခဲ့သော ကွက်တိမှန်ခဲ့တဲ့ ခန့်မှန်းချက်တခု

မြေငလျင်နဲ့ပတ်သက်လို့ မြေငလျင်ငယ်တွေ များများလှုပ်လေ မြေငလျင်ကြီးတွေ လှုပ်ရှားဖို့နည်းလေ ဖြစ်ပါတယ်။ ၁၅-၁-၂၀၁၈ ည (၉:၅၀) နာရီ။

မြန်မာနိုင်ငံမှာ လက်ရှိလူပြောများနေသော ကိစ္စမှာ မြေငလျင်ငယ်များမကြာမကြာ လှုပ်နေတဲ့အတွက် မကြာမီ ငလျင်ကြီးတစ်ခု လှုပ်တော့မယ်ဆိုတာကို တွေးကြောက်နေကြတာဖြစ်ပါတယ်။ မြေငလျင်ကို ကြိုတင်ခန့်မှန်းနိုင်တဲ့အရာ မဟုတ်ဘူးဆိုတာကို ပညာရှင်အများလက်ခံထားကြပါတယ်။ တိတိကျကျ နီးနီးစပ်စပ် ကြိုတင်ခန့်မှန်းနှိုင်မှု အနည်းဆုံးသော ဘာသာရပ်လည်းဖြစ်ပါတယ်။

ဒါကြောင့်တိတိကျကျ မပြောနိုင်ကြသော်လည်း လေ့လာထားခဲ့သမျှအထောက်အထားအရ ပြောရပါက မြေငလျင်ငယ်များ များများလှုပ်လေ အင်အားပြင်းထန်တဲ့မြေငလျင်ကြီးတွေ လှုပ်ဖို့အလားအလာနည်းပါးလေဆိုတာကို ဌာနတွင်ရှိစဉ်က ဂျပန်နိုင်ငံသို့ ပညာသင်သွားခဲ့သော တပည့်တစ်ဦးအား ကျွန်တော်လေ့လာမှုတခုပြုလုပ်ခဲ့ရန် တာဝန်ပေးချက်အရ မြေငလျင်တစ်ခု၏ အင်အား (Intensity) နဲ့ မြေငလျင်လှုပ်ရှားမှုအကြိမ်ပေါင်း (Frequency) တို့ ဆက်စပ်မှုရှိနေကြောင်း ခိုင်မာတဲ့တွေ့ရှိချက်တစ်ခု ရရှိခဲ့ပါတယ်။

အဆိုပါ အင်အား နဲ့ အကြိမ်ပေါင်း ဆက်စပ်မှုအရ မြေငလျင်အကြိမ်များများလှုပ်ရှားလေ အင်အား 4- 6 အတွင်း ငလျင်များသာ အလှုပ်များခဲ့ပြီး၊ အင်အားပြင်းထန်သော မြေငလျင်ကြီးတွေ လှုပ်ရှားမှုနည်းပါးကြောင်းတွေ့ရပါတယ်။ တစ်ကြိမ်နှစ်ကြိမ်တော့ ပြင်းအား 6 နဲ့ 7 ကြားအင်အားရှိတဲ့ မြေငလျင် (၂) (၃) ကြိမ် လှုပ်ခဲ့တာတော့ ချွင်းချက်ရှိပါတယ်။ ဒါပေမယ့် ငလျင်ငယ်တွေလှုပ်တာများတိုင်း အင်အားကြီးတဲ့ငလျင်တွေ မလှုပ်တတ်ပါ။

မြေငလျင်လှုပ်ရှားမှု အကြိမ်နည်းပါးသော ကာလများတွင်မူ မြေငလျင်ငယ်များလှုပ်ရှားမှု မရှိသလောက်နည်းသွားပြီး၊ အင်အား 6-8 အထိ ပြင်းအားရှိတဲ့ မြေငလျင်ကြီးတွေလှုပ်ရှားခဲ့ကြောင်း တွေ့ရပါတယ်။ ဒါဟာလက်တွေ့လေ့လာမှုတစ်ခုရဲ့တွေ့ရှိချက်ဖြစ်တဲ့အတွက် လက်ရှိမြေငလျင်ငယ်များဆက်တိုက်လှုပ်ရှားနေမှုအပေါ် လွန်ကဲသော စိုးရိမ်မှုများမရှိသင့်ပဲ လိုအပ်တဲ့အသိ နဲ့ ကြိုတင်ပြင်ဆင်မှုများသာ လုပ်ဆောင်ဖို့အရေးကြီးပါတယ်။

မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့မြေငလျင်များလှုပ်ဖို့ အလားအလာများလာနေတာကို ပညာရှင်အများက ထောက်ပြနေကြပါတယ်။ ဒါကိုတော့ သတိကြီးစွာထားကြပြီး မြေငလျင်ကြောင့် အသက်အန္တရာယ်ကျရောက်မှုမှာ မြေငလျင်ကြောင့်မဟုတ်ပဲ၊ အဆောက်အဦများပြိုကျမှုကြောင့်ဖြစ်ကြရကြောင်းကို သတိထားပြီး၊ မိမိနေထိုင်ရာအဆောက်အဦရဲ့ခိုင်ခံ့မှု၊ မိမိနေထိုင်ရာဒေသရဲ့ အန္တရာယ်ကျရောက်နိုင်မှုအနေအထား၊ မြေငလျင်လှုပ်ရှားစဉ် ဆောင်ရန်ရှောင်ရန်အသိများကို လေ့လာထားသင့်ပါကြောင်း တိုက်တွန်းလိုက်ပါတယ်။
(ဦးထွန်းလွင်)
Crd
Daw phyu lay

သမိုင်းဝင်အမွေနှစ်မို့ နှမြောဝမ်းနည်းလို့မဆုံး
29/03/2025

သမိုင်းဝင်အမွေနှစ်မို့ နှမြောဝမ်းနည်းလို့မဆုံး

 #ခုတလော ငလျင်တွေ ခဏ ခဏ လှုပ်လာတာတွေ့တော့ အိပ်ပျော်နေတဲ့ စစ်ကိုင်းပြတ်ရွေ့ကြီး အသက်ဝင်နိုးလာပြီးလားလို့စိုးရိမ်နေမိတယ်  ...
29/03/2025

#ခုတလော ငလျင်တွေ ခဏ ခဏ လှုပ်လာတာတွေ့တော့ အိပ်ပျော်နေတဲ့ စစ်ကိုင်းပြတ်ရွေ့ကြီး အသက်ဝင်နိုးလာပြီးလားလို့စိုးရိမ်နေမိတယ် human made တွေကြောင့်မဟုတ်တဲ့ သဘာဝငလျင်တွေဖြစ်လာမှုကို ပြန်ကြည့်ရင် ကမ္ဘာတိုက်ကြီးတွေဟာရွေ့လျားနေကြတဲ့ plate လိုခေါ်တဲ့ ကျောက်လွှာထု ကြီးတွေနဲ့ ဖွဲ့စည်းထားကြပါတယ် ဒီကျောက်လွှာကြီးတွေ ထိဆက်ထားတဲ့ join နေရာတွေဟာ fault လိုခေါ်တဲ့ ပြတ်ရွေ့ကြီးတွေ ဖြစ်လာကြပါတယ် ဒီ fault တွေ ပုံမှန်ရွေ့နေရာကနေ ရပ်ဆိုင်းခဲ့ရင်ဖြစ်ဖြစ် ပုံမှန် မရွေ့တော့ရင်ဖြစ်ဖြစ် တကြိမ်မှာ ပြင်ထန်စွာ ကျောက်လွှာအံချော် slip ဖြစ်ကြပါတယ် အဲ့အခါမှာ ပြင်ထန်တဲ့ ငလျင်ကြီးတွေဖြစ်လာကြပါတယ်
မြန်မာ နိုင်ငံဟာ india plate နဲ့ eurasian plate နှစ်ခုတေ့ဆက်ထာရာ ပေါ်မှာ ဖြစ်တည်နေတာပါ ဒီကျောက်လွှာထု plate ကြီး နှစ်ခု တေ့ဆက်ထားခြင်းကြောင့် စစ်ကိုင်း fault လို့ခေါ်တဲ့ ပြတ်ရွေ့ကြီး ဖြစ်ပေါ်လာပါတယ် မြန်မာပြည်မှာ အဓိကအားဖြစ် စစ်ကိုင်းပြတ်ရွေ့ ကျောက်ကြမ်းပြတ်ရွေ့ကဘော်ပြတ်ရွေ့ ရွှေတြိဂံပြတ်ရွေ့ မိုးမိတ်ပြတ်ရွေ့ ချင်းတွင်းပြတ်ရွေ့ ဒေးဒရဲပြတ်ရွေ့ စတဲ့ ပြတ်ရွေ့ တွေရှိတဲ့ အထဲမှာမှ စစ်ကိုင်းပြတ်ရွေ့ဟာ မြန်မာမှာသာမက ကမ္ဘာမှာပါ ထင်ရှားပါတယ် ဒီပြတ်ရွေ့ကို ၁၉၆၀ လောက်က စစ်ကိုင်းမှာပဲ ပညာရှင်တွေစတင်လေ့လာချိန်မှာ သာမန် fault အသေးလေးဖြစ်နိုင်တယ်လို့ စတင်ခန့်မှန်ခဲ့ပြီးမှ ၁၉၆၉ လောက်မှာ အမေရိကန်က ဘူမိဗေဒနဲ့ ဒေါက်တာဘွဲ့ရယူလာတဲ့ ဒေါက်တာ ဦးဝင်းဆွေတို့သေချာ သုသေတန ပြုပြီးတဲ့ အချိန်မှာ ဒီစစ်ကိုင်းပြတ်ရွေ့ဟာ ကီလိုမီတာ ၁၀၀၀ ကျော်ရှည်လျားပြီး မြန်မာ နိုင်ငံကို တောင်နဲ့မြောက် လားရာအတိုင်း အလယ်က ပိုင်းထားပြီး မြောက်ဘက် တိဘက် ကုန်းမြင့် ဟူးကောင်းချိုင့်ထဲဝင်ပြီးအိန္ဒိယထိရှည်လျားကာ မြန်မာနိုင်ငံထဲ ထောင့်လျောက်ဝင်လာပြီး မိုးကောင်း မိုးမိတ် စစ်ကိုင်း အင်းဝ မန္တလေး ပျော်ဘွယ် မိတ္တိလာ မြစ်သား တောင်ငူ ပဲခူး သုံးခွ စတဲ့ မြို့ကြီးတွေကိုဖြတ်ပြီး မြစ်ဝကျွန်းပေါ်ကနေ တောင်ဘက် ကပ္ပလီပင်လယ် အိန္ဒိယ သမုဒ္ဒရာထဲ စိုက်ဝင်သွားပါတဲ့ တနှစ်ပျမ်းမျှ ၁၈.၅ မီလီမီတာ ရွေ့လျားနေတဲ့ ကြီးမားလှတဲ့ သက်ရှိပြက်ရွေ့ကြီးဖြစ်နေတာကို သိရပါတော့တယ် (မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ကြီးမားလှတဲ့ ပုဂံငလျင် အင်းဝငလျင် ပဲခူးငလျင် စတဲ့ ငလျင်ကြီးအားလုံးဟာ ဒီစစ်ကိုင်းပြတ်ရွေ့ကြောင့်ပဲဆိုတာပါသိခဲ့ရပါတယ်) ဒီလားရာဟာ တနည်းအားဖြစ်ဆိုရရင် မြန်မာနိုင်ငံဟာတောင်ဘက်ကို အမြဲရွေ့လျားနေတဲ့ India plate နဲ့မြောက်ဘက်လားရာအတိုင်းရွေ့လျားနေတဲ့ eurasian plate ကျောက်လွှာချပ်ကြီး နှစ်ခု ကို ဘေးချင်းကပ်ထားတာနဲ့တူပါတယ် ( နောက်နှစ်သန်းပေါင်းတချို့မှာ မြန်မာနိုင်ငံဟာတောင်မြောက်လားရာအတိုင်းနှစ်ခြမ်းကွဲသွားမယ်လို့ ပညာရှင်တွေခန့်မှန်းထားကြပါတယ် ၂၀၀၄ က ဖြစ်သွားကမ္ဘာကျော်ဆူနာမီ ဟာ ပင်လယ်ပြင်အောက်ထိဆက်နေတဲ့ ပျော့တဲ့ india plate ဟာမာတဲ့ eurasian plate အောက်စိုက်ဝင်သွားရာကနေဖြစ်လာတာပါ )ဒီကျောက်လွှာကြီးနှစ်ချပ်ဟာ တေ့ဆက်ထားရာကနေ ပုံမှန်မဟုတ်ပဲ တခုကတောင်ဘက်ကိုရွေ့ တခုက မြောက်ဘက်ကိုရွေ့တဲ့အခါကျောက်လွှာအံချော်မှု slip ဖြစ်ပါတယ် ဒီအခါမှာ မြန်မာနိုင်ငံမှာ ငလျင်ကြီးတွေဖြစ်လာပါတယ် (ကျောက်လွှာကြီးတွေအံချော် slip ဖြစ်မှုကြီးရင်ကြီးသလို ဖြစ်ပွားရာ မြေတွင်းအနက် တိမ်ရင်တိမ်သလို ငလျင်တွေ ပိုပြင်းထန်ကြပါတယ်) စစ်ကိုင်း faultဟာနှစ် ရှစ်ဆယ်က နေတစ်ရာကြားပြည့်တိုင်းမှာအမြဲ ပြင်ထန်တဲ့ slipဖြစ်မှုနဲ့ အတူ ငလျင်ကြီးတွေ တကြိမ်ဖြစ်တတ်ပါတယ် သဘောက နှစ်တစ်ရာပြည့်တိုင်း ပြင်ထန်တဲ့ ငလျင် တကြိမ်ဖြစ်တတ်ပါတယ် သာဓကဆိုရလျှင် အထောက်အထားတွေအရ 1830 မှာ ဒီစစ်ကိုင်းပြတ်ရွေ့ကြောင့် ပဲခူးမှာ ငလျင်အကြီးကြီးလှုပ်ပြီးနောက် 1930 ပဲရွှေမော်ဓော စေတီကြီး စိန်ဖူးတော်မြေခတဲ့ ငလျင်ကြီးထပ်လှုပ်ပါတယ် ခုဆို ဒီပြတ်ရွေ့မှာ ငလျင်ကြီး မလှုပ်တာ နှစ် ၈၀ နဲ့ ၉၀ ကြားရှိခဲ့ပါပြီး ဒါကြောင့် ဒီပြတ်ရွေ့ဟာ နောက်တခါ ငလျင်ကြီးတွေထပ်လှုပ်လာနိုင်ပါတယ် (ငလျင် သဘောကလဲ ပြင်းထန်တဲ့ ငလျင်ကြီးတွေ မလာခင် နဲ့ လာပြီးချိန်တွေမှာငလျင်သေး၂လေးတွေ ရာထောင်ချီ အရင်လှုပ်ပါတယ် သမန်အတိုင်းဆို တုန်ခါမှုကို မသိနိုင်ပါဘူး ငလျင်တိုင်းစက်နဲ့ဆိုတော့သိပါတယ်ခု သူ ငြိမ်နေတာ နှစ် ကိုးဆယ်ထဲ ဝင်လာပြီး ခဏ ခဏ လဲ လှုပ်လာပြီး အားလုံး သတိရှိနေစေချင်မိတယ်ရှင့်
ကမ္ဘာ့နိုင်ငံတွေဟာ သဘာဝဘေး အန္တရယ်နဲ့ပတ်သတ်လာရင် ကာကွယ်ချင်းသည်ကုသခြင်းထက်ပိုကောင်းသည် ဆိုတဲ့ စကားအတိုင်း မဖြစ်ခင်ကြိုတင်ကာကွယ်ကြပါတယ် ဒါအပြင်ဖြစ်ပြီးတဲ့အခါမှာလဲ ဘယ်လို ပြန်တည်ထောင်ရမလဲ ဘယ်လိုပြန်ကုသရမလဲ စတဲ့ safe ဖြစ်မဲ့ plan တွေကို ကလေးလေးကနေ အဖိုးအဖွား တွေအထိ လက်တွေ့စာတွေ့သင်ကြားပေးသလို သက်ဆိုင်ရာ အဖွဲ့အစည်းတွေ
ဟာလည်း စီမံခန့်ခွဲမှုက စလို ထောင့်ပေါင်းစုံက ကျင့်သားပြည့်ဝနေအောင် အမျိုးမျိုးကြိုးစားကြံဆောင်နေတဲ့ သူတွေကြီးပါပဲ ဂျပန်နိုင်ငံဟာ အကောင်းဆုံး ဥပမာပါရှင့် မြန်မာပြည်မှတော့ အထူးသဖြင့် သဘာဝဘေးအန္တရယ်နဲ့ ပတ်သတ်လာရင် ကာကွယ်ဖို့ ထက်ဖြစ်ပွားပြီးမှ သာ ရှင်းနေရတဲ့ စနစ်ထဲက နေမရုန်းထွက်နိုင်သေးပါဘူး ဒါကြောင့် ခုလို ငလျင် ငယ်လေးတွေ ခဏခဏ လှုပ်နေတာကြောင့် အကြီးအကျယ် မလှုပ်ပဲငြိမ်သက်နေတဲ့နှစ်တစ်ရာပြည့်ခါနီး စစ်ကိုင်းပြတ်ရွေ့ကြီးဟာ နောက်ထပ် ငလျင် ကြီး တခု လှုပ်ဖို့ သွေးတိုးစမ်း အားစုနေပြီးလားလို့စိတ်ပူမိပါတယ်ရှင့် (1930 လှုပ်ချိန်က ပဲခူး ရန်ကုန် မန္တလေးစတဲ့ မြို့ကြီးတွေဟာ ဒီအချိန်လောက် မဖွံ့ဖြိုးသေးပါဘူး ခုချိန်လှုပ်ခဲ့ရင်မတွေးရဲပါ) ဒါပြင် သဘာဝဘေး အကြီးအကျယ်ကြုံခဲ့တဲ့ ၂၀၀၈ နာဂစ် ပြီးနောက်
မြန်မာနိုင်ငံ အတွက် အထူးသဖြင့် မြန်မာနိုင်ငံသဘာဝဘေးအန္တရယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကြီးအတွက် နောက်ထပ် စိန်ခေါ်လာတဲ့ သဘာဝဘေးအန္တရယ် တစ်ခုလားလို့ တွေးနေမိပါတယ် ..…

ပန်းနုနွယ်(မူရင်းပိုစ့်ပိုင်ရှင်)

💖💞

🙏🙏🙏
29/03/2025

🙏🙏🙏

ဟိုပုံး ရေချိုးကန်
29/03/2025

ဟိုပုံး ရေချိုးကန်

ငလျင်ပြီးနောက် သင်သိထားသင့်သော   (4) မျိုးသော နံရံအက်ကြောင်းများ  1. ဆံခြည်မျှသော အက်ကြောင်းများ  ဤအက်ကြောင်းများသည် ကရက...
29/03/2025

ငလျင်ပြီးနောက် သင်သိထားသင့်သော
(4) မျိုးသော နံရံအက်ကြောင်းများ

1. ဆံခြည်မျှသော အက်ကြောင်းများ
ဤအက်ကြောင်းများသည် ကရက်ဒစ်ကတ် (သို့) ဆံခြည်တစ်မျှင်ထက် မကျယ်ပါ။

အရေးပေါ်အဆင့် - အန္တရာယ်နည်းသည်

2. ဒေါင်လိုက်အက်ကြောင်းများ
ဤအက်ကြောင်းများသည် ပါးချော (သို့) ထူထဲနိုင်ပြီး အပေါ်အောက်ဖြစ်နိုင်သည်။
၅ မီလီမီတာထက် ကျယ်ပြန့်မှသာ ကျွမ်းကျင်သူ၏ အကူအညီလိုအပ်ပါသည်။

အရေးပေါ်အဆင့် - အနည်းငယ်မှ အလယ်အလတ် အန္တရာယ်ရှိသည်

3. အလျားလိုက်အက်ကြောင်းများ
ဤအက်ကြောင်းများသည် ပါးချော (သို့) ထူထဲနိုင်ပြီး ဘယ်မှညာသို့ ဖြစ်နိုင်သည်။ အလျား သို့မဟုတ် အနံ မည်မျှရှည်တိုပုံစံမဆိုကျွမ်းကျင်သူ၏ အကူအညီလိုအပ်ပါသည်။

အရေးပေါ်အဆင့် - အန္တရာယ်အလွန်ရှိသည် မနေသင့်

4. ထောင့်စောင်းအက်ကြောင်းများ
ဤအက်ကြောင်းများသည် ထူထဲ (သို့) ပါးချောနိုင်ပြီး ၃၀ မှ ၇၀ ဒီဂရီထောင့်ဖြင့် ဖြစ်နိုင်သည်။ အလျား သို့မဟုတ် ဒေါင်လိုက်အကျယ်မည်မျှမဆို ကျွမ်းကျင်သူ၏ အကူအညီလိုအပ်ပါသည်။

အရေးပေါ်အဆင့် - လုံးဝ မနေသင့်ပါ

Photo credit to original uploader

Dear Engineers, please add more information or correct.

Address

Yangon
83100

Telephone

+959790143524

Website

Alerts

Be the first to know and let us send you an email when Purple Pink posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share