08/06/2026
. ဖခင်ကို tတ်ပြီး ညီဖြစ်သူကိုကို ကြောက်လို့ ကျောက်ဆောင်ကြီးပေါ် တက်ဆောက်ခဲ့ရတဲ့ အံ့ဖွယ်နန်းတော်ကြီး 🏰🦁
အခုvideoထဲမှာ မြင်နေရတဲ့နေရာက Photoshop မဟုတ်ပါဘူး။ သီရိလင်္ကာနိုင်ငံမှာ တကယ်ရှိတဲ့ "သီဂီရိယ" (Sigiriya) သို့မဟုတ် "ခြင်္သေ့ကျောက်ဆောင်" (Lion Rock) လို့ ခေါ်တဲ့ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုပါ။
ဒီလို အမြင့်ပေ ၆၆၀ ကျော်ရှိတဲ့ ကျောက်ဆောင်ကြီးပေါ်မှာ ဘယ်သူက ဘာကြောင့် သွားဆောက်တာလဲ❓
သမိုင်းကြောင်းက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။
အေဒီ ၅ ရာစုမှာ ကဿပ (Kashyapa) ဆိုတဲ့ မင်းသားက ထီးနန်းရချင်လို့ သူ့ရဲ့ ဖခင်အရင်းကို သတ်ပြီး နန်းလုခဲ့တယ်။ အဲဒီနောက်မှာ အိန္ဒိယကို ထွက်ပြေးသွားတဲ့ သူ့ရဲ့ ညီဖြစ်သူက စစ်တပ်နဲ့ ပြန်လာကလဲ့စားချေမှာကို ကြောက်တာကြောင့် ဘယ်သူမှ လွယ်လွယ်နဲ့ မတိုက်ခိုက်နိုင်မယ့် ဒီကျောက်ဆောင်ကြီးပေါ်မှာ ခံတပ်နဲ့ နန်းတော်ကြီးကို လာဆောက်ခဲ့တာပါ။
နောက်ဆုံးမှာတော့ ညီဖြစ်သူနဲ့ စစ်ပွဲဖြစ်ပြီး ရှုံးနိမ့်တဲ့အခါ ကဿပမင်းကြီးဟာ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။
ရာစုနှစ်ပေါင်းများစွာ တောဖုံးနေခဲ့ပြီးမှ ပြန်တွေ့ခဲ့တဲ့ ဒီနေရာဟာ အခုဆိုရင် ကမ္ဘာလှည့်ခရီးသွားတွေ မဖြစ်မနေသွားရတဲ့ နေရာတစ်ခု ဖြစ်နေပါပြီ။ ရှေးခေတ်လူတွေရဲ့ အင်ဂျင်နီယာအတတ်ပညာကတော့ တကယ့်ကို အံ့မခန်းပါပဲဗျာ။ 🙌 ✨
Lanka
Send a message to learn more