Ranong Colors Media

Ranong Colors Media Ranong Colors Media (was Ranong Thadin) is mainly focused on the right news, knowledge, skills, and services for the Burmese Migrant People in Thailand.

Create by a group of friends who are working with INGOs, Health Care programs, and CBOs.

30/01/2026

မိမိရဲ့ပညာရေးကိုတစ်ဆင့်မြှင့်ဖို့ အဆင်သင့်ဖြစ်နေပါပြီလား?

၂၀၂၇ ပညာသင်နှစ်အတွက်သြစတြေးလျပညာသင်ဆုလျှောက်လွှာများကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ခေါ်ယူပါမယ်။

ဘာကြောင့်လျှောက်ထားသင့်သလဲ?
• အဆင့်မြင့်ကျွမ်းကျင်မှုတွေနဲ့ ပညာဗဟုသုတတွေရရှိနိုင်ခြင်း။
• ဦးဆောင်သူတစ်ဦး၊ အပြောင်းအလဲဖော်ဆောင်သူတစ်ဦးအဖြစ် တိုးတက်လာနိုင်ခြင်း။
• နိုင်ငံတကာကျောင်းသူကျောင်းသားဟောင်းများကွန်ရက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာနိုင်ခြင်း။

ဘယ်သူတွေလျှောက်ထားနိုင်သလဲ?
• မြန်မာနိုင်ငံသားများ။
• မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်ပြန်လည်ပံ့ပိုးပါဝင်ရန် နှစ်မြှုပ်ထားသူများ။
• (ဝဘ်ဆိုဒ်တွင်‌ဖော်ပြထားသောအသေးစိတ်) လိုအပ်ချက်များနှင့် ပြည့်မီသူများ။

ဒီအခွင့်အရေးကိုလက်လွတ်မခံပဲ သြစတြေးလျမှာပညာသင်ယူချင်သောမိတ်ဆွေအ‌ပေါင်းအသင်းလုပ်ဖော်ကိုင်ဖက်တွေဆီကို မျှဝေလိုက်ပါ။

အသေးစိတ်ကို www.australiaawardsmyanmar.org မှာ ဝင်ရောက်လေ့လာပြီး ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်မတိုင်ခင် လျှောက်လွှာတင်ဖို့ဖိတ်ခေါ်ပါတယ်။

Are you ready to take your education to the next level?

Applications for Australia Awards Scholarships for study commencing in 2027 will open on 01 February!

Why apply?
• Gain advanced skills and knowledge
• Grow as a leader and changemaker
• Become part of a global alumni network

Who can apply?
• Myanmar citizens
• Committed to returning and contributing to Myanmar’s development
• Meet eligibility requirements (details on the website)

Don’t miss this opportunity. Share with friends and colleagues who dream of studying in Australia.

Visit www.australiaawardsmyanmar.org to learn more and submit your application before 30 April 2026.


29/01/2026

Daughters Rising Scholarship Application 2026 is open!
Our scholarships are awarded based on merit, need and potential positive impact a student’s degree and career can have to uplift others upon graduation.

ELIGIBILITY REQUIREMENTS
- Scholarships awarded to ethnic minority women from Myanmar or Thailand

- We support full and partial scholarships for students studying in Thailand and up to 10,000THB per month for living expenses for students studying in Thailand and Bangladesh.

- We prioritize students who are refugees, IDP’s, migrants, and those coming from underprivileged socioeconomic backgrounds.

- We prioritize students who want to use their education for good (for helping others in underprivileged communities)

- We prioritize the following fields of study:
- Mental Health & Psychology
- Development
- Conflict and Peace Studies
- Ecology and Environmental Sustainability
- Social Sciences
- Public Administration, Policy and Governance
- Education
- Public Health
- Communication Arts
- Law
- Journalism
- History and Cultural Studies

REQUIRED DOCUMENTS
- National ID / CI / 10 Years Thai ID as required by the intented university's admission
- Academic Reference Letter
- Acceptance letter *
*if not available at time of application submission must be submitted before scholarship announcement

OPTIONAL ADDITIONAL DOCUMENTS
- Passport
- Professional Reference Letter
- Academic, Professional, or other Leadership Achievements

APPLICATION ASSESSMENT
Applicants are assessed based on:
1. Applicant risk factors*
2. Thoughtful and unique responses to essay questions.

SELECTION PROCESS SCHEDULE
Application Deadline: February 20, 2026

Interviews Conducted: March 20-April 15, 2026

Scholarship Awards Announced: May 5, 2026

Online Application Form: https://daughtersrising.org/scholarship-application
For Thai Program Applicants, please click the link written in Thai.
สำหรับผู้สมัครเข้าร่วมโครงการชาวไทย กรุณาคลิกลิงก์ที่เขียนเป็นภาษาไทย

For Questions, please email at [email protected]

27/01/2026
ထိုင်းစာ ထိုင်းစကားပြောသင်ယူချင်သော ရွှေ့ပြောင်းအလုပ်သမားများအတွက်
09/01/2026

ထိုင်းစာ ထိုင်းစကားပြောသင်ယူချင်သော ရွှေ့ပြောင်းအလုပ်သမားများအတွက်

English Below 👇

ရွှေ့ပြောင်းအလုပ်သမားများအတွက် အခြေခံထိုင်းစကားပြောနှင့် ထိုင်းစာ အခမဲ့သင်ကြားပေးခြင်းအစီအစဥ် 📚👩‍🏫
Future Light Network မှပြန်လည်ကြိုဆိုလိုက်ပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် မိမိရဲ့အလုပ်အားချိန်ဖြစ်သည့် ညပိုင်းအချိန်တွင် (အွန်လိုင်းဖြင့်) အခြေခံထိုင်းစာနှင့် ထိုင်းစကားပြောလေ့လာနိုင်အောင် ကျွန်ုပ်တို့ Future Light Network စီစဥ်ထားပေးပါသည်။ အသေးစိတ်အချက်အလက်များကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။ 👇

1️⃣လျှောက်လွှာပိတ်မည့်ရက်: ၂၀.၁.၂၀၂၆
2️⃣သင်တန်းစတင်မည့်ရက်: ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (ရက်အတိအကျကို ထပ်မံကြေငြာပါမည်)
3️⃣ ကြာချိန်: ၆ ပတ် (တစ်ပတ်လျှင် ၂ ရက်။ တစ်တန်းလျှင် ၁ နာရီနှင့် မိနစ် ၃၀ ၊ ညအချိန် (အချိန်ကို ထပ်မံကြေငြာပါမည်)
4️⃣အဓိကဦးစားပေးမည့်လူအုပ်စု : ရွှေ့ပြောင်းအလုပ်သမားများ
5️⃣အသက်ကန့်သတ်ချက်: ၁၈ နှစ်မှ ၄၀ နှစ်အထိ
6️⃣ သင်တန်းအသေးစိတ် - အခြေခံအဆင့်၊ စာဖတ်ခြင်း၊ ရေးသားခြင်း၊ စကားပြောခြင်းအတွက်)
7️⃣လူဦးရေကန့်သတ်ချက်: ၁၅ ဦး
စိတ်ဝင်စားပါက အောက်ပါ link ကိုနှိပ်၍ စာရင်းသွင်းနိုင်ပါသည်။
https://forms.gle/bfFg6BSZ1KDvUhGs5

ဖောင်ဖြည့်ရန်အခက်အခဲရှိပါက messenger ကိုဆက်သွယ်ပါ

မှတ်ချက်။ ရွှေ့ပြောင်းအလုပ်သမားအဖြစ်အလုပ်လုပ်နေသူများအား ဦးစားပေးသွားမှာဖြစ်ပြီး အောင်မြင်သော လျှောက်ထားသူများကိုသာ ဆက်သွယ်မည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။

Basic Thai Speaking and Thai Language Program for Migrant Workers 📚👩‍🏫
Welcome back to Future Light Network.
We have a program for Myanmar migrant workers to learn basic Thai and the Thai language (Online). Read more for details. 👇

1️⃣Application deadline: 20.1.2026
2️⃣Course start date: February 2025 (exact date to be announced)
3️⃣Duration: 6 weeks (2 days per week. 1 hour and 30 minutes per class, nighttime (time to be announced)
4️⃣Priority target group: Migrant workers
5️⃣Age limit: 18 to 40 years old
6️⃣ Course details - Basic level, for reading, writing, speaking)
7️⃣Available seat : 15 people
If you are interested, please click the link below to register. https://forms.gle/bfFg6BSZ1KDvUhGs5
Note: Priority will be given to those working as migrant workers and only successful applicants will be contacted.

ဟတ်ယိုင် ရေလွှမ်းမိုးမှု အခြေအနေ စိုးရိမ်ရဆဲ၊ ရေစီးသန်သဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ အခက်တွေ့၊ ယနေ့နံနက်ပိုင်းတွင် ရေအမှတ်...
25/11/2025

ဟတ်ယိုင် ရေလွှမ်းမိုးမှု အခြေအနေ စိုးရိမ်ရဆဲ၊ ရေစီးသန်သဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ အခက်တွေ့၊ ယနေ့နံနက်ပိုင်းတွင် ရေအမှတ် ၁.၄၅ မီတာအထိ အမြင့်ဆုံး ရောက်ရှိနိုင်ဟု ခန့်မှန်း (25.Nov. 2025)

ယနေ့ (နိုဝင်ဘာ ၂၅) ဆုံခလာခရိုင်၊ ဟတ်ယိုင် မြို့တော်စည်ပင်သာယာနယ်နိမိတ်နှင့် အနီးတစ်ဝိုက် ရှိဒေသများတွင် ရေလွှမ်းမိုးမှု အခြေအနေများသည် စိုးရိမ်ရသည့် အဆင့်တွင် ရှိနေဆဲဖြစ်သည်။ နေရာအများအပြားတွင် ရေကြီးပြီး ရေစီးသန်နေသဖြင့် နေအိမ်များနှင့် အထပ်မြင့် အဆောက်အအုံများအတွင်း ပိတ်မိနေသည့် ပြည်သူများကို ဝင်ရောက်ကူညီရန် ခက်ခဲလျက်ရှိသည်။ ကယ်ဆယ်ရေး ဝန်ထမ်းများအနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အထူးသတိပြု၍ လုပ်ဆောင်နေရပြီး ဒေသခံ အချို့မှာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရန်နှင့် အရေးပေါ် အကူအညီများကို စောင့်မျှော်နေကြဆဲ ဖြစ်သည်။

ဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးရေး ဦးစီးဌာန (DDPM) က အခြေအနေကို သုံးသပ်ပြီး ခန့်မှန်းချက် ထုတ်ပြန်ရာတွင် ရေလွှမ်းမိုးသည့် ဧရိယာများ၌ ရေအမှတ်သည် ၁.၂၅ မှ ၁.၄၅ မီတာခန့်အထိ အမြင့်ဆုံး မြင့်တက်လာနိုင်ကြောင်းနှင့် ယနေ့နံနက် ဝ၆:၀၀ နာရီခန့်တွင် ရေအမှတ် အမြင့်ဆုံးသို့ ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။ ထို့ပြင် အန္တရာယ်ရှိသောဒေသများမှ ပြည်သူများ အနေဖြင့် အစိုးရ ဌာနဆိုင်ရာများ၏ ကြေညာချက်များကို အနီးကပ် စောင့်ကြည့်ရန်နှင့် အရေးပေါ် အခြေအနေများကို ရင်ဆိုင်ရန် ပြင်ဆင်ထားကြပါရန် သတိပေးထားသည်။

တချိန်တည်းမှာပင် သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများက လှေအပြားများ၊ ကားအမြင့်များနှင့် ကယ်ဆယ်ရေး ပစ္စည်းကိရိယာများကို အသုံးပြုကာ အင်အားဖြည့်တင်းလျက် ရှိသည်။ ရေစီးသန်ခြင်းနှင့် နေရာအများအပြားတွင် လမ်းကြောင်းများ ပြတ်တောက်နေခြင်း စသည့် အကန့်အသတ်များ ရှိနေသော်လည်း ရေဘေးသင့် ပြည်သူများကို ကူညီရန်
အဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။

Reference:TheStandarNews
Photo credit: The Standard + Thai News Pix

Ranong Colors Media

🙏အားလုံးဘေးကင်းကြပါစေ 🙏

(Dates: 24.11.2025)ထိုင်းနိုင်ငံ တောင်ပိုင်းရေကြီးမှုကြောင့် ခရိုင် ၁၀ ခုရှိ လူဦးရေ ၂ သန်းနီးပါး ရေဘေးသင့်ဘေးအန္တရာယ် ကာ...
24/11/2025

(Dates: 24.11.2025)

ထိုင်းနိုင်ငံ တောင်ပိုင်းရေကြီးမှုကြောင့် ခရိုင် ၁၀ ခုရှိ လူဦးရေ ၂ သန်းနီးပါး ရေဘေးသင့်

ဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးသက်သာစေရေး ဦးစီးဌာန (The Department of Disaster and Mitigation) မှ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ထိုင်းနိုင်ငံတောင်ပိုင်း ရေကြီးမှုအခြေအနေကို ထုတ်ပြန်ခဲ့သည်။ လက်ရှိအချိန် တွင် ရေကြီးမှုသည် တောင်ပိုင်းရှိ မြို့နယ် ၁၀ ခုဖြစ်သော စုရာ့ဌာနီ (Surat Thani)၊ ကရာဘီ (Krabi)၊ နခွန်စီထမရတ် (Nakhon Si Thammarat)၊ တရန်း (Trang)၊ ဖတ်ထလွန်း (Phatthalung)၊ စတွန်း (Satun)၊ ဆောင်ခလာ (Songkhla)၊ ပတ္တာနီ (Pattani)၊ ယလာ (Yala) နှင့် နရာသီဝပ် (Narathiwat) တို့ရှိ ခရိုင် ၉၂ ခု၊ တိုက်နယ် (ခရိုင်ခွဲ) ၅၈၁ ခုနှင့် ကျေးရွာပေါင်း ၄,၁၄၆ ရွာကို ထိခိုက်စေလျက်ရှိသည်။ စုစုပေါင်း အိမ်ထောင်စု ၇၁၉,၈၅၈ စု (လူဦးရေ ၁,၉၁၇,၅၂၁ ဦး) ဘေးသင့်ခဲ့ပြီး လက်ရှိတွင်လည်း ရေမျက်နှာပြင် မြင့်တက်
လျက်ရှိဆဲဖြစ်သည်။

တစ်ချိန်တည်းမှာပင် ထိုင်းနိုင်ငံ၏ မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင်လည်း ရေကြီးခြင်းနှင့် မြစ်ရေလျှံခြင်းများကြောင့် ဖစ်ဆနုလုခ် (Phitsanulok)၊ နခွန်စဝမ် (Nakhon Sawan)၊ ဥထိုင်းဌာနီ (Uthai Thani)၊ ဆင်ဘူရီ (Sing Buri)၊ ချိုင်းနတ် (Chai Nat)၊ အန်ထောင်း (Ang Thong)၊ ဆုဖန်ဘူရီ (Suphan Buri)၊ အယုဒ္ဓယ (Phra Nakhon Si Ayutthaya)၊ ပထုန်ဌာနီ (Pathum Thani)၊ နွန်ထဘူရီ (Nonthaburi) နှင့် နခွန်ပထုန် (Nakhon Pathom) စသည့် မြို့နယ် ၁၁ ခု ဆက်လက် ထိခိုက်လျက်ရှိသည်။ ၎င်းမြို့နယ်များတွင်ရှိသော ခရိုင် ၄၉ ခု၊ တိုက်နယ် (ခရိုင်ခွဲ) ၄၄၁ ခုနှင့် ကျေးရွာ ၂,၉၀၂ ရွာ ပါဝင်ပြီး စုစုပေါင်း အိမ်ထောင်စု ၁၄၄,၃၂၇ စု (လူဦးရေ ၄၈၇,၂၅၅ ဦး) ထိခိုက်ခဲ့ပြီး ရေမျက်နှာပြင်မှာ ယေဘုယျအားဖြင့် ပြန်လည် ကျဆင်းလျက်ရှိသည်။

အထက်ပါအစိုးရဌာနအနေဖြင့် အခြေအနေများ ပုံမှန်ပြန်ဖြစ်သည်အထိ ဆက်လက်စောင့်ကြည့်ကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်သွားမည်ဖြသ်သည်ဟု ထုတ်ပြန်ထားပါသည်။

🙏အထက်ပါမြို့များရှိ မြန်မာရွေ့ပြောင်းအလုပ်သမားများ အထူးဂရုစိုက်ကြပါ အားလုံးဘေးကင်းကြပါစေဗျ🙏

Dates: 24.11.2025

Ranong Colors Media

Reference: Khaosod English, Additional sources: Bangkok Post

Photo Credit: Khaosod English, Bangkok Post

20/11/2025

OPEN APPLICATION

အခမဲ့ ထိုင်းဘာသာစကား အွန်လိုင်း သင်တန်းဖွင့်လှစ် ပါပြီ။
Suwannimit Foundation ( SNF ) မှဖွင့်လှစ်ပေးလျှက် ရှိသောထိုင်းဘာသာစကား အွန်လိုင်းသင်တန်းကို ဘာသာစကား အခက်အခဲကိုအမှန်တကယ် ပြောင်းလဲချင်စိတ်ရှိသူများအတွက် ထပ်မှန်ဖွင့်လှစ်ပေးနေပါပြီ။ ယခုတစ်ခါမှာတော့ လေ့လာမည့်သူများအတွက်

🔹 စကားပြောသီးသန့် အတန်းခွဲ နှင့်
🔹 အခြေခံ အရေး၊ အဖတ်နှင့်စကားပြောဆို သည့် အတန်းခွဲ နှစ်ခုအားဖွင့်လှစ်ထားပါသည်။

⏰ အတန်းချိန်များ:
တစ်ပတ်လျှင် ၃ ရက်သင်ယူရပါမည်။

တက်ရမယ့် နေ့ရက်၏ ညနေ 6:00 PM – 9:00 PM ( ၃ နာရီ (သို့မဟုတ်) ၂ နာရီမျှ) အတန်းတွင်းတိုင်ပင်ဆွေးနွေးကာ တက်ရောက်နိုင်ပါသည်။
နှစ်မျိုးလုံးမှာ ၇၅ နာရီစာ သင်ရိုးများအပါ် အခြေခံထားပါသည်။

✔ သိသင့်သည့် အချက်အလက်များ

📅 လျှောက်လွှာ ပိတ်ရက်မှာ : 24 November 2025

👉 အချက်လက်များအား ပြည့်စုံစွာ ဖော်ပြထားပြီးဖြစ်သည့်အတွက် လျှောက်ထားသူများအနေဖြင့် အလေးနက်ထား ဆုံးဖြတ်ကာလျှောက်ရန် မေတ္တာရပ်ခံအပ်ပါသည်။ မိမိအနေဖြင့် ၇၅ နာရီစာ သင်ရိုးအား ပြီးမြှောက်သည်ထိမတက်ရောက်နိုင်ပါကမလျှောက်ထားရန် ကြိုတင်မေတ္တာရပ်ခံပါသည်။

✨ပြီးဆုံးသည် အထိ တက်ရန်ယုံကြည်သူများ အောက်ပါလင့်မှာ ဖောင်ဖြည့်နိုင်ပါသည်။
Link : https://forms.gle/tNRFmUaLiqBxBSjGA

ထိုင်းနိုင်ငံ ဆေးဝါးနှင့်အစားအသောက်အာဏာပိုင်အဖွဲ့ (Thai FDA) မှ Hong Thai Herbal Inhaler (Formula 2) တံဆိပ်နှင့် ရှူဆေးသ...
28/10/2025

ထိုင်းနိုင်ငံ ဆေးဝါးနှင့်အစားအသောက်အာဏာပိုင်အဖွဲ့ (Thai FDA) မှ Hong Thai Herbal Inhaler (Formula 2) တံဆိပ်နှင့် ရှူဆေးသည် microbial contamination tests စစ်ဆေးရာတွင် စံနှုန်းကျော်လွန်သော ဘက်တီးရီးယားနှင့် မှိုများ အလွန်ကျွံပါဝင်နေသည်ကို ထုတ်ပြန်သတိပေးခဲ့သည်။

ထိုထုတ်ကုန်သည် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ စံနှုန်းများကို ချိုးဖောက်ထားပြီး ထိုင်း ဆေးဖက်ဝင်အပင်ထုတ်ကုန် ဥပဒေအရ စံမီသောဆေးဖက်ဝင်အပင်ထုတ်ကုန် မဟုတ်ကြောင်းထုတ်ပြန်လာပါသည်။ ထိုကြောင့်လက်ရှိအသုံးပြုနေသူများအနေ့ ဖြင့် သတိပြုရန် သတိပေးထုတ်ပြန်ကြေငြာထားခြင်းဖြစ်သည်။ အားလုံးသတိပြုရန်အတွက်ရည်ရွယ်၍ဖော်ပြရခြင်းဖြစ်ပါသည်။

အောက်တွင်ဖော်ပြထားသောအချက်အလက်များဖြင့်တိုက်စစ်နိုင်ပါသည်။

Notes: ยาดมผสมสมุนไพร ตราหงส์ไทย สูตร 2 เลขทะเบียนที่ G 309/62 สถานที่ผลิต หงส์ไทยพาณิชย์ เลขที่ 434 ถนนพุทธมณฑลสาย 2 แขวงบางไผ่ เขตบางแค กรุงเทพมหานคร 10160 รุ่นการผลิต 000332 วันที่ผลิต 9 ธันวาคม 2567 วันที่สิ้นอายุ 8 ธันวาคม 2570 ให้ประชาชนรับทราบ

Ranong Colors Media

References- The Nation Thailand, thestandarth.ig
Photo credit: The Nation Thailand

https://www.facebook.com/share/p/14QfnL7j4XN/?mibextid=wwXIfr

https://www.instagram.com/p/DQWQdK6jez3/?igsh=aHI0b3l6NmZkcDBo

14/10/2025

👩‍🎓2025 ခုနှစ်တွင် ထိုင်းနိုင်ငံရှိပညာသင်ဆုများပေးဆောင်သည့် တက္ကသိုလ်များနှင့် အဖွဲ့အစည်းများစာရင်း 🧑‍🎓

✨✨Future Light Network မှပြန်လည်ကြိုဆိုလိုက်ပါတယ်။
ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ခေါင်းစဥ်လေးကတော့ 2025 ခုနှစ်တွင် ထိုင်းနိုင်ငံရှိဘွဲ့ကြိုပရိုဂရမ်များအတွက် အပြည့်အဝနှင့် တစ်စိတ်တစ်ပိုင်း ပညာသင်ဆုများကို ပေးဆောင်သည့် တက္ကသိုလ်များ နှင့် အဖွဲ့အစည်းများ စာရင်းဖြစ်ပါသည်။
အချိန်‌ပေး၍ အောက်ပါ link များကိုဝင်‌ရောက် လေ့လာနိုင်ပါသည်။
အဆင့်မြင့်ပညာရေးကို ဆွတ်ခူးနိုင်သည့် လူငယ်များ ပိုမိုများပြားအောင်
Future Light Network မှ ဆက်လက် ဦးဆောင် လမ်းပြပေးသွားမည်ဖြစ်ပါသည်။

🎓ဘွဲ့ကြိုပရိုဂရမ်များအတွက် အပြည့်အဝနှင့် တစ်စိတ်တစ်ပိုင်း ပညာသင်ဆုများကို ပေးဆောင်သည့် ထိုင်းနိုင်ငံရှိတက္ကသိုလ်များ
1. Chularlongkorn University
https://www.chula.ac.th/en/academics/admissions/scholarships/

2. Mahidol University
https://muic.mahidol.ac.th/eng/student-life/student-services/financial-support-scholarship/muic-scholarships/

3. Suranaree University
https://interadmission.sut.ac.th/scholarship/

4. Rangsit University
https://rsuip.org/admissions/scholarships/

5. Asia-Pacific International University
https://www.apiu.edu/financial-information/scholarships/

🎓ဘွဲ့ကြိုပရိုဂရမ်များအတွက် အပြည့်အဝနှင့် တစ်စိတ်တစ်ပိုင်း ပညာသင်ဆုများကို ပေးဆောင်သည့် အဖွဲ့အစည်းများ
List of organizations providing full and partial scholarships to Myanmar students in 2025

1. Daughter Rising (Full and Partial scholarship)
https://daughtersrising.org/scholarship-application/

2. Prospect Burma (Partial scholarship)
https://www.prospectburma.org/higher-education-scholarships

3. Child’s Dream (Full scholarship)
https://childsdream.org/projects-categories/higher-education/university-scholarships/

4. Wells Mountain Initiative (Partial scholarship)
https://www.wellsmountaininitiative.org/prospective-scholars/

5. I-Care (Fixed amount)
https://www.facebook.com/iCareTH?mibextid=wwXIfr&rdid=YfOR2ioSyPTgMDjp&share_url=https%3A%2F%2Fwww.facebook.com%2Fshare%2F1Dbnt3pf1K%2F%3Fmibextid%3DwwXIfr

Contact of I-Care
Contact information
Naw Pa Saw Paw Khu (Project Coordinator)
- Line ID: pasawpawkhu
- Email: [email protected]

ที่อยู่

Ranong, Thailand
Ranong
85000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ranong Colors Mediaผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Ranong Colors Media:

แชร์

ประเภท