SI THU Entertainment

SI THU Entertainment ဟာသ၊ ရသ၊ ဗဟုသုတ Video အတိုလေးတွေကို နေ့စဉ်တင်ဆက်ပေးပါမည်။

07/09/2025

ဘဝမှာ အရမ်းခက်ခဲလာတဲ့အခါ~
၁။ လမ်းလျှောက်ပါ
လမ်းလျှောက်ခြင်းက စိတ်ကိုကြည်လင်စေတယ်။

၂။ အနားယူပါ
ကိုယ်လုပ်ချင်တာတွေကို လုပ်ဖို့အတွက် တစ်နေ့တာ အနားယူလိုက်ပါ။

၃။ ရက်ရောပါ
သူစိမ်းတစ်ယောက်ကို တစ်ခုခုပေးပါ ။ ပေးကမ်းခြင်းတွေဟာ မိမိရဲ့ စိတ်အတွင်းပိုင်းထဲထိ နွေးထွေးစေပါတယ် ။

၄။ တစ်ယောက်တည်း အထီးကျန်တာတွေ မဖြစ်အောင် ကော်ဖီဆိုင်၊ ဒါမှမဟုတ် လူရှုပ်တဲ့လမ်းမှာထိုင်ပြီး မိမိရဲ့ပတ်ဝန်းကျင်ထဲမှာ နှစ်မြုပ်လိုက်ပါ။ လူတွေနဲ့စကားပြောစရာမလိုဘူး။

၅။ လေ့လာပါ
မိမိတွေ့ကြုံနေရတဲ့အရာကို ရှာဖွေပါ။ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့ အသိပညာ နဲ့ အရင်းအမြစ်တွေကို ရှာဖွေလေ့လာပါ။

၆။ ကြိုတင်ပြင်ဆင်ပါ
တစ်နေ့တာလုပ်ဆောင်ရမည့် စာရင်းကို ညကတည်းက ချရေးထားပြီး ပြင်ဆင်ထားပါ။

၇။ အားသာချက်များ
မိမိမှာ အားနည်းချက်ပဲရှိနေတာ မဟုတ်ပါဘူး။ အားသာချက်တွေလည်း ရှိတယ်ဆိုတာ သတိရအောင် အားသာ ချက် အချက် ၂၀ စာရင်းကို ချရေးပါ။

၈။ ရှေ့ကိုဆက်သွားပါ
ဘာပဲဖြစ်ဖြစ် သေးငယ်တဲ့ ခြေလှမ်းတွေကို ဆက်လှမ်းပါ ။ ဘာမှမလုပ်ဘဲ ငြိမ်နေခြင်းသည် ခက်ခဲတာတွေကို ပိုတွေးမိစေပါတယ်။

၉။ ဟင်းချက်တာ၊ ဓာတ်ပုံရိုက်တာလိုမျိုး ဝါသနာဟောင်းတစ်ခုကို ပြန်လုပ်ပါ။ တစ်ခုမှမရှိလျှင် တစ်ခုခု ဖန်တီးပါ။

၁၀။ ဦးစားပေးပါ
အရေးကြီးတာတွေကို အခုပဲ ဆုံးဖြတ်ပြီး လုပ်ပါ။
မလိုအပ်တဲ့ အပိုအလုပ်တွေကို ငြင်းဆိုပါ။

၁၁။ စိတ်ကြည်အောင် အိပ်ရေးဝဝအိပ်ပါ
ညတိုင်း ခုနှစ်နာရီကနေ ကိုးနာရီကြာအောင် အိပ်စက်အနားယူပါ။

၁၂။ ရူးသွပ်ပါ
ငယ်ငယ်က လုပ်ချင်ခဲ့တဲ့ အလုပ်တစ်ခုခုကို လုပ်ပါ ။ ဘဝကို အရမ်းအလေးအနက် မထားပါနဲ့။

၁၃။ ငိုခပှါ
စိတ်ညစ်နေတဲ့ စိတ်ခံစားချက် အားလုံးကို လွှတ်ပေးလိုက်ပါ ။ ပိုကောင်းလာမယ်။

၁၄။ သင့်ကိုယ်သင် ပြောဆိုမှုတွေကို စစ်ဆေးပါ
မိမိကိုယ်ကို အပျက် သဘောဆောင်တဲ့ ပြောဆိုမှုတွေကိုရှောင်ပါ။

၁၅။ ချရေးပါ
စိတ်ခံစားချက်တွေကို ချရေးတဲ့ အလေ့အထကို မွေးမြူပါ ။ ဒါက သင့်စိတ်ကို လွတ်မြောက်အောင် ကူညီပေးပါလိမ့်မယ်။

၁၆။ ဘဝသည် ခရီးတစ်ခုဖြစ်ကြောင်း သင့်ကိုယ်သင်သတိပေးပါ ။ အခုကြုံတွေ့နေရတဲ့ အခက်အခဲတွေဟာ ယာယီဖြစ်ပြီး ပြီးဆုံးသွားမှာဖြစ်ကြောင်း သတိပေးပါ။ အခုအချိန်မှာ ဘဝက ခက်ခဲနေရင် အထက်ပါ အချက်လေး တွေကို လုပ်ကြည့်ပါ။

Credit to Original Writer 📝

စက်တင်ဘာလ ၇ ရက်နေ့ မြန်မာစံတော်ချိန် ည ၉ နာရီ ၅၈ မိနစ်မှာ စ၍ နံနက် ၂ နာရီ ၂၂ မိနစ်အထိ လကြတ်မှာဖြစ်ပါတယ် 🌘၎င်း နေ့တွင် လသ...
05/09/2025

စက်တင်ဘာလ ၇ ရက်နေ့ မြန်မာစံတော်ချိန် ည ၉ နာရီ ၅၈ မိနစ်မှာ စ၍ နံနက် ၂ နာရီ ၂၂ မိနစ်အထိ လကြတ်မှာဖြစ်ပါတယ် 🌘

၎င်း နေ့တွင် လသည် ကမ္ဘာနှင့် နီးကပ်လာမှာဖြစ်သည့်အတွက် ဒီရေတက်ခြင်း မြေငလျင်လှုပ်ရှားခြင်း များဖြစ်ပေါ်နိုင်ပါတယ်။ မြန်မာနိုင်ငံသူ/ နိုင်ငံသားများ ဘေးရန်ကင်းရှင်းကြပါစေ။ 🙏🙏🙏

#မြန်မာ #လကြတ်

”Kpay များ လူပါးဝချင်တိုင်းဝလို့မရအောင် ဒါတွေသိထားပါ” ှင့်_စပ်လျဥ်း၍_မျှဝေခြင်းဖြစ်သည်။ #လူမှုကွန်ရက်စာမျက်နှာထက်တွင်_မက...
03/09/2025

”Kpay များ လူပါးဝချင်တိုင်းဝလို့မရအောင် ဒါတွေသိထားပါ”

ှင့်_စပ်လျဥ်း၍_မျှဝေခြင်းဖြစ်သည်။

#လူမှုကွန်ရက်စာမျက်နှာထက်တွင်_မကြာခဏ_kpay_အကောင့်ပိတ်ခံရခြင်း_အဟတ်ခံရခြင်း_မသမာသူနှင့်စပ်ယှက်ခြင်းဟူ၍ အကောင့်ယာယီရပ်ဆိုင်းခံရခြင်းများ ကြားသိ၊ မြင်နေရပါသည်။

#သို့သော်_မထင်ဆုံမှတ်_စာရေးသူကိုယ်တိုင်_၁၄_၇_၂၀၂၅တွင်_အကောင့်ယာယီရပ်ဆိုင်းခံရသည်။

#မည်သည့်အတွက်ကြောင့်ဟူသော_မေးခွန်း_kpayCallCenterသို့_ထုတ်မေးလိုက်သည်။

#မသမာသူနှင့်စပ်ယှက်မိထားခြင်းကြောင့်_လူကြီးမင်း_အကောင့်ကို_ခေတ္တစစ်ဆေးနေခြင်းသာဖြစ်ပါသည်။

#ဆယ်ရက်သာကြာမည်ဟု_KpayCallCenterပြောဆိုခဲ့သည်။

#စာရေးသူနားမရှင်း၍ မသမာသူဆိုတာ ဘယ်သူလဲ ဘယ်ကလဲ မေးခွန်းထုတ်လိုက်သည်။

#လူကြီးမင်းအကောင့်ထဲကို_မသမာသူတစ်ဦးက_၁၀၀ကျပ်လွှဲထားလို့_ခေတ္တစစ်ဆေးနေတာပါဆိုသည်။

#မူလပထမ_၁၀၀ကျပ်ဆိုသည်ကို_နားမရှင်း၍ ရိုးရိုးမြန်မာငွေတစ်ရာလား_ကျပ်သိန်း၁၀၀လား မေးလိုက်မိသည်။

#ရိုးရိုးမြန်မာငွေ၁၀၀ကျပ်ပါဟု_ဖြေဆိုသည်။

#စာရေးသူက_စကားပြောလျှင်_ပြတ်သားသူမို့_၁၀၀ကျပ်လွှဲထားတယ်ဆိုရင်_ကျွန်တော့်အကောင့်ထဲက_ #၁၀၀၀ကျပ်ပြန်နှုတ်ယူလိုက်ဗျာဆိုလိုက်သည်။

#ဆိုတော့ကာ_ဇူလိုင်၁၄ရက်မှ_ဇူလိုင်၂၅ရက်ထိ_စာရေးသူအကောင့်_လုံးဝပြန်မပွင့်လာခဲ့ချေ။

#ထိုနေ့ရက်_အလွန်တွင်_နှစ်ရက်တစ်ကြိမ်_စာရေးသူ_KpayCallCenterသို့ဆက်သွယ်မေးမြန်းလျက်ရှိခဲ့ပါသည်။

#သြဂုတ်လ_၂၅ရက်နေ့ထိတိုင်_မိမိအကောင့်လုံးဝပြန်မဖွင့်ပေးခဲ့ချေ။

#ထိုနေ့တွင်_စာရေးသူတို့_ရသစာစဥ်အဖွဲ့၏ ဥပဒေအဖွဲ့နှင့်စကားလက်ဆုံးရင်း ပြောဆိုမိခဲ့သည်။

#မိမိတို့ရသစာစဥ်_ဥပဒေအဖွဲ့ကလည်း_ဆရာဘာလုပ်ချင်လဲ_မေးခွန်းထုတ်လာသည်။

#ကျွန်တော်ဘယ်လိုလုပ်ရင်ကောင်းမလဲ_တိုင်ပင်ကြည့်ရာ_

#လွယ်ပါတယ်ဆရာရယ်_တစ်ပါးသူ၏ ငွေကြေးကို မတရားသဖြင့် သိမ်းဆည်းခြင်း ဥပဒေနှင့် Kpay Call Center ကို တရားစွဲလိုက်လို့ရပါသည်ဟုပြောသည်။

#မိမိတွင်_အလုပ်များသဖြင့်_ထိုသို့တရားရုံးရေးရာများ_မဆောင်ရွက်ချင်ဟုဆိုလိုက်မိသည်။

#ဆရာရယ်_လွယ်တာကို_ခက်နေပြန်ပြီ_general_powerလွှဲပေးပါတဲ့။

#ကျွန်တော်မလုပ်တတ်ဘူးဆိုပြန်တော့_ခဏဆရာဟုဆိုပြီး_ချက်ချင်းပင်_ပြေးလွှားကာ_စာချုပ်generalတွင် #လက်မှတ်ထိုးခိုင်းသည်။

#အပေါ်တွင်_မိမိဖုန်းနံပါတ်_အကောင့်Name_ငွေအမောက်_နေရပ်လိပ်စာ_အကောင့်ယာယီရပ်ဆိုင်းခံရသည့်နေ့စွဲ_စသည့် အချက်အလက်များဖြည့်ကာ ကျောက်တံတရားမြို့နယ် Kpay Call Center အား လိပ်မူ၍ မိမိဥပဒေအဖွဲ့မှ နို့တစ်ပို့ပြီး_ ဗဟိုတရားရုံးသို့_မိတ္တူပေးပို့လိုက်သည်။

#သိပ်မကြာပင်_တစ်ရက်ကျော်ကြာ_ညနေခင်းတွင်_စာရေးသူထံ_KpayCallCenter_မှဖုန်းဆက်သွယ်လာသည်။

#လူကြီးမင်း_________လားပေါ့_ကျွန်မတို့_kpayCallCenterမှ_အမည်နာမည်များရွတ်ဆိုပြီး_လူကြီးမင်းအကောင့် #ယာယီရပ်ဆိုင်းခံရချိန်_ကြာမြှင့်သွားခဲ့သည့်အတွက်_အနူးအညွတ်တောင်းပန်ပါတယ်_ဘာညာသရာကာလာပြန်သည်။

#အဆုံးမှာ_လူကြီးမင်းပေးပို့လာတဲ့_နို့တစ်လက်ခံရရှိခဲ့ပါတယ်ပေါ့

#အဲဒီတော့_စာရေးသူလဲ_တစ်ခွန်းပဲပြောလိုက်ပါတယ်_ကျွန်တော့်ကို_တောင်းပန်ချင်ရင်_နို့တစ်ပို့လာတဲ့_ ိုယ်စားလှယ်တွေဆီနှင့်ဗဟိုတရားရုံးကို_ပေးပို့လိုက်ပါ။ ပြန်ရုပ်သိမ်းပေးမယ် ပြောလိုက်တယ်။

လူကြီးမင်းအကောင့်ကို အခု ၁၅ မိနစ်ကြာရင် ပြန်ဖွင့်ပေးလိုက်ပါမယ်ဆိုတယ်။

ခဏအကြာတွင်_မူလအတိုင်း_ငွေအမောက်နှင့်လုပ်ငန်းများ ပြန်လည် အသုံးပြုရခဲ့သည်။

စာရေးသူ ပြောချင်တာ မလိုအပ်လျှင် မိမိဘက်မှ မည်သည့်အရာဝတ္ထုရှိသည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

Credit

🚨ဒီအယုတ်တမာကောင်ကိုဖမ်းမိပြီလား? Mandalay ၁. ဒီကောင်ဟာ အမျိုးသမီးတွေအိပ်နေစဉ်ဖုန်းတွေကိုခိုးယူသွားပါတယ် ၂. အဲ့ဒီကောင်ရဲ့...
02/09/2025

🚨ဒီအယုတ်တမာကောင်ကိုဖမ်းမိပြီလား? Mandalay

၁. ဒီကောင်ဟာ အမျိုးသမီးတွေအိပ်နေစဉ်ဖုန်းတွေကိုခိုးယူသွားပါတယ်

၂. အဲ့ဒီကောင်ရဲ့လက်ထဲမှာလည်း ဓားကိုကိုင်ထားပြီး တကယ်လို့သာ အမျိုးသမီးတစ်ဉီးဦးကိုထိုးခဲ့မယ်ဆိုရင်မတွေးရဲစရာပါပဲ

၃. ပြီးတော့ အဲ့ဒီကောင်ဟာ အမျိုးသမီးများအိမ်နေစဉ် အဝေးကနေ မဖွယ်မရာပြုလုပ်သေးတယ် ဒီပုံတွေအောက်က ကောမန့်တွေမှာတွေ့နိုင်ပါတယ်

၄. ဒီဖြစ်စဉ်ကို လူအများစုကရယ်စရာတစ်ခုလို့ထင်ပြီး ပြောဆိုနေကြသေးတယ်

၅. တကယ်လို့သာ အဲ့နေရာမှာသူတို့မိသားစုဝင်တွေသာဆိုဘယ်လိုနေမလဲ လှောင်ပြောင်ရယ်မောနေမလား

၆. ဒီဖြစ်စဉ်ဟာလုံးဝရယ်စရာမဟုတ်သလို လှောင်ပြောင်လို့ရတဲ့ဟာလည်းမဟုတ်ပါဘူး
ဒီဖြစ်စဉ်ဟာတော်တော်ယုတ်ညံံ့ပြီးရွံစရာပါ အဲ့တာကို လှောင်ရယ်စရာလို့သတ်မှတ်တဲ့လူတွေက ဒီပုတ်ထဲက ဒီပဲပါပဲ

📝 Credit to: Original Writer

ထိုင်းမှာ နေတုန်းကကျွန်တော်တို့နယ်ရဲ့လူကြီးတော်တော်များများရဲ့ကားတွေကို ပြင်ပေးရတယ်...ပြည်နယ်အုပ်ချုပ်ရေးမှူး...ခရိုင်ရဲ...
28/08/2025

ထိုင်းမှာ နေတုန်းက
ကျွန်တော်တို့နယ်ရဲ့
လူကြီးတော်တော်များများ
ရဲ့ကားတွေကို ပြင်ပေးရတယ်...

ပြည်နယ်အုပ်ချုပ်ရေးမှူး...
ခရိုင်ရဲမင်းကြီး...
ခရိုင်ရဲထောက်လှမ်းရေး
ခေါင်းဆောင်...
မြို့နယ် အုပ်ချုပ်ရေးမှူး...
မြို့နယ်ရဲစခန်းမှူး...
နယ်ခြားစောင့်တပ်ရဲ့
တပ်မှူး...
ထိုင်းစစ်တပ်က ကားတွေ...
အခြားဌာနဆိုင်ရာတွေရောပေါ့...

ကျွန်တော့်ဆရာဝပ်ရှော့က
မြို့နယ်ရဲစခန်းရှေ့ဖက်
ရဲအိမ်ယာနဲ့ ခြံစည်းရိုးပဲခြားတာကို...

ထိုင်းမြောက်ပိုင်းမှာတင်မက
ဘန်ကောက်မြို့ဘေးချင်းကပ်
မြို့မှာ သွားပြီး ချူလာလောင်ကွန်တက္ကသိုလ်ရဲ့
Mechatronic ပါမောက္ခဆရာရဲ့
ဝပ်ရှော့မှာ EFI ကားနည်းပညာတွေ
သွားသင်ကြားတုန်းကလည်း
ရဲစခန်းရှေ့မှာပဲ
ကားတွေ ထားစရာနေရာမရှိရင်
ရဲဝင်းထဲ သွားထားရတယ်...

လူကြီးတွေရဲ့ကားပျက်ရင်လည်း
အိမ်တွေကို လိုက်ပြင်ပေးရတယ်...
အငြိမ်းစားယူသွားသည့်တိုင်
ဝပ်ရှော့ကိုလည်း လာပြင်သလို
အိမ်မှာ ကားပျက်တဲ့အခါမျိုးမှာ
ကျွန်တော့်ဆရာဆီဖုန်းဆက်ပြီး
အတိုးနဲ့ တပည့်တစ်ယောက်လွှတ်ပေးပါဦးဆို
ဖုန်းဆက်ခေါ်ရင်
သွားပြင်ပေးရတယ်...

အဲ့ဒီအထဲမှာ ကျွန်တော့်ဆရာရင်းလို
ရင်းနှီးချစ်ခင်ရတဲ့
အထက်လွှတ်တော်အမတ်တစ်ယောက်လည်းပါတယ်...

ထိုင်းနိုင်ငံရဲ့ အချို့သော
ဌာနဆိုင်ရာကိစ္စတွေ
မရှင်းတာရှိရင် မသိတာရှိရင်
အဆိုပါဆရာသမားကိုမေးရတယ်...

ဒီနေရာကြားဖြတ်ပြောချင်တာက
ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးသမားတွေ...
အုပ်ချုပ်သူလူတန်းစားတွေ...
လုပ်ပိုင်ခွင့်ရှိသူတွေ
တော်တော်များများဟာ
လူတန်းစားခွဲခြားတာ
မရှိသလောက်ပါ...

နောက်ပြီး သူတို့တွေဟာ
ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေကို
ကောင်းကောင်းမွန်မွန်
လေးလေးစားစားပဲ
ဆက်ဆံကြတယ်...

အဲ့အထဲကရာထူးအကြီးပိုင်းတွေကအစ
အိမ်မှာကားသွားပြင်ပေးရင်
ထမင်းတစ်ဝိုင်းထဲ
အတူတူခေါ်စားကြတယ်...

သူတို့တွေကို
လက်အုပ်လေးချီပြီး
ဆဝါဒီခပ်ရ်ဆိုနုတ်ဆက်ရင်
ခေါင်းငြိမ့်အသိအမှတ်ပြုတာမျိုးမလုပ်ပဲ
ပြန်လက်အုပ်ချီပြီးမှ
နုတ်ဆက်လေ့ရှိတယ်...
မြန်မာပြည်ကနေရောက်သွားတဲ့
ကျွန်တော်ဆိုရင်
အစပိုင်းမှာ
တော်တော်ကို အံ့သြတယ်...

ဆိုလိုချင်တာက
ထိုင်းလူမျိုးတွေဟာ
ပညာကို တန်ဖိုးထားတယ်...
ပညာတော်တဲ့သူတွေကို
အလေးပေးလေ့ရှိတယ်...

မြန်မာလူမျိုး
ထိုင်းကျောင်းသားတွေထဲက
ပညာတော်တဲ့သူတွေ
ပြိုင်ပွဲတွေမှာ ထူးချွန်သူတွေ
ထိုင်းနိုင်ငံသား
တန်းပေးပစ်တာ...

မောင် ဆိုတဲ့
မြန်မာလုပ်သားမိသားစုရဲ့ကလေးတစ်ယောက်ဆိုရင်
ဂျပန်မှာ စက္ကူနဲ့ဖန်တီးတဲ့
ကစားစရာတွေသွားပြိုင်တာ
ပထမရလာတော့
ဆုကြေးငွေတွေလည်း
ဘတ် ၆ သိန်းကျော်ရသလို
(အဲ့ခေတ်ကရွှေတစ်ဘတ်သား ၄၀၀၀ ဘတ်ပါ)
အိမ်လည်းပေးပါတယ်...
ပြန်ရောက်ရောက်ချင်း
ထိုင်းနိုင်ငံသားခံယူခွင့်
ချက်ချင်းပေးတယ်...

ထိုင်းမှာ မြန်မာကလေး
လာအိုကလေး ခမင်ကလေးရယ်လို့
ဘယ်မှ ခွဲခြားမနေဘူး...

ကျောင်းအပ်ချိန်ရောက်ရင်
လွှတ်တော်အမတ်တွေနဲ့
မြို့နယ်အုပ်ချုပ်ရေးမှူးတွေဟာ
ရပ်ရွာတိုင်းမှာ
ကျောင်းမတက်တဲ့
ကလေး ရှိ မရှိ လိုက်စစ်တတ်တယ်...

ရှိနေရင် ဘာအထောက်အထားမှမရှိရင်နေ
ကျောင်းတက်ခိုင်းတာပဲ...
အခမဲ့ ပညာမသင် မနေရပေါ့...

တစ်ရက်မှာတော့
လွှတ်တော်အမတ်နဲ့
ကျောင်းမတက်တဲ့
ကလေးတွေ ရှိ မရှိ
လိုက်စစ်နေတာကြုံလို့
သိချင်နေတာနဲ့
မေးမြန်းကြည့်မိပါတယ်...

ဆရာတို့ ဘာဖြစ်လို့
ကလေးတွေကို
ကျောင်းအတင်း တက်ခိုင်းရတာလဲ...
ဒီနိုင်ငံသား မဟုတ်တဲ့
ကလေးတွေဟာ
ထိုင်းမှာ တစ်သက်လုံး
နေချင်မှ နေမှာမဟုတ်လားဆိုတော့...

အေးဆေးနဲ့ သေချာရှင်းပြတယ်...

အတိုးပြောတာ မှန်တယ်...
တို့နိုင်ငံသား မဟုတ်တဲ့
ကလေးတွေဟာ
ကြီးလာရင် ထိုင်းမှာ
နေချင်လည်း နေမယ်...
မနေချင်လည်း မနေဘူး...

တကယ်လို့ ထိုင်းနိုင်ငံမှာ
တစ်သက်လုံးနေခဲ့ရင်
သူတို့စာမတတ်ရင်
ထိုင်းနိုင်ငံအတွက်
ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်လာမယ်...
ပညာတတ်လာတော့
အမှားအမှန်ကို
ပညာမဲ့တဲ့သူတွေထက်
ဝေဖန်ပိုင်းခြားတတ်လာမယ်...

ပညာတတ်ထားခဲ့ရင်
သူတို့တွေဟာ
ထိုင်းနိုင်ငံအတွက်
နိုင်ငံတည်ဆောက်ရေးမှာ
အုပ်တစ်ချပ် သဲတစ်ပွင့်
ဖြစ်လာလိမ့်မယ်...
အားမကိုးရသည့်တိုင်
ထိုင်းနိုင်ငံအတွက်
ဝန်ထုပ်ဝန်ပိုး မဖြစ်တော့ဘူး...

ပညာသင်ပြီးမှ
ထိုင်းနိုင်ငံမှာ မနေခဲ့လို့
သူတို့နေထိုင်ရာ
မြန်မာ လာအို ခမင်တို့ကို
ပြန်သွားလည်း
စဥ်းစားတွေခေါ်တတ်တဲ့
ကလေးတွေဖြစ်သွားရင်
သူတို့ နိုင်ငံအတွက်
ဝန်ထုပ်ဝန်ပိုး မဖြစ်တော့ဘူးတဲ့...

ဘယ်လောက်တောင်
မှတ်သားထိုက်တဲ့ စကားလဲဗျာ...

ကျွန်တော်ပြောခဲ့တဲ့
အထက်ပါ ဌာနဆိုင်ရာလူကြီးတွေဟာလည်း
စကားပြောဆိုရင်း
မေးမြန်းကြည့်တာ
စကားလုံးချင်း
တစ်ထပ်တည်းမကျပေမယ့်
အဆိုပါ သဘောမျိုးနဲ့
တူညီတဲ့ ထပ်တူကျတဲ့
စကားမျိုးကိုသာ
ပြောခဲ့ကြပါတယ်...

ထိုင်းနိုင်ငံရဲ့
ကျောင်းသားတစ်ယောက်စရိတ်ဟာ
မနည်းပါဘူး...

မူလတန်းစတက်ကတည်းက
နှစ်စဥ် ကျောင်းဝတ်စုံ
နှစ်စုံ အခမဲ့...
(ဘောင်ချာပြပေးရင်
သတ်မှတ်စျေးနဲ့
ငွေထုတ်ပေးပါတယ်
ကြိုက်တဲ့ဆိုင်မှာဝယ်ပါ)

ပြဌာန်းစာအုပ် ကျောင်းသုံးစာအုပ်
ခဲတံ ရောင်စုံခဲတံ...
ကျောင်းလွယ်အိတ်...
အားကစားဝတ်စုံ...
ကျောင်းအလိုက်
ရိုးရာဝတ်စုံ တစ်စုံစီ...

နောက် တက်ပလက်တစ်လုံးစီ...
နွားနို့ တနေ့တစ်ထုပ်...
(နွေကျောင်းပိတ်လည်း
ရက်တွက်ပြီးထည့်ပေး)
နေ့လည်စာ အခမဲ့...
ကျန်းမာရေးစောင့်ရှောက်မှု့
ကာကွယ်ဆေး
အရာအားလုံး အခမဲ့ပါ...

ကျောင်းသားတစ်ယောက်အတွက်
ထိုင်းနိုင်ငံကသုံးစွဲရငွေဟာမနည်းပါဘူး...

ဒါပေမယ့် လွန်ခဲ့သော
နှစ်ပေါင်း နှစ်ဆယ်ခန့်တည်းက
အဲ့လိုမျိုး ပြုစုပျိုးထောင်ခဲ့လို့
ထိုင်းနိုင်ငံဟာ
ယနေ့ တိုးတက်ချမ်းသာနေတာပါ...

ကျွန်တော်တို့နယ်မှာ
ကျောင်းသားတွေကို
နေ့စဥ်တိုက်တဲ့
နွားနို့ထုပ်ကို ဓာတ်ခွဲစစ်ဆေးတော့
ရေရောထားတာတွေ့တယ်...
ထိုင်းနိုင်ငံမှာ ပိုက်ဆံအရမ်းချမ်းသာပြီး
တော်ဝင်အသိုင်းအဝိုင်းထိ
ဝင်ထွက်နိုင်သူ
လုပ်ငန်းရှင်ကြီးဟာ...
ထောင်ငါးနှစ် အချခံရတယ်...

ထိုင်းတော်ဝင်အသိုင်းအဝိုင်းကို အသနားခံတော့
ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့
ဆုံးဖြတ်ချက်ကို
ဝင်ရောက်မစွက်ဖက်လိုပါတဲ့ဗျာ...

ဒါပေမယ့်
တော်ဝင်အသိုင်းအဝိုင်းရဲ့
မေတ္တာရပ်ခံချက်အရ
ထောင်သုံးနှစ်သာကျခံဖို့
လျော့ပေါ့ပေးလိုက်တယ်...

ပြည်နယ်အုပ်ချုပ်ရေးမှူးကို
ကျောက်နိုင်းခင်ဗျ
နွားနို့လေး ရေရောတာကို
ထောင်ငါးနှစ်တောင်
ချတာဆိုတော့ မများဘူးလားခင်ဗျ ဆိုတော့...

အတိုးရေ ငါကတကယ်ဆို
ဆယ်နှစ်လောက်ကို ချချင်တာ...
သူ့ဥပဒေတွေမှာက
ငါးနှစ်အများဆုံးမို့
ငါးနှစ်ပဲ ချလိုက်ရတာ...
တော်ဝင်အသိုင်းအဝိုင်းကို
လေးစားကြည်ညိုလို့သာ
သုံးနှစ်ပြင်ပေးရတာ...
ငါက မပြင်ပေးချင်ဘူး...

ပေါ့ပေါ့တွေးမယ်ဆိုရင်တော့
နွားနို့ရေရောတာပဲ...
လေးလေးနက်နက်တွေးရင်တော့
ငါတို့နိုင်ငံရဲ့ ကျောင်းသားတွေကို
ဥာဏ်ရည်ဥာဏ်သွေး
နိမ့်ကျအောင်လုပ်တာမို့
ထိုင်းနိုင်ငံကို နစ်နာပျက်စီးအောင်လုပ်တာလို့
တွေးလို့ရတယ်...

လူသတ် ဓားပြတိုက်ရင်တောင်
လူနည်းနည်းပဲသေမှာ
အခုကိစ္စက ငါတို့သာ
မစစ်ဆေး မသိခဲ့ရင်
ကျောင်းသားတွေအများကြီးရဲ့
အတွေးအခေါ်တွေ
သေကုန်မှာ အတိုးရဲ့...
အခုကလေးတွေဟာ
နောင်တစ်ချိန်
ငါတို့ကို အုပ်ချုပ်ပြီး
နိုင်ငံကို ထိန်းသိမ်းရမယ့်သူတွေဖြစ်လာကြမှာ...

နောင်အတိုးအသက်အရွယ်ရလာရင်
အခုပြောနေတုန်းထက်
ပိုသဘောပေါက်လာလိမ့်မယ်တဲ့...

ကျောက်နိုင်းပြောခဲ့သလို
အဲ့ဒီတုန်းက ကလေးတွေဟာ
ထိုင်းနိုင်ရဲ့ အုပ်ချုပ်ရေးပိုင်းတွေ
လွှတ်တော်အမတ်တွေနေရာမှာ
နေရာဝင်ယူရုံတင်မက
ဝန်ကြီးချုပ်နေရာအထိတောင်
ရောက်လာခဲ့ပါပြီဗျာ...

ကိုယ့်ဘဝရဲ့
တစ်ဆစ်ချိုးမှာ
မြှင့်တင်ပေးခဲ့တဲ့
ထိုင်းနိုင်ငံ ​အရင်ကထက်
တိုးတက် ချမ်းသာနေတာကို
မုဒိတာပွားမိသလို...

မီးပွိုင့်တွေရောက်တိုင်း
အလှူခံနေတဲ့ကလေးတွေ
ပန်းရောင်းနေတဲ့ ကလေးတွေ...
ကီလိုကောက်နေတဲ့ ကလေးတွေ...
တံတားအောက်မှာ
ကော်ရှုနေကြရင်း
ဆယ်နှစ်သာသာနဲ့
ကလေးတွဲလွဲနဲ့ကလေးတွေကို
တွေ့မိတိုင်း
စိတ်မကောင်းဖြစ်မိတယ်...

ဒီထက်ပို ဝမ်းနည်းစရာကောင်းတာက
သူများကလေးတွေကို
ကျောင်းမတက်ဖို့
ဇွတ်တိုက်တွန်းပြီး
ကိုယ့်သားသမီးတွေကိုတော့
နိုင်ငံခြားမှာ ဘွဲ့ရအောင်
ထားပေးတာကို
မြင်ရ ကြားရတာတွေပါ...

သူများကလေးတွေတော့
ပညာမသင်ကြနဲ့
ငါ့ကလေးကျတော့
ပညာမသင်ပဲ မထားပါဘူးဆိုတဲ့
ခံယူချက်ကိုတော့
နားမလည်နိုင်ဘူး...

မြန်မာနိုင်ငံမှာ
ဘယ်အစိုးရတက်တက်
ဘယ်သူတွေအုပ်ချုပ် အုပ်ချုပ်
ပညာမသင်ရတဲ့ ကလေးတွေများလာရင်...
စဥ်းစားတွေးခေါ်တတ်တဲ့
ကလေးတွေ နည်းပါးလာရင်
အုပ်ချုပ်သူအစိုးရနဲ့
တိုင်းပြည်ကိုသာ
ဝန်ထုပ်ဝန်ပိုးဖြစ်စေမှာတော့
အသေအချာပါပဲဗျာ...

ချစ်ခြင်းအားဖြင့်
ကိုတိုး(အွန်လိုင်းကားဝပ်ရှော့)


ဒီနေ့အကြောင်းကိစ္စတစ်ခုကြောင့် မြေနီကုန်း ကိုသွားဖြစ်တော့ မရောက်တာကြာပြီဖြစ်တဲ့ဒဂုံစင်တာထဲ တစ်ချက်ပတ်ကြည့်ဖြစ်တယ်ဆိုင်ခန...
23/08/2025

ဒီနေ့အကြောင်းကိစ္စတစ်ခုကြောင့် မြေနီကုန်း ကိုသွားဖြစ်တော့ မရောက်တာကြာပြီဖြစ်တဲ့
ဒဂုံစင်တာထဲ တစ်ချက်ပတ်ကြည့်ဖြစ်တယ်
ဆိုင်ခန်းတစ်ခန်းတလေ ပဲ ရှိတော့တယ်
ခြောက်ခြောက်ကပ်ကပ်နဲ့
ဒီလိုနဲ့ အချိန်ပိုနေသေးလို့ ဒဂုံစင်တာ 1 အရှေ့ ဝင်ပေါက် ဆင်ဝင်အောက်က လှေကားထစ်မှာထိုင်ရင်း ဟိုကြည့်ဒီကြည့် လိုက်ကြည့်ဖြစ်တယ်
အရှေ့တည့်တည့်က Ice Berry လည်း
အရင်လိုမစိုပြေတော့ဘူး

လွန်ခဲ့တဲ့ 12 နှစ်လောက်က လေလွင့်ပျော်ရွှင်လို့ ကောင်းခဲ့တဲ့ အချိန်တွေတုန်းကဆိုရင် အားတာနဲ့ ကန်ဘောင်သွားရင်သွား
မသွားရင် ဒီ ဒဂုံစင်တာအရှေ့က လှေကားမှာ လာလာထိုင်နေကျ
(နောက်လှည်းတန်းစင်တာ ပေါ်လာတော့မှ အဲဒီ စင်တာရှေ့က လှေကားကို ပြောင်းထိုင်ဖြစ်တာ 😁)

လှေကားမှာထိုင်ပြီး ဘာလုပ်တာလဲ ဆိုတော့ ဘာရယ်ညာရယ်တော့ မဟုတ်ဘူး ဟိုကြည့် ဒီကြည့်နဲ့ အချိန်ဖြုန်းတာလေ အဲ ငွေလေး ၂၀၀၀ လောက်ရှိတဲ့နေဆိုရင်တော့ ဒဂုံစင်တာ တတိယအထပ်က အင်တာနက်
ဆိုင်ထိုင်တာပေါ့၊ များသောအားဖြင့် ပိုက်ဆံမရှိတာကများလို့ အဲဒီလှေကားမှာပဲ ထိုင်ဖြစ်တာများတယ်
😁😁😁

နောက် ဒဂုံစင်တာ 2 ပေါ်လာတော့ တတိယအထပ်ကထိုင်ခုံလေးမှာ ထိုင်ပြီး WiFi free သုံးရတာလည်း Feel ပဲ

အရင်ကစည်ကားခဲ့တဲ့ လူငယ်တွေရဲ့ ဆုံရပ် အထင်ကရနေရာကြီးတစ်ခု အသက်ရှုသံ ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေတာကို မြင်ရတွေ့ရ ခံစားရတာ စိတ်ထဲမှာ နေလို့မကောင်းဘူး တစ်မျိုးက

Credit to original writer 📝

တိမ်မြုပ်​ပျောက်ကွယ်လုနီးပါး ဖြစ်လာသည့် မြန်မာ့ရိုးရာ ဖျင်နှိုက်ပညာမြန်မာတို့၏ ရိုးရာအ​မွေအနှစ်တစ်ခုဖြစ်သောဖျင်နှိုက်ပညာ...
18/08/2025

တိမ်မြုပ်​ပျောက်ကွယ်လုနီးပါး ဖြစ်လာသည့်
မြန်မာ့ရိုးရာ ဖျင်နှိုက်ပညာ

မြန်မာတို့၏ ရိုးရာအ​မွေအနှစ်တစ်ခုဖြစ်သော
ဖျင်နှိုက်ပညာရပ်သည် ယခုအခါ
မြန်မာ့အလည်ပိုင်း မန်း​လေး ​ဒေသရှိ
နာမည်​ကျော် ​တောင်ပြုံးပွဲ နှင့် ရတနာ့ဂူ ပွဲများတွင်သာ
အမှတ်မထင် ​တွေ့ရ​တော့သည်အထိ ရှားပါး လာခဲ့ပြီဖြစ်သည်

"​ဦးတို့က ပျော်လို့နှိုက်တာ​ပေါ့ လူရှုပ်​နေတဲ့အချိန်
အ​ရှေ့မှာ ဖျင်​လေးကလုံး​နေတယ် ​ကောက်​နေတယ်ဆိုရင် အမှတ်မထင် နှိုက်ထည့်လိုက်တာပဲ
​ယောကျ်ား မိန်းမ​တော့ လူတန်းစားမခွဲပါဘူး" လို့
ဖျင်နှိုက်ပညာရှင် ဦး​ဇော် အမည်လွှဲက
စာရေးသူကို ရှင်းပြပါတယ်

ယခုအခါ ရိုးရာဖျင်နှိုက်ပညာသည်
ဆိုရှယ်​ခေတ်ဖြစ်လာသည်နှင့်အညီ
ဆွမ်းကြီး၀ိုင်း​လောင်းချင်သူများ
ခါးပိုက်နှိုက်သူများ​ကြောင့် ​ပျောက်ကွယ်လုနီးပါးအထိ
စိန်​ခေါ်မှုများ ရင်ဆိုင်​နေခဲ့ရပြီဖြစ်သည်

"ကျ​တော်တို့က ၀ါသနာပါလို့သာဖျင်လိုက်နှိုက်တာ
ကိုယ်​နေတဲ့မြို့မှာဆို ရာထူးအရဖြစ်ဖြစ်
စီးပွား​ရေးအရဖြစ်ဖြစ်
အဆင့်အတန်းတစ်ခုမှာ ရှိပြီးသား
ကိုယ်ဖျင်နှိုက်လိုက်တဲ့အချိန်မှာ ငြိမ်မ​နေဘဲ ​
အော်လိုက်တာတို့ ဘာတို့ဆို
ခါးပိုက်နှိုက်နဲ့မှားပြီး အတွယ်ခံရမှာရယ်
ဖုန်းနဲ့ရိုက်ပြီး လိုင်း​ပေါ်အတင်ခံရမှာရယ် ကို​တော့
​ကြောက်ပါတယ်
အရင်ကျ​တော်တို့ပညာသင်ကာစ
အချိန်တုန်းကဆို ဖျင်နှိုက်ခံရတဲ့သူကလည်း မ​အော်ဘူး
ဇိမ်​လေးနဲ့ ငြိမ်ခံ​နေတာ အခုကျ ​ခေတ်မတူ​တော့တာ​ပေါ့
ကျ​တော်တို့ပညာက စည်းကမ်းလည်း
အရမ်းကြီးတယ် ကိုယ့်​ရှေ့က လုံး​နေတဲ့
ဖျင်လုံးလေးနှစ်ခုကိုပဲFocus ထားရတယ်
အဲ့ဒီအချိန် စိတ်ရိုင်း၀င်လာတာတို့
လည်ပင်းကဆွဲကြိုးကြီးကို ပစ်မှားမိတာတို့ဆို
စည်း​ပေါက်ပြီပဲ
​ယောကျ်ားဖြစ်​နေပါ​စေ ဆံပင်ရှည်ပြီး ဖျင်လုံး​နေရင်
မနှိုက်မဖြစ် နှိုက်ရပါတယ် မိန်းမဖြစ်မှနှိုက်မယ်
​ယောကျ်ားမှနှိုက်မယ် ဆိုပြီး
စိတ်ခံစားမှုကို ​ရှေ့တန်းတင်လို့​​တော့ မရဘူး​ပေါ့" ဆိုပြီး ရတနာ့ဂူ ပွဲမှာ ​တွေ့ဆုံစဥ်
ကိုအာကာအမည်လွှဲမှ စာ​ရေးသူကို ​ပြောပြခဲ့ပါတယ်

မြန်မာ့ရိုးရာပညာများ ထိန်းသိမ်းကြစို့လားကဏ္ဏ
စား​ရေးသူ အယ်ဒီတာ ​အောင်ထက်စိုးမှ စီစဥ်တင်ဆက်သည်

05/09/2024

ကွန်ပျူတာ 🪫အားကုန်မြန်နေရင် 👉 ဒါလေး စစ်ကြည့်လိုက်ပါ

In this tutorial, I will show you how to check your laptop's battery health
Follow Us On: ✅
🌐TikTok:
🌐YouTube: https://www.youtube.com/

02/09/2024

ဖေ့ဘုတ်မှာ တင်ထားပြီးသား ပိုစ့်တွေကို အမြန်ဖျက်နည်း 👇

In this tutorial, I will show you how to delete all post on Facebook.
Follow Us On: ✅
🌐TikTok:
🌐YouTube: https://www.youtube.com/

20/08/2024

ဝိုင်ဖိုင် Password ပြန်ကြည့်နည်း 🕵️‍♀️👇

In this tutorial, I will show you how to see WiFi password in laptop.

Follow Us On: ✅
🌐TikTok:
🌐YouTube: https://www.youtube.com/

19/08/2024

ကွန်ပျူတာကို ပုံမှန်ထက် မြန်ဆန်စေမယ့် နည်းလမ်း (၃)ခု 🧑‍💻👇

In this tutorial, i will show you how to make your PC fast.

Follow Us On: ✅
🌐TikTok:
🌐YouTube: https://www.youtube.com/

16/08/2024

ဓာတ်ပုံမှာ မလိုအပ်တဲ့ စာတွေဖျက်နည်း 🎨👇

In this tutorial, i will show you how to remove unwanted text in adobe photoshop.

Follow Us On: ✅
🌐TikTok:
🌐YouTube: https://www.youtube.com/

ที่อยู่

Ranong
85000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ SI THU Entertainmentผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง SI THU Entertainment:

แชร์