01/12/2025
ဟာလန်းကို အမှီလိုက်နေတဲ့ ဘရာဇီးတိုက်စစ်မှူး သီယာဂို
ဒီရာသီ ပရီးမီးယားလိဂ်မှာ ဘရန့်ဖိုဒ့်အသင်းရဲ့ ဘရာဇီးတိုက်စစ်မှူး အစ်ဂေါ သီယာဂိုထက် ဂိုးပိုသွင်းထားတဲ့ ကစားသမားဆိုလို့ မန်စီးတီးက ဟာလန်းတစ်ဦးဘဲရှိပါတယ်။
ဟာလန်းက ဒီရာသီပရီးမီးယားလိဂ်မှာ သွင်းဂိုး(၁၄)ဂိုးသွင်းယူပြီး ထိပ်ဆုံးမှာ ရပ်တည်နေပြီး သီယာဂိုက သွင်းဂိုး(၁၁)ဂိုးနဲ့ ဒုတိယနေရာမှာ ရပ်တည်နေခဲ့တာပါ။
ဝီဆာ ၊ အမ်လူမိုတို့မရှိတော့တဲ့ ဘရန့်ဖိုဒ့်ရဲ့ တိုက်စစ်ကို သီယာဂိုက အကောင်းဆုံး ဦးဆောင်ကစားနေခဲ့တာပါ။ ဒီနောက်ပိုင်းမှာ ဟာလန်းက ဂိုးပေါက်ပျောက်နေလို့ မကြာခင်မှာ သီယာဂိုက ဟာလန်းကို လိုက်မှီလာနိုင်ပါတယ်။
( ကွန်းမန့်မှာ ဘောလုံးဖန်တွေအတွက် Giveaway အစီအစဉ်လေးရှိလို့ ကြည့်ပေးကြပါဦးနော် )