Fan Zone ဒီ Telegram Channel မှာဇာတ်ကားကောင်းများ Free ကြည့်ရှုနိုင်ပါသည်
👇👇👇
https://t.me/fanzone1996

Maze Runner: The Scorch Trials-2(2015)♻️♻️♻️အညွန်း♻️♻️♻️ အားလုံးပဲစောင့်မျှော်နေကြတဲ့ Maze Runner 2 လာပါပြီ.. ဒီ Maze Ru...
24/07/2025

Maze Runner: The Scorch Trials-2(2015)

♻️♻️♻️အညွန်း♻️♻️♻️
အားလုံးပဲစောင့်မျှော်နေကြတဲ့ Maze Runner 2 လာပါပြီ.. ဒီ Maze Runner 2 မှာတော့
သောမတ်စ် ဆိုတဲ့ကောင်လေးကို WCKD အဖွဲ့က အဖွဲ့ဝင်တွေ ခေါ်ဆောင်သွားတာနဲ့ အစပျိုးထားပါတယ်…နှစ်တွေကြာလာတဲ့ အချိန်မှာတော့ သောမတ်စ်နဲ့အတူ ကျန်ရှိနေသေးတဲ့ ဂလိတ် အဖွဲ့ဝင်တွေကိုမစ္စတာ ဂျန်ဆန်က ကယ်တင်ခဲ့တယ်.. သူကတော့ WCKD အဖွဲ့ဝင်တွေရဲ့ ရန်ကနေ ကယ်တင်ပေးဖို့လို့ပြောပေမဲ့ သောမတ်စ်က မသင်္ကာလို့ စုံစမ်းလာတဲ့ အခါမှာတော့ မစ္စတာ ဂျန်ဆန်ကလည်း WCKD အဖွဲ့နဲ့ပူးပေါင်းလုပ်ကိုင်နေတယ်ဆိုတာကို သူ သိလာခဲ့ရပါတယ်.. ဒီနောက်ပိုင်းမှာတော့ သူတို့တွေဘယ်လိုကြိုးစားရုန်းကန်ကြမလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာ ဆက်လက်ရှုစားလိုက်ပါဦး..

♻️♻️♻️ဇာတ်ကားကြည့်ရန်♻️♻️♻️👇👇
ကွန်းမန့်မှာ လင့်ချထားပေးပါတယ်ခ

The Maze Runner-1 (2014)♻️♻️♻️အညွန်း♻️♻️♻️လူငယ်လေးတစ်ယောက် ရုတ်တရက် နံရံတွေ ပတ်ပတ်လည် ကားစီးထားတဲ့ နေရာတစ်ခုကိုရောက်သွား...
24/07/2025

The Maze Runner-1 (2014)

♻️♻️♻️အညွန်း♻️♻️♻️
လူငယ်လေးတစ်ယောက် ရုတ်တရက် နံရံတွေ ပတ်ပတ်လည် ကားစီးထားတဲ့ နေရာတစ်ခုကိုရောက်သွားတယ်။
သူ့ထက် အရင် ရောက်ရှိနေတဲ့ လူငယ်လေးတွေဟာလည်း သူ့လိုပဲ ဖမ်းဆီးခံရပြီး ဒီနေရာကို ပို့ဆောင်ခြင်းခံခဲ့ရသူတွေပဲဖြစ်နေတယ်။ လူငယ်လေးဟာ သူ့ရဲ့နာမည်ဟာ သောမတ်စ်ဆိုတာကလွဲပြီး ဘာကိုမှ မမှတ်မိဘူး။ရုတ်တရတ် နံရံကြီးကနေ အသံတွေကြားလာရပြီး တံခါးတစ်ချပ်ကိုတွေ့ရှိသွားချိန်မှာ ဝမ်းသာအားရနဲ့ သူပြေးထွက်ဖို့ကြိုးစားပေမဲ့ ရောက်နှင့်ပြီးသား လူငယ်တွေရဲ့ တားဆီးခြင်းကို ခံရပါတော့တယ်။ဘာ့ကြောင့်လဲဆိုတော့ ဒီဂိတ်တံခါးဟာ တစ်နေ့မှာ တစ်ကြိမ်သာပွင့်ပြီး အလွန်အန္တရာယ်များလှတဲ့ ဝင်္ကပါတစ်ခုဆီကိုသွားရာဝင်ပေါက်ဖြစ်နေလို့ပါပဲ။ အပြင်ကိုပြန်ထွက်ဖို့ ဝင်္ကပါကြီးထဲကို ဝင်သွားတဲ့သူတွေ ဒုနဲ့ ဒေးရှိပေမဲ့ တစ်ယောက်မှပြန်မလာနိုင်ခဲ့လို့ ဘေးလူတွေက မဝင်ဖို့ တားမြစ်ပေမဲ့ ခေါင်းမာတဲ့ သောမတ်စ်တစ်ယောက် ဝင်ဖို့ လုပ်တဲ့အခါမှာတော့..အဲဒီ ပြန်လမ်းမဲ့ ဝင်္ကပါကြီးထဲမှာ ဘာတွေရှိနေမှာလဲ.. သောမတ်စ်တစ်ယောက် ဒီဝင်္ကဘာထဲက ရုန်းထွက်နိုင်မှာလား..ဒီဝင်္ကပါကြီးကို ဘယ်သူတွေ တည်ဆောက်ခဲ့တာလဲ… နောက်ကွယ်မှာ ဘယ်လိုရည်ရွယ်ချက်တွေရှိနေသလဲဆိုတာကိုတော့ကိုယ်တိုင်သာကြည့်ရှုခံစားကြပါလို့။ဒီဇာတ်လမ်းအဆုံးမှာတော့ ဘာကိုမှ မယုံရဘူးလို့ ရေရွတ်မိလောက်အောင် အပြောင်းအလဲ၊ လှည့်ကွက်လေးတွေနဲ့တင်ဆက်ထားပြီး လူသားဆန်မှု၊ ဉာဏ်ပညာ၊ စည်းလုံးခြင်းရဲ့အင်အား၊ ခင်မင်မှုနဲ့ ယုံကြည်မှုတို့ကို ကောင်းကောင်းဖော်ညွှန်းထားနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်း မှတ်ချက်ချပါရစေ။ဒီဇာတ်ကားကို Dylan O’Brien, Alm Ameen နဲ့ ကိုရီးယားသရုပ်ဆောင် Ki Hong Lee တို့က ပါဝင်သရုပ်ဆောင်ထားပြီးပရိသတ်ရင်ကို ထိရှစေခဲ့တဲ့ ကလေးသရုပ်ဆောင် Blake Copper က ချက်ခ်ဆိုတဲ့နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။

♻️♻️♻️ဇာတ်ကားကြည့်ရန်♻️♻️♻️👇👇
ကွန်းမန့်မှာ လင့်ချထားပေးပါတယ်ခ

Pichaikkaran [ 2/0/1/6 ] မြန်မာစာတန်းထိုး♻️♻️♻️အညွန်း♻️♻️♻️မိခင်ကြီး ကျန်းမာရေးအတွက်သူတောင်းစားလုပ်ပီး ယတြာချေပေးတဲ့ သူဌ...
23/07/2025

Pichaikkaran [ 2/0/1/6 ] မြန်မာစာတန်းထိုး
♻️♻️♻️အညွန်း♻️♻️♻️

မိခင်ကြီး ကျန်းမာရေးအတွက်သူတောင်းစားလုပ်ပီး ယတြာချေပေးတဲ့ သူဌေးသား

မကြာသေးခင်က တက်ဆက်ပေးထားတဲ့ Pichaikkaran-2ရဲ့ရှေ့ကကားပါ။ Pichaikkaran1,2 ဆိုပြီး ထွက်ရှိထားပေမယ့် တစ်ကားနဲ့တစ်ကား ချိတ်ဆက်ထားခြင်းမရှိပါဘူး။1ရော 2ရောမှာ ဗီဂျေးပဲ သရုပ်ဆောင်ထားပါတယ်

ရုံတင်တုန်းက ၄၂ကုဋေကျော်ပြန်ရခဲ့ပြီး တကယ့်ဖြစ်ရပ်မှန်ကို အခြေခံပြီး ပြန်လည်ရိုက်ကူးတင်ဆက်ပေးထားတဲ့ဇာတ်ကားလေးပါ ဒုတိယကားကြည့်ပြီးလို့ နှစ်သက်တဲ့သူတွေ ဒီကားကို ပိုပြီးနှစ်သက်ကြမှာပါ။ဇာတ်ကားနာမည်ကိုက”သူတောင်းစား”တဲ့

အမေတစ်ယောက်ရဲ့ကျေးဇူးနဲ့ သားဖြစ်သူရဲ့သိတတ်မှုတို့ကို ဖော်ညွှန်းထားတဲ့အပြင်သူတောင်းစားတစ်ယောက် ရှိသင့်ရှိအပ်တဲ့ပညာ ဆောင်ရန်ရှောင်ရန်လေးတွေကိုပါ ထည့်သွင်းဖော်ပြထားတဲ့အတွက် ခေတ်ပျက်ကြီးထဲမှာ ယူတတ်ရင်ပညာဆိုတာလို ပညာယူလို့ရတာပေါ့

♻️♻️♻️ဇာတ်ကားကြည့်ရန်♻️♻️♻️👇👇
ကွန်းမန့်မှာ လင့်ချထားပေးပါတယ်ခ

Ghajini [2008]♻️♻️♻️အညွန်း♻️♻️♻️Singhania Group of Industries ရဲ့ပိုင်ရှင် Sanjay Singhania(Aimar Khan) ဟာ စိတ်သဘောထားပြ...
23/07/2025

Ghajini [2008]

♻️♻️♻️အညွန်း♻️♻️♻️
Singhania Group of Industries ရဲ့ပိုင်ရှင် Sanjay Singhania(Aimar Khan) ဟာ စိတ်သဘောထားပြည့်ဝြပီး အလွန်ချမ်းသာတဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ်။

ပြီးတော့ သူ့မှာ ချောမောလှပတဲ့ ရုပ်ရှင်မင်းသမီး Kalpana ဆိုတဲ့ချစ်သူတစ်ယောက်လည်း ရှိပါတယ်။

တစ်နေ့မှာတော့ Ghajini လို့ခေါ်တဲ့လူတစ်ယောက်ကြောင့် ဘ၀ပျက်ခဲ့ရပါတယ်။

အဲဒီလူဟာ သူ့ချစ်သူကိုသတ်ခဲ့သလို သူကိုယ်တိုင်လည်း ဒဏ်ရာရရှိခဲ့ပြီး ၂ နှစ်လောက် သေလုမြောပါးဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် သူဟာ သေမင်းကိုအံတုနိုင်ခဲ့ပြီး အသက်ဆက် ရှင်နိုင်ခဲ့ပါတယ်။

သူ့ရဲ့ဦးနှောက်ကတော့ ဒဏ်ရာကြောင့် အကောင်းပကတိပြန်မဖြစ်ပဲ မှတ်ဥာဏ်ပျောက်ဆုံးတဲ့ရောဂါကို ခံစားခံရပါတယ်။

ဒါကြောင့် သူဟာ မှတ်စုရေးခြင်း၊ ဓါတ်ပုံရိုက်ခြင်း၊ ကိုယ်ပေါ်မှာ ဆေးမှင်ကြောင်ထိုးရင်းနဲ့ သူဘာလုပ်ခဲ့တယ်ဆိုတာကို မှတ်သားထားရတဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ သူဟာ အဲဒီအထောက်အထားတွေကို ပြန်အသုံးချပြီး Ghajini လို့ခေါ်တဲ့သူကို လက်စားချေဖို့ ကြိုးစားခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

♻️♻️♻️ဇာတ်ကားကြည့်ရန်♻️♻️♻️👇👇
ကွန်းမန့်မှာ လင့်ချထားပေးပါတယ်ခ

Hearts Around the Table: Josh’s Third Serving (2025)♻️♻️♻️အညွန်း♻️♻️♻️Romcom ချစ်သူတွေအတွက် အရမ်းအကြိုက်တွေ့မယ့်ကားတကားပ...
23/07/2025

Hearts Around the Table: Josh’s Third Serving (2025)

♻️♻️♻️အညွန်း♻️♻️♻️
Romcom ချစ်သူတွေအတွက် အရမ်းအကြိုက်တွေ့မယ့်ကားတကားပါပဲ။ ဒီကားလေးကလေ sequel သုံးကားရှိတယ်။ဇာတ်လမ်းoriginကတော့ Angie ဆိုတဲ့အဘွားကြီးက ကလေးတွေအများကြီးကိုမွေးစားထားပါတယ်။ အခုတော့အဲ့ကလေးတွေကကြီးပြင်းပြီးအလုပ်ကိုယ်စီနဲ့ပေါ့။
ခုနကပြောတဲ့sequelဆိုတာလည်း အဲ့ကလေးတစ်ယောက်ချင်းစီရဲ့Love lifeကိုရိုက်ပြထားတာပေါ့ဗျာ။ဒီကားထဲမှာတော့Joshဆိုတဲ့သင်္ချာဆရာလည်းဖြစ် ကာယဆရာလည်းဖြစ်တဲအကိုကြီးက ကျောင်းကိုအသစ်ပြောင်းလာတဲ့ဂီတဆရာမကို ကြွေမိသွားတဲ့ကားပဲဖြစ်ပါတယ်။ကြွေတာတောင် သူတို့ကျောင်းအတွက်လိုအပ်တဲ့ရန်ပုံငွေတူတူရှာရင်းနဲ့ ကြွေသွားတာဗျာ။အဲ့တော့ မိသားစုအရူပ်တော်ပုံနဲ့ ဂျော့ဂ်ျတယောက် သူ့အချစ်တော်ဆရာမလေးနဲ့အဆင်ပြေပါ့မလားဆိုတာ ကြည့်ရမှာ ဖြစ်ပါတယ်

♻️♻️♻️ဇာတ်ကားကြည့်ရန်♻️♻️♻️👇👇
ကွန်းမန့်မှာ လင့်ချထားပေးပါတယ်ခ

 ြည့်ရှုနိုင်ပြီကြည့်ရတာတော်တော်တန်တဲ့ကားတစ်ကားပါနတ်ဆိုးနှင်တဲ့ကားပါပဲ ဒါပေမယ့် ရိုက်တာပီပြင် လွန်းလို့ ကိုယ်ပါအဲ့နားရော...
23/07/2025

ြည့်ရှုနိုင်ပြီ
ကြည့်ရတာတော်တော်တန်တဲ့ကားတစ်ကားပါနတ်ဆိုးနှင်တဲ့ကားပါပဲ ဒါပေမယ့် ရိုက်တာပီပြင် လွန်းလို့ ကိုယ်ပါအဲ့နားရောက်နေသလိုပါပဲ
ထမင်းစားနေတုန်းတော့ မကြည့်ပါနဲ့ သွေး အလိမ်းလိမ်းနဲ့ တကယ်ဖြစ်နေသလိုကြီးကိုပီပီ ပြင်ပြင်ရိုက်ထားတာမို့လို့ပါ
ခရစ်ယာန်နတ်ဆိုးနှင်တဲ့ဘုန်းကြီးတစ်ယောက်ရဲ့ အလုပ်ဟာ ဘဝတစ်ခုလုံးပေးပြီးတော့ လုပ်ရတဲ့ အလုပ်ပါ
ဒီလိုမျိုးမှာကိုမှ ကိုယ့်မိသားစုထဲကိုပါ နတ်ဆိုးတစ် ကောင်က ရောက်လာရင်တော့ ဘယ်လို စိတ်အခြေအနေနဲ့နှင်ရမှာပါလဲ
ပြီးတော့ နာမည်နဲ့လိုက်အောင် ဒီကားထဲကနတ်ဆိုး က ရုပ်ပြောင်းရုပ်လွှဲနဲ့ဝင်တာပါ
ပြောရင်းနဲ့ စပွိုင်းမိမှာစိုးလို့ ဒီလောက်ပဲပြော လိုက်ပါတော့မယ်ကျန်တာကိုတော့ ဆက်ကြည့်လိုက်ပါတော့

♻️♻️♻️ဇာတ်ကားကြည့်ရန်♻️♻️♻️👇👇
ကွန်းမန့်မှာ လင့်ချထားပေးပါတယ်ခ

K*ub*er*aa (2025) ဇာတ်ကားသစ်♻️♻️♻️အညွန်း♻️♻️♻️HDTCဗားရှင်းဆိုပေမဲ့ စောင့်မျှော်နေကြမဲ့ အိန္ဒိယရုပ်ရှင်ဖန်တွေအတွက် တင်ဆက်...
22/07/2025

K*ub*er*aa (2025) ဇာတ်ကားသစ်

♻️♻️♻️အညွန်း♻️♻️♻️

HDTCဗားရှင်းဆိုပေမဲ့ စောင့်မျှော်နေကြမဲ့ အိန္ဒိယရုပ်ရှင်ဖန်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
တောင်ပိုင်းက ထိပ်တန်းမင်းသားကြီးတွေဖြစ်တဲ့ ဒနုရှ်နဲ့ နာဂါဂျူနာတို့အပြင် အချောလေး ရက်ရှ်မီးကားပါဝင်ထားတဲ့ရုပ်ရှင်ကားကြီး။
ရိုးသားဖြောင့်မတ်ပါတယ်ဆိုတဲ့ စီဘီအိုင်အရာရှိ ဒီပက်ခ်၊ ပိုက်ဆံနဲ့အာဏာကပဲ မောင်းနှင်နေတဲ့ လောကကြီးမှာ
အရာရှိဟောင်းဒီပက်ခ် သူ့စိတ်ဓာတ်ကိုချိုးနှိမ်ပြီး ခရိုနီကြီးတွေဆီမှာ မသမာတဲ့အလုပ်တွေလုပ်ပေးဖို့ဖြစ်လာခဲ့တယ်။
ဘင်္ဂလားပင်လယ်အော်ကနေ ကမ္ဘာ့အသန့်စင်ဆုံးဓာတ်ငွေ့တူးဖော်တွေ့ရှိပေမဲ့ အာဏာရပါတီနဲ့ ခရိုနီကြီးတွေပေါင်းပြီး
ပြည်သူတွေကို ဂျင်းထည့်ဖို့လုပ်တဲ့ကြားမှာ ဒီပက်ခ်တစ်ယောက် ဝင်ပါခဲ့ရတာပေါ့။
အာဏာရပါတီကဝန်ကြီးတွေ မီဒီယာတွေ အတိုက်အခံပါတီတွေဆီ ကုဋေတစ်သိန်းကို
ငွေဖြူတစ်ဝက် ငွေမည်းတစ်ဝက်နဲ့ လာဘ်ထိုးဖို့က ဒီပက်ခ်တာဝန်ဖြစ်လာတော့
အမည်လွှဲတွေနဲ့လွှဲဖို့သူတောင်းစားလေးယောက်ကို နာမည်ခံဖို့ခေါ်ခဲ့တယ်။
သူတောင်းစားလေးယောက်ထဲက တစ်ယောက်ကတော့ ဒေဗာ။
ဒါပေမဲ့ သူတောင်းစားတွေကိုအသုံးချပြီးရင် ရှင်းပစ်ဖို့အတွက် ဒီပက်ခ်ရဲ့အလုပ်ရှင်တွေက ကြံစည်ထားတာကို
သိသွားချိန်မှာတော့…။

♻️♻️♻️ဇာတ်ကားကြည့်ရန်♻️♻️♻️👇👇
ကွန်းမန့်မှာ လင့်ချထားပေးပါတယ်ခ

သည်းထိပ်ရင်ဖိုဇာတ်ကားကြိုက်သူများအတွက်😍😍➪➪➪➪➪➪➪➪➪➪➪➪➪➪ရေကူးကန်ထဲမှာပိတ်မိတဲ့ဇာတ်ကား ..ရုပ်ရှင်လေးကတော့ ရေကူးကန်တစ်ခုမှာပ...
22/07/2025

သည်းထိပ်ရင်ဖိုဇာတ်ကားကြိုက်သူများအတွက်😍😍

➪➪➪➪➪➪➪➪➪➪➪➪➪➪

ရေကူးကန်ထဲမှာပိတ်မိတဲ့ဇာတ်ကား ..

ရုပ်ရှင်လေးကတော့ ရေကူးကန်တစ်ခုမှာပဲ တစ်ကားလုံးရိုက်ကူးသွားတာပါ…။
အဓိကသရုပ်ဆောင်ကလည်း မင်းသမီးနှစ်လက်သာပါပြီး တစ်ကားလုံးကိုညီအစ်မနှစ်ယောက်ရဲ့ခံစားချက်တွေ သံယောဇဥ်တွေနဲ့သာ ဖွဲ့စည်းပါထားပါတယ်….ဇာတ်လမ်းအကြောင်းအရာလေးကတော့ မဆုံဖြစ်တာကြာပြီဖြစ်တဲ့ ညီအစ်မ
နှစ်ယောက်ဟာ သူတို့ငယ်ငယ်ကဆုံနေကျ ရေကူးကန်လေးမှာ ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း ရေလာကူးကြပါတယ်….။ကံဆိုးချင်တော့ ဇာတ်လမ်းလှည့်ကွက်တွေကြောင့် ရေကူးကန်ပိတ်သွားတာတောင်ညီအစ်မနှစ်ယောက်ဟာ ရေကူးကန်ထဲပိတ်မိပြီးကျန်နေခဲ့ပါတယ်….။နှစ်ယောက်သား ရေကူးကန်ထဲမှာပဲ ကူကယ်ရာမဲ့ အချိန်ကြာလာလေအသက်အန္တရာယ်ရှိလာလေပါ…။ဒီလို ရေကူးကန်အိပ်မက်ဆိုးကနေ ညီအစ်မနှစ်ယောက်ဘယ်လိုရုန်းထွက်နိုင်မလဲဆိုတာဇာတ်လမ်းလေးထဲကြည့်ရှုလို့ရပါပြီ….။

♻️♻️♻️ဇာတ်ကားကြည့်ရန်♻️♻️♻️👇👇
ကွန်းမန့်မှာ လင့်ချထားပေးပါတယ်ခ

ညီမဖြစ်သူ‌အတွက် ပြန်လက်စားချေမယ့်အစ်မNo Mercy (2019)➪➪➪➪➪➪➪➪➪➪➪➪➪➪♻️♻️♻️အညွန်း♻️♻️♻️ခုတစ်လော Sw*eet Ho*me နဲ့တအားဟော့နေတ...
22/07/2025

ညီမဖြစ်သူ‌အတွက် ပြန်လက်စားချေမယ့်အစ်မ
No Mercy (2019)
➪➪➪➪➪➪➪➪➪➪➪➪➪➪

♻️♻️♻️အညွန်း♻️♻️♻️

ခုတစ်လော Sw*eet Ho*me နဲ့တအားဟော့နေတဲ့ မီးသတ်သမလေးရဲ့၂၀၁၉တုန်းကကားလေးကိုပြန်တင်ပေးလိုက်ပါတယ်မင်းသမီးရဲ့ဖိုက်တင်ခန်းတွေကို ရင်တစ်လှပ်လှပ်နဲ့ကြည့်ရမှာပါ။

ရုပ်လေးနဲ့ အက်ရှင်တွေနဲ့တင်ပြည့်စုံရုံမကပဲ
ဇာတ်လမ်းကလည်း မျက်ရည်တစ်စမ်းစမ်းနဲ့ကြည့်ရမှာပါ။

ဘယ်ကျောင်းသူမှ ဒီဇာတ်ကားထဲက ကောင်မလေးလောက်ဇာတ်မနာနိုင်ပါဘူးသရုပ်ဆောင်ကောင်းချက်က တစ်ကယ်ဖြစ်နေသလိုပါပဲ...

အစ်မလုပ်သူက ညီမပျောက်လို့ရှာရင်းနဲ့မှ အနိုင် ကျင့်ခံရတာတွေ မုဒိန်းကျင့်ခံရတာတွေ တစ်ယောက် တည်းမဟုတ် တစ်ရပ်ကွက်လုံးကပတ်ကျင့်ကြတာအဲ့လိုမျိုးရင်နာစရာတွေကို တစ်ခုချင်းစီသိလာရတဲ့အစ်မတစ်ယောက်ရဲ့ ကလဲ့စားချေချက်တွေကတော့...

အားရစရာဖြစ်မှာပါအများကြီးမပြောတော့ပါဘူးကြည့်လိုက်ရလို့ နောင်တမရစေမယ့်ကားမို့ အချိန်လေးနည်းနည်းပေးပြီးကြည့်လိုက်ကြပါဦးနော်...

ညီမရှာပုံတော် ဖွင့်ရင်းအယောက် ၁၀၀ နဲ့ ၁ ယောက်ရင်ဆိုင်တိုက်ခိုက်ခဲ့တဲ့ အင်ဟေးရဲ့ဂျွန်ဝစ်ရဲ့ညီမလားလို့ ထင်မှတ်မှားရလောက်တဲ့လျင်မြန်ဖြတ်လတ်လွန်းတဲ့ တိုက်ကွက်တွေကိုလည်းအားရပါးရ ကြည့်ရှုရမှာပါ။

အဒ်မင်တောင် မှ သူ သတ်ရင် သေလို့ရအောင်လှပတဲ့ မျက်နှာပေးလေး က ချစ်ဖို့ကောင်းနေပါတယ်

♻️♻️♻️ဇာတ်ကားကြည့်ရန်♻️♻️♻️👇👇
ကွန်းမန့်မှာ လင့်ချထားပေးပါတယ်ခ

Detective Ujjwalan (2025) ဉာဏ်ကြီးရှင်စုံထောက်======================================♻️♻️♻️အညွန်း♻️♻️♻️Netflix ကထုတ်လွှင့...
21/07/2025

Detective Ujjwalan (2025) ဉာဏ်ကြီးရှင်စုံထောက်
======================================

♻️♻️♻️အညွန်း♻️♻️♻️
Netflix ကထုတ်လွှင့်တဲ့ သည်းထိပ်ရင်ဖိုနဲ့ ဟာသပေါင်းစပ်ထားတဲ့ စုံထောက်ကားသစ်လေး တင်ဆက်ပေးထားပါတယ်ဇာတ်လမ်းကတော့ ရာဇဝတ်မှုကင်းစင်ပြီး အမှုဆိုလို ငှက်ပျောသီး အုန်းသီးလောက်ပဲ အခိုးခံရတဲ့ရွာလေးနဲ့ အစချီထားပါတယ်
ဒီရွာလေးရဲ့ နှစ် ၅၀ပြည့်အထိမ်းအမှတ်မှာ SI ဆာချင်တစ်ယောက် မိန့်ခွန်းပြောလေတော့ ဒီရွာမှာ ပြစ်မှုမရှိလို ရဲတွေတောင်
ပျင်းနေရကြောင်း အစချီပြောလိုက်လေတော့….မိန့်ခွန်းထုတ်လွှင့်ပြီးနောက်ရက်မှာတင် ရွာထဲက လူတစ်ယောက် ရက်ရက်စက်စက် သ-တ်ခံထားရပါလေရော နှစ်ချီ အခင်းမဖြစ်ဖူးတော့
လုပ်ထုံးလုပ်နည်းတွေတောင်မေ့နေကြတဲ့ ရဲတွေအဖို အူဂျဝါလန်ဆိုတဲ့လူကို အကူညီတောင်းရပါတော့တယ်
အူဂျဝါလန်က ဘာလဲဆိုရင်တော့ စုံထောက်ကားတွေအကြည့်များပြီး နေရာစုံ ထောင့်စေ့အောင်ကြည့်တတ်ပြီးရေပုံးပျောက်မှုကအစ ဆွဲကြိုး နေရာအထားမှားမှုအဆုံးထိအမှုတိုင်းဖြေရှင်းနိုင်သူပါ ရဲတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်သူပေါ့….
သာမန်ခိုးမှုလေးတွေပဲ ဖြေရှင်းတတ်တဲ့လူက ပထမဆုံးလူသတ်မှုကို ကိုင်တွယ်ရတဲ့အခါမှာတော့
သူ့ဉာဏ်ရည်နဲ့ ဘယ်လိုတွေနှစ်ပါးသွားမယ်ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါဦးရှင်……

♻️♻️♻️ဇာတ်ကားကြည့်ရန်♻️♻️♻️👇👇
ကွန်းမန့်မှာ လင့်ချထားပေးပါတယ်ခ

D*ha*ak*ad (2022)=============♻️♻️♻️အညွန်း♻️♻️♻️အိန္ဒိယဂျက်မ_ကြမ်းသလားတော့မမေးနဲ့ အထူးအေးဂျင့် အက်ဂါနီနဲ့ အဖွဲ့ဝင်နောက်တ...
21/07/2025

D*ha*ak*ad (2022)
=============

♻️♻️♻️အညွန်း♻️♻️♻️

အိန္ဒိယဂျက်မ_ကြမ်းသလားတော့မမေးနဲ့

အထူးအေးဂျင့် အက်ဂါနီနဲ့ အဖွဲ့ဝင်နောက်တစ်ယောက်တို့ဟာမစ်ရှင်တစ်ခုထမ်းဆောင်ဖို့ စတင်လှုပ်ရှားခဲ့တယ်...

လျှို့ဝှက်လုပ်ဆောင်တယ်ဆိုပေမဲ့ သတင်းပေါက်ကြားသွားပုံကြောင့်အက်ဂါနီတို့ ၂ယောက်ကို စစ်တပ်တစ်တပ်စာလောက်ကအသင့်စောင့်နေလို့
အဖွဲ့ဝင်တစ်ယောက်သေဆုံးသွားတယ်...

ဌါနချုပ်က အက်ဂါနီကို မစ်ရှင်ဖျက်သိမ်းဖို့ အမိန့်ပေးခဲ့ပေမဲ့အက်ဂါနီက ရူးမိုက်စွာ ဆက်လုပ်ခဲ့တဲ့အပြင်မလိုအပ်ဘဲ လူများစွာသတ်ဖြတ်ခဲ့တယ်...

ဒီအခြေအနေကို ဌါနချုပ်က သူတွေလည်းအတော်စိတ်ပျက်သွားတယ်..

အဲ့ဒီနောက်မှာတော့ အေးဂျင့်အက်ဂါနီကို
လုံးဝက်ခက်ခဲတဲ့ တာဝန်တစ်ခုထမ်းဆောင်ဖို့ သီးခြားစေလွှတ်လိုက်တယ်..

ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့...

မင်းသမီးကြီး Kangana Ranaut အဓိက ပါဝင်ထားသလို

စတန့်ခန်းတွေလည်း သူကိုယ်တိုင်ပါဝင်ထားပြီး

အဖော်အချွတ် မူးယစ်ဆေး စတဲ့ အိန္ဒိယ သိပ်မဆန်တဲ့

ဇာတ်ဝင်ခန်းများစွာနဲ့ သူမရဲ့ ပြင်ပလူနေမှုပုံစံက ဒီရုပ်ရှင်ရဲ့

Rating အပေါ်သက်ရောက်မှုရှိခဲ့ပုံပါပဲ..မင်းသားကြီး Arjun Rampal လည်းပါဝင်ပွဲကြမ်းထားတာမို့ဘာပဲဖြစ်ဖြစ် အမိုက်စားအက်ရှင်တွေနဲ့တမူထူးတဲ့ တင်ဆက်ပုံတွေကြောင့် ခံစားကြည့်ကြပါလို့..
♻️♻️♻️ဇာတ်ကားကြည့်ရန်♻️♻️♻️👇👇
ကွန်းမန့်မှာ လင့်ချထားပေးပါတယ်ခ

Maze Runner The Death Cure (2018)  ြည့်ရှုနိုင်ပြီMaze Runner 3 မှာတော့  ပထမ၂ကားထဲက လွတ်မြောက်လာကြတဲ့ ကောင်လေးတွေထဲက သော...
20/07/2025

Maze Runner The Death Cure (2018) ြည့်ရှုနိုင်ပြီ
Maze Runner 3 မှာတော့ ပထမ၂ကားထဲက လွတ်မြောက်လာကြတဲ့ ကောင်လေးတွေထဲက သောမတ်စ်က
လွတ်မြောက်လာတဲ့ လူတွေကို စုစည်းပြီး သူ့သူငယ်ချင်းတွေကို ကယ်ဆယ်ဖို့ ရည်ရွယ်ကာ အဖွဲ့တစ်ဖွဲ့ကိုတည်ထောင်ခဲ့ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ မလွတ်သေးဘဲ ကျန်နေခဲ့သေးတဲ့ သူ့သူငယ်ချင်းတွေကိုတင်ဆောင်လာတဲ့ ရထားကို ဖြတ်တိုက်ပြီးတော့ ကယ်ဖို့ကြိုးစားရင်း မအောင်မြင်ဘဲ သောမတ်စ်တစ်ယောက်သူ့ရဲ့ အဖွဲ့နဲ့အတူ Cranks(Zombie) တွေရှိနေတဲ့ လိုဏ်ခေါင်းထဲကို ရောက်သွားပြီး အန္တာရယ်တွေနဲ့ရင်ဆိုင်ကြရပြန်ပါတော့တယ်.. သူတို့ထဲကမှ ဒီဖုတ်ကောင်ကူးစက်တဲ့ရောဂါကို ခံနိုင်ရည်ရှိတာကတော့မင်ဟိုဆိုတဲ့ ကောင်လေးပါ.. ဒီလိုနဲ့ မင်ဟိုကို ဖြေဆေးဖော်ဖို့ The Last City မြို့က လူတွေက လိုက်ဖမ်းရင်းနောက်ဆုံးမှာ သူတို့ ဘယ်လိုတွေဖြစ်ကြမလဲ.. ဖုတ်ကောင်တွေရန်ကရော ကာကွယ်နိုင်ပါ့မလား..Maze ထဲကလွတ်မြောက်လာတဲ့ ပထမဆုံး Runner တွေကရော ဘာအတွက် ထွက်ပြေးနေရတာလဲ..ဆိုတာကိုတော့ ကိုယ်တိုင်ကိုယ်ကျပဲ ဆက်လက်ရှုစားလိုက်ပါဦး..

♻️♻️♻️ဇာတ်ကားကြည့်ရန်♻️♻️♻️👇👇
ကွန်းမန့်မှာ လင့်ချထားပေးပါတယ်ခ

ที่อยู่

Rayong
Rayong
21110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Fan Zoneผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์