CRAZY ENT ဗဟုသုတနှင့် စိတ်ဝင်စားဖွယ်ရာများကို အမြဲတင်ဆက်ပေးနေပါပြီ

အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံ ကချင်ပြည်နယ်ကြားက နှာခေါင်းပေါက်ကို အ‌ေသပိတ်ပြီးပါးစပ်ဖြင့်အသက်ရှုကြသော အပါတနီလူမျိုးစု....
04/09/2025

အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံ ကချင်ပြည်နယ်ကြားက

နှာခေါင်းပေါက်ကို အ‌ေသပိတ်ပြီး

ပါးစပ်ဖြင့်အသက်ရှုကြသော အပါတနီလူမျိုးစု....

04/09/2025

ပျောက်ကွယ်လုနီးပါးဖြစ်တဲ့ မြန်မာပြည်မြောက်ဖျားပိုင်းက ထရုံလူမျိုးများ

 #ထမင်းစားပြီးနောက်မလုပ်သင့်သည့်အချက်၈ချက် #သတိထားရမှာပါ(၁) ဆေးလိပ် မသောက်ပါနဲ့။ထမင်းစားပြီးနောက် ဆေးလိပ် ၁-လိပ်သောက်တာက...
04/09/2025

#ထမင်းစားပြီးနောက်မလုပ်သင့်သည့်အချက်၈ချက်

#သတိထားရမှာပါ

(၁) ဆေးလိပ် မသောက်ပါနဲ့။

ထမင်းစားပြီးနောက် ဆေးလိပ် ၁-လိပ်သောက်တာက သာမန်အချိန် ဆေးလိပ် ၁၀-လိပ်သောက်ခြင်းနှင့် ညီမျှပြီး၊ ကင်ဆာ ရောဂါဖြစ်နိုင်ချေ အလားအလာပိုများကြောင်း ဆေ:သိပ္ပံပညာရှင်များက သတိပေးထားပါတယ်။

(၂) သစ်သီးများ အလျင်စလို မစားပါနဲ့။

ထမင်စားပြီးနောက် အချိုပွဲ သစ်သီးစားခြင်းက မှားယွင်းသော အစဉ်အလာ တစ်ခုဖြစ်ပါတယ်။ အမှန်အားဖြင့် ထမင်းစားပြီးပြီးချင်း သစ်သီးစားခြင်းက လေပွစေပြီး၊ အစာအိမ် ကို ဘေးဥပါဒ်ဖြစ်‌စေပါတယ်။

ဒါကြောင့် ထမင်းစားပြီး အနည်းဆုံး နာရီ၀က်ခန့် ကြာမှ သာ သစ်သီး စားသင့်ပါတယ်။

(၃) လ္ဘက်ရည် မသောက်ပါနဲ့။

လ္ဘက်ရည် အချိုခြောက် ထဲတွင် အက်ဆစ်ဓာတ် အမြောက်အများ ပါရှိပြီး၊အဲ့ဒိအက်စစ်ဓာတ်တွေက ထမင်း၊ဟင်းထဲမှာ ပါရှိတဲ့ ပရိုတင်း‌တွေကို အနှောက်အယှက်ပေးပြီး အစာချေဖျက်မှု ကိုလည်း ဟန့်တားစေပါတယ်။

(၄) ခါးပတ်ကြိုး မလျော့ပါနဲ့။

ထမင်း စားပြီးပြီးချင်း ခါးပတ်ကြိုး (သို့မဟုတ်) ပုဆိုး၊ လုံချည်လျော့၀တ်ခြင်းက အူသိမ် အူမ တို့ကို လိမ်ခေါက်ပြ အူလမ်းကြောင်း ပိတ်ဆို့ခြင်းကို ဖြစ်စေပါတယ်။

(၅) ရေမချိုးပါနဲ့။

ထမင်းစားပြီးနောက် ရေချိုးခြင်းက လက်/ခြေထောက်
နှင့် ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေ: လည်ပတ်စီးဆင်းမှု့ကို တိုးပွားလာပြီး၊ အစာအိမ်တဝိုက် သွေ:လည်ပတ် စီးဆင်းမှု့ကို လျော့ကျစေတာကြောင့် အစာအိမ်ကောင်းစွာ အလုပ် မလုပ်နိုင်တော့ပါဘူး။

(၅) ရေမချိုးပါနဲ့။

ထမင်းစားပြီးနောက် ရေချိုးခြင်းက လက်/ခြေထောက်နှင့် ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေ: လည်ပတ်စီးဆင်းမှုကို တိုးပွားလာပြီး၊ အစာအိမ်တဝိုက် သွေ:လည်ပတ် စီးဆင်းမှု့ကို လျော့ကျစေတာကြောင့် အစာအိမ်ကောင်းစွာ အလုပ် မလုပ်နိုင်တော့ပါဘူး။

(၆) အမြန် လမ်းမလျှောက်ပါနှင့်။

ထမင်းစားပြီးချင်း ခပ်သွက်သွက် လမ်းလျှောက်ခြင်း က ဗိုက်အောင့်စေတတ်ပြီး၊ ထမင်း ဟင်း ထဲမှပါ၀င်သော အာဟာရ စုပ်ယူရန် အတွက် အစာချေ စနစ်ကို အနှောက်အယှက်ဖြစ်စေတတ်ပါတယ်။

(ထမင်းစားပြီး ငြိမ်ငြိမ် ထိုင်နေရမည်လို့တော့ မဆိုလိုပါဘူး) ကျန်းမာရေး နဲ့ ညီညွတ်စေဖို့အတွက် ထမင်းစားပြီး အနည်းဆုံး ၁၅-မိနစ်ခန့် မတ်တပ် ရပ်နေပါ (သို့မဟုတ်) ဖြည်းဖြည်း မှန်မှန်လမ်းလျှောက်ပါ။

(၇) မအိပ်ပါနဲ့။

ထမင်းစားပြီး ချက်ချင်း လှဲအိပ်ခြင်းက အစာကောင်းစွာ မကျေညက်စေတော့ဘဲ၊ အစာအိမ်ရောဂါဖြစ်စေတဲ့အပြင်၊ အူ တွေ ကို ကူးစက်ရောဂါပို ၀င်စေပါတယ်။

(၈) အားကစား မလုပ်ပါနဲ့။

အားကစား မလုပ်ခင် အနည်းဆုံး နာရီ၀က် မှ အများဆုံး ၂-နာရီ ခန့်ကြိုတင်၍ ထမင်းစားထားပါ။ထမင်းစားပြီးပြီးချင်း အကြောဆွဲခြင်း (သို့မဟုတ်) ရုတ်တရက်နှလုံးခုန် ရပ်တန့်ခြင်း (သို့မဟုတ်) အသက်‌သေ ဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။


ချေး(၃)မျိုးဆောင်....အိုတောင်မဆင်းရဲဘူးနွားချေးသည်...အရွက်ဝက်ချေးသည်.... ဥကြက်ချေးသည်.. အသီးအပွင့်ဆိုတဲ့ ဆိုရိုးစကားလည်း...
04/09/2025

ချေး(၃)မျိုးဆောင်....
အိုတောင်မဆင်းရဲဘူး

နွားချေးသည်...အရွက်
ဝက်ချေးသည်.... ဥ
ကြက်ချေးသည်.. အသီးအပွင့်
ဆိုတဲ့ ဆိုရိုးစကားလည်းရှိပါတယ်။

နွားချေးသည် n.p.k.အဟာရဓာတ်ပါဝင်မှုနှုန်း
နိုက်ထရိုဂျင် ...1.10
ဖော့ဖရပ် .........0.04
ပိုတက်စီယမ် ....1.60တို့ပါဝင်ပါတယ်

ကြက်ချေးတွင်.n.p.k.အဟာရဓာတ်ပါဝင်မူနှုန်း
နိုက်ထရိုဂျင် ...2.42
ဖော့ဖရပ်..........6.29
ပိုတက်စီယမ်.... 2.11တို့ပါဝင်ပါသည်။

ဝက်ချေးတွင်.n.p.k အဟာရဓာတ်ပါဝင်မှုနူန်း
နိုက်ထရိုဂျင်... 2.69
ဖော့ဖရပ်.........1.84
ပိုတက်စီယမ်... 1.12.တို့ပါဝင်ပါသည်

ကျနော်တို့ သဘာဝမြေသြဇာပြုလုပ်သည်နေရာမှာ ကိုယ်သုံးမဲ့ပစ္စည်းတွင် npk.ပါဝင်မှု့နူန်းကိုသိရင်
အာဟာရဓာတ်ကောင်းကောင်းကို ဖန်တီးယူလို့
ရပါတယ်

တိရစ္ဆာန်ချေး တမျိုးထက် စာရင်
နှစ်မျိုးကပိုကောင်းပါတယ်....
နှစ်မျိုးထက်စာရင် တိရစ္ဆာန်ချေးသုံးမျိုးက
ပိုကောင်းပါတယ်....

နွားချေး ၅.အိတ်

ကြက်ချေ. ၅.အိတ်

ဝတ်ချေး ၅.အိတ်

ဖွဲနု ၁.အိတ်

ဒါတွေအားလုံးကို
သမအောင် အရင်မွှေပေးပါ

ငါးအမိုင်နို ၃.လီတာ

သကာရည် ၅.လီတာ

ရေလီတာ ၃၀.ဖြင် ရေပုံးတစ်လုံး
တွင်ထည့်ပြီး သမအောင် ေမွှပေးပါ
ပြီးတဲ့အခါတွင် မြေသြပုံထဲ....
ငါးအမိုင်နိုဖျန်းပေးပြီး သမအောင်
မွှေပေးပါ။ ငါးအမိုင်နိုအရည်
ထပ်ဖျန်းပေးပါ ရေ အစိုဓာတ် ၆၀.%ရာခိုင်နှုန်းထည့်ပြီး တစ်လ တိတိနှပ်ထားပေးပါ ၇.ရက်တခါ အပြန်အလှန် ထက်အောက် မွှေပေးပါ။
တစ်လပြည့်ရင် စတင်
အသုံးပြုလို့ရပါပြီး..ခင်ဗျာ

သဘာဝမြေသြဇာ ကီလို ၁၀၀.ဆိုရင် ထရိုင်ကိုဒါမား
တစ်ကီလို ရော၍လည်း အသုံးပြုနိုင်ပါသည်။

မျိုးစေ့ဖောက်၍၎င်း....
အလှပန်းအိုးဖြင့်စိုက်၍၎င်း
Hydroponics( ဟိုက်ဒိုပိုနစ် ) မြေမဲ့စိုက်ပျိုးနည်း စိုက်ပျိုးချင်သူများအတွက်၎င်း သဘာဝမြေသြဇာ ၁.ကီလိုအုန်းဆံမှုန် ၁.ကီလို
မြေပွ ၁.ကီလိုဖြင့်ပန်အိုးထဲတွင်ထည့်ပြီး ဟင်းသီး ဟင်းရွက်ပင်များနှင့် မည်သည့်သီးနှံပင်မဆို
စိုက်ပျိုး အသုံးပြုနိုင်ပါသည်

စပါးစိုက်ပျိုးမည်ဆိုရင် ....
လယ် ၁.ဧက ကို ၃၀၀.ကီလို နူန်း
စပါးစိုက်ပျိုးပြီးတစ်ခါ.စပါးနို့ရည်ကြည်
တည်ခါစတစ်ခါအသုံးပြုနိုင်ပါသည်

သစ်သီးဝလံပင်များဆိုရင်
တစ်ပင်တစ်ကီလို နူန်းဖြင့်
တစ်နှစ်သုံးကြိမ်းအသုံးပြုနိုင်ပါသည်
မိတ်ဆွေးများ..ခင်ဗျာ
နိုင်ငံခြားဓာတ်မြေသြဇာကို
မှီခို စိုက်ပျိုးနေမည့်အစား
ကိုယ်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့
သဘာဝစွန့်ပြစ် ပစ္စည်းများကို
အသုံးချတတ်ရင် အကြွေးနွံထဲ
နစ်တော့မှာ မဟုတ်ပါဘူး
ဆိုတာကိုလည်း ပြောပြချင်ပါတယ်

အားလုံးကို ကျေဇူးတင်ပါတယ်....

နိုင်လင်း

Edit : ၁ ကီလိုဟာ ၆၁ ကျပ်သားခန့်နဲ့ညီမျှပါတယ်။

Credit - Original Uploader

ဆီးချိုပျောက်စေတဲ့ ကင်းပုံရွက်ဆေးနည်း။▪ ကင်းပုံရွက် သတ္တုရည် ညှစ်ယူပါ။ ကြွေဇွန်းကြီးနှစ်ဇွန်း တစ်နေ့ သုံးကြိမ်တိုက်ပါ။စွ...
03/09/2025

ဆီးချိုပျောက်စေတဲ့ ကင်းပုံရွက်

ဆေးနည်း။

▪ ကင်းပုံရွက် သတ္တုရည် ညှစ်ယူပါ။ ကြွေဇွန်းကြီးနှစ်ဇွန်း တစ်နေ့ သုံးကြိမ်တိုက်ပါ။

စွမ်းအင်။

▪ အင်ဆူလင်ထိုးသည့်တိုင်အောင် ဆီးချိုနှုန်းလျော့ ကျမှု နည်းပါးသူများ ဆေးနည်းအတိုင်း တိုက်ပြီး စစ်ဆေးကြည့်ပါက ချက်ချင်း ဆီးချိုနှုန်း ကျသွား သည်ကို တွေ့ရပါလိမ့်မည်။

ကင်းပုံရွက်စွမ်းအင်နှင့် ပတ်သက်သော ကောက်နုတ်ချက်များ

ကင်းပုံရွက်သည် ဆီးချိုရောဂါရှိသူများနှင့် သင့်၏။ အညစ်အကြေး၊ ဆီး ဗမ်းများ လွန်စွာသက်ဆင်းသည်ကို ထိန်းချုပ်ပေးခြင်းဖြင့် ဆီးချို ရောဂါအတွက် အထောက်အကူပြုသည်ဟု ဆို၏။ (အရှင် နာဂသိန် လက်စွဲ ဆေးအဘိဓာန်)

ကင်းပုံရွက်အစိမ်းကို ဆီးချိုရောဂါရှိသူများ ကြော်ချက် စားသုံးရ၏။ (မြန်မာ့ဆေးဖက်ဝင်အပင်များ)

🅲🆁🅴🅳🅸🆃

ဒီလိုဆိုရင်ရော😍😍🌹🌹🌹
03/09/2025

ဒီလိုဆိုရင်ရော😍😍🌹🌹🌹

03/09/2025

အဘအောင်မင်းခေါင်းအကြောင်း သိကောင်းစရာ

03/09/2025

ဧရာဝတီမြစ်ရေကြောင့် လက်ပံတန်း ရေကာတာပြိုကျ😰

အလင်္ကာ‌ကျော်စွာ မမြို့မငြိမ်းအကြောင်း သိကောင်းစရာမြို့မငြိမ်း (၁၉၀၉- ၁၉၅၅) သည် မြန်မာ့ဂီတ​လောကတွင် ထင်ရှား​ခဲ့သော အလင်္...
02/09/2025

အလင်္ကာ‌ကျော်စွာ မမြို့မငြိမ်းအကြောင်း သိကောင်းစရာ

မြို့မငြိမ်း (၁၉၀၉- ၁၉၅၅) သည် မြန်မာ့ဂီတ​လောကတွင် ထင်ရှား​ခဲ့သော အလင်္ကာကျော်စွာဘွဲ့ရ ​တေး​ရေးဆရာ၊ဂီတပညာရှင်တစ်ဦး ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ သက်တမ်းအရှည်ကြာဆုံး တူရိယာအသင်းတစ်ခုဖြစ်​​သော မန္တလေးမြို့ဂုဏ်​ဆောင် မြို့မအ​ပျော်တမ်းတူရိယာအဖွဲ့ကို ဦး​ဆောင်တည်​ထောင်ခဲ့သူတစ်ဦးဖြစ်သည်။

ငယ်ဘဝ
မြို့မငြိမ်း၏ အမည်ရင်းမှာ ဦးကျော်ငြိမ်းဖြစ်သည်။ မန္တလေးမြို့ ပန်းယွန်းကုန်သည် ဦးညီ ၊ ဒေါ်ချစ်ဦးတို့၏ သားနှစ်ယောက်အနက် သားကြီးဖြစ်သည်။ ဦးကျော်ငြိမ်းအား ခရစ်နှစ် ၁၉၀၉ ခုနှစ် ၊ မြန်မာသက္ကရာဇ် ၁၂၇၀ ပြည့်နှစ် ၊ တပေါင်းလဆန်း (၅) ရက် ၊ တနင်္လာနေ့တွင် မန္တလေးမြို့၌ ဖွားမြင်ခဲ့သည်။

မြို့မငြိမ်းအသက် ၁၄ နှစ်သားအရွယ်တွင် ဖခင်က သူငယ်ချင်းဖြစ်သူ ဦးဘသက် (ခံစားမှုအနုပညာရှင် ပန်းချီ ဆရာကြီး ဦးဘသက်) ထံ ပညာရပ်များ ဆည်းပူးသင်ကြား ပေးရန် အပ်နှံပေးခဲ့သည်။ ၅ နှစ်ခန့်ကြာသောအခါ ပန်းချီ၊ ပန်းပု နှင့် မယ်ဒလင်၊ ဘင်ဂျို၊ ဗျပ်စောင်း ပညာများကို သင်ကြားတတ်မြောက်ခဲ့ သည်။

မြို့မငြိမ်း၏ လက်ဦးဆရာများမှာ လက်ရင်းဆရာကြီး ဦးဘသက်၊ 'မင်းကြီးဦးဆက်' ဆိုသူ၏ ညီ ဦးချက်၊ ဦးလင်းနှင့် စောင်း ဦးမောင်မောင်လတ် (အာဠဝီ) တို့ဖြစ်ကြသည်။ ရွာစားစိန်ဗေဒါကြီးနှင့် ဒေဝဣန္ဒာ ဦးမောင်မောင်ကြီးတို့ထံမှလည်း မြန်မာ့စောင်းပညာကို သင်ကြားခဲ့သည်။

ဦးကျော်ငြိမ်းသည် ငယ်စဉ်ကပင် ပန်းချီနှင့် ဂီတကို ဝါသနာ ပါခဲ့သည်။ စောင်းတီးပညာကို ရွာစားကြီး စိန်ဗေဒါနှင့် စ စောင်း ဦးမောင်မောင်ကြီး (ဒေဝဣန္ဒာမောင်မောင်ကြီး) တို့ထံမှ ဆည်းပူး သင်ယူခဲ့သည်။ ခရစ်နှစ် ၁၉၂၈ ခုနှစ်တွင် မန္တလေးမြို့မတူရိယာအသင်း ကို ဦးတော်လုံ ဆိုသူက တည်ထောင်ခဲ့ရာ ဦးကျော်ငြိမ်းလည်း ပါဝင်ခဲ့သည်။ ဦးကျော်ငြိမ်းသည် မြို့မ အဖွဲ့သားအဖြစ် အနောက်တိုင်း တူရိယာ တီးနည်းနှင့် တူရိယာ သင်္ကေတ ပညာတို့ကို သင်ယူခဲ့သည်။ ၁၉၃၁ မှစ၍ သီချင်းများကို ရေးစပ်ခဲ့ရာ မြို့မငြိမ်း ဟူသော ဂီတစာဆို အမည်ကို ခံယူခဲ့သည်။

ဂီတစာဆို နှင့် ဂီတမှူး ဘဝ
မြို့မငြိမ်း ရေးသားခဲ့သော သီချင်းပေါင်း (၂၀၀) ခန့် ရှိသည်ဟု သိရသည်။ မြို့မငြိမ်း၏ သီချင်းများအနက် ပထမဦးဆုံး တစ်တိုင်းပြည်လုံး ကျော်ကြားခဲ့သော သီချင်းမှာ "ချစ်ထာပဓာန" သီချင်း ဖြစ်သည်။ သီချင်းရေး သက်တမ်း (၂၄) နှစ်အတွင်း ကျော်ကြားခဲ့သော သီချင်းများမှာ လူချွန်လူကောင်း၊ ခင့်အိပ်မက် ၊ တစ်ချစ်ထဲ ချစ် ၊ မြင်းခင်းတော် ၊ နတ်သျှင်နောင်(ပြည်လှ​ဖေဆို) ၊ မေ့ပါနိုင်(ပြည်လှ​ဖေဆို) ၊ ပျို့မှာတမ်း(​မေရှင်)ဆို) ၊ သက်ဝေ(ပြည်လှ​ဖေနှင်​မေရှင်)တွဲဖက်ဆို) ၊ ပါရမီတော် ၊ ချစ်ရဲဘော် ၊ မင်္ဂလာမောင်မယ်(​မေရှင်)ဆို) ၊ ကသစ်ပန်း(​လေဘာတီမမြရင်ဆို) ၊ ငွေဇင်ယော် ၊ ပြုံးတဲ့မေ ၊ လေချိုသွေး စသော သီချင်းများ ဖြစ်ကြသည်။ မြို့မငြိမ်း သီချင်း စတင်ရေးသားခဲ့သော အချိန်၌ အနောက်တိုင်း တေးသွားများကို ပုံတူကူး၍ မြန်မာစကားလုံး သွင်းကာ စပ်ဆိုသော အလေ့အကျင့် ခေတ်စားနေသော အချိန်ဖြစ်သည်။ သို့သော် မြို့မငြိမ်းသည် အနောက်တိုင်း ဂီတမှ သီချင်းစပ်နည်းကို မှီငြမ်းသော်လည်း တေးသွားကို ခိုးချခြင်း မပြုပဲ သူ၏ ပင်ကိုဂီတဉာဏ်ဖြင့်သာ ကိုယ်ပိုင်တေးသွားများ ရေးစပ်ခဲ့သည်။

၁၉၃၀ ခုနှစ်ခန့်က 'တောမြိုင်ခြေလမ်း' ယိုးဒယားသီချင်းတစ်ပုဒ်ကို မြို့မတူရိယာအသင်းသည် ပထမဦးဆုံး မြူးဇစ်နုတ်သင်္ကေတပြု၍ စတင်စမ်းသပ် တီးမှုတ်ခဲ့ကြပြီး၊ ဒုတိယသီချင်းမှာ 'စံရာတောင်ကျွန်း' ဖြစ်၍၊ ၁၉၂၅ ခုနှစ်က ယဉ်ကျေးမှုဝန်ကြီး ဦးထွန်းဖေ၊ ရွှေပြည် ဆရာကြီးဦးဘတင် (သမိုင်း)၊ ဆရာဘကလေး(မန်းပန်တျာပတ္တလား၊ စန္ဒရားနည်းပြဆရာကြီး) တို့အား မြန်မာသီချင်းကြီး၊ သီချင်းခန့်များကို သင်္ကေတ ပြု၍ ရနိုင်၊ မရနိုင်ကိစ္စနှင့် ပတ်သက်၍ နမူနာတီးပြခဲ့ကြသည်။ ၁၉၅၃-၅၄ ခုနှစ်တွင် မြို့မငြိမ်းသည် ပန်တျာ မူမှန်ပြုရေး သင်္ကေတ တင်မှတ်ရေး အကြံပေးအဖွဲ့တွင် ပါဝင်ခဲ့သူလည်း ဖြစ်သည်။

မြို့မငြိမ်း၏ 'ကသစ်ပန်း' သီချင်းကို အကော်ဒီယံမောင်သန့်၊ ဒါးတန်းဦးသန့် ဦးစီးသော တီးဝိုင်းဖြင့် ဓာတ်ပြားသွင်းခဲ့သည်။ ထိုထဲမှာ ဝန်ကြီးပဒေသရာဇာ၏ 'ပုစင်းတောင်သံကြိုး' သီချင်းမှ မြို့မငြိမ်း မှီးယူ အသုံးပြုခဲ့သော 'အုံ့ကာလေ တဖွဲဖွဲ၊ ရွာလေတသဲသဲ' ဟူသော အပိုဒ်ကို ဒါးတန်းဦးသန့်က အနောက်တိုင်း တူရိယာ အကော်ဒီယံ (Accordian) ဖြင့် ဘယ်နှင့်ညာကို မြန်မာအတွဲအဖက်၊ မြန်မာမှု မြန်မာ့ဟန်အနှစ်သာရမပျက်စေဘဲ ကော့ဒ် (chord) များဖြင့် တီးခတ်ခဲ့သည်။ ထိုအပိုဒ်ငယ် (4 bars) ၄ စည်းများရှိသည်ကိုပင် စည်းရှိန်မြှင့်ကာ (8 bars) မျှ ဆန့်ထုတ်၍ မူလပင်ကို မြန်မာ့ဟန်မှ အခြေခံတေး သွားအယူအဆကို မျိုးပွားဖန်တီးခြင်း၊ (Variations on Theme) နည်းစနစ် ဖြင့် တယောအစွမ်းပြတီးခတ်ပေးခဲ့ပြီး ဖြစ်သဖြင့် ကသစ်ပန်းသီချင်းသည် ဒါးတန်းဦးသန့်နှင့် မြို့မငြိမ်းတို့၏ အနောက်တိုင်း ဝိုင်းဖွဲ့စနစ်နှင့်ပတ်သက်သော စမ်းသပ်မှုမှတ်တိုင် ဖြစ်ခဲ့သည်။

သင်္ကေတစနစ်နှင့်ပတ်သက်ပြီး ဒါးတန်းဦးသန့်နှင့် မြို့မငြိမ်းတို့၏ ဆရာများ၊ နည်းပညာပေးခဲ့သူများမှာ-မစ္စတာရီဂို၊ မစ္စတာဘော်ဘီ၊ မစ္စတာ ဒေးဗစ် စသူတို့ဖြစ်ကြသည်။ မစ္စတာ ရီဂိုသည် အယ်ဖင်စတုန်း ရုပ်ရှင်ရုံ (ရွှေတိုက်) ရုံဝင်းအတွင်း နေထိုင်သူဖြစ်ပြီး၊ ဘုရားရှိခိုးကျောင်းနှင့် ရုပ်ရှင်ရုံတွင် စန္ဒရားတီးသည်။ (ရီဂိုဗင်)ဟူသော တီးဝိုင်း Band နှင့် ဂီတသင်တန်းဖွင့် ထားသူဖြစ်သည်။ မစ္စတာဘော်ဘီမှာ ထရမ်းပက်သမားတစ်ဦးဖြစ်၍၊ တူရိယာ ပစ္စည်းမျိုးစုံနှင့် ဂီတနှင့်သက်ဆိုင်သော စာအုပ်စာတမ်းများ ရောင်းသောဆိုင် ဖွင့်ထားသည်။ မစ္စတာဒေးဗစ်မှာ မန္တလေးနန်းတွင်း စစ်ဘင်ခရာတီးဝိုင်းမှ တီးဝိုင်းခေါင်းဆောင်အဖြစ် မှတ်တမ်းတွင် တွေ့ရှိရသည်။

မန္တလေးမြို့ခံ မြို့မ အပျော်တမ်း တူရိယာအဖွဲ့
၁၉၃ဝ ခုနှစ်တစ်ဝိုက်က မန္တလေးမြို့ဟိုတယ် ပျော်ပွဲစားရုံနှင့် ကပွဲခန်းလေးများတွင် မစ္စတာရီဂိုက လာခေါ်တတ်၍ မြို့မငြိမ်း၊ ဒါးတန်းဦးသန့်တို့ လိုက်ပါ တီးမှုတ်ခဲ့ဖူးသည်။ ထိုစဉ်က မြို့မငြိမ်းမှာ ဆိုက်ဆိုဖုန်းနှင့် ကလာရီနက် တူရိယာနှစ်မျိုးကို သင်္ကေတဖတ် စနစ်ဖြင့် တီးမှုတ်ခဲ့သည်။

စစ်မဖြစ်မီကာလက မြို့မ တူရိယာအသင်း၏ သင်္ကေတသမားများ ဟု ဆိုနိုင်ကြသူများမှာ ဒါးတန်းဦးသန့်၊ မြို့မငြိမ်း၊ ဦးအေးကျော် (မန်းပန်တျာ ပန်းချီနည်းပြဟောင်း)၊ ဦးသိန်းမောင် (စမောသိန်းမောင်)၊ ချိုကြီး(ဂေါ်ချို)၊ တို့ဖြစ်သည်။ ၁၉၃၅ မှ ၁၉၃၈ အတွင်း ခေတ်ပေါ်တူရိယာများ၊ သင်္ကေ တစနစ်နှင့် ဓာတ်ပြားသွင်းယူခဲ့သော မြို့မငြိမ်း၏ သီချင်းများမှာ ချစ်တာ ပဓာန၊ ခင့်အိပ်မက်၊ ရှုမဝ၊ အလှပြိုင်ပွဲ၊ နန်း​တော်​ရှေ့ဆရာတင်၏ ဧရာဝတီ၊ အောင်ပင်လယ်၊ ထို့နောက် မြို့မငြိမ်း၏ မန်ဒါလီ၊ နှစ်ပိဿာခွဲ၊ ပျိုး၊ ကသစ်ပန်း စသည့် သီချင်းများ ဓာတ်ပြားသွင်းယူခဲ့ရာ အောင်မြင်ခဲ့သည်။

ထိုခေတ် ကမ္ဘာစစ် မီး မြန်မာပြည်သို့ ကူးစက်လောင်ခဲ့စဉ်၊ စစ်ဘေးရှောင်တိမ်းရင်း၊ ကျောက်မဲ ဘက်သို့ ရောက်သွားသည်။ သူငယ် ချင်း ဦးဘဟန် (ကားသင်း ဥက္ကဋ္ဌ) နှင့် တွေ့မှ ပြန်ခေါ်လာပြီး စစ်ကိုင်းဘက် ကူးသွားကြပြန်သည်။ ထိုမှတဆင့် ဂီတ မိတ်ဆွေများ စုစည်းမိကာ ('ကမ္ဘာစစ်မီး လောင်ရာတွင် သူ ငါ ခိုကိုးစစ်ကိုင်း တောင်ရိုးမှပင် မြို့မအသင်းဝင် ရသမျှ စုစည်းလို့ပင် တီးဆိုရေးမပျက်၊ အား ဆေးတစ်ခွက် အသွင်') ဟူသော မြို့မ သမိုင်းသီချင်းများ ပေါ်ထွက်လာခဲ့သည်။

ဤသို့ဖြင့် မြို့မငြိမ်းတို့ ဂီတ မိတ်ဆွေများတစ်စု၊ မန္တလေး ၈၄ လမ်း ရှိ ဘီကျင်ဟော်တယ်တွင် အဖျော်ယာမကာစုပ်ရင်း၊ အနုပညာအကြောင်း စိတ်ကူးဆွေးနွေးမှုလေး လုပ်ဖြစ်ခဲ့သည်။

၁၉၂၈-၂၉ ခုနှစ်တွင် 'ကဆုန်ညောင်ရေနှင့် တဝါတွင်း' သီချင်းများ ရေးဖြစ်ခဲ့ရာ၊ အသင်းသား များက လက်ခံအားပေးခဲ့ကြသည်။ ၁၉၃၅ ခုနှစ်ခန့်တွင် မြို့မ တူရိယာအသင်းသည် ခွေးတံဆိပ် ဓာတ်ပြားကုမ္ပဏီနှင့် သီချင်းများစွာ သွင်းခဲ့သည်။ နန်းတော်ရှေ့ဆရာတင်၏ ဥစ္စာရင်းမှန်၊ အလှူ့ရှင်၊ သော့တွဲ၊ ဧရာဝတီ၊ အောင်ပင်လယ် အပါအဝင် မြို့မငြိမ်း၏ ချစ်တာပဓာန၊ ခင့်အိပ်မက်၊ ရှုမဝ၊ အလှပြိုင်ပွဲများသည် ပထမဦးဆုံး သော ဓာတ်ပြားသီချင်းများဖြစ်ခဲ့သည်။ မြို့မငြိမ်းသည် သီချင်းရေးသက် ၁၈ နှစ်၊ အနှစ် ၂ဝ အတွင်း သီချင်းပုဒ်ရေပေါင်း ၁၅ဝ မှ ၂ဝဝ နီးပါအထိ ရေးသားပြုစုသွား ခဲ့သည်။ ၁၉၃၅ ခုနှစ်ခန့်မှစ၍ စစ် မဖြစ်မီအထိ ဓာတ်ပြားပေါင်း ၄ဝ ကျော် သွင်းခဲ့သည်။

အေဝမ်းနှင့် သွင်းယူခဲ့သော ဓာတ်ပြားများမှာ ပါရမီတော်၊ ရေခင်း တော်၊ နတ်သျှင်နောင်၊ ပျို့မှာတမ်း၊ မေ့ပါနိုင်၊ ဖူးစာပိုင်၊ မင်္ဂလာမောင်မယ်၊ သက်ဝေ၊ ချစ်လွန်းတင်၊ လှမြ ဉ္ဇူ၊ လေထဲက ဖူးစာ၊ ရွှေမင်းဝံ၊ နွဲ့မျိုးစုံ၊ ချစ်ကျိုးတော်ဆောင်တို့ ဖြစ်သည်။ သက်ဝေကို အဆိုတော်ပြည်လှဖေ နှင့် ​မေရှင်တို့က သီဆိုခဲ့သည်။ ချစ်ကျိုးတော်ဆောင်ကို တင်တင်အေး နှင့် သီဆိုစေခဲ့သည်။ အေဝမ်းနှင့် ဓာတ်ပြားသွင်း၍ မကြာမီ စစ်ဖြစ်ခဲ့ရာ ထို ဓာတ်ပြားများကို အချို့ စစ်မဖြစ်မီ ထုတ်၍၊ အချို့ကို စစ်ပြီးခေတ်မှ ပြန် ထုတ်ခဲ့သည်ဟု သိရှိရသည်။

ဆဋ္ဌသင်္ဂါယနာတင် မဟာနာယက ညောင်ရမ်းဆရာတော်ဘုရာကြီး၏ အန္တိမ ဈာပနသဘင်တွင် မြို့မငြိမ်းမှ မောင်းတစ်ဝိုင်း၊ ကြေးတစ်ဝိုင်းဖြင့် မြန်မာ့ဆိုင်းဝိုင်းး နှင့် အနောက်တိုင်း တူရိယာများနှင့် တွဲဖက်တီးမှုအစကို စတင် ခဲ့သည်။

မြို့မငြိမ်းသွင်းယူခဲ့သော ဓာတ်ပြားသီချင်းများမှာ ချစ်တာပဓာန၊ ခင့်အိပ်မက်၊ ရှုမဝ၊ အလှပြိုင်ပွဲ၊ နှစ်ပိဿာခွဲ၊ မန်ဒါလီ၊ တချစ်ထဲချစ်၊ လေချိုသွေး၊ လားတွေ ထပ်၊ ရှင်တခုပဲ၊ ဖရဲသီးနဲ့ ဘဲဥ၊ မောင့် အရည်ချင်း၊ ယောင်းမ၊ မျက်မှန်စိမ်းနှင့် မြက်ခြောက်၊ အူချင်ယောင်ယောင်၊ မေဓာဝီ၊ လက်ဝဲသုန္ဒရ၊ နှစ်ယောက်ထဲ၊ ကသစ်ပန်း၊ စစ်ကိုင်းတောင်၊ ချစ်ကဝေ၊ လင်းအာရုဏ်၊ ဒေါင်းစက်ယာဉ်၊ ခုံးမျက်စ၊ ပျိုး၊ ထီးကလေး၊ မိဖုရားစော၊ ရေပက်မဝင်၊ ငါးဘဝ၊ လောကဇာတ်ခုံ၊ လူ့ဓမ္မတာတို့ ဖြစ်သည်။

မြန်မာ့ရုပ်ရှင် ဇာတ်ဝင်တေးများ
မြို့မငြိမ်း၏ သီချင်းများသည် ရုပ်ရှင်နောက်ခံသီချင်းများ ဖြစ်ရုံမက၊ ရုပ်ရှင်ဇာတ်ကားအမည်များ အဖြစ် မှည့်ခေါ်ယူခြင်း ပြုခဲ့ကြသည်။ ရုပ်ရှင်အဖြစ် မှည့်ခေါ်ခဲ့သော သီချင်း များမှာ (၁) တိမ်လွှာမို့မိုလွင်၊ (၂) သခွတ်ပန်း၊ (၃) နှစ်ယောက်ထဲ နေချင်တယ်၊ (၄) လေချိုသွေး၊ (၅) ဓာတ်တူနာမ်တူ၊ (၆) လေထဲက ဖူးစာ၊ (၇) ခိုင်းတော့ သက်ဝေ၊ (၈) ချစ်ကျိုး တော်ဆောင်၊ (၉) ချစ်မြင်းမိုရ်၊ (၁ဝ) ယဉ်ကျေးမှု ရုပ်ရှင်မှ ကားတစ်ကား စသည်တို့ ဖြစ်သည်။

မြို့မငြိမ်း၏ ရုပ်ရှင်သီချင်းများအဖြစ် ထင်ရှားသော သီချင်းနှင့် ဇာတ်ကားများမှာ (၁) သခွတ်ပန်း (သခွတ်ပန်းဇာတ်ကား)၊ (၂) ချစ်ကျိုး တော်ဆောင် (ဆုထူးငယ်ပန်ရွယ်သွန်း ဇာတ်ကား)၊ (၃) တချစ်ထဲချစ် (အပယ် ရတနာရုပ်ရှင်)၊ (၄) တိမ်လွှာမို့မိုလွင် (တိမ်လွှာမို့မိုလွင်ရုပ်ရှင်)၊ (၅) နှစ် ယောက်ထဲ (နှစ်ယောက်ထဲနေချင်တယ် ဇာတ်ကား)၊ (၆) လေထဲက ဖူးစာ (လေထဲကဖူးစာရုပ်ရှင်)၊ (၇) ကစားစရာ အသည်းမွှာ (တခိုင်လုံးရွှေဇာတ်ကားမှ)၊ (၈) မခို့တရို့ (သားရွှေဒေါင်းတောင် ရုပ်ရှင်) (၉) မပြီးသေးသော် ပန်းချီကား (ဆောင်းအိပ်မက်ရုပ်ရှင်)တို့ဖြစ်ကြပြီး၊ ရုပ်ရှင်ထဲပါ၊ မပါ မသိရသော်လည်း မင်းသားဝင်းဦး သီဆိုခဲ့သော တံမွှာပဉ္ဇင်၊ ပြုံးတဲ့မေ၊ မပြီးသေးသော ပန်းချီကားနှင့် သစ္စာ သီချင်းများဖြစ်၍ ရုပ်ရှင်မင်းသမီး နွဲ့နွဲ့စန်း(ပျို့မှာတမ်းသီချင်း)ကို သီဆိုခဲ့ ကြသည်။

အခြားသော သီချင်းများကိုလည်း ခေတ်ဟောင်းရုပ်ရှင်မင်းသား ပြည်လှဖေ၊ ခင်မောင်ရင်၊ မင်းသမီး မေရှင်တို့ သီဆိုခဲ့ကြသည်။

မြို့မငြိမ်း၏ နောက်ဆုံး မကွယ်လွန်မီ ရေးခဲ့သော သီချင်းမှာ 'တိမ်လွှာမို့မို့လွင်' ဖြစ်သည်။

မြို့မငြိမ်းဂုဏ်ပြု
မြို့မငြိမ်း အကြောင်း စာအုပ်များ ဆောင်းပါးများ [၄] ရေးသားထုတ်ဝေခဲ့ကြသည်။

သင်္ကြန်မိုး ရုပ်ရှင်ထဲမှ အဓိကဇာတ်ကောင် တေးရေးဆရာ စန္ဒရားငြိမ်းမောင် မှာ ဆရာ မြို့မငြိမ်း၊ စန္ဒရားသိမ်းမောင်၊ မြို့မကိုပေါ စသူတို့၏ ဇာတ်ရုပ်များကို မှီငြမ်းသည် ဟု အဆိုရှိသည်။

မြို့မငြိမ်း မွေးနေ့ ရာပြည့်ပွဲကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့က မန္တလေး မြို့မအသင်းတိုက်၌ ကျင်းပခဲ့သည်။ [၅]

တေးသံရှင်မေဆွိက "ရင်ထဲကမြို့မ" အမည်ရှိ သီချင်းဖြင့် မြို့မငြိမ်း နှင့် မြို့မ အဖွဲ့ကို ဂုဏ်ပြုသီဆိုခဲ့သည်။ [၆] တေးရေး တေးဆို ယူမိုး ကလည်း မြို့မငြိမ်းအကြောင်းကို "မြို့မငြိမ်း" အမည်ရှီ သီချင်းတစ်ပုဒ် စပ်ဆိုခဲ့သည်။ [၇]

၂၀၁၀ ခုနှစ်ခန့်က မန္တလေး ၂၁လမ်းx၈၆ လမ်းထောင့် မြို့မတူရိယာအသင်း တိုက်ရှေ့မျက်နှာစာတွင် မြို့မငြိမ်းကြေးရုပ် စိုက်ထူထားရှိသည်။ [၈]

မိသားစု
အသက် (၂၂) နှစ်အရွယ်တွင် မသန်းသန်း (ဒေါ်သန်းမေ) နှင့် အိမ်ထောင်ကျ၍ သားသမီး (၁၃) ယောက် ထွန်းကားခဲ့သည့်အနက် ကွယ်လွန်ချိန်တွင် (၈) ယောက် ကျန်ရစ်ခဲ့သည်။ သားသမီးများတွင် မြို့မအသင်း ဥက္ကဋ္ဌ (ဦးရွှန်းမြိုင်) [၉] ၊ ဦးသန်းအောင်ခိုင် နှင့် ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာညွန့်လွင် တို့မှာ ထင်ရှားသည်။

မြို့မအသင်းပြင်ပ အသင်းအဖွဲ့များ
ရှေးသီချင်းကြီးများကို မူမှန်သတ်မှတ်ရေး အထက်မြန်မာပြည် ကော်မတီ အဖွဲ့တွင် လူကြီးတစ်ဦးအဖြစ်လည်ကောာင်း ၊ မန္တလေးရုပ်ရှင် ကုမ္ပဏီတွင် ဂီတဘက်ဆိုင်ရာ ဒါရိုက်တာအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။

ဘဝနိဂုံး
၁၉၅၅ ခု၊ စက်တင်ဘာလ ၁၅ ရက်နေ့ နံနက်တွင် ယမန်နေ့ညက အိမ်သို့ ပြန်မလာဘဲ ပျောက်ဆုံးနေကြောင်း မိသားစုက ညွန့်ပေါင်းဈေး ရဲဌာနထံ တိုင်ကြားသည်။ နေ့လယ်ရောက်သော် ခေါင်းအား ကားနင်းထားသည့် အမည်မသိ အလောင်းတစ်လောင်းကို သံလျက်မှော်ရပ်၊ ပတ္တာရပ်လမ်းခွတွင် တွေ့၍ ဆေးရုံကြီးသို့ ပို့လာရာ မရှုမလှဖြစ်နေသည့် မြို့မငြိမ်းအလောင်းကို တွေ့ရတော့သည်။ [၁၀]

မြို့မကျောင်း(၇၅)နှစ်ပြည့်စိန်ရတု (၁၉၂၀-၁၉၉၅)

"ညအိပ်ယာဝင်လျှင် ခြေထောက်ပူ ကိုက်ခဲနေသူများအတွက် ကိုယ်တွေ့ဆေးနည်း "ကျွန်တော့်မှာညအိပ်ယာဝင်ပြီဆိုရင် တော်တော်နဲ့အိပ်မပျော...
02/09/2025

"ညအိပ်ယာဝင်လျှင် ခြေထောက်ပူ ကိုက်ခဲနေသူများအတွက် ကိုယ်တွေ့ဆေးနည်း "

ကျွန်တော့်မှာညအိပ်ယာဝင်ပြီဆိုရင် တော်တော်နဲ့အိပ်မပျော်ပါဘူး အထူးသဖြင့်ကျွန်တော့်ခြေထောက်ကတရုတ်အမွှေးပွစောင်ဆိုခြုံအိပ်လို့မရဘူး

ဆောင်းရာသီဖြစ်နေပါစေတရုတ်ကလာတဲ့အမွှေးပွစောင်ခြုံလိုက်တာနဲ့ ခြေဖျားတွေပူ ကိုက်ခဲလာတာ နောက်ဆုံးမနေနိုင်တော့ ခြေထောက်ကိုစောင်အပြင်ဘက်ထုတ်ပြီးအိပ်မှရတယ်

အပေါ်ပိုင်းဘဲစောင်ခြုံအိပ်ရတယ် တစ်ခါတစ်ရံဆောင်းရာသီတောင်မှခြေဖျားတွေပူနေလို့ ရေအေးသွားလောင်းပြီးမှအိပ်လို့ရတယ်

ဒါတောင်ခနလေးနေရင်ခြေထောက်အဖျားပိုင်းကိုစောင်အပြင်ထုတ်အိပ်ရတာဘဲ ခြေထောက်ဖျားကပူလာရင်အိပ်ကိုမရတော့ဘူး ဒီလိုဖြစ်လာတာကြာခဲ့ပါပြီဗျာ

နောက်ဆုံးတရုတ်အမွှေးပွစောင်မြင်တာနဲ့ခြုံအိပ်ရမှာကိုကြောက်လာပါတယ်

မန္တလေးလိုပူတဲ့နေရာကိုခရီးထွက်ရပြီဆိုရင် စောင်မခြုံရပေမဲ့ ပူတဲ့ဒါဏ်နဲ့ခြေဖျားတွေပူလာရင်အိပ်ကိုမရတော့ဘူး ကိုက်ခဲလာတော့တာပါဘဲ

အခုတော့တရုတ်အမွှေးပွစောင်ခြုံလည်း အိပ်လို့ရလာသလို ကိုက်တာခဲတာတွေလဲလျော့သွားပါပြီ

ဒါဘာကြောင့်လဲ ? ? ?

ဘာဆေးနဲ့ပျောက်တာလဲမေးရင် ဟုတ်ကဲ့ ပြောပြပါ့မယ်

ထွေထွေထူးထူးလုပ်စရာမလိုသလို ငွေကုန်လည်းအရမ်းသက်သာတဲ့နည်းပါ

ညအိပ်ယာမဝင်ခင် ရေနွေးပူနဲ့ရေအေးနဲ့မျှတအောင်စပ်ပြီး ဇလုံတစ်ခုထဲထည့်ပါ ခြေဖျားမြှပ်အောင်တော့ရေထည့်ပါ အဲဒီရေထဲမှာ အိမ်သုံးရိုးရိုးဆားလက်တစ်ဆုပ်စာထည့်ပြီး ခြေဖျားတွေကိုနာရီဝက်ကြာအောင်စိမ်ပေးပါ ညစဉ်ညတိုင်းလုပ်ပေးပါ

၄/၅ ရက်ဆားရည်စိပ်ပြီးတာနဲ့ကို သိသိသာသာသက်သာလာပါလိမ့်မယ်

အခုဆိုတရုတ်အနွေးစောင်နဲ့အိပ်လို့ရသလို ခါတိုင်းလိုခြေထောက်ကိုစောင်အပြင်ဘက်ထုတ်အိပ်စရာမလိုတော့ပါဘူး ကိုက်တာခဲတာတွေလည်းသိသိသာသာသက်သာလာပါပြီ

အဲဒီအတွက်ဆေးနည်းသိပြီးလုပ်ပေးခဲ့တဲ့ကျွန်တော့်ဇနီးကိုလည်းကျေးဇူးတင်ပါတယ်

ညညခြေဖျားတွေပူ ကိုက်ခဲလို့အိပ်မရဘူးဆိုတဲ့သူတွေ လုပ်ကြည့်လိုက်ပါ

တစ်ခြားလူများသိအောင်လည်း ဝေမျှပေးနိုင်ပါတယ်

မင်္ဂလာထွန်း ( ကျောက်မဲ )

မေတ္တာဖြင့်
အိမ်တွင်းဆေးမြီးတိုများစုစည်းမှု့

နောက်တစ်နည်း 🥰🥰🥰🥰🥰

အဲ့ဒါလေးကတော့
ဆားကြမ်းလေးနင်းတာပါပဲ.။
ဆားကြမ်း[ ၂]ပိဿာ လောက်ဆို
တစ်လလောက် အသုံးပြုလို့ရပါတယ်။

နေ့ စဉ်
အ ချိန် မှန် ရေချိုး ခါနီး တိုင်း
ဆားနင်းရင် ကိုယ်တွင်းအောင်းပူတွေ ထွက်စေသည်။

ညဘက်
နင်းပုံနင်းနည်းကတော့
မနင်းခင် ခြေထောက်ကိုပေါင်ရင်းကစပြီး
ရေလောင်းဆေးပါ..ခြောက်အောင်သုတ်ပါ။

ဆား[ ၂]ပိသာ ဆို ပိုကောင်း ....
ဆန့်တဲ့ ဇလုံကြီးထဲထည့်ပြီး နင်းပါ။

နာရီဝက်လောက်
ဆက်တိုက်နင်းရင်းနဲ့
ခြေထောက်ကချွေးများ ထွက်လာတာ တွေ့ရပါမယ်။

မိနစ် ၃၀ -၄၀ ၁နာရီ
ကိုယ်ကျေနပ်သည်ထိ နင်းပြီးတာနဲ့
မနင်းခင် အသင့်ဆောင်ထားတဲ့ ပုဝါနဲ့ခြေထောက်ကို
ဆားဇလုံထဲ ပွတ်ချပြီး ဆားတွေပြောင်အောင် သုတ်ပါ။

ခြေထောက်ကို
လုံးဝ(လုံးဝ) ရေပြန်မဆေးရပါ။
ခြေထောက်ပြောင်တာနဲ့ အိပ်ယာဝင်ပါ။

ပထမနေ့မှာပဲ
နှစ်ခြိုက်စွာ အိပ်ပျော်ပါမယ်။

အကြောပြေ..
ခြေကျဉ် ထုံနာတွေ ပျောက်ကင်း၊
ခြေကွဲခြင်း မရှိ ဆံပင် မကျွတ်တော့ပဲ
နဂိုဆံပင်သန်သူတွေ ပိုပြီး ဆံပင်တွေသန်လာမည်။

ကျန်းမာခြင်းကိုရရှိစေမှာပါ။

နံနက်ရေမချိုးမှီ ဆားနင်းခြင်း - အကျိုး ......

(၁)။မလိုအပ်သောအပူအောင်းနေသောအခိုးအငွေ့များ
ခြေဖဝါးမှတစ်ဆင့် ထွက်သွားနိုင်သည်။

( ၂)။ကျောက်ကပ်တွင်အပူခိုခြင်းမှကာကွယ်၍
ဆီးလမ်းကြောင်းကိုလည်းအကျိုးပြုသည်။

(၃)။ကြာကြာနင်းလျှင်ခါးမှအပူများဆင်းသဖြင့်
ခါးနာသက်သာစေနိုင်သည်။

(၄)။အထိုင်များသူ..ကားမောင်းများသူများအတွက်
အညောင်းရောဂါ အကြောပိတ် အကြောတင်းခြင်းများ
မှ ကာကွယ်နိုင်သည်။

(၅)။မျက်စိအာရုံစိုက်ရသူများ မျက်မှန်တတ်ရသူများ
အတွက် မျက်စိကြည်စေပြီး စွဲမြဲလုပ်လျှင်မျက်စိ
ဒီကရီကျပြီး မျက်မှန်လွတ်စေနိုင်သည်။

(၆)။ဆံပင်ကျွတ်သူများ ဆံပင်ပါးသူများ ဆံပင်နှစ်ခွ
ကွဲခြင်းများ သက်သာစေသည်။

(၇)။ခေါင်းကိုက် မျက်ရိုးကိုက် မျက်ရည်ကျသူများ
မျက်ရည်လမ်းကြောင်းပိတ်သူများအတွက်လည်း
အကျိုးရှိစေနိုင်သည်။

(၈)။သားအိမ်လမ်းကြောင်းပိတ်၍ သားသမီးမရသူများ
သားသမီးရစေနိုင်သည်။

(၉)။အမျိုးသားဆီးကျိတ်ရောဂါရှိသူများ ဆီးကျိတ်ကြီးခြင်း
မှကာကွယ်နိုင်သည်။

ဆားနင်းခြင်းကို နံနက်အိပ်ယာထ.. ညအိပ်ယာဝင် နှစ်
ကြိမ်ပြုလုပ်နိုင်သည်။ ခွက်တွင် ဆားနှစ်ပိဿာ အနည်း
ဆုံးထည့်ရပါမည်။ ပြီးလျှင်ရေမစိုအောင်အုပ်ထားပါ။

တစ်လခန့်ကြာမှ ဆားအသစ်လဲပေးလျှင်ရပါသည်။

ဆားနင်း၍ ကုမရသောခေါင်းကိုက်ရောဂါ၊ခါးနာရောဂါ
များပျောက်ကင်းနိုင်ပါတယ်။

Credit
#ကျန်းမာရေးဗဟုသုတ

02/09/2025

(၉)လတည်းနဲ့ အပြီးဆောက်ခဲ့တဲ့ နှစ်ပေါင်း(၁၂၀)ကျော် သက်တမ်းရှိတဲ့ ကမ္ဘာကျော်ဂုတ်ထိပ်တံတား

ဆေးဖက်ဝင်တဲ့ ငွေပန်းဥ ဖတ်ကြည့်ပေးပါ👇👇👇                                              ရနံ့လေးကမွေးပြီးအပွင့်လေးကလှသလောက် သ...
02/09/2025

ဆေးဖက်ဝင်တဲ့ ငွေပန်းဥ ဖတ်ကြည့်ပေးပါ👇👇👇 ရနံ့လေးကမွေးပြီးအပွင့်လေးကလှသ
လောက် သူ့အစွမ်းက လည်းအံ့မခန်း
__________________________________
~အရိုးနဲ့ ချဉ်ဆီကို အားဖြစ်စေတယ်
~အကိုက်အခဲ ပျောက်စေတယ်
~နို့ထွက်ခြင်းကိုအားပေးတယ်
~သွေးအားကောင်းစေတယ်
~ခါး ဒူး အရွတ်တွေကို အားဖြစ်စေတယ်
~ကျည်းပေါင်း သက်သာစေတယ်
~အနာ အကျက်မြန်စေတယ်
~သူ့အရသာက နည်းနည်း ပူ ချို စိမ့် စပ်
___________________________________
ငွေပန်းဥကို ကြက်သွန်ဖြူနဲ့ ဟင်းခါးကျို
သောက် တို့စား မြုပ်စား ***
နှစ်ရှည်လများစွာ နာနေတဲ့ခါး ၉ရက်ထဲနဲ့
သက်သာပျောက်ကင်းသွားတာလက်တွေ ပါ
__________________________________
🎍 ဒါ့အပြင်
အဆိပ်အတောက်ရှိတဲ့ အင်းဆက်ပိုးမွား
အကိုက်ခံရလျင်ဖြစ်စေ
အဖု အကျိတ်ထွက်လျှင်ဖြစ်စေ
🎍 ငွေပန်းဥကို သွေးလိမ်းပေး
အနာကျက်မြန်စေပါတယ်
*** နှစ်ဆွေးနာနေတဲ့ ခါး
🎍 ငွေပန်းဥ ဟင်းခါးကျိုချက်စားတို့မြုပ်စား
ခြင်းဖြင့် သက်သာပျောက်ကင်းကြပါစေ
__________________________________
#နွယ်မြစ်သစ်ပင်ဆေးဖက်ဝင်
#ကျန်းမာရေး
#ငွေပန်းဥ


#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#မူရင်းရေးသားသူအားCrdပေးပါသည်

ที่อยู่

HH5R+8HX, Thetsaban Bang Pu 18 Alley
Samut Prakan
10280

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ CRAZY ENTผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง CRAZY ENT:

แชร์