BaGyi Aung 0:1 ဘာဘာ-ညာညာ

04/06/2025

ကိုယ့်ကိုဖွံ့ဖြိုးတိုးတက်စေမယ့် အရှိန်မြှင့်နည်း ၁၈ နည်း

၁။ ကိုယ့်ကိုယ်ကို အနိုင်ယူပြီး နိုးထပါ
ပုံမှန်ထက် တစ်နာရီစောပြီး နိုးထပါ။ ဒီအချိန်ကို ဘဝအတွက် အစီအစဉ်ဆွဲခြင်း သို့မဟုတ် စာဖတ်ခြင်းအတွက် အသုံးချပါ။

၂။ နေ့တိုင်း ရည်မှန်းချက်ရေးပါ
အကြိမ်ကြိမ်ရေးသားတဲ့အရာဟာ စိတ်ထဲစွဲသွားပြီး ဦးနှောက်က အလိုအလျောက် အာရုံစိုက်လာမယ်

၃။ အိပ်မက်တွေကို မရွှေ့ဆိုင်းပါနဲ့
"တစ်နေ့မှာ" ဆိုတဲ့စကားက အရာအားလုံးကို ပျောက်ကွယ်စေတယ်
"ဒီနေ့" လို့ပြောင်းပြောပြီး စလုပ်ပါ

၄။ မလိုအပ်တာတွေကို ငြင်းတတ်ပါစေ
သင့်ကို ရှေ့မတိုးစေတဲ့အရာတွေအတွက် ယဉ်ကျေးမှုမပျက်ဘူးလို့ မကြောက်ပါနဲ့

၅။ တစ်နေ့ကို စာ ၁၀ မျက်နှာဖတ်ပါ
တစ်နေ့ ၁၀ မျက်နှာ × ၃၆၅ ရက် ဆိုရင် စာအုပ်ကောင်း ၁၀ အုပ်နီးပါး ဖတ်ပြီးသား ဖြစ်သွားမယ်

၆။ ဘဝကိုစနစ်တကျထားပါ
လုပ်စရာတွေကိုရေးပြီး အရေးကြီးတာကနေ စဉ်ဆက်မပြတ်လုပ်ပါ

၇။ ကိုယ့်ကိုယ်ကို အပြုသဘောဆက်သွယ်ပါ
"ငါလုပ်နိုင်တယ်၊ ငါတိုးတက်နေတယ်" လို့ ပြောတတ်အောင်လုပ်ပါ

၈။ တစ်နေ့ ၁၀ မိနစ် တိတ်ဆိတ်မှုကိုရှာပါ
အရာအားလုံးပိတ်ပြီး ကိုယ့်အသက်ရှူသံနဲ့အတူနေပါ
ဒီလိုလုပ်ပေးရင် စိတ်ကြည်လင်ပြီး အတွေးတွေပိုရှင်းလာလိမ့်မယ်

၉။ သူများကိုနားလည်အောင် ဆက်သွယ်ပြောဆိုတတ်ပါစေ
အဖြေမပြောခင် အရင်နားထောင်ပါ နက်နက်နဲနဲကြည့်ပြီးမှ တွေးတတ်သူဟာ လေးစားခံရပါတယ်

၁၀။ ဦးနှောက်အစား ခဲတံကိုသုံးပါ
အရာအားလုံးကိုမှတ်မိဖို့မကြိုးစားပါနဲ့ ရေးမှတ်ပြီး အရေးကြီးတာတွေကိုပဲ တွေးပါ

၁၁။ အခြားသူတွေကို အပြစ်မတင်ပါနဲ့
သူများကိုအပြစ်တင်ပြီး ကိုယ့်စွမ်းအင်တွေဖြုန်းတီးတာ အစား သင်ခန်းစာယူပါ

၁၂။ သင့်ကိုတိုးတက်စေမယ့်သူတွေနဲ့နေပါ
ဖွံ့ဖြိုးရေးကိုအားပေးတဲ့သူတွေနဲ့နေရင် သင်မသိလိုက်ဘဲ တိုးတက်လာမယ်

၁၃။ ညတိုင်း ဒီနေ့ဘာသင်ယူခဲ့လဲမေးပါ
ဒီမေးခွန်းက သာမန်နေ့တွေကိုတောင် တန်ဖိုးရှိစေမယ်

၁၄။ ကိုယ့်ကိုယ်ကိုခွင့်လွှတ်ပြီး ရှေ့ဆက်သွားပါ
အတိတ်နဲ့မနေပါနဲ့။ "မင်းလုပ်နိုင်တယ်၊ မနက်ဖြန်မှပြန်စလို့ရတယ်" လို့ ကိုယ့်ကိုယ်ကိုပြောပါ။

---------------------------------
မ န က် ဖြ န်-မနက်ဖြန်
မူရင်း-မနက်ဖြန်မှ မျှဝေပါသည်
----------------------------------

#မနက်ဖြန် #စကားလုံး #စကားစွမ်းရည် #အောင်မြင်မှု
#အတွေးအမြင်ကောင်း #စာပေဗစုသုတ #သင်ယူမှု #တိုးတတ်မှု
#စွမ်းဆောင်ရည် #စာဖတ်ခြင်း #လေ့လာသင် #ငွေကြေး
----------------------------------

04/06/2025

ငွေမရှိရင်... အသံမရှိဘူး
ဆင်းရဲတဲ့အခါ မင်းရဲ့အမြင်တွေ၊ အကြံဉာဏ်တွေကို ဘယ်သူမှ လှည့်မကြည့်ဘူး၊
နားမထောင်ဘူး။ မင်းပြောတာက အမှန်ဆုံးအရာဖြစ်နေရင်တောင်

ငွေမရှိရင်... ကိုယ်မဲ့သူ
လူတချို့အတွက် မင်းဟာ လေထုလို... ရှိတာနဲ့မရှိတာနဲ့ အတူတူပဲ။
မင်းဆီက "အကျိုးအမြတ်" မမြင်ရင် ဘယ်သူကမှ လှည့်တောင်မကြည့်ဘူး

ငွေမရှိရင်... တန်ဖိုးမရှိဘူး
ဒီလောကကြီးက အနှစ်သာရထက် ငွေကြေးနဲ့လူကိုတန်ဖိုးထားတယ်။
မင်းမှာ ပေးစရာမရှိရင်... သူတို့အတွက် မင်းလည်း မရှိသလိုပဲ။

ငွေမရှိရင်... အချစ်တောင်ခက်တယ်
အချစ်ဆိုတာတောင် ဈေးတက်နေပြီ။ "စိတ်ရင်း မေတ္တာရင်"တစ်ခုတည်းနဲ့မလုံလောက်တော့ဘူး...
ဘာလို့လဲဆိုတော့ သူတို့မြင်တဲ့မင်းရဲ့အနာဂတ်မှာ "ဒုက္ခ" ပဲရှိတယ်လို့ ထင်နေလို့...

ငွေမရှိရင်... လူပျင်းလို့အပြောခံရမယ်
မင်းဘယ်လိုကြိုးစားခဲ့တယ်ဆိုတာ ဘယ်သူမှဂရုမစိုက်ဘူး။
ငွေမရှိရုံနဲ့ "အချိန်ဖြုန်းတယ်"၊ "အားမထုတ်ဘူး" ဆိုပြီး အလွယ်တကူပြောခံရတယ်။
တကယ်တော့... မင်းက အားလုံးပေးဆပ်ပြီးမှ ဒီနေရာရောက်နေတာ။

ငွေမရှိရင်... ရွေးချယ်ခွင့်မရှိဘူး
ဆင်းရဲတဲ့သူတွေဟာ သည်းခံရတယ်၊ ဦးညွှတ်ရတယ်၊ မလိုချင်တာတွေကိုတောင်လက်ခံရတယ်။


ငွေမရှိဘူး... ဒါပေမယ့် "မိတ်ဆွေစစ်" ကိုသိစေတယ်
နာကျင်စရာကောင်းပေမယ့်... ငွေမရှိတဲ့အချိန်မှာပဲ မင်းဘေးက လူတွေရဲ့စိတ်နှလုံးကို စစ်ထုတ်လို့ရတယ်။
ဘယ်သူက မင်းကိုတကယ်ချစ်လဲ၊ ဘယ်သူက အကျိုးအတွက်ပဲဆိုတာ သိလာရမယ်။
ငွေဆိုတာ လိုအပ်ပေမယ့်... လူ့တန်ဖိုးက ငွေနဲ့တွက်လို့မရဘူး။ 💙

---------------------------------
မ န က် ဖြ န်-မနက်ဖြန်
မူရင်း-မနက်ဖြန်မှ မျှဝေပါသည်
----------------------------------

#မနက်ဖြန် #စကားလုံး #စကားစွမ်းရည် #အောင်မြင်မှု
#အတွေးအမြင်ကောင်း #စာပေဗစုသုတ #သင်ယူမှု #တိုးတတ်မှု
#စွမ်းဆောင်ရည် #စာဖတ်ခြင်း #လေ့လာသင် #ငွေကြေး
----------------------------------

29/05/2025
29/05/2025

ที่อยู่

ถนนเศรษฐกิจ 1
Samut Sakhon
74000

เบอร์โทรศัพท์

+66998877770

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ BaGyi Aung 0:1ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์