Myanmar Magazine မြန်မာ့ယဉ်ကျေးမှု၊ အနုပညာ This page is about MyanmarMagazine' photos, news and activities.

We strictly avoid po*******hy, drug or weapon selling, gambling and illegal content.

မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)မှ အကြောင်းကြားစာနှင့်အတူ ယနေ့မှစ၍  #အောင်ဇမ္ဗူ ဇာတ်သဘင်အား ပွဲကပြခွင့် တစ်နှစ်တိတိ ပိ...
27/02/2026

မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)မှ အကြောင်းကြားစာနှင့်အတူ ယနေ့မှစ၍ #အောင်ဇမ္ဗူ ဇာတ်သဘင်အား ပွဲကပြခွင့် တစ်နှစ်တိတိ ပိတ်လိုက်ပါသဖြင့်
ယနေ့ ကပြမည့် သင်္ဃန်းကျွန်း ရန်မျိုးအောင်ဘုရားပွဲအတွက် ဖျာ/ထိုင်ခုံ လက်မှတ်ကြိုတင်ဝယ်ယူထားသူများ ဇာတ်ရုံတွင် ယနေ့ည ၇ နာရီမှ စတင်၍ ပြန်လည်လာရောက် ထုတ်ယူနိုင်ပါပြီ

#အားလုံးကျန်းမာ ချမ်းသာကြပါစေ

27/02/2026

အောင်ဇဗ္ဗူဇာတ်
(၁)နှစ်အပိတ်ခံရ

အေသွယ်တို့က ပေါ်တင်ကို ချပြပြီနော် ဝေဖန်နေကြလို့ ဂရုမစိုက်ဘဲ အစားတောင် မပျက်ဘူးတဲ့ဦးနေလင်းအောင်တို့တော့ ပိုပြီး ကျေကွဲပ...
09/02/2026

အေသွယ်တို့က ပေါ်တင်ကို ချပြပြီနော် ဝေဖန်နေကြလို့ ဂရုမစိုက်ဘဲ အစားတောင် မပျက်ဘူးတဲ့ဦးနေလင်းအောင်တို့တော့ ပိုပြီး ကျေကွဲပြီပေါ့

#ဦးနေလင်းအောင်

သိန်း(၆၀၀၀)ကျော်အကုန်ခံ ရို.က်ကူးခဲ့ပေမယ့် လာကြည့်တဲ့သူ တစ်ယောက်မှမရှိတာကြောင့် အနုပညာလောကထဲကပါ ထွက်သွားတော့မယ့် ယုန်လေး...
29/11/2025

သိန်း(၆၀၀၀)ကျော်အကုန်ခံ ရို.က်ကူးခဲ့ပေမယ့် လာကြည့်တဲ့သူ တစ်ယောက်မှမရှိတာကြောင့် အနုပညာလောကထဲကပါ ထွက်သွားတော့မယ့် ယုန်လေး 😓


🛑 Boycott Alert တစ်ခု အဖြစ် အားလုံးပါ၀င်ရန်🛑ပြည်တွင်းနေပြည်သူများ အထူး Boycott လုပ်ရမည့်ရုပ်ရှင်ဇာတ်ကားရုပ်ရှင်ဇာတ်ကားတွ...
15/11/2025

🛑 Boycott Alert တစ်ခု အဖြစ် အားလုံးပါ၀င်ရန်
🛑ပြည်တွင်းနေပြည်သူများ အထူး Boycott လုပ်ရမည့်ရုပ်ရှင်ဇာတ်ကား

ရုပ်ရှင်ဇာတ်ကားတွေနဲ့ပတ်သက်ရင် Boycott ဆိုတာကို သီးသန့်တင်နေဖို့ ဒီကာလမှာ အမှန်တကယ် မလိုအပ်တော့ပါဘူး။
ကာလကြာရှည်လာတဲ့ စစ်ပွဲ အခြေအနေ တလရ အခြေအနေတွေ ကြောင့် မြို့ပြနေပြည်သူအချို့ဟာ ပျော်ရွှင်မှုနဲ့ ပျော်ပွဲ ရွှင်ပွဲ Trend နောက်ကို လိုက်ရင်း သပိတ်မှောက်ထားတဲ့ ရုပ်ရှင်ရုံတွေမှာ ရုပ်ရှင်တွေ ပြန်ကြည့်လာကြပါတယ်။ဒါကို ဆက်လက် သတိပေးနှိူးဆော်လိုတဲ့ ရည်ရွယ်ချက်နဲ့ နှိုးဆော်ရခြင်းဖြစ်ပါတယ်။

ဒီလ ၁၇ ရက်နေ့မှာ အာဏာသိမ်းစစ်‌တပ်ထောက်ခံသူ ယုန်လေး အဓိက ပါ၀င် သရုပ်ဆောင်ထားတဲ့ မြန်မာရုပ်ရှင်ဇာတ်ကား (Level နိမ့် ပေါကား) အထူးပွဲ ပြသဖို့ရှိပါတယ်။

ဇာတ်ကားနာမည်က "မြို့ပြထဲကလမ်းမ"ဖြစ်ပါတယ်။လမ်းမက တော့ အာဏာသိမ်း စစ်တပ်က ဘတ်ဂျက်ခိုးထား‌လို့ ချိုင့်ရာ တစ်ထောင် နဲ့လမ်းမ ပဲ ဖြစ်နေမှာပါ။

ဒီပွဲမှာ လူမများမှာစိုးရိမ်တဲ့ အတွက် ပွဲ ကြိုက်သူ တွေ ကို တစ်ခြားသော ခံစားခွင့်တွေနဲ့ ဖိတ်ခေါ်ထားတယ်လို့သိရပါတယ်။

လာမဲ့ ၁၇ ရက်နေ့ ညနေ ၆ နာရီ သမ္မတ ရုံမှာ လုပ်မယ်လို့လည်းသိရပါတယ်။

ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းနဲ့ဒါရိုက်တာက ယုန်လေး ဖြစ်ပြီး တစ်ခြားသော သရုပ်ဆောင် တွေအနေနဲ့ တိုင်ရွန်၊ထက်ထက်ထွန်း၊ရွှန်း၊အောင်လေး၊ရာ၀ဏ္ဏ၊စစ်နိုင်၊ဘိုချမ်း၊၀င်းထွဍ်ဝင်း၊ဥက္ကာကျော်၊ဇေထူး၊ရဲမင်းနောင်၊လပြည့်၊ဘန်ဂျမင်၊မျိုးကြီး၊ကျော်၀င်း‌မောင်၊နေမင်းလေး၊ခန့်ကျော်၊ဘွားဘွား၊ကောင်းမင်းသန့်တို့ပါ၀င်ထားပြီး စတန့်အဖွဲ့ အနေနဲ့က BLACK-ZSTUNTS အဖွဲ့တို့ပါ၀င်ထားပါတယ်။ဇာတ်ကားထဲမှာ အထူးဧည့်သည်တော်များ အဖြစ် ထူးအယ်လင်းနဲ့မော်ဒယ်ရွှေစင် တို့က အားဖြည့်ထားကြောင်းလည်းသိရပါတယ်။

အာဏာသိမ်းစစ်အုပ်စု ထောက်ခံ သူ ယုန်လေး နဲ့တိုင်ရွန်၊ ဖက်ဆစ်စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မဲ့ ထက်ထက်ထွန်း တို့ ဟာ တစ်သက်တာ Social Punishment လုပ်ရမဲ့သူတွေ ဖြစ်သလို ကျန်တဲ့ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ သူတွေကိုလည်း တစ်သက်တာSocial Punishment လုပ်ကြရမှာလည်းဖြစ်ပါတယ်။

ပြည်သူ အနေနဲ့ လုံး၀ ခွင့်လွတ်ပေးလို့မရတဲ့ လူအုပ်စုတွေ ဖြစ်ပြီး ပြင်းပြင်းထန်ထန် Boycott လုပ် သပိတ်မှောက်ရမဲ့ ဇာတ်ကားလဲ ဖြစ်နေပြန်ပါတယ်။

ပြည်တွင်းနေပြည်သူများ သွားရောက်ကြည့်ရှုမှာ မဟုတ်တဲ့ ဇာတ်ကားဆိုတာ သေချာ ပေမဲ့ လုံး၀ ကြည့်ရှု အားပေးမှု မရှိအောင် ရည်ရွယ်ပြီး Boycott Alert အနေ နဲ့ နှိုးဆော်ခြင်းဖြစ်ပါတယ်။ နှစ်ကာလ တစ်ချိူ့ ကြာလာတဲ့အချိန် အမှတ်သညာနည်းတဲ့ လူတစ်ချို့ ရဲ့ အပျော်မက်စိတ် ကြောင့် ဒီလို လူတွေဟာ ပြည်သူရှေ့ မျက်နှာ ပြန်ပြရဲလာတာ ဖြစ်ပါတယ်။

Boycottကောက်ရိုးမီး မလုပ်ကြပဲ သေချာဆက်လက် ပါ၀င်ကြဖို့လည်း နှိုးဆော်လိုက်ရပါတယ်။

“Fncc page”

ရွှေမှုံရတီကို ကြည့်ပါအုံး  မဲဆွယ်ဗီဒီယိုရိုက်တာနဲ့ပတ်သတ်​ပြီး အတင်းဖိအား​​တွေ​ပေးလို့ရိုက်ရတာ သိသာနေချက် စိတ်မပါ ကိုယ်မ...
12/11/2025

ရွှေမှုံရတီကို ကြည့်ပါအုံး မဲဆွယ်ဗီဒီယိုရိုက်တာနဲ့ပတ်သတ်​ပြီး အတင်းဖိအား​​တွေ​ပေးလို့ရိုက်ရတာ သိသာနေချက် စိတ်မပါ ကိုယ်မပါနဲ့ ရိုက်တာ ခေါင်းတောင်မဖြီးဘူး မိတ်ကပ်လဲ မလိမ်းဘူးနော်
ဖိအားပေးခံနေရတာ သိသာတယ်နော်
ပရိတ်သတ်ကြီးတို့ရော ရွှေမှုံလေးကို ဘယ်လိုထင်ကြလဲဆိုတာ ပြောခဲ့ကြအုံး😘🥰

🛑မလေးရှားရောက်မြန်မာများအဓိကပါ၀င်ရန်🛑Boycott G Fatt Show ပွဲ ❌❌❌🛑 ထိုင်းရောက်မြန်မာများနှင့်ပြည်တွင်းမှပြည်သူများအားလုံး...
10/11/2025

🛑မလေးရှားရောက်မြန်မာများအဓိကပါ၀င်ရန်
🛑Boycott G Fatt Show ပွဲ ❌❌❌
🛑 ထိုင်းရောက်မြန်မာများနှင့်ပြည်တွင်းမှပြည်သူများအားလုံးပါ၀င်ရန်

GFatt Show ပွဲ Boycott လုပ်ရသည့်အကြောင်းအရင်း

G Fatt ဟာ တော်လှန်ရေးဘက်ကနေ စစ်ကောင်စီဘက်ကူးပြောင်းသွားတဲ့ အဆိုတော်ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ထံ ခံ၀န်ထိုးပြီးနောက် နေပြည်တော်က စစ်တပ်မဏ္ဍပ်မှာ မြန်မာဘီယာသောက်ရင်းပျော်ရွှင်ရယ်မောနေတဲ့ပုံစံ နဲ့ လူထုရှေ့ကို ပြန်လည်ထွက်ပြလာတာပါ။

တိတိကျကျ ဆိုရရင်လူထုရှေ့မျက်နှာပြန်ပြတဲ့နေ့က အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ကြောင့် ပြည်သူရာနဲ့ချီ သေဆုံးခဲ့ရတဲ့ ပဇီကြီး ဖြစ်စဉ် အပြီး ၂ ရက် အကြာမှာဖြစ်ပါတယ်။အဲဒီအချိန်က သူ့ရဲ့ Facebook အကောင့်မှာ ကွန့်မန့်မန့်တဲ့ ပြည်သူတွေကို ပြန်ဆဲဆိုတာမျိုးတွေလုပ်ခဲ့ပါသေးတယ်။

စစ်တပ်အလိုကျ တော်လှန်ရေးမှာ လူငယ်တွေက မြေဇာပင်ဖြစ်နေတဲ့ပုံစံ သီချင်း နဲ့ လှောင်ပြောင် Diss လုပ်ခဲ့ပြီး ပြည်ပမှာ သူဒုက္ခရောက်ခဲ့ရတဲအကြောင်းအရာတွေပါ၀င်ပါတယ်။တော်လှန်ရေးကို လှောင်ပြောင်ထားတဲ့ သီချင်းဖြစ်ပြီး ကိုယ်တိုင်ကိုယ်ကျ စစ်တပ် ရဲ့အလိုအတိုင်းရပ်တည်ခဲ့သူလည်းဖြစ်ပြန်ပါတယ်။

ယခု အချိန်မှာတော့ အဲဒီသီချင်းကို သူ့ Facebook Acc မှာလည်း တွေ့ရှိရခြင်းမရှိတော့ပါ။

ဆက်စပ်အကြောင်းအရာ

ထိုင်းနိုင်ငံထဲမှာရှိနေစဉ် တော်လှန်သူတွေကြားထဲ လုံခြုံရေးသတင်းပေါက်ကြားမှုဆိုင်ရာ သတင်းပေးမှုတစ်ချို့လဲ ကျူးလွန်ခဲ့ကြောင်း ဖြစ်စဉ်တစ်ချို့အရသိရပါတယ်။

မလေးရှားသံရုံးကို အကြောင်းကြားတဲ့ စာတစ်စောင်ကို တော့ FNCC Team ရဲ့သတင်းရင်းမြစ်တွေဆီကနေ တစ်ဆင့်ရရှိထားပါတယ်။

စာထဲတွင် ခေါင်းစီးအနေဖြင့်

ဖိတ်ကြားရက်စွဲ - Nov 1, 2025 နှင့်အတူ
G Fatt နာမည်ရင်း မြတ်သူ ဆီကို Tripex Million SDN BHD Entertainment က မလေးရှား ကွာလာလမ်ပူမှာပြုလုပ်မဲ့ Sense 3 တေးဂီတဖျော်​​ဖြေပွဲအတွက်လေးစားစွာ ဖိတ်ကြားတဲ့အကြောင်းအရာပါ၀င်ပါတယ်။

စာပါအကြောင်းအရာထဲမှာတော့
ပွဲကို Nov ၉ ရက်နေ့ Sense 3 ကွာလာလမ်ပူမှာလုပ်မယ်ဆိုပါတယ်။
Sense ကအိမ်ရှင်နိုင်ငံ အဖြစ်လက်ခံကျင်းပတာဖြစ်ကြောင်းပါ၀င်ပါတယ်။

ပွဲမှာနိုင်ငံတကာအနုပညာရှင်တွေပါ ပါဝင်ဖျော်ဖြေကြမယ်လို့သိရပြီး ဒီပွဲရဲ့ အဓိက ရည်ရွယ်ချက်က
တစ်ကမ္ဘာလုံးဆိုင်ရာအနုပညာဖလှယ်မှုကိုမြှင့်တင်ပေးပြီးအနုပညာအတွက်ဖြစ်လာမဲ့ယဥ်ကျေးမှုဗဟိုချက်ကိုအရေးထားကြောင်း ဖော်ပြထားတာပါ။

ပွဲရဲ့ရည်ရွယ်ချက်ကိုတော့
တိုက်ရိုက် Live Show ဖျော်ဖြေပွဲကြီးဖြစ်တဲ့အကြောင်းရေးသားထားပြီးအနုပညာရူ့ထောင့်တစ်ခုကယဥ်ကျေးမှုဖလှယ်မဲ့ပွဲမှာအရေးကြီးအစိတ်အပိုင်းတစ်ခုဖြစ်လာမယ်ဆိုပြီး G Fatt ကို ဂုဏ်ပေးရေးသားထားပါတယ်။စာထဲမှာ
မလေးရှားကမင်းပရိသတ်တွေကိုသီချင်းတွေချပြဆိုပြရတော့မှာမို့ပွဲစီစဥ်တဲ့ငါတို့ကစိတ်လှုပ်ရှားနေတယ် လို့အနုအရွတွေစာလုံးတွေနဲ့ဖော်ပြထားပါသေးတယ်။

ပွဲစီစဥ်တဲ့ဘက်က ငွေကြေးပိုင်ဆိုင်ရာနဲ့ ပို့ဆောင်ထောက်ပံ့ရေးတွေ အကုန် အသေးစိတ်စီစဉ်ပေးထားမဲ့အကြောင်း သူတို့ရဲ့ပွဲဖိတ်ကြားစာက မလေးကိုဝင်ဖို့အထောက်အကူပြုမဲ့ အကြောင်း လေဆိပ်မှာလည်း အခက်အခဲ မရှိနိုင်ကြောင်းပါ၀င်ပါတယ်။
မြန်မာနိုင်ငံကအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်စာတွေပါယူဆောင်လာပေးဖို့လဲ အဓိကမှာကြားထားတာကိုတွေ့ရပါတယ်။

စာပါနောက်ဆုံးအကြောင်းအရာမှာတော့
သူတို့ရဲ့ပွဲကိုလာအားပေးဖို့နဲ့
ဒီပွဲကြီးကြီးကျယ်စွာအောင်မြင်ဖို့မျှော်လင့်နေပါကြောင်း ဆိုတဲ့ အကြောင်းအရာတွေပါဝင်ပါတယ်။

စာအဆုံးမှာဖော်ပြထားတဲ့ ပုံထဲက သူတွေထဲ G Fattပွဲ လက်မှတ်ရောင်းချတဲ့ Sue Su Htet Myat ဆိုတဲ့ အမျိုးသမီး ရဲ့ အကောင့်နဲ့ သူ့ပုံ ပါ၀င်ပါတယ်။
အဆိုပါအမျိုးသမီးဟာ မလေးရှားမှာလုပ်တဲ့ဖျော်ဖြေပွဲအများစုရဲ့ လက်မှတ်ရောင်းချလေ့ရှိတဲ့သူပါ။ယမန်နေ့ညက Boycott လုပ်မဲ့အကြောင်း Page တွေက စာ စတင်တဲ့အချိန် သူမရဲ့ Facebook Profile ကို လော့ချသွားပါတယ်။ သိရှိထားဖို့လိုတာက ဖျော်‌ဖြေပွဲ လက်မှတ်ရောင်းချတဲ့ Sue Su Htet Myat ကိုလည်း Social Punishment လုပ်ကြရမယ်ဆိုတာကိုပါ။

နောက်တစ်ယောက်က တော့ Zayar Oo ဆိုသူ ဖြစ်ပြီး သူကတော့ လက်ရှိ G Fatt ပွဲ နဲ့ တိုက်ရိုက်မသက်ဆိုင်ပေမဲ့ မလေးရှားမှာ လုပ်တဲ့ ပွဲတွေတော်တော်များများ ရဲ့ ပွဲစီစဉ်သူ ဖြစ်နေတာပါ ။သူ့ရဲ့Facebook မှာတင်ထားတဲ့ အကြောင်းအရာအရ လာမဲ့ နို၀င်ဘာ ၁၇ ရက်နေ့မှာ Joe Lay ပွဲ ရှိမဲ့အကြောင်း၊ DJ Thaw Thaw နဲ့ပေါင်းစပ်အားဖြည့်ဖျော်ဖြေမှာဖြစ်ကြောင်း ရေးသားထားတာကိုလဲ တွေ့ရပါတယ်။ ဆိုရရင် မလေးရှားမှာ ဖျော်ဖြေပွဲ သွားသီဆိုတာက စစ်ကောင်စီလက်အောက်မှာရှိနေတဲ့ အဆိုတော်တွေအတွက် ၀င်ငွေရလမ်းကြီးကြီးမားမားဖြစ်နေတာပါ။‌ပွဲစီစဉ်သူ ဖြစ်တဲ့ ဇေယျာဦးကိုလည်း ပြည်သူတွေ က Social Punishment တဆက်တည်းလုပ်ကြရမှာဖြစ်ပါတယ်။

မလေးရှားမှာလုပ်တဲ့ဖျော်ဖြေပွဲတွေကို သွားကြည့်တဲ့အချိန် နိုင်ငံရေးနဲ့ပတ်သက်တာတွေအော်မိတာပဲ ဖြစ်ဖြစ်၊ ဗီဒီယို ရိုက်ထားတာမျိုးတွေရှိရင်ပဲ ဖြစ်ဖြစ် ပွဲ ကျင်းပသူတွေက အကုန်ဖျက်ခိုင်းလေ့ရှိတယ်လို့လည်း မလေးရှားရောက် ပွဲ သွားကြည့်ဖူးတဲ့ မြန်မာတစ်ဦးကဆိုပါတယ်။

Gfatt ရဲ့ပွဲ ကိုတော့ Sense 3 Club ၊ Bukit bintang , Jalan sultan ismail , Kuala Lumpur မှာလုပ်မယ်လို့ ထုတ်ပြန်ထားပေမဲ့ မလေးရောက်မြန်မာနိုင်ငံသားတွေ Boycott လုပ်မယ်လို့ အော်နေတာကြောင့် ပွဲကျင်းပမဲ့နေရာကို အရွေ့အပြောင်းလုပ်နိုင်တယ်လို့လည်း သတင်းတွေထွက်နေပါတယ်။

မည်သို့ပင်ဖြစ်စေ ပြည်သူတွေလုပ်ရမဲ့အလုပ်ကတော့တစ်ခုပဲရှိပါတယ်။ ပွဲကျင်းပတဲ့ နေရာကို ပြောင်းလိုက်ရင်လဲ ဒီပွဲကို မဖြစ်မနေ Boycott လုပ်ကြရမှာဆိုတာပါ။

လူထုရဲ့ တော်လှန်ရေးအပေါ်ရပ်တည်မှုကို ဆန့်ကျင်လှောင်ပြောင် သရော်ခဲ့တဲ့ G Fatt ရဲ့ ဒီပွဲကို Boycott လုပ်ဖို့နဲ့ ဒီ Boycott လုပ်ဆောင်မှုနဲ့ပတ်သက်ပြီး လူထုကြားထဲ ပျံ့နှံ့ရောက်ရှိစေဖို့ အရေးကြီးပါတယ်။

မလေးရှားရောက်မြန်မာပြည်သူများအားလုံး G Fatt
ဖျော်ဖြေပွဲ Boycott လုပ်ဆောင်မှုမှာပါ၀င်ကြဖို့လဲ‌ ထပ်လောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။



ထွန်းထွန်း မင်းပြောတော့ 6လ ကြီးများတောင် လိုက်ပြီးမှ မင်းသူငယ်ချင်း ဒေါက်တာမကို ရွှေမန်းက ရတာဆို🥲 ‌အ့က ဇင်အောင်နဲ့ရော တိ...
10/11/2025

ထွန်းထွန်း မင်းပြောတော့ 6လ ကြီးများတောင် လိုက်ပြီးမှ မင်းသူငယ်ချင်း ဒေါက်တာမကို ရွှေမန်းက ရတာဆို🥲 ‌အ့က ဇင်အောင်နဲ့ရော တိုင်ပင် ပြီးပြီးလား အခုတော့ ဇင်အောင် ပြောသလိုဆို မဂ်လာပွဲအတွက် သူ (၆)လ အလုပ်နားပြီးတောင် စီစဉ်ပေးရတာတဲ့ အဲတော့ သူတို့က အဖြေပေးပြီးတန်းယူကြတဲ့ သဘောလား တန်းယူရင်တောင် အချိန်က မှားနေသေးတယ်..‌တစ်ယောက်နဲ့ပြတ်ပြီးနောက်တစ်ယောက်ကို တန်းကြိုက်နိုင်တဲ့ အရှ-က်မရှိတဲ့ကိုရွှေမန်းဘက်က လိုက်ပီး ဖားယားနေတာ အသိသာကြီး တော်ယုံပဲလုပ်

လက်ရှိမိန်းမကို ထိခိုက်မှာ စိုးလို့ ရွှေမန်းကတော့ ပြန်ရှင်းလာပြီ လက်ထပ်ခါနီး မနက်(၃) နာရီကြီး သံသာမိုးသိမ့်​ဆီ ဖုန်းဆက်တ...
10/11/2025

လက်ရှိမိန်းမကို ထိခိုက်မှာ စိုးလို့ ရွှေမန်းကတော့ ပြန်ရှင်းလာပြီ လက်ထပ်ခါနီး မနက်(၃) နာရီကြီး သံသာမိုးသိမ့်​ဆီ ဖုန်းဆက်တာက အလုပ်ကိစ္စပြောဖို့တဲ့ 👇

ဆရာဝန်မလေးနဲ့ကလည်း သံသာမိုးသိမ့် နဲ့ပျက်ပြီး ရက်ပိုင်းအတွင်း အရမ်းကြိုက်ပြီး တန်းလက်ထပ်ခဲ့တာတဲ့ ပြန်ရှင်းတော့လည်း ရှေ့နောက်မညီ

လက်ရှိမိန်းမဘဲ အရမ်းချစ်ပြီး ဖော။က်ပြန်တာတွေ မလုပ်တော့ဘူးတဲ့

Live မှာ ငိုနေတာ သနားလိုက်တာ သံသာမိုးသိမ့်ရယ် 💔 မိန်းကလေးတစ်ယောက်တည်းကို အကုန်လုံးက ဝိုင်းပြီး တို-က်ခို.က်နေကြတယ်ထွန်းထ...
10/11/2025

Live မှာ ငိုနေတာ သနားလိုက်တာ သံသာမိုးသိမ့်ရယ် 💔 မိန်းကလေးတစ်ယောက်တည်းကို အကုန်လုံးက ဝိုင်းပြီး တို-က်ခို.က်နေကြတယ်

ထွန်းထွန်းဆိုတဲ့ကောင်ကိုတော့ ဒီတစ်သက်တော့ ချဥ်သွားပါပြီ

ကိုယ်နဲ့မဆိုင်တဲ့ကိစ္စကို ဝင်ပါပြီး တစ်ဖက်မိန်းကလေးကို န.စ်နာအောင် ပြောတာ




မင်းသမီးတွေ များစွာနဲ့ ဖေ-/ာက်ပြန်ခဲ့တဲ့ အပြင် မင်္ဂလာဆောင်မယ့် ညအထိ သူမဆီ လာရောက် ဆက်သွယ်နေတဲ့ ရည်းစားဟောင်း ထုတ်လုပ်သူ...
09/11/2025

မင်းသမီးတွေ များစွာနဲ့ ဖေ-/ာက်ပြန်ခဲ့တဲ့ အပြင် မင်္ဂလာဆောင်မယ့် ညအထိ သူမဆီ လာရောက် ဆက်သွယ်နေတဲ့ ရည်းစားဟောင်း ထုတ်လုပ်သူ ကိုရွှေမန်း အကြောင်း ဖွင့်ချလာတဲ့ မင်းသမီး သံသာမိုးသိမ့်...😍

သူမနဲ့ နှစ်တွေ အကြာကြီး တွဲခဲ့ပီး တွဲနေစဉ်မှာလဲ ကိုရွှေမန်းရဲ့ အကြ-/မ်းဖက်မှုတွေကြောင့် စိတ်ဒဏ်ရာတွေ ရခဲ့တယ်လို့ သူမက ဖွင့်ချလာခဲ့တာပါ

ကိုရွှေမန်းနဲ့အခုမှ မင်္ဂလာပွဲဆင်နွဲထားတဲ့ ဆရာဝန်မလေးကို မိန်းမသားချင်း ကိုယ်ချင်းစာ အားနာလို့ဒီ အကြောင်းတွေကို မပြောပဲ ရေငုံနှုတ်ပိတ်ခဲ့ပေမယ့် အခုချိန်မှာတော့ အကုန်လုံးကို ချပြသွားတော့မယ်လို့ သူမက ပြောလာခဲ့တာပါ

ထုတ်လုပ်သူ ကိုရွှေမန်းကတော့ ပီးခဲ့တဲ့ ရက်ကပဲ ဆရာဝန်မလေး တစ်ယောက်နဲ့ အကြီးအကျယ် မင်္ဂလာပွဲျတွေ ပြုလုပ်ကျင်းပကာ ခမ်းနားစွာ မင်္ဂလာဆောင်ခဲ့တာပဲ ဖြစ်ပါတယ် 😍

ပိုက်ဆံလဲရှိ ထုတ်လုပ်သူလဲ ဖြစ်တော့ မင်းသမီးတွေနဲ့ ပတ်ရှုပ်ခဲ့တာ နေမယ်နော် 🤔
ဆရာဝန်မလေးကြားထဲက နစ်နာရရှာပီ


#ကိုရွှေမန်း

"တခြားသူနဲ့ ယူခါနီးမှာတောင်"သတိရကြောင်းတွေ လာပြောနေတဲ့အပြင် ၅နှစ်တာ ချစ်ခရီးမှာ အယောက်၅၀လောက်နဲ့ခြေရှုပ်ခဲ့တဲ့ ထုတ်လုပ်သ...
09/11/2025

"တခြားသူနဲ့ ယူခါနီးမှာတောင်"

သတိရကြောင်းတွေ လာပြောနေတဲ့အပြင် ၅နှစ်တာ ချစ်ခရီးမှာ အယောက်၅၀လောက်နဲ့

ခြေရှုပ်ခဲ့တဲ့ ထုတ်လုပ်သူ ရွှေမန်းကို သူမဖက်က စပြီး လွမ်းရဲလို့ လ၊မ်းခွဲခဲ့တာပါဆိုပြီး

ပြောပြလာခဲ့တဲ့ မင်းသမီးချော သံသာမိုးသိမ့် 🥹

ที่อยู่

Samut Sakhon
Samut Sakhon
74000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Myanmar Magazineผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

Myanmar Magazine

Myanmar Magazine News Website is a Daily News Blog and We provides Latest Local and International News, Breaking News, Celebrity News and Life Style.

Articles are Display in Both Zawgyi and Unicode Text, Videos and Photos.