The Myth Discovery

The Myth Discovery Ancient legendary things ~
Classical interesting history ~
Discovery about all interesting hidden things

နတ်သစ်ရွက်-----------------    18+ဆေးလိပ်သောက်တာက ကင်ဆာဖြစ်တယ်၊Cannabis လို့ခေါ်တဲ့ဆေးခြောက်က ကင်ဆာဆဲလ်တွေကိုသေအောင်သတ်ပ...
26/06/2025

နတ်သစ်ရွက်
-----------------
18+

ဆေးလိပ်သောက်တာက ကင်ဆာဖြစ်တယ်၊
Cannabis လို့ခေါ်တဲ့ဆေးခြောက်က
ကင်ဆာဆဲလ်တွေကိုသေအောင်သတ်ပေးနိုင်တယ်။

ကင်ဆာဖြစ်စေတဲ့ဆေးလိပ်ကတရားဝင်တယ်၊
ကင်ဆာကိုကာကွယ်နိုင်တဲ့ဆေးခြောက်ကတရားမဝင်ဘူး၊

အဲဒီကစပြီးလွဲတော့တာပဲ။

ဗုဒ္ဓပြောဖူးတဲ့

"အငွေ့တစ်မျိုးကိုသုံးစွဲပြီးပီတိနဲ့မွေ့လျော်လေ့ရှိကြတဲ့ ရဟန်းတွေဟာ တရားဘက်မှာ ရှေ့မတက်နိုင်ဖြစ်လေ့ရှိကြတယ်"

ဆိုတာ ဆေးတံ၊ ဆေးလိပ်ကိုပြောတာ မဟုတ်ဘူးဗျ၊

Cannabis ကိုရည်ညွှန်းတာပဲ။

ဒီအချက်ကိုထောက်ရင် ဆေးခြောက်သုံးတဲ့ ရဟန်းတွေ၊ သူတော်စင်တွေ
ရှေးပဝေသဏီကတည်းကရှိခဲ့တယ် လို့ဆိုရမလိုဖြစ်နေတာပေါ့၊

ပါဠိလို့ "ဝိဇယ"လို့ခေါ်သတဲ့၊

ဝိဇယဆိုတာ စျာန်အသေးစားလေးလို့ဆိုလိုတာပါ။

(မဟာဝိဇယ ရဲ့အနက်ကိုစဉ်းစားကြည့်ပေါ့ဗျာ
"မဟာဆေးခြောက်😄😂😂)

ရှေးဟောင်း အီဂျစ်၊ ရောမနဲ့ ဂရိရာဇဝင်တွေက နတ်ဘုရားတွေသုံးစွဲလေ့ရှိကြတဲ့
နတ်သစ်ရွက်(Holy plants)ဆိုတဲ့အမည်နဲ့ ဒီအပင်အကြောင်းကို
အကျယ်တဝင့်အမွှန်းတင်ရေးသားထားတဲ့စာပိုဒ်တွေအများကြီးဖတ်ရဖူးတယ်။

ဆူမားရီးယန်း အရုပ်စာတွေနဲ့
ခရစ်တော်ရဲ့ ပန်းချီပုံတစ်ချို့မှာလည်း
ဆေးခြောက်ပင်ရဲ့ပုံသဏ္ဌာန်နဲ့ဆင်တူတဲ့ (ဓာတ်ချဉ်ပေါင် လိုလို)အပင်တွေကို
ထည့်သွင်းရေးဆွဲထားတာမျိုးလဲတွေ့ရဖူးတယ်။

နောက်

နာဆာ(NASA)လို့သိကြတဲ့ USအမျိုးသားလေကြောင်းနဲ့အာကာသဆိုင်ရာသိပ္ပံသုတေသန အဖွဲ့ကြီးက ဆေးခြောက်(Cannabis)မှာ ဂြိုဟ်သား DNA ပါတယ် ဆိုတာ အတည်ပြုထားပြန်တယ်ဗျ။

ဒီအချက်က

ဆေးခြောက်သည်
တပါးသောစကြာဝဠာတွေဆီက
ဘယ်သူတွေယူလာမှန်း၊
ဘယ်ပုံဘယ်နည်းနဲ့ရောက်လာမှန်း အတိအကျမသိရသေးတဲ့ အပင်လို့ နာဆာက တရားဝင်ဖွင့်ပြောလိုက်တာပဲ၊
ကမ္ဘာပေါ်က အပင်မျိုးရင်းမဟုတ်ဘူးဆိုပါတော့ဗျာ။

ရောဂါအမျိုးမျိုးကိုကာကွယ်ပေးနိုင်သတဲ့၊
ထူးခြားတဲ့စိတ်ကူးဥာဏ်ကွန့်မြူးရာမှာ
အင်မတန်အထောက်အပံ့ပေးပြီး မမြင်အပ်တဲ့အရာတွေကိုတောင်မြင်လာနိုင်စေတယ်လို့ဆိုတယ်၊

ဆိုလိုတာက ဒါကိုမှီဝဲပြီးမြင်တဲ့အမြင်တွေ ခံစားရတဲ့အသိတွေဟာ မူးပြီးဆေးကြောင်တာ မဟုတ်ဘူး၊
တကယ့်အမှန်တရားနဲ့နီးလာတာဖြစ်ပါသတဲ့၊

ဥပမာဗျာ

နေ့နဲ့ညနဲ့ပြောင်းလဲဖြစ်ပေါ်နေတာဟာ ကမ္ဘာကြီးလည်နေလို့ဆိုပါတော့၊

ဒီလိုကမ္ဘာကြီးလည်နေတာကိုသာမန်အသိနဲ့မခံစားရဘူး၊
အဲ Cannabis ကိုမှီဝဲထားတဲ့အချိန်မှာတော့ကမ္ဘာကြီးလည်နေတာကိုတငြိမ့်ငြိမ့့်နဲ့ခံစားမိလာတယ်၊

ဒါကိုတစ်ချို့ကမသိတော့
ကမ္ဘာကြီးလည်နေမှန်းတကယ်ခံစားမိလာတာကို ဆေးကြောင်တယ်လို့ထင်ကြတာမျိုးဆိုပါတော့)

ဟောလိဝုဒ်ကကမ္ဘာကျော်ဒါရိုက်တာကြီး
စတီဗင်စပီးဘတ်ခ်က သူရိုက်ကူးခဲ့တဲ့ Avator ရုပ်ရှင်ဇာတ်ကားအကြောင်းအင်တာဗျူးမှာ တောင်တန်းတွေတိမ်လိုမျောလွင့်နေတဲ့ ကဒ် ကိုဖန်တီးခဲ့တဲ့ idea ကိုသူ cannabis သောက်ပြီးရခဲ့တာဖြစ်ကြောင်းပြောပြဖူးတယ်။

ဒီလို ရာဇဝင်နဲ့ချီပြီး အစဉ်အလာကြီးခဲ့တဲ့ နတ်သစ်ရွက် ကို
လက်တကမ်းလောက်ပဲအမြင်ရှိကြတဲ့မီယံမာ ပြည်မှာ တွေ့တာနဲ့အဖမ်းခံထိတယ်၊
၂ကျပ်သားလောက်မိရင် ထောင် အနှစ် ၂၀ လောက်ချပစ်လို့ဘဝပျက်ခဲ့ရတဲ့လူငယ်တွေလဲအများကြီးပဲ။

ပြောရင်
အလွဲသုံးတဲ့လူတွေ၊ အလွန်အကျွံသုံးတဲ့လူတွေကြောင့်ပိတ်ပင်ထားရပါတယ် လို့ဆင်ခြေပေးဦးမယ်။

အလွန်အကျွံသုံးတာကတော့ အရက်အလွန်အကျွံသောက်ရင်လည်းအသည်းခြောက်ပြီးသေရမှာပဲ၊
ထမင်း အလွန်အကျွံစားရင်လည်း ဆီးချိုဖြစ်မှာပဲ၊
မြန်တာနဲ့နှေးတာပဲကွာလိမ့်မယ်။

သူတို့ကျတော့ တိုင်းရင်းသားတွေကိုဘိန်းစိုက်ပြီးတစ်ဖက်လှည့်နဲ့ရောင်းခိုင်းရတာနဲ့
(အာဖဂန်နစ္စတန်ပြီးရင် ဒုတိယဘိန်းအထွက်ဆုံးနိုင်ငံတဲ့ တစ်ကမ္ဘာလုံးသိတယ်)
ခရိုနီတွေအသီးစက်ရုံထောင်တာကို မသိချင်ယောင်ဆောင်ပေးရတာနဲ့
(အသီးမှာလဲ ကမ္ဘာ့စံချိန်ကိုအကြိမ်ကြိမ်ချိုးထားပြီးပြီ)
အရူးကွက်နင်းနေတာ။

Cannabis တော့မစိုက်ဘူး၊
စျေးကောင်းမရလို့တဲ့။

ကုန်ကုန်ပြောရရင်တက္ကသိုလ်က ကထိက အဆင့်လိုလူတန်းစားတွေကပါ မြန်မာပြည်မှာဒီအပင်ကို ဓာတုကင်းလွတ်ဆေးဝါးအဖြစ် တရားဝင်သုံးစွဲခွင့်ပြုဖို့၊ အကန့်အသတ်နဲ့စိုက်ပျိုးခွင့်ပြုဖို့ စာတမ်းတင်ခဲ့ဖူးတဲ့ မှတ်တမ်းတွေရှိခဲ့ဖူးတယ်ဗျ။
သူတို့မအောင်မြင်ခဲ့ဘူး၊ ဒီအကြောင်းကိုအပြင်လူတွေလည်းသိခွင့်မရခဲ့ကြဘူး။

ရှေးရိုးစွဲအမြင်ရှိတဲ့လူတစ်ယောက်အနေနဲ့တော့ ဒီပို့စ်ကိုဖတ်မိရင်ကိုယ့်ကိုတစ်မျိုးထင်ချင်ထင်မှာပေါ့၊

ခုပြောနေတာက ဆေးခြောက်ရှုဖို့အလွဲသုံးဖို့တိုက်တွန်းနေတာမဟုတ်ဘူး၊
ဒီလောက်အဖက်ဖက်က အသုံးဝင်တဲ့ တန်ဖိုးကြီးတဲ့အပင်ကို
ရောဂါကုသရေးမှာအသုံးပြုခွင့်ရဖို့
အတိုင်းအတာတစ်ရပ်အထိတရားဝင်ခွင့်ပြုပေးသင့်တယ် ဆိုတာ
ဗဟုသုတအဖြစ်ပြောပြရုံသက်သက်ပါပဲ။

တစ်နေ့က H**p စိုက်ခင်းကိုဝင်ဖမ်းတယ် ဆိုတဲ့ နလပိန်းတုံး တွေကိုကြည့်မရတော့လို့ ဒီရာဇဝင်ကိုပြောပြတာဗျာ။

ဒါနဲ့

ဟို အသီးတို့ ဘိန်းတို့တော့မပါဘူးနော်
အဲဒါတွေကတော့ တကယ် ဘဝပျက်မယ့်ဟာတွေ၊
အစ တောင်မလုပ်မိစေနဲ့။


**d

ဝိကစွဲလား? THCဓာတ်က သောက်ပြီးသွားရင်စွဲလန်းပြီး ဖြတ်မရတော့ဘူးလား?အချို့သော သောက်သုံးသူတွေကTHC ဓာတ်ကို စွဲကြတယ်စွဲတယ်ဆိုတ...
26/06/2025

ဝိကစွဲလား? THCဓာတ်က သောက်ပြီးသွားရင်
စွဲလန်းပြီး ဖြတ်မရတော့ဘူးလား?

အချို့သော သောက်သုံးသူတွေက
THC ဓာတ်ကို စွဲကြတယ်
စွဲတယ်ဆိုတာက နီကိုတင်းတို့ အိုပီရွိုက်တို့လို
အသွေးအသားက စွဲဆောင်မှုဖြစ်စေတာမဟုတ်ပဲ
THCဓာတ်ကိုကျ စိတ်ပိုင်းဆိုင်ရာအရ စွဲလန်းမှုဖြစ်ပေါ်ကြတယ်

အဲ့လိုအခြေအနေကို Cannabis Use Disorder(CUD)လို့ခေါ်ပြီးတော့ သောက်သုံးသူတွေရဲ့ 9% ‌လောက်ထိက စွဲလန်းကြပါတယ်
ဘယ်လိုလူတွေလဲဆိုတော့ အများကြီး နဲ့ နေ့တိုင်း
သောက်တဲ့သူတွေပါ

အဲ့လိုသောက်နေရင်းနဲ့ ရပ်လိုက်မယ်ဆိုရင်
ဖြစ်တတ်တဲ့ လက္ခဏာတွေက
- စိတ်တွေဆိုး ဒေါသတွေထွက်မယ်
- အိပ်မပျော်တာ အိပ်ရခက်တာတွေဖြစ်မယ်
- သောက်ချင်တဲ့အာသာပြင်းပြတာမျိုးတွေဖြစ်မယ်

ဒါပေမယ့် အခြားစွဲလန်းစေတဲ့ drugတွေ chemicalတွေနဲ့ယှဥ်ရင် ဖြစ်တဲ့effectတွေက မဆိုးသလို ထိန်းချုပ်လို့မရလောက်တဲ့အထိ လွတ်သွားတာမျိုးမဟုတ်ပါဘူး

အခုက THCရဲ့ကောင်းတဲ့အချက်တွေနဲ့
မကောင်းတဲ့အချက်တွေပြောပြပေးမယ်
မကောင်းတာတွေက စလိုက်တာပေါ့
ဘာတွေမကောင်းဘူးလဲဆိုရင်

- ယာယီမှတ်ဉာဏ်တိုလေးတွေ မေ့ပါတယ်
Highနေတဲ့အချိန်ဆို မှဏ်ဉာဏ်ကိုထိစေတာပါ
အချို့ကိစ္စလေးတွေဆို ဘာတွေဖြစ်သွားလဲမမှတ်မိတာမျိုးကိုပြောတာဖြစ်ပါတယ်

- အခြားသူကိုသံသယ လွန်ကဲတာလည်းဖြစ်စေပါတယ် ပြီးရင် သောကလည်းများပါတယ်
အဲ့တာက ဘယ်လိုအခြေအနေမှာဖြစ်လဲဆို
အများကြီးသောက်တဲ့အချိန်မျိုးမှာဖြစ်ပါတယ်

- နှလုံးကိုလည်း ထိစေပါတယ်
ဒါကတော့w**dသောက်မှမဟုတ်ပါဘူး
ဘယ်လိုအငွေ့မျိုးမဆို ရှူရှိုက်မိတာ သောက်သုံးမိတာတွေဆို အနည်းနဲ့အများနှလုံးကိုထိခိုက်ပါတယ်

- အပျင်းထူလာမယ် အခြားသူကို ပိုပြီးအားကိုးလာမယ်၊ နှစ်အကြာကြီး အများကြီးသောက်သုံးလာမယ်ဆိုရင်ဖြစ်တတ်ပါတယ်

- ခန္ဓာကိုယ်ရဲ့ ညီညွတ်မှုကို ယိုယွင်းစေပါတယ်
လမ်းလျှောက်တာ၊စက်ဘီးစီးတာ၊ပြေးတာ အစရှိတဲ့ အ‌ခြေခံလုပ်ငန်းဆောင်တာတွေလုပ်တဲ့အခါမှာ
အာရုံကြောစနစ်၊ကြွက်သားတွေနဲ့ ဦးနှောက်က အတူတူလုပ်ဆောင်ရပါတယ်
သောက်သုံးတာအရမ်းကြာလာရင် အဲ့လိုdaily tasksလေးတွေလုပ်တာကိုအနှောင့်အယှက်ဖြစ်လာစေပါတယ်

မကောင်းတဲ့အချက်တွေပြီးသွားတော့
ကောင်းတဲ့အချက်တွေဆက်ပါမယ်
THCရဲ့ကောင်းတဲ့အချက်တွေက

- ဆေးပညာပိုင်းဆိုင်ရာ အထောက်အကူပြုပါတယ်
နာကျင်မှုကို လျော့ချပေးတာ ၊ ပျို့အန်ချင်တာကိုသက်သာစေတာ ၊ စားသောက်ချင်စိတ်ကိုတိုးမြှင့်ပေးတာ ၊ ဝက်ရူးပြန်ရောဂါကို သက်သာစေတာ ၊ traumaတွေကိုလည်း သက်သာစေတာ အစရှိတဲ့နေရာတွေကို အထောက်အကူပြုပါတယ်

- လူကို relaxပိုဖြစ်စေပြီးတော့ တစ်ခုခုလုပ်တဲ့အခါ ပိုပြီးတော့ စိတ်ပါဝင်စားဖြစ်စေတယ်
Stressတွေ သောကတွေလျော့ချပေးပြီးတော့ နေရင်းထိုင်ရင်းနဲ့ကို ပျော်နေစေတတ်ပါတယ်

- တီထွင်ကြံဆနိုင်စွမ်းအားတိုးတက်အောင်နဲ့ အာရုံစိုက်တဲ့နေရာမှာပိုထိရောက်အောင်ကူညီပေးပါတယ်၊ အချို့strainတွေသောက်ပြီးသွားရင် ပိုသိသာပါတယ်

- အိပ်စက်တဲ့နေရာမှာကူညီပေးပါတယ်
အိပ်မပျော်တဲ့ရောဂါရှိတဲ့သူတွေအတွက်လည်းအဆင်ပြေပါတယ်၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်

ဒါတွေက ကောင်းတဲ့အချက်လေးတွေပါ

အချို့သူတွေဆို ဝိသောက်ပြီးအိပ်ရင် အိပ်မက်မမက်ဘူးလို့ပြောကြတယ် အဲ့တာကရော ဟုတ်လား?

အခုလောက်ဆို THCကဘယ်လိုမျိုးတွေလုပ်ပေးလဲ
ပိုကောင်းလား ပိုဆိုးလားဆိုပြီး ခွဲခြားသိမြင်သွားကြဖို့မျှော်လင့်ပါတယ်
အကုန်လုံးကတော့ တန်ဆေးလွန်ဘေးပါပဲ
ဒါပေမယ့် ဝိသောက်တာကမကောင်းပါဘူး
ဘာတွေမကောင်းလဲဆို ပိုက်ဆံကုန်ပါတယ်😂😂😂


**deveryday

What is Cannabis (aka) Ma*****na? ဝ ပေါ်မှာ လုံးကြီးတင်တော့?မိတ်ဆွေဟာ ဆေးခြောက်သောက်သုံးသူကို ဆေးသမားလို့သတ်မှတ်ထားပြီး ...
26/06/2025

What is Cannabis (aka) Ma*****na?
ဝ ပေါ်မှာ လုံးကြီးတင်တော့?

မိတ်ဆွေဟာ ဆေးခြောက်သောက်သုံးသူကို ဆေးသမားလို့သတ်မှတ်ထားပြီး ဆေးခြောက်ကို ကြက်သားကာလသားချက်နဲ့ ဆေးပေါ့လိပ်ထဲထည့်သောက်တာလောက်ပဲ သိထားတယ်ဆိုရင် ဒီစာကိုဆက်မဖတ်ဖို့ အကြံပေးပါရစေ။ ဆေးခြောက်ရဲ့ ဘယ်ဒြပ်ပေါင်းက လူရဲ့ဘာကို ဘယ်လိုကြောင့် မူးယစ်စေတယ်ဆိုတာမျိုးတွေပါတဲ့ သုတေသနစာတမ်းမျိုးကို ဖတ်ချင်သူတွေအတွက်လည်း မဟုတ်ပြန်ပါဘူး။ သတင်းထောက်တယောက်ရဲ့ ဘဝနေထိုင်ဖြတ်သန်းမှု အတွေ့အကြုံတွေကနေရလာတဲ့ အသိသက်သက်တွေကိုပဲ ရေးထားတဲ့စာဖြစ်တယ်ဆိုတာကို အရင်ဆုံးအသိပေးလိုပါတယ်။

ဆေးခြောက်ဟာ ဘယ်လိုမူးယစ်ဆေးမျိုးလဲ ဆေးခြောက်ကို ဆိုးဆိုးရွားရွား စွဲလမ်းစေတဲ့ မူးယစ်ဆေးစာရင်းထဲကနေ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက (၂၀၂၀)ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့မှာ ပယ်ဖျက်လိုက်ပါပြီ။ ဆေးခြောက်ကို စွဲစွဲလမ်းလမ်း ဖွာရှိုက်လာသူတယောက်ဟာ ဆေးခြောက်မဖွာရရင် အလွန်ဆုံး လေးငါးညလောက် ကောင်းကောင်းအိပ်မပျော်ရုံပါပဲ။ WY၊ ICE၊ ကိုကင်းနဲ့ ဘိန်း စတဲ့မူးယစ်ဆေးဝါးတွေလို ဆိုးဆိုးရွားရွားရင်းကိုက်တာမျိုး မဖြစ်တာကြောင့်ပါ။ ပညာရှင်ဆန်တဲ့ တခြားအကြောင်းပြချက်တွေ အများအပြားရှိနေလို့ အခုလို ပယ်ဖျက်လိုက်ကြတာဆိုတာ အသေအချာပါပဲ။

ဆေးခြောက်ကို ဘယ်လိုသုံးကြလဲ မြန်မာနိုင်ငံမှာ ကြက်သားကာလသားဟင်းထဲထည့်ချက်စားတဲ့ဓလေ့က အပျော်အနေနဲ့ ဟိုးအရင်ကတည်းကရှိပြီးသားပါ။ ဆေးပေါ့လိပ်ထဲထည့်သောက်ကြတာများပြီး သိပ်မကြာခင်နှစ်တွေကစလို့ နိုင်ငံခြားကဝင်လာတဲ့ စီးကရက်လိပ်သောက်တဲ့ စက္ကူတွေနဲ့ လိပ်သောက်လာကြပြီ။ နိုင်ငံခြားကဝင်လာတဲ့ ဆေးခြောက်ရှူတဲ့ အိုးနဲ့တချို့သောက်ကြသလို ရေသန့်ဗူးလို ပလက်စတစ်ဗူးနဲ့လည်း အိမ်လုပ်အိုးလုပ်သောက်ကြသူတွေရှိတယ်။ နိုင်ငံခြားမှာ ကိတ်မုန့်၊ ကွတ်ကီး၊ သကြားလုံး၊ ရေခဲမုန့်စတဲ့ မုန့်တွေလုပ်တဲ့အထဲ ထည့်ကြသလို အဖျော်ယမကာတွေအဖြစ်လည်း ထုတ်လုပ်ကြတယ်။ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားဒေသတွေမှာ ဆေးခြောက်အနွယ်ဝင် စက်မှုလျှော်ပင် (H**p)ကရတဲ့ချည်နဲ့ အဝတ်အထည်ချုပ်ဖို့ ဖျင်စတွေယက်လုပ်ကြတဲ့ ဓလေ့ရှိပြီး ပူတာအိုလေဆိပ်မှာ ဆေးခြောက်စက်မှုလျှော်ပင်နဲ့ ယက်လုပ်ထားတဲ့ အဝတ်အထည်တွေဝယ်လို့ရတယ်။ ပဝါတထည်ကိုတောင် သုံးသောင်းခွဲ အနည်းဆုံးပေးရတယ်။ စက်မှုလျှော်ပင် (H**p)ကနေ ကား Dashboard အပါအဝင် လူသုံးကုန်ပစ္စည်းအမျိုးပေါင်း နှစ်သောင်းခွဲကျော်ထုတ်လုပ်နိုင်တယ်လို့ ကမ္ဘာကျော် Forbes စီးပွားရေးမဂ္ဂဇင်းကြီးကနေ ရေးသားခဲ့ဖူးတယ်။

ဆေးခြောက်အမျိုးအစား ဘယ်နှစ်မျိုးရှိလဲ ဆေးခြောက်ပင်ရဲ့ အဖူးတွေ၊ အနှစ်ချည်းသက်သက် ချောကလက်လိုဖြစ်အောင်ထုတ်ထားတဲ့ Hash နဲ့ ပဲဆီလို အဆီထုတ်ထားတဲ့ ဆေးခြောက်ဆီတွေအဖြစ် ထုတ်လုပ်ကြတယ်။ နယ်သာလန်နိုင်ငံမြို့တော် အမ်စတာဒမ်မှာရှိတဲ့ ကော်ဖီဆိုင်တွေရဲ့ ဆေးခြောက် Menu မှာတော့ ကမ္ဘာအနှံ့က ဆေးခြောက်အမျိုးအစားပေါင်း (၃၀)ကျောက်လောက် တွေ့ခဲ့ရလို့ ဆိုင်ရှင်ကိုပဲ ဘယ်ဟာကောင်းလဲဆိုပြီး Recommend လုပ်ခိုင်းခဲ့ရတယ်။ မြန်မာပြည်ကထွက်တဲ့ ဆေးခြောက်အမျိုးအစားတခုဟာလည်း အနောက်နိုင်ငံတွေနဲ့ ဥရောပနိုင်ငံတွေရဲ့ Menu ထဲမှာပါပြီးသားလို့သိရတယ်။

ဆေးခြောက်က ဘယ်လိုကွဲလဲ ဆေးခြောက်ကွဲပြီး အစားအကြီးအကျယ်စားသူတွေ၊ အိပ်ပျော်သွားသူတွေ၊ တဟီးဟီးတဟားဟား ခွီနေသူတွေ၊ မျက်လုံးတွေအရည်လဲ့ပြီး ပြုံးနေသူတွေ၊ စကားတွေ ရေပက်မဝင်အောင်ပြောသူတွေ၊ ကဗျာတွေ စာတွေရေးသူတွေ၊ သီချင်းအဆိုကောင်းသွားသူတွေ၊ အနုပညာတခုခုဖန်တီးသူတွေ၊ လှုပ်စိလှုပ်စိ ခပ်ငြိမ့်ငြိမ့်လေးကသူတွေနဲ့ ချစ်နေကြသူတွေကိုသာ မြင်ဖူးပြီး မူးယစ်ရမ်းကား အော်ဟစ်သောင်းကြမ်း ပြဿနာရှာနေသူတယောက်တလေမှ မမြင်ဖူးပေ။
ဘာကြောင့် ဆေးခြောက်ကို တရားဝင်ဖြစ်သင့်လဲ အာဖဂန်နစ်စတန်ပြီးရင် ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ဒုတိယအများဆုံးနိုင်ငံဖြစ်တဲ့ မြန်မာ့ဘိန်းစိုက်တောင်သူတွေရဲ့ဘဝကို လူလူသူသူဖြစ်စေဖို့၊ စိုက်ပျိုးသီးနှံသစ်တခုအဖြစ် တောင်သူတွေစီးပွားဖြစ်စိုက်ပျိုးနိုင်စေဖို့၊ အထက်တန်းကျောင်းတွေထဲအထိရောက်နေပြီဖြစ်တဲ့ အလုံးရေ သိန်းသန်းချီဖမ်းမိနေတဲ့ အပေါစားစိတ်ကြွရူးသွပ်ဆေးပြား WY နဲ့ ဈေးကြီးတဲ့ ICE တွေ နိုင်ငံတကာဆီပျံ့နှံ့နေတာကို လျော့ပါးသွားစေဖို့၊ လွယ်လွယ်ဝယ်နေကြတဲ့ အရက်တုနဲ့ အပေါစားအရက်တွေသောက်ပြီး အရက်သမားဘဝနဲ့ အရွယ်မတိုင်ခင်သေဆုံးနေကြတာတွေ လျော့ပါးသွားစေဖို့၊ စိတ်ဖိစီးမှုအပေါင်း သရဖူဆောင်းနေတဲ့ လူနေမှုစနစ်မှာ စိတ်အေးချမ်းသက်သာစရာ ထွက်ပေါက်တခုဖြစ်စေဖို့၊ ဆေးခြောက်တလိပ်လောက်နဲ့ ထောင်နန်းစံနေရတဲ့ လူငယ်တွေရဲ့ဘဝကို ကယ်တင်ဖို့၊ ဆေးလိပ်သောက်နှုန်းလျော့ကျစေဖို့၊ နိုင်ငံတော်အခွန် ရပေါက်ရလမ်းတွေ တိုးပွားစေဖို့၊ ထုတ်ကုန်အသစ်တွေ တိုးပွားလာစေဖို့၊ မူးယစ်ရမ်းကား သတ်ဖြတ်တာတွေ လျော့ပါးသွားစေဖို့၊ နိုင်ငံသားတွေ တဟီးဟီးတဟားဟားနဲ့ အေးရာအေးကြောင်း ပေါ့ပေါ့ပါးပါး တွေးတွေးခေါ်ခေါ် စကားတွေပြောပြီး ပျော်နေကြစေဖို့ စတာတွေကြောင့်ပါပဲ။ ကင်ဆာရောဂါပျောက်တယ်ဆိုတဲ့ လေ့လာတွေ့ရှိချက်တွေလည်း ရှိနေပြီလို့ ဖတ်ရတယ်။

ဆေးခြောက်ကို တရားဝင်ခွင့်ပြုတဲ့ နိုင်ငံရှိလား ကမ္ဘာပေါ်မှာ ဆေးခြောက်ကို တရားဝင်ခွင့်ပြုထားတဲ့ နိုင်ငံပေါင်း (၄၄) နိုင်ငံရှိပြီး ပြစ်မှုမမြောက်တဲ့ နိုင်ငံပေါင်း (၅၀) ရှိပါတယ်။

ဆေးခြောက်က လူတိုင်းအတွက်လား ဆေးခြောက်သောက်ပြီး ဘာမှမခံစားရတဲ့ သူတွေလည်းရှိပါတယ်။ ဆေးခြောက်ရဲ့ အေးရာအေးကြောင်း မူးယစ်ပုံကို မကြိုက်ကြသူတွေလည်းရှိပါတယ်။ ဒါကြောင့် ABC နဲ့ G&Gလို စတိုးဆိုင်လေးတွေမှာ တင်ရောင်းရင်တောင် လူတိုင်းဝယ်ပြီး ဖွာရှိုက်နေကြမှာမဟုတ်ပါဘူး။ ဆေးခြောက်တရားဝင်ဖွာရှိုက်လို့ရတဲ့ အရည်အသွေးအကောင်းဆုံး ဆေးခြောက်အမျိုးအစားစုံစုံလင်လင် ဝယ်လို့ရနေတဲ့ နယ်သာလန်နိုင်ငံရဲ့ ကော်ဖီဆိုင်တွေမှာ ဆေးလိပ်သောက်တာကို တားမြစ်ထားပါတယ်။ ဆေးခြောက်တော့ ဖွာလို့ရပါတယ်။ နယ်သာလန်နိုင်ငံက ဒတ်ချ်လူမျိုးမိတ်ဆွေတွေပြောပုံအရတော့ တရားဝင်ဖွာရှိုက်လို့ရနေတော့ အလုပ်သွားခါနီး ဘယ်သူမှ ဖွာရှိုက်မနေကြဘူး။ လုပ်စရာရှိတာတွေလုပ်ပြီး အေးရာအေးကြောင်း အနားယူချိန်ကျမှပဲ ဖွာရှိုက်ကြတယ်လို့ဆိုပါတယ်။
မြန်မာလို ဆေးခြောက်ဟုဆိုလျှင် နားလည်လွယ်၍ ရုက္ခဗေဒဘာသာ အားဖြင့် cannabis sativa and cannabis indica ဟု ခေါ်ဆိုသည်။ ကမ္ဘာတစ်ဝန်း ရာစုနှစ်များစွာကပင် ကျယ်ပြန့်စွာ ပေါက်ရောက်သိရှိပြီး ဖြစ်သည်။ ပင်စည်အမျှင်များကို ကြိုးနှင့် အဝတ်အထည် ရက်လုပ်ခြင်းအပြင် ဆေးဝါးအနေဖြင့် အသုံးပြုသကဲ့သို့ ဆေးခြောက်ရှူခြင်းမှာ နားနေပျော်ရွှင်မှုအတွက် ရှေးယခင်ကပင် ခေတ်စား၍ ပေါ်ပြူလာဖြစ်လာသည်။ ဆေးခြောက်အဆီကို bhang, g***a, hashish, resin ဟု ခေါ်ကြသည်။ ထို့အပြင် အပွင့်၊ အညွန့်နှင့် ရွက်ခြောက်တို့ကို grass, ma*****na, spliff, w**d ဟုခေါ်ကြသည်။ Skunkဆိုသည်မှာ ပြင်းသော ဆေးခြောက် အမျိုးအစား ဖြစ်ပြီး ယင်းတွင်ပါဝင်သော အဓိကဓာတုပစ္စည်း THC (tetrahydrocannabinol)ပါဝင်မှုနှုန်းမှာ သာမန်ဆေးခြောက်ထက် နှစ်ဆ၊ သုံးဆမျှ မြင့်မားပေသည်။ ဆေးခြောက်အမျိုးပေါင်းမှာ ရာချီ၍ များစွာရှိပြီး ဗန်းစကားအဖြစ် AK-47, Knock Out, Destroyer ဟု ပြင်းထန်မှုကို ညွှန်း၍ အမည်များ ပေးထားကြသည်။

*****naismedicine

ที่อยู่

Samutpraken

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ The Myth Discoveryผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์