ဒံပေါက် အော်ဒါ လက်ခံပါသည်

ဒံပေါက် အော်ဒါ လက်ခံပါသည် ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก ဒံပေါက် အော်ဒါ လက်ခံပါသည်, ครีเอเตอร์ดิจิทัล, Bang Tho Rat, Smutsakhon.

ညနေက ရွှေဆိုင်တစ်ဆိုင်(အမည်မပြောလိုပါ) ခဏဝင်လိုက်တယ်။ရွှေထည် ပစ္စည်းသဘောကျလို့ တွက်ခိုင်းလိုက်တဲ့အခါ အလျော့တွက်လက်ခ ပေါင...
11/12/2023

ညနေက ရွှေဆိုင်တစ်ဆိုင်(အမည်မပြောလိုပါ) ခဏဝင်လိုက်တယ်။
ရွှေထည် ပစ္စည်းသဘောကျလို့ တွက်ခိုင်းလိုက်တဲ့အခါ အလျော့တွက်လက်ခ ပေါင်းပြီးသားအပြင် သုံးသောင်းကျော်လောက် ပိုနေတယ်။
{( ဥပမာဆိုပါတော့ဗျာ
ရွှေက ရှစ်သိန်းစျေး
ပစ္စည်းကအလေးချိန်က ငါးရွေးတစ်စိတ်
အလျော့တွက် လက်ခက နှစ်ရွေးသုံးစိတ်
စုစုပေါင်းရှစ်ရွေး ( တစ်ပဲသားဖြစ်သွားပြီ))}
ဒါဆိုရင်
ရှစ်သိန်းစျေးနဲ့တစ်ပဲသား ကို တွက်တဲ့အခါ ၅၀၀၀၀ိ/ ပဲကျတယ်။
ဒါပေမယ့် အဲဒီဆိုင်က ရှစ်သောင်းကျော်ကျော်တောင်းတယ်။
သုံးသောင်းပိုနေလို့ မေးတော့ ဘာမှ မပြောတတ်ဘူး။
ကိုယ်ဝယ်တဲ့ ပစ္စည်းအတွက် ကျသင့်ငွေနဲ့ ပေးရမယ့်ငွေဟာ
ဘာကြောင့်ကွာတာလဲ မေးတာ။
ဒါတွေဟာ ဘာကြောင့်လဲ ဆိုတော့ လူအများစုဟာ ရွှေကိုပဲ ဝယ်ကြတယ်။စနစ်တကျ မတွက်တတ်ကြဘူးဆိုတာရယ်…
ရွှေချိန်အကြောင်းသေချာနားမလည်ဘူးဆိုတာရယ်ကြောင့်ပဲ………

ကျွန်တော် တွက်တဲ့ နည်းစနစ်ကို ဝေမျှ လိုက်ပါတယ်။
ရွှေ တစ်ကျပ်သား = ၁၆ ပဲ
တစ်ပဲသား= ၈ ရွေး
ဒါ့ကြောင့် တစ်ကျပ်သား ၁၂၈ ရွေး ရှိတယ်။

ဒါက ဆိုင်တွေမှာ ရေးတဲ့ပုံစံပါ။

၁ိ = တစ်ကျပ်သား

၅ ဲ = ငါးပဲ
၇ ဲ = ခုနစ်ပဲ  လို့ရေးတယ်။
(  လေးပဲကို တစ်မတ်သာ
( ရှစ်ပဲကို ငါးမူးသား )
(  ဆယ့်နှစ်ပဲကို သုံးမတ်သား) အဲလိုခေါ်တယ်။

၁ ွ = တစ်ရွေး
၄ ွ = လေးရွေး
အဲလိုရေးကြတယ်။

ရွှေဝယ်တော့မယ်ဆိုရင် ဂဏန်းပေါင်းစက်သာဆောင်သွား။
ဖုန်းပါရင်တော့ အဆင်ပြေတယ်။
အထွေအထူး မလိုဘူးပေါ့။

လက်ရှိရွှေစျေးကို ၁၂၈ နဲ့စားလိုက်။
ဒါဆို တစ်ရွေးရဲ့ တန်ဖိုးရပြီ။

ကိုယ် ဝယ်မယ့် ပစ္စည်းရဲ့ အလေးချိန်နဲ့ ဘောက်ချာမှာပါတဲ့ အလျော့တွက်လက်ကို ပေါင်းလိုက်ပြီး ရွေးဖွဲ့လိုက်။
ပြီးရင် ခုန တစ်ရွေးတန်ဖိုးနဲ့မြှောက်။
အဲဒါ ကိုယ်ပေးရမယ့်ငွေ ပမာဏပဲ။

ဥပမာ
ရွှေစျေးက ရှစ်သိန်းလေးသောင်း ဝယ်မှာက
သုံးပဲ ခြောက်ရွေး အလေးချိန် ပစ္စည်းတစ်ခု ( ၃ဲ ၆ွ )
ကိုယ်ပေးရမယ့် အလျော့တွက်က တစ်ပဲ သုံးရွေး ( ၁ဲ ၃ ွ )ဆိုပါတော့

840 000÷ 128 =  6562.5 ကျပ်
(ခြောက်ထောင့်ငါးရာခြောက်ဆယ့်နှစ်ကျပ် ငါးဆယ်ပြား)
( ဒါဟာ  ရွေးတစ်ရွေးရဲ့ တန်ဖိုး)

၃ ဲ ၆ ှ+ ၁ ဲ ှ= ၅ ဲ
(တစ်ပဲမှာ ရှစ်ရွေးပဲရှိတယ်။ အခု ကိုးရွေးဖြစ်နေလို့ ငါးပဲ တစ်ရွေး ဖြစ်သွားပါတယ်။ )
အခု ငါးပဲ တစ်ရွေးကို ပဲ ဖွဲ့ပါ့မယ်။
( ၅ × ၈ ) + ၁ =၄၁

အခု ရလာတဲ့ စုစုပေါင်း ရွေး ၄၁ကို
အပေါ်မှာ ရထားတဲ့ တစ်ရွေးတန်ဖိုးနဲ့မြှောက်ပါ။

6562.5 ×41 = 269062.5
( နှစ်သိန်းခြောက်သောင်းကိုးထောင်ခြောက်ဆယ့်နှစ်ကျပ် ငါးဆယ်ပြား)

ဒါဟာ ဘောက်ချာရဲ့အောက်ဆုံးက မိမိပေးချေရမယ့် ငွေ ပမာဏပါ။
(နှစ်သိန်းခုနစ်သောင်းဆိုလဲ ကိုယ်က ဒီဟာလေးမှ သဘောကျတယ်ဆိုလဲ  မငြင်းနဲ့တော့ပေါဗျာ )

အကယ်၍ ပိုနေလျှင် မည်သည်ကြောင့်လဲဆိုတာကတော့
(အော် ပြောရဦးမယ် ဆိုင်က ငါ့ကို ပြန်ပေးလိုက်တာ ဘယ်လိုအင်္ကျီလေး
ဘယ်ပါတိတ်လေး ပေးလိုက်တာ ဝမ်းသာမနေနဲ့။ အဲဒါတွေအားလုံးအတွက် အလျော့တွက်လက်ခဆိုတာမှာ ပါပြီးသား)
,

ที่อยู่

Bang Tho Rat
Smutsakhon

เบอร์โทรศัพท์

+66660077607

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ဒံပေါက် အော်ဒါ လက်ခံပါသည်ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง ဒံပေါက် အော်ဒါ လက်ခံပါသည်:

แชร์