Hsu Mo Fashion & Beauty Shop

Hsu Mo Fashion & Beauty Shop ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Hsu Mo Fashion & Beauty Shop, ครีเอเตอร์ดิจิทัล, Thudama Road, Songkhla.

နှစ်သစ်တွက် အားပေးစကားလေတစ်ခု
01/01/2025

နှစ်သစ်တွက် အားပေးစကားလေတစ်ခု

ထမင်းစားပြီးနောက်မလုပ်သင့်သည့်အန္တရာယ် (၈)ရပ်သင် ဒါတွေ သိပါသလား။ဖတ်ရှုပြီး လိုက်နာဆင်ခြင်ပါ။မိမိ ကိုယ်တိုင်ရော၊မိသားစု န...
15/06/2023

ထမင်းစားပြီးနောက်
မလုပ်သင့်သည့်
အန္တရာယ် (၈)ရပ်

သင် ဒါတွေ သိပါသလား။
ဖတ်ရှုပြီး လိုက်နာဆင်ခြင်ပါ။
မိမိ ကိုယ်တိုင်ရော၊
မိသားစု နှင့် သူငယ်ချင်း
မိတ်ဆွေများ အားလုံး ကို လည်း လက်ဆင့်ကမ်း မျှဝေပေးလိုက်ပါ …. ။

(၁) ဆေးလိပ် မသောက်ပါနှင့်။
ထမင်းစားပြီးနောက် စီးကရက် ၁-လိပ်သောက်ခြင်း သည် သာမန် အချိန် စီးကရက်၁၀-လိပ်သောက်ခြင်းနှင့် ညီ မျှပြီး၊ ကင်ဆာ ရောဂါဖြစ်နိုင်ချေ အလားအလာပိုများကြောင်း ဆေးသိပ္ပံပညာရှင် များက သတိပေးထား သည်။

(၂) သစ်သီးများ အလျင်စလို မစားပါနှင့်။
ထမင်စားပြီးနောက် အချိုပွဲ သစ်သီး စားခြင်းသည် မှားယွင်းသော အစဉ်အလာ တစ်ခုဖြစ်နေကြပါသည်။ အမှန် အားဖြင့် ထမင်းစား ပြီးပြီးချင်း သစ်သီးစားခြင်းက လေပွစေပြီး၊ အစာအိမ် ကို ဘေးဥပါသ်ဖြစ်စေ၏။

ထို့ကြောင့် ထမင်းစားပြီး အနည်းဆုံး နာရီ၀က်ခန့် ကြာမှ သာ သစ်သီး စားသင့်သည်။
(ကျန်းမာရေး အမြင် ရှိသော ဟိုတယ်ကြီးများနှင့် စားသောက်ဆိုင် အချို့့တွင် သစ်သီးအစား၊ ဥပမာ … ဌက်ပျောသီးပေါင်း (သို့မဟုတ်) ရွှေဖရုံသီးပေါင်း စသည့် တို့ကို အချိုပွဲ အဖြစ်တည်ခင်း ဧည့်ခံလာကြသည်)

(၃) လ္ဘက်ရည် မသောက်ပါနှင့်။
လ္ဘက်ရည် အချိုခြောက် ထဲတွင် အက်ဆစ်ဓာတ် အမြောက်အများ ပါရှိကြပေရာ၊ ၄င်းတို့က ထမင်း ဟင်းထဲ တွင် ပါရှိသည့် ပရိုတင်း များကို အနှောင့်် အယှက်ပြုကာ အစာချေဖျက်မှု ကိုလည်း ဟန့်တားစေပါသည်။

(၄) ခါးပတ်ကြိုး မလျော့ပါနှင့်။
ထမင်း စားပြီးပြီးချင်း ခါးပတ်ကြိုး (သို့မဟုတ်) ပုဆိုး၊ လုံချည်လျော့၀တ်ခြင်း က အူသိမ် အူမ တို့ကို လိမ်ခေါက် ၍ အူလမ်းကြောင်း ပိတ်ဆို့စေပါသည်။

(၅) ရေ မချိုးပါနှင့်။
ထမင်းစားပြီးနောက် ရေချိုးခြင်း သည် လက်/ခြေထောက်နှင့် ခန္ဓာကိုယ် တစ်ခုလုံးရှိ သွေး လည်ပတ်စီးဆင်း မှု တိုးပွားလာပြီး၊ အစာအိမ် တဝိုက် သွေးလည်ပတ် စီးဆင်းမှု လျော့ကျ လာသောကြောင့် အစာ အိမ်ကောင်း စွာ အလုပ် မလုပ်နိုင်တော့ပေ။

(၆) သွက်သွက် လမ်း မလျှောက်ပါနှင့်။
ရှေး လူကြီးမျာက "ထမင်းစားပြီး အချိုစား၊ ခြေလှမ်း ၂၀၀ သွား" ဟု အဆို ရှိခဲ့ကြလေ၏။ ထို အဆိုမှာ တက် တက် စင် မှားယွင်းနေ ကြောင်း ယနေ့ဆေးသိပ္ပံပညာရှင် များက အတည်ပြုထားကြသည်။

အကြောင်းရင်း မှာ .... ထမင်း စားပြီးချင်း ခပ် သွက်သွက် လမ်းလျှောက်ခြင်း က ဗိုက်အောင့်စေတတ်ပြီး၊
ထမင်း ဟင်း ထဲမှပါ၀င်သော အာဟာရ စုပ်ယူရန် အတွက် အစာချေ စံနစ်ကို အနှောင့် အယှက်ဖြစ် စေ တတ် သည်။ (ထမင်းစားပြီး ငြိမ်ငြိမ် ထိုင်နေရမည် ဟု မဆိုလိုပါ) ကျန်းမာရေး နဲ့ ညီညွတ်စေဖို့အတွက် ထမင်းစားပြီး ပါက အနည်းဆုံး ၁၅-မိနစ်ခန့် မတ်တပ် ရပ်နေပါ (သို့မဟုတ်) ဖြည်းဖြည်း မှန်မှန်
လမ်းလျှောက်ပါ။

(၇) မအိပ်ပါနှင့်။
ထမင်းစားပြီး ချက်ချင်း လှဲအိပ်ခြင်းသည် အစာကောင်းစွာ မကျေညက်စေတော့ဘဲ၊ အစာအိမ်ရောဂါဖြစ်စေ သည့်ပြင်၊ အူ များကို ကူးစက်ရောဂါပိုး ၀င်စေသည်။

(၈) အားကစား မလုပ်ပါနှင့်။
အားကစား မလုပ်ခင် အနည်းဆုံး နာရီ၀က် မှ အများဆုံး ၂-နာရီ ခန့်ကြိုတင်၍ ထမင်းစားထား ပါ။ သို့မဟုတ် ပါက၊ အကြော ဆွဲခြင်း (သို့မဟုတ်) ရုတ်တရက်နှလုံးခုန် ရပ်တန့်ခြင်း (သို့မဟုတ်) အသက်သေစေနိုင်သည်။

#ကျန်းမာရေးဗဟုသုတ

ที่อยู่

Thudama Road
Songkhla

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Hsu Mo Fashion & Beauty Shopผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์