Yekyi Books & Handmade Collection

  • Home
  • Yekyi Books & Handmade Collection

Yekyi Books & Handmade  Collection Handmade Collection & Tutorial YouTube videos

19/08/2025
19/08/2025

Cute

11/06/2025

လှလိုက်တာလေး🤍🩷

ပြန်ရနိုင်သလား … မရနိုင်သလား--------------------------------“လူမျိုးတစ်မျိုးကို ဖျက်ဆီးရန် ဗုံးတွေ သေနတ်တွေ မလိုပါ။ ပညာရ...
08/05/2025

ပြန်ရနိုင်သလား … မရနိုင်သလား
--------------------------------
“လူမျိုးတစ်မျိုးကို ဖျက်ဆီးရန် ဗုံးတွေ သေနတ်တွေ မလိုပါ။ ပညာရေးအဆင့်အတန်းကို နိမ့်ကျအောင်သာ လုပ်လိုက်ပါ။ ကျန်တာတွေ သူ့အလိုလိုပျက်စီးသွားပါလိမ့်မည်”

ကျွန်တော် TED Talk တွေကို အကြည့်များပါသည်။ ထိုစကားကို မည်သူပြောသွားကြောင်း အတိအကျတော့ မမှတ်မိပါ။ အမေရိကန်သမ္မတဟောင်း ဘားရက် အိုဘားမားထင်ပါသည်။

မည်သူပြောသည်က အရေးမကြီးပါ။ တကယ်ဖြစ်နိုင်၊ မဖြစ်နိုင်ကိုသာ ဆန်းစစ်ရန်လိုပါသည်။

လူမျိုးဖျက်ချင်လျှင် ပညာကိုဖျက်လိုက်ပါဆိုသည့်စကားသည် မည်သည်ကအခြေခံလာခဲ့ပါသနည်း။

ပလေတိုက

“လူတစ်ယောက်စတင်လိုက်သည့် ပညာရေးဦးတည်ချက်သည် သူ့အနာဂတ်ကို အဆုံးအဖြတ်ပေးသည်” ဟု ဆိုခဲ့သည်။

ပညာရေး မည်မျှ အရေးကြီးကြောင်း ပြဆိုသည်။

ပညာရေးကို ဦးတည်ချက်ယောင်ဝါးဝါးဖြစ်အောင်လုပ်လျှင် သို့မဟုတ် ပညာရေးကို အားနည်းအောင် လုပ်ခဲ့လျှင် အကျိုးဆက်မှာ မျိုးဆက်သစ်တွေကို အမှည့်ခြွေသလိုဖြစ်စေလိမ့်မည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။

နယ်လ်ဆင် မန်ဒဲလားကလည်း

“ကမ္ဘာလောကကြီးကို ပြောင်းလဲနိုင်ရန်အတွက် စွမ်းအားအရှိဆုံးလက်နက်အဖြစ် ပညာရေးကို အသုံးပြုနိုင်သည်” ဟုဆိုခဲ့သည်။

ထိုစကားများသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးကို နိမ့်ပါးပျက်စီးအောင်လုပ်ရန်မှာ ဗုံးတွေ လက်နက်တွေမလို ပညာရေးကိုဖျက်ဆီးလိုက်ရန်သာလိုသည့် အဆိုအား ထောက်ခံရန်ရောက်သည်။

ဥပမာ ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် ပြာပုံအတိဖြစ်အောင် ဂျပန်နိုင်ငံကို အနုမြူဗုံးဖြင့် အတိုက်ခံရသော်လည်း ဂျပန်လူမျိုးတို့အဘယ်ကြောင့် ပြန်လည်နိုးထလာရသနည်း။ ပညာရေးတွင် အခြေခံခဲ့ကြောင်း သိသာသည်။ ဂျပန်တွေ ပညာကိုမြတ်နိုးလွန်သောကြောင့်သာ ပြာပုံထဲက ရုန်းထွက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ခေတ်သစ်တွင် အဆိုသစ်တွေ ပေါ်လာသည်

“နိုင်ငံတစ်နိုင်ငံကို အားနည်းသွားစေရန် ဗုံးတွေမလို။ ပြည်သူတွေ၏ ဝေဖန်စမ်းစစ်နိုင်စွမ်း (Critical Thinking) ကိုသာ ရိုက်ချိုးပေးထားလိုက်၊ အုပ်စိုးသူကို မေးခွန်းတွေ ပြန်မမေးနိုင်အောင် လုပ်ထားလိုက်၊ တီထွင်မှုတွေ မလုပ်နိုင်အောင် ပိတ်ပင်တားဆီး ထားလိုက်၊ ပညာရေးကို ဖျက်ဆီးလိုက်၊ အဲဒီနိုင်ငံဟာ တဖြည်းဖြည်း သူ့ဘာသာသူ ပြိုကျပျက်ဆီးသွားလိမ့်မယ်” ဆိုသော သဘောတရားတွေခေတ်စားလာသည်။

၁၉၇၅ မှ ၁၉၇၉ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံကို ခမာနီတွေ အုပ်ချုပ်သွားခဲ့သည့် အချိန်နှင့် ဥပမာပေးလိုသည်။

ပညာတတ်တွေမှန်သမျှ၊ ကျောင်းဆရာတွေမှန်သမျှ အုပ်ချုပ်ရေးအတွက် အန္တရာယ်ဖြစ်စေသည်ဟု ယူဆပြီး အားလုံးဖမ်းဆီး သတ်ဖြတ်ခြင်းခံရသည်။ တက္ကသိုလ်တွေကို ပိတ်သည်။ ပညာရေးသည် အလုံးစုံ ပျက်စီးသွားခဲ့ ရသည်။ ခေါင်းဆောင်ပြောသမျှအမှန်၊ ခေါင်းဆောင်ခိုင်းသမျှလိုက်လုပ်ဆိုသည့် စနစ်ဆိုးကြောင့် နိုင်ငံလည်း ပျက်၊ လူမျိုးလည်းပျက်ကာ ပညာရေးပြန်လည်တည်ဆောက်ရန်နှင့် နိုင်ငံပြန်လည်ထူထောင်ရန် နှစ်ပေါင်း များစွာ ကြာသွားခဲ့ရသည်။

အာဖဂန်နစ္စတန်တွင်လည်း တာလီဘန်တွေ စိုးမိုးအုပ်ချုပ်စဉ်က ထိုနည်းအတိုင်းဖြစ်ခဲ့သည်။

ပညာရေးကို အမျိုးသားရေးအသွင်ဖြင့်ဖော်ဆောင်ကာ၊ ပညာတတ်လျှင် အန္တရာယ်ရှိနိုင်သည်ဆိုပြီး မိန်းကလေးတွေ ကျောင်းမတက်ရ။ လွတ်လပ်စွာ ပြောဆိုဝေဖန်ခွင့်တွေမရှိ။ ကျောင်း၊ ဆရာ၊ ပညာ အားနည်းကာ နောက်ဆုံးတွင် မေးခွန်းမထုတ်တတ်သည့် လူသားတွေဖြစ်ကုန်ကြသည်။

မြောက်ကိုရီးယားနိုင်ငံတွင်လည်း ထိုနည်းအတိုင်းဖြစ်သည်။

ပညာရေးကို နိုင်ငံရေးနှင့် ရောထွေးပစ်သည်။ ခေါင်းဆောင်ကြီးကို မဝေဖန်ရ။ မေးခွန်းမထုတ်ရ။ အုပ်ချုပ်သူ အာဏာပိုင်တို့ကို ဆန့်ကျင်မှု မရှိစေရ။ ခေါင်းဆောင်ကြီးသည် နိုင်ငံအတွက် အကြီးမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်သည်။ ကျောင်းသင်ခန်းစာတွေထဲမှာပင် အာဏာရှင်စနစ်ကိုကောင်းမွန်ကြောင်းထောက်ခံရေးသားထားသည်များ သင်ကြားကြရသည်။

ပညာတတ်မှ မေးခွန်းထုတ်တတ်သည်။

ပညာရှိမှ မေးခွန်းမေးရမှန်းသိသည်။

ပညာတွေ မရှိအောင်၊ မတတ်အောင်လုပ်ထားလျှင် မေးခွန်းလည်းမထုတ်တတ်၊ ဝေဖန်ရမှန်းလည်းမသိ၊ ငြိမ် ဝပ် ပိ ပြားကာ အသိတရားမဲ့သော လူ့ဘောင်တစ်ခုဖြစ်လာစေသည်။

ပညာရေးဆိုတာ ပြန်မရနိုင်တဲ့ရင်းနှီးမြှုပ်နှံမှုလား

မဟုတ်ပါ

“One educated girl can change a family. One educated generation can rebuild a nation.”

“ပညာတတ်သည့် မိန်းကလေးတစ်ယောက်သည် မိသားစုကို ပြောင်းလဲပေးနိုင်သည်။ ပညာတတ်သည့် မျိုးဆက်တစ်ခုလုံးသည် နိုင်ငံတစ်နိုင်ငံကိုပြန်လည်တည်ဆောက်ပေးနိုင်သည်”

အထက်ပါစကားမှာ ပညာရေးသည် ပြန်မရနိုင်သော ရင်းနှီးမြှုပ်နှံမှုလား၊ ပြန်ရနိုင်သည့် ရင်းနှီးမြှုပ်နှံမှုလား ဆိုသည်ကို အလိုလို ဖြေရှင်းပေးပြီးသား ဖြစ်သွားနိုင်ပါသည်။

အဘယ်ကြောင့် ပညာတတ်တွေ ပညာရှိတွေကို တိုင်းပြည်အတွက် အန္တရာယ်ဖြစ်စေသူများအဖြစ် မြင်ကြသနည်း။

ပညာရှိသူတွေက မေးမြန်းတတ်သည်။

ပညာရှိသူတွေက ခွဲခြမ်းစိတ်ဖြာတတ်သည်။

ပညာရှိသူတွေက မဟုတ်မမှန်လျှင် ငုံ့မခံ ငြင်းတတ်သည်။

ပညာရေးသည် ပြန်မရနိုင်သော ရင်းနှီးမြှုပ်နှံမှုဟု ပြောရခြင်းမှာ “အာဏာ” ကိုပြန်မရနိုင်စေသော ရင်းနှီး မြှုပ်နှံမှုဟူ၍ ဆိုလိုဟန်ရှိပါသည်။

ကျွန်တော်တို့ Mind-set တွေ ပြန်ပြင်ရန်လိုနေပြီ။

တင်ညွန့်

၈.၅.၂၀၂၅

Respect နဲ့ Confidence ဟာ အပြန်အလှန်ဆက်စပ်နေပါတယ်။ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် လေးစားတဲ့သူဖြစ်...
01/05/2025

Respect နဲ့ Confidence ဟာ အပြန်အလှန်ဆက်စပ်နေပါတယ်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် လေးစားတဲ့သူဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် လေးစားတန်ဖိုးထားတဲ့ သူတွေဟာလည်း ယုံကြည်မှုရှိတဲ့သူတွေ ဖြစ်နေတတ်ကြပါတယ်။

ကိုယ့်ကို လေးလေးစားစား မပြောဘူး။ မဆက်ဆံဘူး။
ပတ်ဝန်းကျင်တစ်ခုမှာ ထိုက်တန်တဲ့ လေးစားမှုကို မရဘူးဆိုရင် စိတ်ထဲမှာ ကသိကအောက်ဖြစ်တတ်ကြရတယ်။

Do not tolerate disrespect, even from yourself.

တကယ်တော့ မလေးမစားဆက်ဆံခံရတယ်ဆိုတာ တခြားသူတွေဆီကရယ်မှ မဟုတ်ဘူး။ကိုယ်ကိုယ်တိုင်ဆီကတောင် ခွင့်မပြုသင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။

လူတွေမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက အပြည့်မဟုတ်တောင် ၇၀ ရာခိုင်နှုန်းလောက် ရှိတယ်ဆိုရင်ပဲ ကိုယ်တိုင်လေးစားနိုင်လောက်တဲ့ စိတ်လည်း ဖြစ်လာတတ်ကြပါတယ်။Self Respect ရှိတယ်ဆိုတာ ကောင်းတဲ့ စိတ်အရည်အသွေးတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ တကယ် Respect ရှိနေရဲ့လားဆိုတာကိုတော့သိဖို့ အရေးကြီးပါတယ်။

Pride and confidence in onself.
A feeling that one is behaving with honour and dignity.

ကိုယ်တိုင် ဂုဏ်သိက္ခာရှိစွာ ပြုမူနေထိုင်ပြောဆိုခြင်းကြောင့် လေးစားယုံကြည်မှု ဖြစ်ပော်လာတာကို Self Respect လို့ အဓိပ်ပါယ်ဖွင့်နိုင်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် Respect ရှိဖို့က ကိုယ်မကြိုက်တာတွေ မလုပ်မိဖို့ ၊လုပ်မိရင်လည်း ဆက်မလုပ်နေဖို့ အရေးကြီးပါတယ်။

မိသားစုစိတ်ဓာတ်---------------------ကျွန်တော် မနေ့က မိတ်ဆွေတစ်ဦးအိမ်ကိုရောက်ခဲ့သည်။သူနှင့်ကျွန်တော် မတွေ့သည်မှာ ၁၀ နှစ်ဝ...
30/04/2025

မိသားစုစိတ်ဓာတ်
---------------------
ကျွန်တော် မနေ့က မိတ်ဆွေတစ်ဦးအိမ်ကိုရောက်ခဲ့သည်။

သူနှင့်ကျွန်တော် မတွေ့သည်မှာ ၁၀ နှစ်ဝန်းကျင်ခန့်ရှိပြီ။

သူက ဌာနတစ်ခုတွင် အမှုထမ်းခဲ့ပြီး ပင်စင်ယူသည်မှာ မကြာသေး။ သူ့ဇနီးကလည်း ဝန်ထမ်းဖြစ်ပြီး သူ့ထက် အသက်ငယ်သောကြောင့် ပင်စင်ယူရန် နောက်ထပ် သုံးနှစ်လိုသေးသည်။ သူတို့တွင် သားသမီး သုံးယောက်ရှိ သည်။ အကြီးဆုံးသမီးက ကုမ္ပဏီတစ်ခုတွင် အလုပ်ဝင်လုပ်နေသည်။ အလတ်သားနှင့် အငယ်မလေးက ကျောင်းတက်နေဆဲဖြစ်သည်။

ကျွန်တော်သူ့အိမ်ရောက်ချိန်တွင် ရုံးသွား၊ ကျောင်းသွားတွေနှင့် တစ်ယောက်မျှမရှိတော့။ သူတစ်ယောက် တည်းရှိနေသဖြင့် အားရပါးရ စကားတွေပြောကြသည်။ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောမကုန်။

သူက

“ဆရာ ထမင်းစားပြီးမှပြန်ရမယ်။ ဒီမှာ အားလုံးအသင့်ရှိတယ်”

“ရပါတယ်ဗျာ။ အပြင်လိုက်ခဲ့။ ဆိုင်တစ်ဆိုင်ဆိုင်မှာ စားကြတာပေါ့”

ကျွန်တော်တို့ ထမင်းစားချိန်တိုင်သွားသည်။

“ခဏ ဆရာ … ကျွန်တော် ပန်းကန်တွေဆေးစရာရှိသေးလို့ စောင့်ပေးနိုင်မလား။ တော်ကြာ သားနဲ့သမီးက ပြန်ရောက်လာတော့မှာ”

“ရပါတယ်။ ကျွန်တော် စာဖတ်ရင်းစောင့်နေပါ့မယ်”

သူက အိမ်နောက်ဖေးကို ဝင်သွားသည်။ အထဲတွင် ပန်းကန်ဆေးသံတွေကြားရသည်။ ကျွန်တော်က ပါလာသည့် စာအုပ်တစ်အုပ်ကို ထုတ်ဖတ်နေမိသည်။ အတန်ကြာသော် သူက တံမြက်စည်းတစ်ချောင်း ယူလာကာ အိမ်ရှေ့သန့်ရှင်းရေးလုပ်သည်။

“ဆရာရေ အိမ်မှာက မနက်မိုးလင်းတာနဲ့ စစ်ခင်းသလို အပြေးအလွှားချက်ပြုတ်ပြီး အလုပ်ကို ပြေးကြတာ။ ကျန်တာတွေကို ကျွန်တော်ပဲ လိုက်ရှင်းရတာ”

“ခင်ဗျားဗျာ ပင်စင်ယူပြီးမှ အိမ်အကူဘဝရောက်ရတယ်လို့”

“အိမ်အကူဘဝရောက်တော့လည်း ဘာဖြစ်သလဲဆရာ။ ကိုယ့်အိမ်ပဲဟာကို”

သူကတံမြက်စည်းလှည်းပြီး ကျွန်တော့်ရှေ့တွင် ဝင်ထိုင်လိုက်ရင်းက

“ဒီလိုလုပ်နေတာ ဘာကြောင့်လို့ ဆရာထင်သလဲဟင်” ဟု မေးလာသည်။

“ခင်ဗျားက ခင်ဗျားမိန်းမကို ကူညီချင်လို့နေမှာပေါ့”

“မဟုတ်ဘူးဆရာ”

“ဗျာ”

“ကျွန်တော့် မိန်းမက ကျွန်တော့်အကူအညီ မလိုဘူးဆရာ”

“ဘယ်လိုပါလိမ့်”

“တကယ်တော့သူက လက်တွဲဖော်ပဲလိုတာ”

“ခင်ဗျားစကားကိုတော့ စိတ်ဝင်စားသွားပြီ”

“ဟုတ်တယ်ဆရာ ကျွန်တော် သူတို့အားလုံး ထွက်သွားတာနဲ့ မီးဖိုချောင်မှာ ဆေးကြောသန့်စင်၊ အိမ်သာကအစ သန့်ရှင်းရေးဝင်တယ်။ အဝတ်တွေကို အဝတ်လျှော်စက်နဲ့ လျှော်တယ်။ မီးလာရင် မီးပူထိုးပေးတယ်။ အိမ်သန့်ရှင်းရေး တာဝန်ကို ကျွန်တော် တတ်နိုင်သလောက်လုပ်တယ်။ အဲဒါဘာကြောင့်လို့ ဆရာထင်သလဲ”

“ပြောပါဦးဗျာ”

“ကျွန်တော့်ကိုယ်ကျွန်တော် ဒီမိသားစုရဲ့ လက်တွဲဖော်ကောင်း၊ ဖခင်ကောင်းတစ်ယောက်လို့ တွေးလိုက်တဲ့ အခါ ကျွန်တော် ကူညီတယ်ဆိုတဲ့သဘောထက်၊ မျှဝေခံစားနားလည်ပေးပြီး လုပ်နေတယ်ဆိုတဲ့ သဘော ဝင်လာတယ်”

“ကောင်းလိုက်တာ”

“ကျွန်တော် ဒီအိမ်ကို ရှင်းလင်းသန့်ရှင်းအောင် လုပ်ရမယ်ဆရာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဟာ ဒီအိမ်ရဲ့ အိမ်သားတစ်ယောက်ဖြစ်နေလို့ပဲ”

“ကျွန်တော် မီးလာရင် ထမင်းချက်ထားတယ်၊ ဒီလိုလုပ်နေတယ် ဆိုတာကလည်း ကျွန်တော့် မိန်းမကို ကူညီတယ်ဆိုတာထက် ကျွန်တော်ကလည်း ဒီမှာစားသောက်တဲ့ သူတစ်ယောက်အဖြစ် ပါဝင်နေလို့ပဲဆရာ”

“ပန်းကန်တွေဆေး၊ အဝတ်တွေလျှော်ပေးနေတယ်ဆိုတာလည်း ကျွန်တော်ကိုယ်တိုင်က အဲဒီပန်းကန်တွေနဲ့ စားသောက်တဲ့အထဲမှာ ပါခဲ့သလို၊ အဲဒီအဝတ်တွေကို ဝတ်တဲ့အထဲမှာလည်း ကျွန်တော်ပါခဲ့တယ်ဆရာ”

“ဆရာက မေးမှာပေါ့ သားသမီးတွေ အရွယ်ရောက်ကုန်ပြီပဲ သူတို့ကို ဘာဖြစ်လို့ မခိုင်းတာလဲလို့။ ကလေးတွေ ဝေယျာဝစ္စအတွက် ကျွန်တော့်မိန်းမကို ကျွန်တော် ကူညီနေတာ မဟုတ်ဘူးဆရာ။ ကျွန်တော်ကိုယ်တိုင်က အဖေလေ။ သူတို့ရဲ့အဖေလေ။ ဒါကြောင့် ကျွန်တော့်မှာ အဖေတစ်ယောက်အနေနဲ့ သားသမီးတွေအတွက် လုပ်ပေးရတာကိုပျော်နေတာ”

“နောက်ဆုံးပြောရရင်ဆရာရယ် ကျွန်တော်ဟာ တစ်အိမ်လုံးအတွက် အိမ်ဖော်ကြီးတစ်ယောက်လို ဖြစ်နေတယ်ဆိုတာထက် ကျွန်တော်ကိုယ်တိုင်က ဒီအိမ်ကြီးရဲ့အစိတ်အပိုင်းတစ်ခုလို ဖြစ်နေတာကြောင့် လုပ်သင့်လုပ်ထိုက်တာတွေ လုပ်နေရတာကိုက ကျွန်တော့်အိမ်ကို ကောင်းအောင် လုပ်နေတာလို့ပဲ မြင်မိတယ် ဆရာ”

“ကောင်းလိုက်တာဗျာ။ ကျွန်တော် ခင်ဗျားဆီက ဘယ်ယောကျ်ားနဲ့မှမတူတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့ စကားတွေ ကြားလိုက်ရလို့အံ့အားသင့်မိတယ်”

“ဆရာရေ မိန်းမတစ်ယောက်ကို ယူလိုက်တယ်ဆိုတာ အိပ်၊ စား၊ ကာမ ဤသုံးဝအတွက်ပဲမဟုတ်ပါဘူးနော်။ အိမ်သူမယားဆိုတာလည်း သူ့နေရာနဲ့သူ၊ သူ့အဆင့်နဲ့သူရှိပါတယ်။ သူ့ကိုတန်ဖိုးထားမှ ကိုယ့်ကိုလည်း ပြန်ပြီး လေးစားတန်ဖိုးထားတယ်ဆရာ။ ကျွန်တော်တို့ မိသားစုကြားမှာ ကိုယ်မိသားစုအသိုက်အဝန်းလေးနဲ့ ပျော်ရွှင်အောင် နေနိုင်ဖို့ပဲကြိုးစားတယ်။ အိမ်မှာစိတ်ကြည်ပြီး နောက်ကြောင်းရှင်းမှ ရှေ့ကိုထွက်ရှာသူလည်း ဖြောင့်ဖြောင့်ရှာနိုင်မယ်လို့ ယူဆတယ်ဆရာ။ ဒါကြောင့် အိမ်မှာ အလုပ်မှာ ခွဲမနေပါဘူး။ ကိုယ်နိုင်ရာ ကိုယ့်ဝန်ကိုယ်ထမ်းပြီး ကိုယ့်ဘဝလေးတစ်ခုကို သာယာအောင်ဖန်တီးတာဟာ ပတ်ဝန်းကျင်ကိုလည်း အကျိုးပြုတာပဲလို့ နားလည်ပါတယ်”

“ကောင်းပေ့ဗျာ။ မှတ်သားလောက်ပါတယ်”

“ဆရာရေ ကျွန်တော်ကတော့ ပြောင်းလဲချင်ရင် ကိုယ့်အိမ်ကစပြီးပြောင်းလဲသင့်တယ်လို့ ထင်ပါတယ်”

“မှန်တာပေါ့ဗျာ။ ကဲ ထမင်းစားထွက်လို့ရပြီလား။ ဒီနေ့တော့ ကျွန်တော် ခင်‌ဗျားဆီကနေ ရတာတွေ များလွန်းလို့ ကျွန်တော်ကျွေးပါရစေဗျာ”

“ဆရာအိမ်မှာ မစားရင်တော့ ဆရာပဲကျွေးရမှာ။ ကျွန်တော့်မှာ အပို သုံးစရာမရှိဘူး။ လကလည်း မကုန် သေးဘူးလေ”

တင်ညွန့်

၃၀.၄.၂၀၂၅

သူတော်ကောင်းစိတ်ထား---------------------------မောင်ကျော်စွာ ကျွန်တော့်ထံလာပြီး အင်တာနက်သုံးနေသည်။ကျွန်တော်က အင်တာနက် Box...
09/04/2025

သူတော်ကောင်းစိတ်ထား
---------------------------
မောင်ကျော်စွာ ကျွန်တော့်ထံလာပြီး အင်တာနက်သုံးနေသည်။

ကျွန်တော်က အင်တာနက် Box လေးတစ်ခုဝယ်ထားပြီး တစ်လလျှင် ကျပ်ငွေ တစ်သောင်းနှုန်း ပေးသုံး နေသည်။ သူက အားလပ်ချိန်များတွင် ကျွန်တော့်ထံလာပြီး လိုင်းသုံးသည်။ လိုင်းက အကောင်းကြီးတော့ မဟုတ်။ သို့သော် ၃ ရက် တစ်သောင်းနှုန်းပေးကာ သုံးနေရတာထက် တန်သည်ဆိုပြီး သုံးနေခြင်းဖြစ်သည်။

“ဆရာရေ Facebook ပေါ်မှာလည်း အတော်လေး အာရုံနောက်စရာ တွေ မြင်နေရတယ်” ဟု ဖုန်းကို ကြည့်နေ ရာမှပြောလိုက်သည်။ ကျွန်တော်က စာဖတ်နေရာမှာ စာအုပ်ကို ချလိုက်ပြီး

“မောင်ကျော်စွာ မင်းကို ဘယ်သူက အတင်းကြည့်ခိုင်းနေလို့လဲကွယ်”

“ကြည့်မိတော့လည်း မြင်နေရတာပေါ့ဆရာ”

“မြင်နေပေမယ့် ကျော်သွားလည်း ရတာပဲကွယ်။ မကြည့်ချင်ကျော်လိုက်၊ မမြင်ချင် ကျော်လိုက်လို့ ရတာပဲ။ ဘာဖြစ်လို့ အကုသိုလ်အဖြစ်ခံနေသလဲ။ ကိုယ့်အတွက် အကျိုးဖြစ်မှာကိုပဲဖတ်ပေါ့”

“စိတ်ပျက်စရာတွေ ဆရာ့ကို ပြဦးမယ် … လူတွေ မယောင်ရာ ဆီလူးနေကြတာ”

“မပြပါနဲ့ကွာ။ ငါက Facebook ပေါ် စာရေးပြီး Google ထဲ ဖတ်ချင်တာ ဖတ်တာပါ။ နေဦး မင်းကို ငါပြစရာ တစ်ခုရှိတယ်”

ကျွန်တော်က ကျွန်တော့်ဖုန်းထဲတွင် မနက်ပိုင်းက Save ထားသည့် သတင်းလေးတစ်ပုဒ်နှင့် ပုံတစ်ပုံအား သူ့ကို ပြလိုက်သည်။

“ဘာတဲ့လဲဆရာ”

“ဖတ်ကြည့်လေကွာ”

“ဆရာရယ် အင်္ဂလိပ်လိုကြီးဆိုတော့ ဖတ်ရတာ ခက်ပါတယ်။ ဆရာပဲ ရှင်းပြပါ”

“အလွယ်တော့ မရှင်းပြနိုင်ဘူးကွာ။ ဖတ်ကြည့်လိုက်။ နားမလည်မှ ရှင်းပြမယ်”

ကျွန်တော်က သူ့လက်ထဲကို ဖုန်းပေးလိုက်သည်။ သူက ဖုန်းကိုယူပြီး စာကိုဖတ်သည်။

“ကျွန်တော်နားလည်လိုက်တာကတော့ လက်တစ်ဖက်မရှိတဲ့ ရာကက်ဆိုတဲ့သူက စာအုပ်ငှားတယ် ဆိုတာလောက်ပဲ နားလည်ပါတယ်ဆရာ”

“ဟုတ်ပြီ အဲဒီလောက်နားလည်ရင် မဆိုးပါဘူး။ ဟုတ်တယ် ပုံထဲမှာ စာအုပ်ပုံကြီးကြားမှာ ထိုင်နေတဲ့သူဟာ ရာကက်ရှ်လို့ခေါ်တယ်။ သူက မွန်ဘိုင်းမြို့မှာရှိတဲ့ အန်ဒရီဆိုတဲ့ ရပ်ကွက်လေးမှာ အစာအုပ်အဟောင်းရောင်း တယ်။ သူရောင်းတဲ့ စာအုပ်တွေကြည့်လိုက် အင်္ဂလိပ်စာအုပ်တွေချည်းပဲ။ အိန္ဒိယသားတွေ အင်္ဂလိပ်စာကို ဘယ်လောက် လေ့လာဖတ်နေကြသလဲဆိုတာ အဲဒီမှာတွေ့ရလိမ့်မယ်”

“ဟုတ်တယ်နော်ဆရာ … သူတို့က အင်္ဂလိပ်စာမှာအတော်လေး ကောင်းတယ်”

“အင်္ဂလိပ်လက်အောက်မှာ ကျွန်ဖြစ်ခဲ့တာချင်း အတူတူ သူတို့ တတွေဟာ အင်္ဂလိပ်စာမှာလည်း ကောင်းသလို၊ အင်ဂျင်နီယာ၊ အိုင်တီပညာတွေမှာလည်း ကမ္ဘာကို လွှမ်းနိုင် လောက်အောင် တော်တဲ့သူတွေကို မွေးထုတ်ပေးနေပြီကွ”

“ဆရာ အဲဒီပုံထဲက ရာကက်ရှ်ကို ဘာဖြစ်လို့ပြတာလဲဟင်”

“မင်းတွေးနိုင်အောင်ပါ။ ရာကက်ရှ်ဟာ စာအုပ်ရောင်းတာတင်မကဘူးကွ။ စာအုပ်လည်း ငှားပေးတယ်။ သူ့ဆီက စာအုပ်တစ်အုပ်ငှားရင် ၁၀ ရူပီးပဲယူတယ်”

“၁၀ ရူပီးဆိုတော့ မြန်မာငွေနဲ့ ဘယ်လောက်လဲဆရာ”

“တစ်ရူပီးကို ၂၅ ကျပ်လောက်ဆိုတော ၂၅၀ လောက်ရှိမှာပေါ့။ စာအုပ်တစ်ခါငှားခက တို့ဆီက လက်ဖက်ရည် တစ်ခွက်ဖိုးတောင် မရှိတဲ့ သဘောပဲ။ သူတို့ဆီမှာ ရူပီးဆိုတာကလည်း ပြားသဘောလောက် သုံးနေကြတော့ ဈေးပေါ့မယ့်ပုံပေါ့”

“အီကြာကွေးတစ်ခြမ်းတောင် ၂၅၀ မရပါဘူးဆရာရယ်”

“ရာကက်ရှ်ကို သနားတဲ့သူတွေက လာပြီးတော့ ပိုက်ဆံတွေဘာတွေ ပေးကြတယ်ကွ။ လက်တစ်ဖက်ကလည်း မရှိ။ စာအုပ်ငှားခနဲ့ ရောင်းရတဲ့ ဝင်ငွေလေးနဲ့ မရပ်တည်နိုင်လို့ထင်ပါတယ်။ ဒါပေမဲ့ ရာကက်ရှ်က လက်မခံဘူးကွ သိလား။ စာဖတ်တဲ့သူဆိုတော့ ပညာမာနရှိတာပေါ့ကွယ်။ သူက သူ့ကို လာထောက်ပံ့တဲ့ သူတွေကို ဘာပြောသလဲ သိလား”

“ကျွန်တော် ဖတ်တော့ဖတ်တယ်ဆရာ နားမလည်လိုက်ဘူး”

“ကျွန်တော့်မှာ စားစရာတွေ စားပွဲပေါ်မှာ ရှိပါတယ်ဗျာ၊ ကျွန်တော့် အိမ်မှာလည်း ကျွန်တော် အေးချမ်းစွာ နေထိုင်နိုင်ပါတယ်တဲ့”

“သူက ပိုက်ဆံထောက်ပံ့တာကို လက်မခံဘူးပေါ့နော်”

“အဲဒီသဘောပဲ။ သူက လက်တစ်ဖက်မရှိပေမယ့် သူ့မှာ ကျန်တဲ့ လက်တစ်ဖက်ရှိသေးတယ်။ သူ့မှာ ဘာမှ ပစ္စည်းဥစ္စာ မချမ်းသာပေမယ့် စာအုပ်တွေ ချမ်းသာတယ်။ သူ့မှာ ချမ်းသာတဲ့ စာအုပ်တွေနဲ့ လူတွေကို စာဖတ် နိုင်အောင် လုပ်ပေးနေရတာကို သူက ဂုဏ်ယူနေတာ။ အဲဒါ ပညာတတ် စာဖတ်တဲ့သူတစ်ယောက်ရဲ့ ကိုယ်ချင်း စာတရားနဲ့ မာနပဲ။ အဲဒီမာနဆိုတာ သူများ ပေးစာကမ်းစာကိုရမှ ငါကောင်းကောင်းနေရမှာဆိုတဲ့ စိတ်ဓာတ် မဟုတ်ဘူး။ ငါ့မှာရှိတာနဲ့ ငါကောင်းကျိုးပြုနေတာ၊ မွန်မြတ်တာကို ငါလုပ်နေတာဆိုတဲ့ ပစ္စည်းမဲ့ မာန တစ်မျိုး ပဲကွ”

“ရာကက်ရှ်စိတ်ဓာတ်ကိုတော့ ကြိုက်သွားပြီဆရာ”

“မင်း ပိုပြီးတော့ကြိုက်စရာရှိသေးတယ်။ သူပြောတဲ့ စကားလေးတစ်ခွန်းက ဘာတဲ့ … လူတွေဟာ ကိုယ်နှစ်သက်ရာ ဝန်းကျင်မှာ အချိန်ဖြုန်းကြတာပဲ။ ကျွန်တော်ကတော့ စာအုပ်ပုံကြီး ကြားမှာ အချိန်ဖြုန်းဖို့ အလိုချင်ဆုံးပဲတဲ့ကွာ”

“ဆရာ့လိုနေမှာပေါ့”

“မင်းလည်း တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် စာအုပ်ပုံကြီးကြားမှာ နေရတဲ့ အရသာကို ကောင်းကောင်း နားလည် လာမှာပါကွယ်။ ရာကက်ရှ်ပြောတဲ့ တစ်ခု ကျန်သေးတယ်”

“ဘာများလဲဆရာ”

“ကျွန်တော် နေတဲ့ ရပ်ကွက်မှာက ရွှေ့ပြောင်းလုပ်သား ဆင်းရဲသားတွေများတယ်။ သူတို့ သေလောက်အောင် ပင်ပင်ပန်းပန်း အလုပ်တွေလုပ်ကြရတယ်။ သူတို့မှာ အနားယူချိန်လေးကို စာဖတ်ချင်တယ်ဆိုရင် ကျွန်တော်က သူတို့အတွက် ဖြည့်ဆည်းပေးနေရတာကိုပဲ ပျော်နေတာပါတဲ့ကွာ”

“ကျွန်တော် နားလည်လိုက်ပါပြီဆရာ … ဆရာဘာကို ဆိုလိုချင်တယ်ဆိုတာ။ ကျွန်တော်တို့ ကူညီထောက်ပံ့မယ် ဆိုရင် ဘယ်လိုအကျိုးရှိတာမျိုးကို ကူညီထောက်ပံ့တာမျိုးဖြစ်သင့်သလဲဆိုတာ ဆရာက ပြောလိုက်သလိုပါပဲ”

“လူတိုင်းကို ထောက်ပံ့လို့ ရမယ် မထင်နဲ့ကွာ။ အချို့သောလူတွေမှာ မာနရှိကြတယ်။ ကိုယ်မချစ်၊ မနှစ်သက်တဲ့သူတစ်ယောက်က ပံ့ပိုးတာကို လက်ခံလိုက်မယ့်အစား အငတ်ခံ၊ အသေခံလိုက်မယ်ဆိုတဲ့ မာနမျိုးတွေ ရှိကြတယ်။ အဲဒီလိုလူမျိုးတွေကို မင်းနားလည်ပေးနိုင်ရမယ်။ ကိုယ့်မှာ စားစရာ ပေါင်မုန့် တစ်ချပ် ရှိနေသေးလို့ မစားရသေးတဲ့တစ်ယောက်ကို ပေးလိုက်ပါဆိုတာ မျှဝေလိုတဲ့ သူတော်ကောင်းစိတ်ဓာတ်ကွ။ ကိုယ့်မှာ ပိုင်ဆိုင်မှုတွေ တောင်ပုံရာပုံရှိနေသားနဲ့ နောက်ထပ် ပိုင်ဆိုင်မှုတွေ များသထက် များလာအောင် ကြိုးစားနေတာ သူယုတ်မာစိတ်ဓာတ်ကွယ့် အဲဒါကို နားလည်အောင်ကြိုးစား”

“ဟုတ်ကဲ့ပါဆရာ … ရာကက်ရှ်စိတ်ဓာတ်နဲ့ ကျွန်တော် စောစောက Facebook ပေါ်မှာ တွေ့လိုက်ရတဲ့ လူတွေရဲ့ စိတ်ဓာတ်တွေကို ကွဲကွဲပြားပြား ခွဲခြားနိုင်ပါပြီဆရာ”

“စာဖတ်တယ်ဆိုတာ ကိုယ့်အတွက် ယူတတ်မှ မြတ်တာကွ။ မယူသင့်၊ မမြင်သင့်၊ မကြားသင့်၊ မပြောသင့်၊ မလုပ်သင့်တာတွေကို လျှောက်ပြီး ကြည့်နေ၊ ကြားနေ၊ နားထောင်နေရင် ကိုယ်လည်းစိတ်ဓာတ်တွေ ပွန်းပဲ့ခံရ တတ်တယ်။ အရာရာတိုင်းကို လိုက်ဖတ်၊ လိုက်ကြည့်နေဖို့မဟုတ်ဘူး။ အင်အားတွေကို အလကား အဆုံးရှုံးခံနဲ့”

“ဟုတ်ကဲ့ပါဆရာ”

တင်ညွန့်

၁၀.၄.၂၀၂၅

25/03/2025

စာရေးဆရာ ‌မောင်ချမ်းမြ ရဲ့ စာမူ ၁၂ပုဒ် ပါဝင်တဲ့ E-Book စာအုပ်။

စာရေးသူအမှာစာ---------

"အထီးကျန်တော်လှန်ရေးသမား အိပ်မက်လှလှမက်ပါစေ" စာအုပ်မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် တော်လှန်ရေးကာလမှာ ပါဝင်ကြသူတွေရဲ့ ရုပ်ပုံလွှာတွေဖြစ်ပါတယ်။ မျက်မှောက်ခေတ်မှာ တကယ်ဖြစ်ပျက်ခဲ့၊ တကယ်ဖြစ်ပျက်ဆဲ အကြောင်းအရာတွေဖြစ်ပါတယ်။

စာအုပ်ထဲက ရုပ်ပုံံလွှာပိုင်ရှင် ငါးဦးကတော့ လူ့လောကမှာ မရှိကြတော့ပါဘူး။ ရုပ်ပုံလွှာရှင်နှစ်ဦးကတော့ စစ်အာဏာရှင်ရဲ့ ထောင်ထဲ ရောက်နေကြဆဲဖြစ်ပါတယ်။ ရုပ်ပုံလွှာရှင်သုံးဦးကတော့ လက်ရှိတော်လှန်ရေးမှာ ပါဝင်လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။ ကျန်ရုပ်ပုံလွှာနှစ်ခုကတော့ စစ်အာဏာရှင်ရဲ့ဆိုးကျိုးကို လက်ရှိအချိန်ထိ ခံစားနေရတဲ့သူတွေ ဖြစ်ပါတယ်။

စာအုပ်ထဲက ရုပ်ပုံလွှာပိုင်ရှင်တွေဟာ နာမည်ကြီးတွေ၊ လူသိများသူတွေ မဟုတ်ပါဘူး။ တော်လှန်ရေးမှာ ဘဝတစ်ခုလုံးကို စွန့်ခဲ့ကြတဲ့ လူသိနည်းတဲ့ အညတရတွေ ဖြစ်ပါတယ်။ ဒါတွေကို ဖော်ထုတ်ရေးသားရတဲ့အတွက်လည်း စာရေးသူ ဂုဏ်ယူပါတယ်။

စာရေးသူဟာ စာပေလောကို ၂၀၀၉ ခုနှစ်က စတင်ရောက်ရှိခဲ့သူပါ။ ခုလက်ရှိ ကလောင် "မောင်ချမ်းမြ" ဟာ စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးကာလ မျက်မှောက်ခေတ်ရုပ်ပုံလွှာတွေ ရေးတဲ့နေရာမှာ အသုံးပြုတဲ့ ကလောင်ဖြစ်ပါတယ်။

တော်လှန်ရေးမှာပါဝင်နေတဲ့ အညတရ ရုပ်ပုံလွှာတွေ ဆက်ရေးနိုင်ဖို့ ၊ ရုပ်ပုံလွှာတွေကို ဖော်ပြနေတဲ့ မျက်မှောက်ခေတ် သတင်းဌာန ဆက်လက်ရပ်တည်နိုင်ဖို့ စာဖတ်သူတွေရဲ့ အားပေးမှု လိုအပ်ပါတယ်။

မျက်မှောက်ခေတ် မီဒီယာဟာ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ မီဒီယာဖြစ်သလို မျက်မှောက်ခေတ်ဝိုင်းတော်သားတွေဟာလည်း ကိုယ်တတ်နိုင်တဲ့အားနဲ့ ပြည်သူတွေကို သတင်း၊ဆောင်းပါး၊ ရုပ်ပုံလွှာ၊ အက်ဆေးတွေ တင်ဆက်ပေးနေပါတယ်။

"အထီးကျန်တော်လှန်ရေးသမား အိပ်မက်လှလှမက်ပါစေ" စာအုပ်ကို ဖတ်မိရင် တော်လှန်ရေးကို နည်းနည်းတော့ ပိုစူးနစ်ပြီး ခံစားနားလည်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။

မောင်ချမ်းမြ

လူကြီးလူငယ် စာဖတ်ပရိသတ်တွေအားလုံး Page Messenger ကနေ လာရောက် မှာယူ အားပေး ဖတ်ရှုနိုင်ပါပြီ။

တန်ဖိုး - ကျပ် ၅၀၀၀/ ဘတ် ၅၀ /ဝမ် ၃၀၀၀/ရူပီး ၁၀၀

မျက်မှောက်ခေတ်

ဒီနေ့တင်လိုက်မိတဲ့ စာအုပ်တွေတော့ လုပ်ဖော်ကိုင်ဖက်ဟောင်းအမတယောက် တခါတည်းအကုန်ယူသွားလို့ sold out ဖြစ်သွားပါတယ်။ ရောင်းစရာ...
19/03/2025

ဒီနေ့တင်လိုက်မိတဲ့ စာအုပ်တွေတော့ လုပ်ဖော်ကိုင်ဖက်ဟောင်းအမတယောက် တခါတည်းအကုန်ယူသွားလို့ sold out ဖြစ်သွားပါတယ်။

ရောင်းစရာတွေလည်း ထပ်ကျန်ပါသေးတယ်ဗျာ....။
စာရင်း(အကြမ်းလုပ်ထားတာလေး) အရင်တင်ထားပါဦးမယ်။
(ဒီနေ့ထွက်သွားတာလေးတွေတော့ ဒီစာရင်းထဲပါနေမယ်ထင်ပါတယ်၊အဲ့ဒါလေးတော့သည်းခံနားလည်ပေးပါဦး)

လက်စနဲ့ တခါတည်းရောင်းလို့ရသလောက် ထုတ်ရောင်းတော့မှာမို့ ကူညီပေးချင်လို့ တမင်အားပေးကြတဲ့မိတ်ဆွေများ ရောင်းတဲ့စာအုပ်လေးတွေဝယ်ပေးရင်ကိုပဲ ကျေးဇူးတင်ပါတယ်ဗျာ...။
မုန့်ဖိုးထည့်ပေး၊ငွေလွှဲပြီး သိမ်းထားလိုက်ပါလို့ ပြောလာသူတွေလည်းရှိတာမို့လို့ ကျေးဇူးလည်းတင်၊အားလည်းနာလို့ပါ။

နောက်ထပ်ရနိုင်သေးတဲ့ စာအုပ်အရောင်းစာရင်းဖြစ်ပါတယ်။ တအုပ်ချင်းလဲ မှာယူလို့ရနိုင်ပါတယ်။
19/03/2025

နောက်ထပ်ရနိုင်သေးတဲ့ စာအုပ်အရောင်းစာရင်းဖြစ်ပါတယ်။ တအုပ်ချင်းလဲ မှာယူလို့ရနိုင်ပါတယ်။

အရောင်းပိုစ်လေးတင်ပေးဖို့ပါပဲ မိတ်ဆွေတယောက်ရဲ့စာအုပ်တွေ သူ့အကောက်ကတင်တင်ချင်းပဲ အရောင်းထွက်သွားပါတယ်။
19/03/2025

အရောင်းပိုစ်လေးတင်ပေးဖို့ပါပဲ မိတ်ဆွေတယောက်ရဲ့စာအုပ်တွေ သူ့အကောက်ကတင်တင်ချင်းပဲ အရောင်းထွက်သွားပါတယ်။

Address


Telephone

+66842541016

Website

Alerts

Be the first to know and let us send you an email when Yekyi Books & Handmade Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yekyi Books & Handmade Collection:

  • Want your business to be the top-listed Media Company?

Share