Arakan News

Arakan News ရက္ခိုင် နှင့် မြန်မာ သတင်းများ About Us

Arakan News is posted in Myanmar is your news, entertainment, track trend website. https://www.arakannews.com

We furnish you with the modern breaking information and movies straight from the enjoyment industry.

01/07/2026

အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရ၊ ဗဟိုအကောက်ခွန်နန့် အခွန်ဌာန၊ လောင်ပေါ်ဌာနခွဲ၏ "ပထမအကြိမ် အာရက္ခလောင်ပေါ်ဖွင့်ပွဲ"မှ ပေါက်မဲနံပါတ်များ ထုတ်ပြန်ချက်။

01/07/2026

အာရက္ခလောင်ပေါ် (ရခိုင်ထီ) ပထမဆု ကျပ်သိန်း ၅၀၀ ပေါက်မဲနံပါတ်မှာ 323692 ဖြစ်ကြောင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့မှ ယနေ့ ကြေညာသွားသည်…

#လောင်ပေါ်

အာရက္ခလောင်ပေါ်(ခ) အာရက္ခထီ ပထမဆုံး ကံထူးသူ ဘယ်သူဖြစ်မလဲ—— ဇူလိုင် ၁၊၂၀၂၆အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ဗဟိုအကောက်ခွန...
01/07/2026

အာရက္ခလောင်ပေါ်(ခ) အာရက္ခထီ ပထမဆုံး ကံထူးသူ ဘယ်သူဖြစ်မလဲ
——

ဇူလိုင် ၁၊၂၀၂၆

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ဗဟိုအကောက်ခွန်နဲ့ အခွန်ဌာနရဲ့ အာရက္ခလောင်ပေါ်(ခ) အာရက္ခထီကို ဇူလိုင်လ ၁ရက် ဒီကနေ့မှာ ပထမဆုံးအကြိမ် စတင်ဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။

အာရက္ခလောင်ပေါ်မှာ အမြင့်ဆုံးဆုအဖြစ် ငွေကျပ် သိန်း ၅၀၀နဲ့ ဒုတိယဆု သိန်း ၃၀၀၊ တတိယဆု သိန်း ၂၀၀၊ သိန်း ၅၀ ဆု၊ သိန်း ၁၀ဆုနဲ့ ၅သိန်းဆုတွေလည်း ပါဝင်ပါတယ်။

ဒီကနေ့မှာ ပထမဆုံးအကြိမ်အဖြစ် ဖွင့်လှစ်မှာ ဖြစ်တာကြောင့် ကံထူးသူအနေနဲ့တော့ အတော်လေးကို ဂုဏ်ယူစရာကောင်းတဲ့ အခိုက်အတန့်ဖြစ်နေမှာလည်း ဖြစ်ပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ လောင်ပေါ် လက်မှတ်တွေ ရောင်းချလို့ရတဲ့ ငွေ‌တွေကို ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဖွံ့ဖြိုးရေးအတွက် အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

ပုံစာ- အာရက္ခပြည်တွင်း လောင်ပေါ်ထိုးနေကြတဲ့ ပြည်သူတွေကို တွေ့ရစဉ်

Photo Crd : NiMinTun

#လောင်ပေါ်.

နတ်ရေကန်အနီး ကင်းထောက်ဒရုန်းအပါအဝင် အသေခံဒရုန်းအချို့ကို AA မှ ပစ်ချ မေ ၇/၂၀၂၆ ရခိုင်-မကွေးရိုးမ၊ နတ်ရေကန်အနီး ကောင်းကင်...
07/05/2026

နတ်ရေကန်အနီး ကင်းထောက်ဒရုန်းအပါအဝင် အသေခံဒရုန်းအချို့ကို AA မှ ပစ်ချ

မေ ၇/၂၀၂၆

ရခိုင်-မကွေးရိုးမ၊ နတ်ရေကန်အနီး ကောင်းကင်ပေါ်မှာ အာဏာသိမ်း စစ်တပ်ကလွတ်တင်ထားတဲ့ ကင်းထောက်ဒရုန်းအပါအဝင် အသေခံဒရုန်းအချို့ကို အာရက္ခတပ်တော် (AA) က ပစ်ချနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက " နတ်ရေကန်တောင်ကြောတစ်လျှောက်မှာတော့ အပြန်အလှန် ထိတွေ့တိုက်ပွဲတွေက မကြာမကြာရှိတယ်။ စစ်တပ်က AA ကို နည်းမျိုးစုံနဲ့ တိုက်တယ်။ ကင်းထောက် ဒရုန်းတွေလွတ်တင်တယ်။ တိုက်ခိုက်ရေးဒရုန်း၊ အသေခံဒရုန်းတွေနဲ့ပစ်တယ်။ AAဖက်ကလည်း ဒရုန်းတွေကိုပစ်ချတယ်။ လောလောဆယ် ၆ စီးလောက် AA က ပစ်ချလို့ ရှိတယ်"လို့ နိရဉ္စရာကို ပြောပါတယ်။

ဒီစစ်တပ်ဒရုန်းတွေကို ဧပြီလနောက်ဆုံးပတ်မှ မေလလဆန်းပိုင်းအတွင်းက ပစ်ချခဲ့နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

နတ်ရေကန်ဗျူဟာကုန်းနဲ့ ဇင်ပြွန်းအထိုင်စခန်းတွေကနေ ဒီအသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ရေး ဒရုန်းတွေကို လွှတ်တင်တာဖြစ်ပြီး အဓိက AA ကိုတိုက်ခိုက်ရာမှာ အသေခံဒရုန်းတွေကို ပိုမို အသုံးပြုလေ့ရှိတယ်လို့ သူကပြောပါတယ်။

လက်ရှိ ပဇီနဲ့ဂုတ်ကြီးဝန်းကျင်မှာလည်း တိုက်ပွဲတွေဆက်လက်ရှိနေသေးပြီး အာဏာသိမ်း စစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခတ်တိုက်ခိုက် လျက်ရှိပေမဲ့လည်း အထိနာကာ ရှေ့သို့ တိုးမရောက်အောင် ဖြစ်နေတယ်လို့ဆိုပါတယ်။

" ဒီနေ့အထိတော့ အပြန်အလှန်ပစ်ခတ်တာရှိနေသေးတယ်။ စစ်တပ်ဖက်က တက်လာရင် AA က ကြားဖြတ်တိုက်တယ်။ ဒရုန်းသုံးတယ်။ လက်နက်ကြီးနဲ့ အဝေးကနေလှမ်းပစ်တာများတယ်။ သူတို့ (စစ်တပ်)က သိပ်ရင်ဆိုင်မတိုးရဲတဲ့ အနေအထားမျိုးတွေ့ရပါတယ်" လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၃၀ရက်ကနေ မေလ ၂ ရက်နေ့အထိ နတ်ရေကန်ဗျူဟာကုန်းကို ဖောက်လုပ်ထားတဲ့ လမ်းသစ်အနီး ဂုတ်ကြီးရွာအနီးဝန်းကျင်နဲ့ လမ်းဟောင်းပဇီရွာဝန်းကျင်တို့မှာ အပြင်းအထန် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း အာဏာသိမ်း အကြမ်းဖက် စစ်တပ်က အထိနာ အသေပျောက် များခဲ့ပြီး ရုပ်အလောင်း တချို့နဲ့ ခဲယမ်းတချို့ကို AA က သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

Are #

EAOs တွေ နှင့် CRPH/NUG တို့ရဲ့ သွေးထိုး နှိုးဆော်မှုကြောင့် PDF အင်အားတောင့်လာမှုကြောင့် မြန်မာ့တပ်မတော် မကြုံစဖူးသော ဆ...
01/02/2026

EAOs တွေ နှင့် CRPH/NUG တို့ရဲ့ သွေးထိုး နှိုးဆော်မှုကြောင့် PDF အင်အားတောင့်လာမှုကြောင့် မြန်မာ့တပ်မတော် မကြုံစဖူးသော ဆုံးရှုံးမှုတွေကို ရင်ဆိုင်နေပါတယ်။ ဒါက ကျနော်ဝန်မခံလည်း ပွင့်လင်းမြင်သာလာတဲ့ ခေတ်ရောက်တော့ အားလုံးသိပြီးသား ဖြစ်ပါတယ်။

"ဒီနေရာမှာ မေးစရာရှိတာက တော်လှန်ရေးပဲ ဆက်လုပ်ကြတော့မှာလား။ နိုင်ငံရေးစကားပြောဆိုဖို့ အချိန်မတန်သေးလား လို့ မေးချင်ပါတယ်။ တော်လှန်ရေး လုပ်ပြီး ကလေးတွေ ကျောင်းမတက်ဘဲ ဒီတိုင်းပဲ ကျောင်းတွေ ပိတ်ပစ်ရမှာလား။ ခင်ဗျားတို့ကြိုက်တဲ့ ဒီမိုကရေစီကို ရွေးကောက်ပွဲ နဲ့ ကျင်းပပေးပြီးပြီပဲ။ ဘာကိုတော်လှန်နေကြတာလဲ ကျနော်တို့ကို တော်လှန်နေကြတာလား။ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ကျနော့်ကို တော်လှန်နေကြတာလား။ ဒါဆိုရင် ငါတို့ ရာထူးကနေ ထွက်ပေးမယ်။ ခင်ဗျားတို့ လက်နက်ချမယ်လို့ ကတိပေးရဲသလားလို့ပဲ သူတို့ကို မေးချင်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဟာ ရွေးကောက်ပွဲအတုအယောင် ကျင်းပပြီးနောက်ပိုင်း လက်နက်တွေ ပိုပိုရလာကြတယ်။ စခန်းသိမ်းပွဲတွေ ပိုပြီး ဆင်နွယ်လာကြတယ်။ စစ်အုပ်စုဟာ စစ်သားစုဆောင်းမှု လုပ်ခဲ့သော်လည်း လက်နက်တွေ ပိုပြီး ဆုံးရှုံးလာတယ်။

#သတင်း #မြန်မာ

မဲ​ဆောက်မြို့၌ တရားမဝင်​နေထိုင်သည့် မြန်မာများကို စစ်​ဆေးဖမ်းဆီးမည်ထိုင်းနိုင်ငံနေရာတချို့မှာ ရွှေပြောင်းမြန်မာတွေနဲ့ ထိ...
16/01/2026

မဲ​ဆောက်မြို့၌ တရားမဝင်​နေထိုင်သည့် မြန်မာများကို စစ်​ဆေးဖမ်းဆီးမည်

ထိုင်းနိုင်ငံနေရာတချို့မှာ ရွှေပြောင်းမြန်မာတွေနဲ့ ထိုင်းလူမျိုးတွေ ပဋိပက္ခတချို့ ဖြစ်ပွားပြီး နောက် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တဘက်ကမ်း မဲ​ဆောက်မြို့မှာ တရားမဝင်​နေထိုင် သူတွေကို ဇန်နဝါရီ ၁၆ ရက်ကစပြီး တာခ်ခရိုင်လဝက စတင် စစ်ဆေး ဖမ်းဆီးတော့မယ်လို့ ထိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။
ဒီနေ့ မနက် အစောပိုင်းကစလို့ မဲဆောက်ဈေးအတွင်းမှာ အဖမ်းအဆီးတွေ စတင်နေပြီလို့လည်း တွေ့ရှိသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်က ထိုင်းနိုင်ငံ စမွတ်ပရာကန်မြို့မှာ ထိုင်းနိုင်ငံသားတွေနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ပဋိပက္ခဖြစ်ခဲ့ပြီး ထိုင်းနိုင်ငံသားတချို့ ဒဏ်ရာရခဲ့ပါတယ်။
လက်ရှိမှာတော့ ကျူးလွန်ခဲ့တဲ့ မြန်မာလုပ်သားတွေက ရဲစခန်းမှာ အဖမ်းခံပြီး တောင်းပန်ခဲ့သလို ထိုင်းနိုင်ငံသားဘက်ကလည်း အမှုကို ကျေအေးပေးခဲ့ပါတယ်။ အဲဒီလို အမှုကျေအေးသွားပြီ ဆိုပေမဲ့ ဒီလိုကိစ္စတွေကြောင့် ထိုင်းလူမျိုးတွေက မြန်မာတွေအပေါ် အမုန်းတရားတွေ ဖြစ်လာမှာကို ထိုင်းရောက် မြန်မာတွေက စိုးရိမ်နေပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းတွေနဲ့ ထိုင်းလူမျိုးတွေအကြား ပဋိပက္ခဖြစ်တဲ့ ကိစ္စတွေ ရှိနေတဲ့အတွက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ စည်းကမ်းလိုက်နာ သတိထားနေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ မြန်မာအလုပ်သမားအရေး လှုပ်ရှားသူတွေက အသိပေးထားပါတယ်။

#မဲဆောက် #မြန်မာ

Address

Soi Eakchai 66

Telephone

+66994143989

Website

Alerts

Be the first to know and let us send you an email when Arakan News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed Media Company?

Share