A Yar online novels

A Yar online novels Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from A Yar online novels, Naypyidaw.

လက်တလော Admin acc လေးHack ခံထားရပါတယ်အခု တင်ထားတာတွေက admin မဟုတ်ပါဘူးနော် 🥺
11/01/2026

လက်တလော Admin acc လေး
Hack ခံထားရပါတယ်
အခု တင်ထားတာတွေက admin မဟုတ်ပါဘူးနော် 🥺

Admin ဖုန်းပျောက်ပြီး နောက်ပိုင်း ပြဿနာတွေ ဆက်တိုက်ကို ဖြစ်နေပါတယ်အစက admin ကိုသာ တိုက်ရိုက်နှောက်ယှက်ပေမဲ့ အခုတော့ ပတ်သ...
11/01/2026

Admin ဖုန်းပျောက်ပြီး နောက်ပိုင်း ပြဿနာတွေ ဆက်တိုက်ကို ဖြစ်နေပါတယ်

အစက admin ကိုသာ တိုက်ရိုက်နှောက်ယှက်ပေမဲ့ အခုတော့ ပတ်သက်တဲ့သူမှန်သမျှကို old message တွေ ​ဖတ်ပြီး စာပို့ အရှက်ခွဲနေပါပြီ

မနက် ၈ နာရီလောက်က သူငယ်ချင်းဖြစ်သူက ဖုန်းဆက်လာပါတယ်
ပိုက်ဆံချေးတာ ဘာလုပ်မလို့လဲ ဆိုပြီး
ဒါကြောင့် admin လည်း မချေးမိတာကြောင့် အကျိုးအကြောင်းမေးကြည့်ပြီး အဖြစ်ကို သိခဲ့ရပါတယ်

မင်မင် သူငယ်ချင်းဆီက ငွေချေးမရရင်တောင် စသလိုနောက်သလိုနဲ့ ဟိုဟာလုပ်မယ် ဒီဟာ လုပ်မယ် ခြိမ်းခြောက်နေပါတယ်ရှင်

အခုဆို Telegram ဝင်မရတော့ ပိုဆိုးပါတယ်
Tele က လူတွေဆီ စာပို့ မဟုတ်တာတွေလျောက်ပြောပြီး မင်မင့်ကို အရှက်မျိုးစုံခွဲနေပါတယ်

မင်မင် fb acc လည်း အခု ပြန်ဝင်လို့မရတော့ပါဘူး
Fb မှာလည်း သူငယ်ချင်းတွေ မိတ်ဆွေတွေ bf ရော ရှိပါတယ်

Fb မှာ ဘာတွေဖြစ်ထားလည်း မင်မင် မသိပါဘူး
ကူညီကြပါဦးရှင် 🥺

Admin acc မလို့ ဘာမှလည်း လုပ်မရပဲ ဒီအတိုင်းသာ ငြိမ်နေရတယ် 😔

မင်မင် bf နဲ့ ပြောထားတဲ့ message တွေကြည့်ပြီးလည်း ခြိမ်းခြောက်သလို လုပ်နေပါတယ်
Bf fb acc ကလည်း အခု လုံးဝရှာလို့မရတော့ပါဘူး😢
မင်မင် ဘာလုပ်ရမလဲ အကြံပေးကြပါဦး
မငိုနိုင်တော့ဘူးရှင် 😢

A Yar #

C.1အဝေးပြေးကားဂိတ်မှာ ခရီးဆောင်အိတ် လေးတွေဘေးချပြီး လက်မှ နာရီလေးကို ငုံ့ကြည့်ကာ လည်ကလေးဆန့်ပြီးလာကြိုမည့်သူကို တမျှော်မ...
09/01/2026

C.1
အဝေးပြေးကားဂိတ်မှာ ခရီးဆောင်အိတ် လေးတွေဘေးချပြီး လက်မှ နာရီလေးကို ငုံ့ကြည့်ကာ လည်ကလေးဆန့်ပြီးလာကြိုမည့်သူကို တမျှော်မျှော်လုပ်နေသော မိန်းမလေးတစ်ယောက်
ထောပတ်သီးရောင် ပါတိတ်ဝမ်းဆက်ကလေးနဲ့သူမအလှက နန်းဆန်သည်
ဆံနွယ်ရှည်ကို ကျစ်ဆံမြီး တချောင်းထဲ ကျစ်ကာ ထားသည်မလို့ သူမအလှက မဟာဆန်သည်
နောက်တကြိမ် သူမလက်မှာပတ်ထားတဲ့ ရွှေရောင်နာရီလေးကို ထပ်ကြည့်လိုက်ပြီး စိတ်အလိုမကျစွာ မျက်ခုံးလှလှလေးတွန့်ကွေးလိုက်သည်
" အချိန်အတိအကျပြောထားတာကို ''
နှုတ်မှ အလိုမကျစွာရေရွတ်ရင်း လမ်းမဘက်ကိုသာမျှော်ကြည့်နေမိသည်
သူမနဲ့အတူ တစ်ခရီးထဲ လာတဲ့ သူတွေတောင် ကားဝန်းအတွင်းဘယ်သူမှမရှိတော့ချေ
" ခင်ဗျားက... ရွှေတောရွာကို လာတဲ့ ကျေးလက်ကျန်းမာရေးမှုးလား''
" ဟုတ်ပါတယ် ''
ဟွန့်....
ပုံစံကိုက မြင်တာနဲ့ ထောင့်မကျိုးတဲ့ရုပ်
တစ်လောကလုံး သူ့လုပ်စာထိုင်းစားနေတာကျနေတာပဲ
ဆံပင်က ဘုတ်သိုက်
နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးတွေက ထိုးထိုးထောထောင်နဲ့
ညစ်ထေးထေး ဖလန်နယ် လက်ရှည်ကြီးဝတ်ထားကာ
လွယ်အိတ်ကြီးကလည်း စလွယ်သိုင်းကာလွယ်ထားသေးသည်
ပုဆိုးက ဒူးတို..အောက်ကခံဝတ်ထားတဲ့ဘောင်းဘီအနားစတွေတောင်ထွက်နေသေးသည်
" ကျုပ်ကို မင်းသားများမှတ်နေလား''
"အို...ရှင်ပုံစံကို မင်းသားနဲ့တူလို့ ကျွန်မက ကြည့်နေတယ် ထင်နေတာလားးးးဝေးသေး''
"သွားမယ်..''
ပြောပြီး ချာခနဲ လှည့်ထွက်သွားပေမဲ့ သူမပါလာတဲ့ အဝတ်အစားထည့်ထားတဲ့ ခရီးဆောင်အိတ်ကြီးကို သယ်မကူ
" ဒီမှာ...ကျွန်မအိတ်တွေ သယ်ကူပါဦး''
"ခင်ဗျားကိုလာပဲကြိုခိုင်းတာ ကျုပ်အဘက...ခဗျားအိတ်တွေ ပလိပ်တွေ သယ်ဖို့ လွှတ်လိုက်တာမဟုတ်ဘူး''
" ဘာ..ရှင့်..''
ကြည့်စမ်းးးအရိုင်း အစိုင်း တောသား နေတော့ဇနပုဒ်မှာ စကားကတော့ အမေရိကန်မှာ
တွေ့မယ်...ဖျားလို့နာလို့ လာပြလို့ကတော့ တမင်နာအောင်ကို ဆေးထိုးအပ်ကြီးကြီးနဲ့ ထိုးပစ်ဦးမယ်
ခရီးဆောင်အိတ်ကြီး မနိုင့်တနိုင်သယ်ကာ သူကားယားခွပြီးထိုင်စောင့်နေတဲ့ ဆိုင်ကယ်ခပ်စုတ်စုတ်နားကို မနည်းရောက်အောင် လာခဲရသည်

"ပေး''
ရောက်မှ အိတ်ကိုယူကာ ဆိုင်ကယ်ခွကြားထဲ ထည့်လိုက်သည်မို့ လူဂွစာတောသားကို မျက်စောင်းပစ်ထိုးလိုက်သည်
" ရော....ဦးထုပ်စောင်း ''
သူက ဆိုင်ကယ်ဦးထုပ်ဆောင်းရန်ပေးလိုက်တာမို့ ဆက်ခဲယူပြီး ခပ်ထေ့ထေ့ပြောလိုက်သည်
" ရှင်တို့ ဇနပုဒ်မှာ...မော်တော်ပီကယ်တွေ မီးပွိုင့်တွေရှိလို့လား''
"ခင်ဗျားမျက်ခွက်မစုတ်ချင်ရင် ဆောင်းထား...''
မျက်စောင်းတစ်ချက်ထိုးပြီး ဆိုင်ကယ်ဦးထုတ်ဆောင်းကာ ဆိုင်ကယ်ပေါ်တက်မည်လုပ်တော့
" ဟေ့....ခွ ထိုင်.''
" အို...ဘယ်ဖြစ်မလဲ ''
ခွထိုင်တာတောင်ဖြစ်ရသေးတယ်...မဖြစ်နိုင်တာတွေ
ဝတ်ထားတာက သုံးလွှာစကတ်မို့ ခွ များထိုင်ရင် မြင်ယောင်ကြည့်
" ပြုတ်ကျကျန်ခဲ့မှ ကျုပ်အဆိုးမဆိုနဲ့ ..ထိုင်ချင်သလိုသာထိုင် ''
" ဟွန်းး ''
လွှာ..ဆိုင်ကယ်ပေါ် ဘေးတစောင်းထိုင်လိုက်သည်နှင့် ဆိုင်ကယ်ကိုအရှိန်နဲ့ စောင့်ထွက်လိုက်တာမို့

ဝူးးးးဝရေားးးး

လူက... ကယိမ်းကပါးဖြစ်သွားရပြီး လွှာ ခေါင်းနဲ့ သူ့ခေါင်းပြေးစောင့်မိသည်
တော်သေးတယ် ဆိုင်ကယ်ဦးထုတ်ဆောင်းထားလို့
" ဖြေးဖြေးသက်သာမောင်းပါရှင်''
ထို လူ့ဂွစာကြီးက ဆိုင်ကယ်ကိုအမြန်လမ်းအတိုင်း မိနစ် ၂၀ လောက်မောင်းပြီး တောလမ်းချိုးလေးရောက်တော့ လမ်းထဲ ချိုးဝင်ကာခရီးဆက်နှင်သည်
" ဒုတ်...ဒုတ် ''
လမ်းက ကြမ်းလွန်းလှတာမို့ လွှာ ကိုယ်လေးမြောက်မြောက်တက်နေရသည်
အဆိုးဆုံးကတော့ ထယ်စာဖက်တွေကြားမောင်းရဲ့ လမ်းပါပဲရှင်
" အင့်...အမေ့ ''
" ကျုပ်ကို ကိုင်ထား ''
" အို...မကိုင်ချင်ပါဘူး''
" သဘောပဲ ''
" ရှင်သာဖြေးဖြေးမောင်း''
အို...လမ်းကလည်း ဒီလောက်တောင်ဆိုးရွားရသလား
အရင်က နယ်ကိုဆင်းဖူးပေမဲ့ ဒီလောက်ဆိုးတဲ့ လမ်းမတွေ့ဖူးပါဘူး
နေကလည်းပူ...လယ်ကွင်းပြင်ထဲဖြတ်မောင်းရတာမို့
လူက ငါးခြောက်မဖြစ်ရုံတမယ်
လွှာ..အတွေးမဆုံးခင်လေးမှာပဲ
လူကာလေထဲမြောက်တက်သွားရကာဖြင့်
" အမလေးးး''
"ဘုတ်...''
" အားးးးးသေပါပြီ...''
ဆိုင်ကယ်ပေါ်မှ ပြုတ်ကျလေပြီ
ဝတ်ထားတဲ့ ဝတ်စုံလေးမှာလည်း ဖုန်အလိမ်းလိမ်းနဲ့
သုံးလွှာစကတ်မို့ ဒူးပေါ် ပေါင်ပေါ်ကို အရင်ဖုံးကာ
" ရှင်ဘယ်လို မောင်းတာလဲ...အားးကျွတ် ကျွတ် ''
" ခင်းဗျားကို ပြောတယ်လေ....ခွထိုင်လို့ ''
" ဟွန်း''
ကိုယ့်အပစ်နဲ့ကိုယ်မလို့ မျက်စောင်းထိုးကာ နှုတ်ခမ်းကို စူပစ်လိုက်သည်
လူတစ်ယောက်လုံး ပြုတ်ကျတာတောင် လာထူမယ်စိတ်ကူးမရှိဘူး.. ဆိုင်ကယ်ပေါ်ကတင် လွှာကို ကြည့်နေသည်
" ခင်ဗျား ဆက်ထိုင်နေရင် မိုးချုပ်သွားလိမ့်မယ်''
" ဒီမှာ...နာနေတာ..မထနိုင်ဘူးရှင့်''
" ဒါဆိုလည်း နေခဲ့ ''
သူက ဆိုင်ကယ်စက်ပြန်နှိုးနေသည်မို့ လွှာ အားယူပြီးထကာ ထော့နင်း ထော့နင်းဖြင့် လျောက်လာကာ ဆိုင်ကယ်ပေါ် ပြန်ထိုင်လိုက်ရသည်
ဒီတစ်ခါတော့..သူ့ပုခုံးကို ကိုင်လိုက်ပြီး ထိုင်တာပါ
" ကျုပ် ပုခုံးကို မကိုင်နဲ့...မကြိုက်ဘူး''
" ကြီးကြီးကျယ်ကျယ် နဲ့..''
" ခါးဖက်ထား ''
လွှာ.. သူ့ခါးကို ဖက်ထားလိုက်သည်
ဒီတစ်ခါ ပြုတ်ကျရင် အသက်ထွက်လောက်တယ်
ခရီးကလည်း ဝေးလိုက်တာ
လွှာ ပြုတ်ကျတဲ့ နေရာကနေထွက်လာတာ နာရီဝက်လောက်ရှိနေတာတောင် သူ့တို့ရွှာကို အရိပ်တောင်မတွေ့ရသေး ညနေက စောင်းနေပြီ
အဝေးပြေးဂိတ်ကနေစထွက်လာတဲ့ အချိန်အရဆို စုစုပေါင်း ၁နာရီ ၃၀ မိနစ်ရှိနေပြီ
" ဖွတ်....ဖွတ်...ဗရော...''
ရုတ်တရက် ဆိုင်ကယ်ကြီး ထိုးရပ်သွားသဖြင့်
လွှာ ကြောင်သွားရသည်
" ဆင်း''
"ဟင်...ရောက်တာလား''
" စက်သေ သွားတာ''
" ဟင်...ဘယ်လိုလုပ်မလဲ ''
သူက ဆိုင်ကယ်ဂွကြားက ခရီးဆောင်အိတ်ကြီးချကာဆိုင်ကယ်ပေါ် ပြန်တက်စက်နှိုးနေသည်
" ဖွတ်..ဖွတ်..ဖွတ်..''
" ဖွတ်..ဖွတ်..ဖွတ်..''
" ဖွတ်..ဖွတ်..ဖွတ်..''

ဆိုင်ကယ်က က စက်နိုးမလာပေ
ဘေးမှာ ရပ်နေသော လွှာကို ကြည့်ပြီး
" နောက်ကနေ တွန်းပေးရမယ် ''
" ဟမ်....ကျမက ''
"N ဟုတ်တယ်...အမိ''
" ကျမက ဆေးကုဖို့လာတာ...ဆိုင်ကယ်တွန်းဖို့လာတာမဟုတ်ဘူး ''
" ကောင်းပြီလေ...ဒီညဒီမှာအိပ်ရမှာပေါ....သရဲတော့ခြောက်တယ် ''
လွှာက သရဲ ကြောက်တက်သူပီပီ..ကျောထဲ စိမ့်ခနဲ
" ပြီးရော...ပြီးရော..''
စူစူစောင့်စောင့်ဖြင့် ဆိုင်ကယ်နောက်မှီးကို ကိုင်ပြီး အားကုန်တွန်းနေရသည်
" အင့်...''
" အီးးးး''
လူလည်း ချွေးပြိုက်ပြိုက်ကျလေပြီ
၃ မိနစ်လောက်တွန်းတော့ အရှိန်ကရလာတော် ပ တွန်းရတာမြန်လာသသည်
သူက လွှာတွန်းနေရင် ဆိုင်ကယ်စက်ကို နှိုးလိုက်တာ စက်ကပြန်နိုးသွားပြီး အရှိနဲနဲ့ စောင့်ထွက်သွားတာမလို့

🤎🗒

လွှာ ဆိုင်ကယ်ကြီးကိုင်ကာ အပြေးတပိုင်းကိုးယိုးကားယားကြီးနဲ့ တန်းလန်းကြီးပါနေရသည်
လက်က လွတ်သွားတာမို့ လူက ဗိုင်းခနဲ ပစ်လဲ ကျသွားတော့သသည်
" ဘုန်းးးး''
" အမလေးးးအမေရဲ့ ''
အရှိန်နဲ့ထွက်သွားသော ဆိုင်ကယ်ကြီးခနရပ်ပြီး
လွှာ ကိုလှမ်းအော်လေသည်
" ခင်ဗျားအထုတ်ကြီး မြန်မြန်သယ်ပြီး လာခဲ့ စက်ပြန်​သေသွားမယ် ''
လွှ့ာ နာချိန်တောင်မရပါဘူး နောက်မှာကျန်ခဲ့တဲ့ အထုတ်ကြီး ပြေးယူပြီး မနိုင်မနင်း မကာ သူ့ဆီအပြေးလာခဲ့ရတော့သည်
လာရင်း ဖိနပ်တစ်ဖက်က ကျွတ်ကျန်ခဲ့ပေမဲ့ လွှာ ပြန်လှည့်စီးမနေတော့ တစ်ဖက်ကျွတ်အတိုင်းသာပြေးလာပြီး အထုတ်ကြီး ဆိုင်ကယ်ဂွကြားထဲ ထည့်ကာ တက်ထိုင်လိုက်ပြီး ခရီးဆက်ခဲ့ပါတော့သည်

မရယ်ရရင်တောင် ပြုံးနေရမယ်🤭
၁၅၀၀ks

Adminမမ ကိုလည်း ထိန်းကြပါဦး 🤧
02/01/2026

Adminမမ ကိုလည်း ထိန်းကြပါဦး 🤧

အိုခေဘာ ..

ကြိုက်နှစ်သက်ရာ ၂ပုဒ်ဝယ်ပြီးရွှေအဆင်း လေး လက်ဆောင်ယူ 🍓
02/01/2026

ကြိုက်နှစ်သက်ရာ ၂ပုဒ်ဝယ်ပြီး
ရွှေအဆင်း လေး လက်ဆောင်ယူ 🍓

နှစ်ကူးလက်ဆောင်ယူရွှေအဆင်းလေး မဲဖောက်ပေးမယ်နော်🎀comments မှာ ရွေးမှာမို့ မန့်ပေးကြဦးနော် 🎁Share ပေးကြပါဦး 🥰10 person 🎁
01/01/2026

နှစ်ကူးလက်ဆောင်ယူ
ရွှေအဆင်းလေး မဲဖောက်ပေးမယ်နော်🎀
comments မှာ ရွေးမှာမို့ မန့်ပေးကြဦးနော် 🎁
Share ပေးကြပါဦး 🥰
10 person 🎁

ဒီနေ့ 2025 ရဲ့ နောက်ဆုံးနေ့လေးဖြစ်လို့ အမှတ်တရဖြစ်မဲ့ စကားလေးတွေအပြန်အလှန်ပြောပြီး ကျေးဇူးတင်ကြရအောင်လား 💚မင်မင် ကိုမှ မ...
31/12/2025

ဒီနေ့ 2025 ရဲ့ နောက်ဆုံးနေ့လေးဖြစ်လို့ အမှတ်တရဖြစ်မဲ့ စကားလေးတွေအပြန်အလှန်ပြောပြီး ကျေးဇူးတင်ကြရအောင်လား 💚

မင်မင် ကိုမှ မဟုတ်ပဲ တစ်စုံတစ်ယောက်ကို သိချင်စေချင်တာလေးတွေ ရင်ဖွင့်ကြရအောင်🥺

မင်မင်ကတော့ အားလုံးကို ချစ်လည်းချစ်ရသလို ကျေးဇူးလည်း အများကြီးတင်ပါတယ်နော်😘

follower နဲနဲလေးကနေ စခဲ့တဲ့ မင်မင့်ကို ဝန်းရံပြီး အားပေးခဲ့ ချစ်ပေးခဲ့တဲ့ တစ်ဦး တစ်ယောက်စီတိုင်းကို အများကြီးကျေးဇူးတင်ပါတယ်💗

ရှေ့လျောက်ပြီး အများကြီး ကြိုးစားသွားမှာမလို့ အများကြီး ဝန်းရံပေးကြဦးနော်💓

ပြောမှားဆိုမှား ရှိခဲ့ရင်လည်း မင်မင် ဒီကနေတောင်းပန်ပါတယ် ရှင် 💛

မင်မင့်ကိုဝန်းရံပေးတဲ့ ရပ်ဝန်းငယ်လေးကို မြတ်နိုးတန်ဖိုးထားရပါတယ်💝

မင်မင်ချစ်သော ရပ်ဝန်းငယ် 💓

ကိုသာဂွ လိုက်ပို့တာနဲ့ သူကြီးတို့ခြံထဲကို ရောက်လာခဲ့တော့သည်ခြံကြီးက တကယ်ကိုညအကျယ်ကြီးပဲခြံစည်းရိုးတင် မျက်စိတစ်ဆုံးရှိသည...
31/12/2025

ကိုသာဂွ လိုက်ပို့တာနဲ့ သူကြီးတို့ခြံထဲကို ရောက်လာခဲ့တော့သည်

ခြံကြီးက တကယ်ကိုညအကျယ်ကြီးပဲ
ခြံစည်းရိုးတင် မျက်စိတစ်ဆုံးရှိသည်

စည်းရိုးပတ်ပတ်လည်မှာလဲ ထင်းရူးပင်တွေကိုတန်းစီစိုက်ထားတာမို့ အရိပ်ရသည် ေအးမြသည်
ညနေမလို့မလားမသိဘူး...အုပ်ဆိုင်းပြီး လေထုကအစ
စိမ့်နေသည်

" ဆရာမလေးက..အရေးကြီးဖုန်းဆက်ချင်လို့တဲ့''

မြေဆွေးထည့်နေရာကနေ ဒွန်းလှည့်တော့ ယူနီဖောင်းတောင် အလဲရသေးတဲ့သူမက သူ့ကိုမြင်တာနဲ့ မျက်လုံးလေးဝိုင်းကာ မျက်ခုံးလေးက အပေါ်ကိုပင့်သွားရသည်

" ဟင်...''

သူကြီးရဲ့ သားဆိုတာ သူလား
ဟွန်းးသူကြီးနဲ့ ဒွေးလေးသဘောကောင်းသလောက်ဒီလူ့ဂွစာကြီးက အကျင်ပုပ်တာကမ်းကုန်

" သိန်းဇံအိမ်မှာသွားဆက်ပါလား''

" ဟင်...ရှင့်ဆီလာဆက်ချင်လို့လာတာများမှတ်နေလား''

''အဲ့ဆိုလည်း...သိန်းဇံအိမ်သွားလေ..ဘာလို့ငါဆီလာတာလဲ''

ဒွန်းနဲ့လွှာ စကားနိုင်လုနေတုန်း သာဂွက အသာလေးလစ်ထွက်ကာ အိမ်ကိုခြေလျှင်ပြန်လာခဲ့တော့သည်
ဆက်နေရင် အကိုဒွန်းက သူ့ကိုမဲတော့မှာ

"ဒီမှာ...ရှင်စကားကိုကပ်သပ်ပြောမနေနဲ့''

"ဘယ်မှာကပ်ပြောတုန်းးးခင်ဗျားနဲ့ ကျုပ်နဲ့ အကွာကြီး
ခင်ဗျားက ကပ်ပါဆိုရင်တောင် ကျုပ်ကမကပ်ဘူး''

" ရှင်နော်..ကျမရန်ဖြစ်ဖို့လာတာမဟုတ်ဘူး..အရေးကြီးကိစ္စရှိလို့လာရတာ''

"မင်းယောကျာ်းဆီဆက်မှာလား''

"ဘာကိုယောကျာ်းရမှာလဲ... ကျွန်မကဘအပျိုစစ်စစ်''

"အဟက်....''

"ကဲပါ...ကျွန်မဖုန်းဆက်ပါရစေ..ဆေးခန်းမှာ ဆေးပစ္စည်းမရှိပဲ ဘယ်လိုမှလုပ်လို့မရဘူး''

"ဟင်...''

ဟုတ်ပါရဲ့...သူတို့ရွာသူရွာသားတွေဆေးပေးခန်းလေးကို မေ့ထားတာကြာပြီ

တစ်ရွာလုံးက ခေတ်မမှိကြလို့ ဆေးမှီးတိုနဲ့သာကုကြသည် ပိုက်ဆံတက်နိုင်တဲ့သူတွေကျတော့လည်း ဆေးဝန်ထမ်းဆိုလားဘာလားမသိ..ဆေးအိတ်ဆွဲပြီးလိုက်ကုနေတဲ့ ရမ်းကုဆီမှာကုကြသည်

" ဆက်လေ..''

သူ့ကိုမျက်စောင်းထိုးကာ ဖုန်းနံပါတ်ဂဏာန်းလေးတွေကို တဒေါက်ဒေါက်နဲ့ နှိပ်ပြီး ဖုန်းခေါ်လိုက်သည်

"တူ...တူ...တူ...''

"Hello...မြတ်''

" အင်းးးလွှာလား...နင်မနက်က ဖုန်းဆက်တာဘာမှလည်းမပြောဘုးနော် ''

" ဟုတ်တယ်...လိုင်းမမိဘူး..အခုတောင် တကူးတက ခြံထဲထိ ဆိုင်ကယ်နဲ့လိုက်ပို့ခိုင်းလာရတာမြတ်ရေ''

" အေ...အဆင်ပြေရဲ့လား''

"ဟင်းးးမပြေဘူးမြတ်ရေ...ဆေးခန်းပဲရှိတာ အထဲမှာ ဘာမှမရှိဘူး...ကုတင်တစ်လုံးရယ် စားပွဲခုံတစ်စုံရယ်
ဒါပဲရှိတာ ''

"ဟယ်...အဲ့လိုကြီးလား ''

"ဟုတ်တယ်...အဲ့ဒါငါအထက်ကို တောင်းခံစာတင်ချင်တယ်သူငယ်ချင်း..နင် ဆေးရုံအုပ်ကြီးကနေတစ်ဆင့်ငါ့ကို လျှောက်လွှာတင်ပေးဦး''

" အေ..ငါလုပ်လိုက်မယ်စိတ်ချနေ..''

"ဒါဆို...ငါဖုန်းချတော့မယ်...''

"နေဦးး...နင့်ကို...သုတက လွမ်းနေတာတဲ့ ''

" သုတ...ကလား...အဟင်းဟင်းးးငါလည်းသတိရတယ်လို့ပြောလိုက်နော် ''

"အေးပါ...ဒါပဲနော်''

"အေး...အေးးး''

ဟက်...ယောကျာ်းတိုင်းနဲ့အရောဝင်တဲ့မိန်းမမှန်းသိသာတယ်...မုန်းတယ် ဒီလိုမိန်းမတွေကို

" ကျေးဇူးတင်ပါတယ် ''
"...''

ကြည့်စမ်း...လွှာကကျေးဇူးတင်တယ်ပြောတာကို မျက်နှာလွှဲသွားတယ်..ဘယ်လို လူမှန်းကိုမသိတာပါ

" ကျွန်မပြန်တော့မယ်..''

" မင်းကို လိုက်ပို့မဲ့သူမရှိတော့ဘူး..လမ်းလျှောက်ပြန်'
'
" ရှင်...ရှင်...''

" အလုပ်သိမ်းချိန်ကျော်သွားပြီ..ခိုင်းစရာ လူမရှိတော့ဘူး..ကိုယ့်ဘာသာလမ်းလျှောက်ပြန်''

" လူပါးဝနေတာ ဒီတောသား''

" ဘာကွ...''

" နာတာလားး...တောသားကတောသားပဲနော်ကိုယ့်အဆင်ကိုယ်ပြန်ကြည့်ဦး...အမလေး..လိုက်မပို့လည်းနေကိုယ့်ဟာကိုယ်ပြန်မယ်''

" ကြွ''

လွှာ စိတ်ဆိုးမာန်ဆိုးဖြင့် သူ့ ခြံဝန်းအတွင်းထဲကနေရွာလမ်းအတိုင်း လျှောက်လာခဲ့သည်
နောက်ကဘလိုက်လာမလား မျှော်လင့်မိပေမဲ့..ထိုလူတစက်မှ လိုက်မလာပါဘူး

" ဟွန်းးးးတွေ့ဦးမယ်''
လွှာ ဆိုတဲ့မိန်းမကို ဘာမှတ်နေလဲ.. လက်စွမ်းပြရသေးတာပေါ့

မရယ်ရရင်တောင် ပြုံးနေရမယ်🤭
စဆုံး 1500ks

Address

Naypyidaw

Website

Alerts

Be the first to know and let us send you an email when A Yar online novels posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share