Democratic TV Channel

  • Home
  • Democratic TV Channel

Democratic TV Channel To promote and encourage democratic values and human rights in Myanmar. To share about human rights.

12/10/2023

အာဏာရှင်အဆက်ဆက် နျူးကလီးယားပိုင်ဆိုင်ရေးအိပ်မက် မင်းအောင်လှိုင် ဆက်လက်အကောင်ထည်ဖော်နေ

https://fb.watch/nDA9gkcBky/

12/08/2023

အရင်ကတော့ အနုပညာသမား ခုတော့ တော်လှန်ရေးသမား

(စစ်အာဏာရှင်ကို တော်လှန်နေသူ တစ်ယောက်ရဲ့ ကိုယ်တိုင်ရေး အထုပ္ပတ္ထိ

https://www.facebook.com/100093435198602/posts/158575137266992/?mibextid=cr9u03

11/08/2023

မုံရွာမြို့မှာ ဓားပြတိုက်ပြီး ကိုယ်ဝန်သည်အမျိုးသမီးကို ပစ်သတ်သွားတဲ့ တရားခံတွေကို ဖမ်းမိ

DTV, 11 August 2023

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ နေအိမ်ကို ဓားပြဝင်တိုက်ပြီး မွေးဖွားဖို့သုံးရက်ပဲလိုတော့တဲ့ ကိုယ်ဝန်သည်အမျိုးသမီး ကို ပစ်သတ်သွားတဲ့ တရားခံတွေကို ဖမ်းမိပြီလို့ Guardian Forceအဖွဲ့ဆီက သိရပါတယ်။

Guardian Forceအဖွဲ့မှ ကိုအာကူးက “ဥပဒေအတိုင်းပဲသွားပါမယ်ခင်ဗျာ”လို့ Democratic TVကို ပြောပါတယ်။

#မုံရွာ #ကိုယ်ဝန်သည်

https://fb.watch/mlwtZT5qL2/?mibextid=Nif5oz

“၂၃.၂.၁၉၉၄(ဗုဒ္ဓဟူးနေ့)တွင် မွေးဖွား၍ ၁.၆.၂၀၂၂(ဗုဒ္ဓဟူး)နေ့တွင် မတရားသဖြင့် သေဆုံးသည်” ကိုကျော်ဟာ ၂၀၂၂ခုနှစ်၊ မေလ၂၂ရက်နေ...
10/08/2023

“၂၃.၂.၁၉၉၄(ဗုဒ္ဓဟူးနေ့)တွင် မွေးဖွား၍ ၁.၆.၂၀၂၂(ဗုဒ္ဓဟူး)နေ့တွင် မတရားသဖြင့် သေဆုံးသည်”

ကိုကျော်ဟာ ၂၀၂၂ခုနှစ်၊ မေလ၂၂ရက်နေ့မှာ အကြမ်းဖက်စစ်တပ်ရဲ့ မတရားဖမ်းဆီးတာကို ခံခဲ့ရပါတယ်။

ဖမ်းဆီးခံရတဲ့နေ့ကစလို့ ကိုကျော်နဲ့ပက်သတ်တဲ့ ရေရာတဲ့ သတင်းအချက်အလက်တွေကို မိသားစုဝင်တွေရော ချစ်သူဖြစ်တဲ့ မမွန်မွန်ပါ မရရှိခဲ့ကြပါဘူး။

မမွန်မွန်ကတော့ သူ့ချစ်သူ ကိုကျော်ကို အသက်ရှင်သန်နေသေးတယ်ဆိုတဲ့ မျှော်လင့်ချက်ထားပြီး တစ်နှစ်ခွဲကျော်ကြာတဲ့အထိ စောင့်ဆိုင်းနေခဲ့တာပါ။

သူ့အိပ်မက်တွေထဲမှာလည်း ချစ်သူကိုကျော်က အဆင်ပြေကြောင်း မကြာခဏ လာပြောနေတတ်တာကြောင့် အဆင်ပြေပြေနဲ့ တနေ့ ပြန်ရောက်လာမယ်လို့ မျှော်လင့်ခဲ့ပါတယ်။

ဒါပေမယ့် သူမျှော်လင့်ထားတဲ့အတိုင်းဖြစ်မလာဘဲ အာဏာရူးတဲ့လူတစ်စုကြောင့် ၂၀၂၂ခုနှစ် ဇွန်လ၁ရက်နေ့မှာတော့ ကိုကျော်တစ်ယောက် စစ်ကြောရေးမှာ ကျဆုံးသွားခဲ့ပါတယ်။

https://www.facebook.com/100093435198602/posts/157502724040900/?mibextid=cr9u03

မျှော်လင့်ချက်နဲ့ မက်တဲ့အိပ်မက်

အိသဉ္ဇာမြင့် ရေးသားသည်

DTV, 23 May 2023

“ဘယ်သူ့ကိုမှအားမကျခဲ့ဖူးပေမယ့် လက်ချင်းချိတ်ပြီး ပြုံးရီနေတဲ့သူတွေ ချစ်သူကိုဂရုစိုက်ပေးတဲ့သူတွေမြင်ရင် ပိုသတိရတယ်။ ငါကျတော့ အဆင်ပြေပြေနေပြီး ကောင်းကောင်းစား အိပ်ပျော်နေပြီး အစ်ကိုကျတော့။ "

ပြောရင်း ဆိုရင်း မမွန်မွန် (အမည်လွှဲ) ဟာ ဆို့နင့်ကာ ငိုကြွေးပါတော့တယ်။

အသက်၂၂အရွယ်သာရှိသေးတဲ့ အမျိုးသမီးတစ်ဦးဖြစ်တဲ့ မမွန်မွန်(အမည်လွှဲ)ဟာ စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးနောက် တစ်နှစ်ကျော်တဲ့အထိ အဆက်အသွယ်မရသေးတဲ့ ချစ်သူကို အချိန်တိုင်း သတိရနေဆဲပါ။

၂၀၂၃ခုနှစ် မေလ၂၂ရက်နေ့ဟာ မမွန်မွန်ရဲ့ချစ်သူဖြစ်တဲ့ ကိုကျော် ဖမ်းဆီးခံရတာ တစ်နှစ်ပြည့်သွားခဲ့ပါပြီ။

သူ့ကို စစ်အုပ်စုက အကြောင်းပြချက်မရှိ ဖမ်းဆီးသွားပြီးတဲ့နောက် တစ်နှစ်ကျော်ကြာတဲ့အထိ မမွန်မွန်အပါအဝင် မိသားစုတွေနဲ့ အဆက်အသွယ် မရသေးပါဘူး။ သူတို့တတွေ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားပြီး စုံစမ်းကြည့်ကြပေမယ့် တိကျရေရာတဲ့ သတင်းအချက်အလက်တွေမရရှိခဲ့ကြပါဘူး။

ကိုကျော်ကို ဖမ်းဆီးထားတာနဲ့ ပတ်သက်လို့ အောင်သပြေစစ်ကြောရေးလိုလို၊ ကိုးမိုင်ခွဲလိုလို မရေရာတဲ့ သတင်းတစ်ခုပဲ ကျန်ရစ်ခဲ့ပါတယ်။

“ သူနဲ့ပက်သတ်တဲ့ သတင်းတွေ ဘာမှဆက်လိုက်လို့မရလို့ ဘယ်သူ့ကိုမှလည်း ထပ်ဖမ်းလို့မရလို့ သူ့သတင်းကို မြှုပ်ပစ်လိုက်တာလို့လည်း ပြောတယ်”လို့ မမွန်မွန်က ပြောပြပါတယ်။

အနေအေးပြီး အသေးစိတ်ကအစ သူ့ကို ဂရုတစိုက် ရှိတဲ့ ကိုကျော်ကို မမွန်မွန် တစ်ယောက် ဒီကနေ့ အထိ ရှာဖွေစုံစမ်းနေတုန်းပါပဲ။

မမွန်မွန်ထက် အသက် ၇ နှစ် ကြီးသလို လုပ်ငန်းခွင် စီနီယာ လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်တဲ့ ကိုကျော်တို့ ချစ်ခြင်းဟာ လုပ်ငန်းခွင်ထဲကနေပဲ စတင်ခဲ့တာပါ။

“စာဖတ်ရတာ သဘောကျတယ်လို့ ပြောတော့ ပထမဆုံးလက်ဆောင်ပေးတဲ့ စာအုပ်က ခွန်းညိုသွေးရဲ့ ချစ်လှစွာသောတဲ့” လို့ သူ့ချစ်သူ သူ့ကိုပထမဆုံးလက်ဆောင်ပေးဖူးတဲ့ စာအုပ်အကြောင်းကို မမွန်မွန်က သတိတရ ပြောပြပါသေးတယ်။

ကိုကျော်က သူ့ကို ဂရုတစိုက်ရှိခဲ့ပေမယ့်လည်း လုပ်ငန်းခွင်ထဲမှာတုန်းကတော့ သာမန်လုပ်ဖော်ကိုင်ဖက်တစ်ဦး အနေနဲ့သာ ဆက်ဆံခဲ့ပါတယ်။

ချစ်သူတွေအဖြစ် ရောက်ခဲ့တာကတော့ အာဏာသိမ်းပြီး ၂၀၂၁ မတ်လမှသာ ဖြစ်ပါတယ်။

မမွန်တို့ကို ချစ်သူအနေနဲ့ ပေါင်းဆုံပေးခဲ့တာလဲ စစ်တပ်ဖြစ်သလို ကွဲကွာစေခဲ့တာကလည်း စစ်တပ်ပဲ ဖြစ်ခဲ့ပြန်ပါတယ်။

စစ်အုပ်စုက အာဏာသိမ်းပြီးနောက်မှာတော့ ကိုကျော်ဟာ လုပ်ငန်းခွင်ဆီရောက်မလာတော့ဘဲ ဆန္ဒပြပွဲတွေမှာသာ ရှိနေခဲ့ပါတယ်။

လူငယ်တစ်ဦးဖြစ်သလို အာဏာသိမ်းမှုကို လက်မခံတဲ့ မမွန်မွန်ကလည်း ကိုကျော်နဲ့အတူ ဆန္ဒပြပွဲတွေကို လိုက်ပါသွားခဲ့ပါတယ်။

စစ်အုပ်စုဘက်ကလည်း သူတို့ကို ဆန့်ကျင်တဲ့သူတွေကို အကြမ်းဖက်ဖြိုခွဲတာ၊ မတရားဖမ်းဆီးတာ၊ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်တာ စတာတွေကို ဆက်တိုက် လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီလိုကြားမှာပဲ ယုံကြည်ချက်တွေ တူကြတဲ့ မမွန်မွန်နဲ့ ကိုကျော် တို့ နီးစပ်လာခဲ့ကြတာပါ။

"သူကအလုပ်မလာတော့ဘူး။ ဆန္ဒပြပွဲတွေဆီရောက်သွားခဲ့ပြီ ကိုယ်လဲသူ့နောက်လိုက်ရင်း သူနဲ့အတူဆန္ဒပြကြရင်းနဲ့ သူ့ကိုချစ်လာဖို့ဖြစ်လာတယ်”လို့ မမွန်မွန်က ဆိုပါတယ်။

ဆန္ဒပြပွဲတွေမရှိတော့တဲ့နောက်ပိုင်းမှာလည်း နိုင်ငံရေးခံယူချက် ပြင်းထန်ပြီး ပရဟိတစိတ်အပြည့်ရှိတဲ့ ကိုကျော်ကျော်ဟာ သူယုံကြည်ရာအမှန်တရားအတွက် စစ်အာဏာရှင်ကို ဆက်လက်တော်လှန်နေခဲ့ပါတယ်။

"ကိုယ်ကတစ်ခုခုဆိုစိတ်ပူတတ်တယ် အငိုသန်တယ်စိတ်မအေးဖြစ်တတ်တယ် အဲ့တာကိုသိထားတဲ့အကိုကတစ်ဖက်မှာသူအန္တရယ်များတဲ့အလုပ်တွေလုပ်နေတာကိုကိုယ့်ကိုပေးမသိခဲ့ဘူး အချိူ့တစ်ဝက်ရဲ့ဆယ်ပုံတစ်ပုံလောက်သာပြောပြခဲ့တယ်”လို့ မမွန်မွန်က ဆက်ပြောပါတယ်။

ကိုကျော်ရဲ့အလုပ်တွေကြောင့် အချိန်မပေးနိုင်ရာကနေ သူတို့နှစ်ဦးကြားမှာ ပြဿနာတွေ ရှိခဲ့ပါတယ်။

ကိုကျော် အဖမ်းမခံရခင်တစ်ရက်အထိ သူတို့နှစ်ဦးကြားမှာ အဲဒီကိစ္စကြောင့် ကတောက်ကဆဖြစ်ခဲ့ကြပါတယ်။

သူ့ကို အမြဲအလျှော့ပေးတဲ့ ကိုကျော်အပေါ် အနိုင်ယူခဲ့သလို ပြုမူမိခဲ့တာကြောင့် နောင်တရကြောင်းကိုလည်း မမွန်မွန်က ခုလိုပြောပြပါတယ်။

"အဲဒီနေ့က ပြဿနာရှာမိတာကိုနောင်တရတယ် နောက်နေ့ကျတော့လဲဖုန်းမဆက်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ နောက်ဆုံးဖုန်းပြောရတဲ့အချိန်မှန်းမသိဘဲ ဘုနဲ့ဘောက်ပြောခဲ့တာကိုလဲတကယ်နောင်တရတယ်”

နောက်တစ်ရက်မှာတော့ မမွန်မွန်ဖုန်းဆက်ပေမယ့် ကိုကျော်ရဲ့ဖုန်းဟာ ဖြေဆိုသူမရှိခဲ့ပါဘူး။ မက်ဆေ့ချ်ကနေ စာတွေဆက်တိုက်ပို့ခဲ့ပေမယ့် သူ့ချစ်သူဆီကနေ ပြန်စာတွေမရခဲ့တာကြောင့် စိတ်ပူပြီး အွန်လိုင်းပေါ် ကြည့်လိုက်တဲ့အချိန်မှာတော့ ကိုကျော်ရဲ့ ဖေ့ဘွတ်အကောင့်က ဖျက်ခံထားရပါပြီ။အဲဒီအချိန်မှာပဲ ကိုကျော်ရဲ့ အဒေါ်ဖြစ်သူက သူမဆီကို ဖုန်းဆက်ပြီး သူ့ချစ်သူဟာ စစ်အုပ်စုရဲ့ ဖမ်းဆီးခံလိုက်ရတဲ့အကြောင်း အကြောင်းကြားခဲ့ပါတယ်။

"သူ့အဒေါ်ကဖုန်းဆက်လာတော့လူကဘာပြန်ပြောရမှန်းကိုမသိတော့ဘူး ငိုယုံကလွဲ ဘာမှမတတ်နိုင်တော့တာပါပဲ”လို့ သူမက ပြောပါတယ်။

မမွန်မွန်ဟာ သူသိသမျှ နိုင်ငံရေးအကျဉ်းသားအဖွဲ့အစည်းတွေကို ဆက်သွယ်ပြီး အဆက်အသွယ်ရရှိအောင် ကြိုးစားခဲ့ပေမယ့် ခုချိန်ထိတော့ သူ့ချစ်သူနဲ့အဆက်အသွယ်မရသေးပါဘူး။

အချိန်တွေကြာလာတာနဲ့အမျှ မမွန်မွန်ဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ တိုးလာခဲ့ပြီး သူ့ချစ်သူအပေါ်ကိုလည်း အားနာစိတ်တွေ ဝင်လာခဲ့ပါတယ်။ အသက်၂၂သာရှိသေးတဲ့ CDMကျောင်းသူတစ်ဦးအနေနဲ့ သူမဘဝကို တိုးတက်စေမယ့် ပညာရပ်တွေကို လေ့လာသင်ယူရာမှာလည်း စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေ ဖြစ်ပေါ်နေခဲ့ပါတယ်။

“သူ့ဘဝကနစ်နေတဲ့အချိန်မှာ ငါကတော့ငါ့ဘဝကိုရှာနေတာမလား ဒီအတောအတွင်း ခက်ခဲလွန်းလို့ လက်ရှိမှာတောင် မနေနိုင်ဘူး ဘယ်သူ့ကိုမှ အဆက်အသွယ်မလုပ်ဘဲ တစ်ယောက်ထဲနေချင်တော့တာပဲ လူတွေကိုရှောင်နေချင်တော့တာ”လို့ သူမရဲ့ ခံစားချက်တွေကို ပြောပြပါတယ်။

ဒါ့အပြင် အကျဉ်းထောင်တွေမှာ ပစ်ခတ်မှုတွေ၊ထိခိုက်မှုတွေရှိတယ်ဆိုတဲ့ သတင်းတွေကို တွေ့တဲ့အခါမျိုးမှာလည်း ဆောက်တည်ရာမရဘဲ အလွန်အမင်းစိတ်ပူခဲ့ရတယ်လို့ သူမကပြောပြပါတယ်။

"လူလဲမမြင်ရ သတင်းလဲမကြားရဆိုတော့ စိတ်ထဲပူတယ် သူကစိတ်တအားထက်သန်တာကို သိတော့ ရိုက်နှက်နှိပ်စက်ခံရမှာ ငါအရမ်းကြောက်တယ်” လို့ မမွန်မွန်က ဆိုပါတယ်။

ဒီကနေ့ဟာ မမွန်မွန်ရဲ့ ချစ်သူဖြစ်သူ ကိုကျော် မတရားဖမ်းဆီးခံရပြီး မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရတာ တစ်နှစ်နဲ့တစ်ရက် ရှိခဲ့ပါပြီ။ မမွန်မွန်ကတော့ သူ့ချစ်သူ သူ့ဆီကို ပြန်လာမယ်လို့ ယုံကြည်နေပြီး ဆက်လက်စောင့်ဆိုင်းနေဆဲပဲလို့ ပြောပါတယ်။

"အခုထိအကိုအသက်ရှင်နေသေးတယ်ဆိုတာကိုယုံတယ် အကိုငါ့ဆီပြန်လာမှာဆိုတာကိုလဲအပြည့်အဝယုံတယ် ဘာတွေပဲဖြစ်နေပါစေ အကိုအဆင်ပြေအောင်ကြိုးစားပြီးနေမယ်ဆိုတာကိုလဲယုံကြည်တယ်"

သူ့အိပ်မက်တွေထဲမှာလည်း ချစ်သူကိုကျော်က အဆင်ပြေကြောင်း မကြာခဏ လာပြောနေတတ်တာကြောင့် အဆင်ပြေပြေနဲ့ တနေ့ ပြန်ရောက်လာမယ်လို့ မျှော်လင့်နေတုန်းပါပဲ။
အဆက်အသွယ်မရတာ တစ်နှစ် ပြည့်သွားပြီ ဆိုပေမယ့် သူ့ခံစားချက်တွေနဲ့ အိပ်မက်တွေကြောင့် မမွန်တစ်ယောက် မျှော်လင့်ချက်ကြီးကြီးနဲ့ စောင့်ဆိုင်းနေတုန်းလည်း ဖြစ်ပါတယ်။

“ငါအရမ်းစိတ်ပူနေတဲ့အချိန်ဆို သူကငါ့အိပ်မက်ထဲရောက်လာပြီးတော့ အဆင်ပြေတယ်ဆိုပြီး ရီရီမောမောလာပြောတယ်။ သူအဆင်ပြေပါတယ်။ သူ့သတင်းမကြားရတာတောင် သူအဆင်ပြေတယ်ဆိုတာ ငါသိတယ် ခံစားရတယ်”လို့ မမွန်မွန်က ဆိုပါတယ်။

(အကြမ်းဖက် စစ်တပ်၏ ဖမ်းဆီးခံရပြီးနောက် တစ်နှစ်ကြာသည်အထိ သတင်းအစအန မရဘဲ လုံးဝပျောက်ဆုံး နေသော တော်လှန်ရေးသမား တစ်ဦးကို ယနေ့တိုင် ရှာဖွေနေသည့် အမျိုးသမီးတစ်ဦး အကြောင်းကို ရေးသား ထားခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် စစ်တပ်က ယနေ့အထိ ဖမ်းဆီးထားသည့် အာဏာရှင်တော်လှန်ရေး တက်ကြွလှုပ်ရှားသူ ၁၈၀၀၀ ကျော်ရှိသည့် အနက် အချို့မှာ လုံးဝ အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေဆဲလည်း ဖြစ်သည်။)

ကာလုံအစည်းအဝေးတက်ရောက်ခဲ့တဲ့ ဦးဟင်နရီဗန်ထီးယူကို NLDပါတီဝင်အဖြစ်က ထုတ်ပယ်DTV, 9 August 2023https://www.facebook.com/1000...
09/08/2023

ကာလုံအစည်းအဝေးတက်ရောက်ခဲ့တဲ့ ဦးဟင်နရီဗန်ထီးယူကို NLDပါတီဝင်အဖြစ်က ထုတ်ပယ်

DTV, 9 August 2023

https://www.facebook.com/100093435198602/posts/156837574107415/?mibextid=cr9u03

ကာလုံအစည်းအဝေးတက်ရောက်ခဲ့တဲ့ ဦးဟင်နရီဗန်ထီးယူကို NLDပါတီဝင်အဖြစ်က ထုတ်ပယ်

DTV, 9 August 2023

အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ(ကာလုံ)အစည်းအဝေးကိုတက်ရောက်ခဲ့တဲ့ ဦးဟင်နရီဗန်ထီးယူကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ထုတ်ပြန်ပါတယ်။

ဦးဟင်နရီဗန်ထီးယူကို ဒုသမ္မတအဖြစ် ယုံကြည်စွာတာဝန်ပေးခဲ့ပေမယ့် ဇူလိုင်လ၃၁ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကာလုံအစည်းအဝေးပွဲကို တက်ရောက်ခဲ့တာကြောင့် စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သတ်မှတ်ပြီး ခုလို ထုတ်ပယ်လိုက်တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေး(ကာလုံ)ကို ၅ ကြိမ် ခေါ်ယူခဲ့ပါတယ်။

ဦးဟင်နရီဗန်ထီးယူက ကျန်းမာရေးအကြောင်းပြချက် နဲ့ ၄ ကြိမ်အထိ မတက်ရောက်ခဲ့ပေမယ့် ငါးကြိမ်မြောက်မှာတော့ တက်ရောက်ခဲ့တာပါ။

အဲဒီကိစ္စနဲ့ပက်သတ်ပြီး ဩဂုတ်လ၈ရက်နေ့မှာ ကြားကာလအစည်းအဝေးခေါ်ယူပြီး ဗဟိုကော်မတီဝင်တွေရဲ့ သဘောထားအရ သူ့ကို ပါတီဝင်အဖြစ်မှထုတ်ပယ်ဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြတာလို့ သိရပါတယ်။

ဦးဟင်နရီဗန်ထီးယူဟာ စစ်တပ်က အငြိမ်းစားယူထားတဲ့စစ်တပ်အရာရှိဟောင်းတစ်ဦးဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ NLD က ဒုတိယသမ္မတအဖြစ် တင်မြှောက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ကလည်း NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးဖြိုးမင်းသိန်းအပါအဝင် ဗဟိုကော်မတီဝင်တွေဖြစ်တဲ့ ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်နဲ့ ဦးဝင်းမြင့်အောင်တို့ကို NLD ဗဟိုအလုပ်ကော်မတီ က ထုတ်ပယ်ခဲ့ပါတယ်။

#ဟင်နရီဗန်ထီးယူ

မင်းအောင်လှိုင်တည်တဲ့ ဘုရား အလကား ပေးဖူးDTV, 9-7-2023https://www.facebook.com/100093435198602/posts/156688737455632/?mib...
09/08/2023

မင်းအောင်လှိုင်တည်တဲ့ ဘုရား အလကား ပေးဖူး

DTV, 9-7-2023

https://www.facebook.com/100093435198602/posts/156688737455632/?mibextid=cr9u03

မင်းအောင်လှိုင်တည်တဲ့ ဘုရား အလကား ပေးဖူး

DTV, 9-7-2023

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် တည်တဲ့ မာရဝိဇယဘုရားကို ရက်အကန့်အသတ်နဲ့ အလကား (အခမဲ့) ပေးဖူးတယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေက မြိုင်မြိုင်ဆိုင်ဆိုင် ရေးသားဖော်ပြနေကြပါတယ်။

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်မှာ တည်ထားတဲ့ မာရဝိဇယ ဘုရားကို ဩဂုတ်လ ၈ ရက်နေ့က ၁၆ ရက်နေ့ပဲ အလကားပေးဖူးတာလို့ ဆိုပါတယ်။

အဲဒီနောက်ပိုင်းမှာ ဘုရားဖူးခကိုတောင် အခကြေးငွေကောက်ခံမယ့် အစီအစဉ်ရှိနေတယ်လို့ အဲဒီမီဒီယာတွေမှာ ဖော်ပြထားချက်အရ‌ သိရပါတယ်။

စစ်ကောင်စီ ဝါဒဖြန့်ရုပ်သံတွေမှာတော့ စည်စည်ကားကား ဖူးမြော်လို့ ဖော်ပြနေပေမယ့်လည်း အဲဒီရုပ်သံတွေ ထဲက ဘုရားဖူးပြည်သူတွေဟာ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ တူညီဝတ်စုံတွေနဲ့ကသာ အများစု ဖြစ်နေတာကို တွေ့ရပါတယ်။

မာရ ဆိုတဲ့ အဓိပ္ပါယ်ဟာ ပါဠိလို သေခြင်းတရားလို့ အဓိပ္ပါယ်ကောက်ယူနိုင်ပြီး ဝိဇယဆိုတာက အောင်မြင်ခြင်း ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်တာမို့ မင်းအောင်လှိုင်ဟာ သေဘေးကလွတ်မြောက်အောင် ဒီဘုရားကို ယတြာအနေနဲ့ တည်တာလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

နည်းပညာနဲ့ အကျွမ်းတဝင်ရှိတဲ့ ပြည်သူလူထုကတော့ Google Map မှာ ဘုရားရဲ့ ဘွဲ့တော်ကို Crying Buddha လို့ အမည်ပေးဖို့ ကြိုးပမ်း အားထုတ်မှုတွေ ရှိနေပါတယ်။

Google Map မှာ ဘုရားရဲ့ တည်နေရာကို ထောက်ပြီး Crying Buddha လို့ ပြင်ဆင်မှု အကြိမ်ပေါင်း ၃၀၀ ကျော် ရှိနေသလို စစ်ကောင်စီဘက်ကလည်း မူလနာမည်ကို အကြိမ်ကြိမ်ပြန်လည် ပြင်ဆင်ထားတာတွေ့ရပါတယ်။

ပဲ့တင်ထပ်နေသည့် ရုန်းကန်တော်လှန်မှုအယ်ဒီတာ့ အာဘော်(၈၊ ၈၊ ၂၀၂၃)(၈၈၈၈ တော်လှန်ရေးနှင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု မျဉ်းပြ...
08/08/2023

ပဲ့တင်ထပ်နေသည့် ရုန်းကန်တော်လှန်မှု

အယ်ဒီတာ့ အာဘော်(၈၊ ၈၊ ၂၀၂၃)
(၈၈၈၈ တော်လှန်ရေးနှင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု မျဉ်းပြိုင် ကောက်ကြောင်း)

https://www.facebook.com/100093435198602/posts/156030957521410/?mibextid=cr9u03

ဒဂုံတက္ကသိုလ် ကျောင်းသား ခုနစ်ဦး သေဒဏ်ကနေ ထောင်ဒဏ်တစ်သက်ပြောင်းDTV, 07 August 2023https://www.facebook.com/1000934351986...
07/08/2023

ဒဂုံတက္ကသိုလ် ကျောင်းသား ခုနစ်ဦး သေဒဏ်ကနေ ထောင်ဒဏ်တစ်သက်ပြောင်း

DTV, 07 August 2023

https://www.facebook.com/100093435198602/posts/155524330905406/?mibextid=cr9u03

ဒဂုံတက္ကသိုလ် ကျောင်းသား ခုနစ်ဦး သေဒဏ်ကနေ ထောင်ဒဏ်တစ်သက်ပြောင်း

DTV, 07 August 2023

ဒဂုံတက္ကသိုလ်ကျောင်းသား၇ဦးကို ဩဂုတ်လ ၁ ရက်နေ့က သေဒဏ်ကနေ ထောင်ဒဏ်တစ်သက် ပြောင်းလဲချမှတ်လိုက်တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ပါတယ်။

ထောင်ဒဏ်တစ်သက်အဖြစ်ပြောင်းလဲချမှတ်ခံခဲ့ရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား၇ဦးမှာ ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုသီဟထက်ဇော်၊ ကိုဇော်လင်းနိုင်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦးနဲ့ ကိုခန့်လင်းမောင်မောင်တို့ဖြစ်ပါတယ်။

အဲဒီကျောင်းသားတွေဟာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့က အင်းစိန်ထောင်တွင်း စစ်ခုံရုံးကနေ ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၃၀၂ လူသတ်မှုနဲ့စွပ်စွဲပြီး သေဒဏ်ချမှတ်ခံထားကြရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့မှာ တောင်ဒဂုံမြို့နယ် (ဘဏ်ခွဲ) ကမ္ဘာ့ရတနာဘဏ် မန်နေဂျာကို သတ်ဖြတ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့အကြမ်းဖက်စစ်တပ်က အဲဒီကျောင်းသားတွေကို တရားစွဲဆိုခဲ့ တာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ထုတ်ပြန်ချက်အရ အာဏာသိမ်းချိန်ကနေ အခုနှစ်ဩဂုတ်လ ၄ရက်နေ့အထိဒီမိုကရေစီအရေးလှုပ်ရှားသူ ၂၄,၂၁၂ ဦး ဖမ်းဆီးခံထားရပြီး၊ ၇,၀၀၃ ဦး ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

#ဒဂုံတက္ကသိုလ်

လဲချားမြို့က တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၁၀ဦးသေဆုံးပြီး စစ်သုံးယာဉ်တစ်စီးပါသိမ်းဆည်းရမိတယ်လို့ SSPP/SSAထုတ်ပြန်DTV, 7 Augu...
07/08/2023

လဲချားမြို့က တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၁၀ဦးသေဆုံးပြီး စစ်သုံးယာဉ်တစ်စီးပါသိမ်းဆည်းရမိတယ်လို့ SSPP/SSAထုတ်ပြန်

DTV, 7 August 2023

https://www.facebook.com/100093435198602/posts/155478227576683/?mibextid=cr9u03

07/08/2023

မြဝတီ -ကော့ကရိတ် အာရှလမ်းမကြီးမှာ လမ်းမြေပြိုကျ(ရုပ်သံ)

DTV, 07 August 2023

https://fb.watch/mgm0Q0hRC6/?mibextid=cr9u03

Address

Yangon

Alerts

Be the first to know and let us send you an email when Democratic TV Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Democratic TV Channel:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share