
02/05/2025
ကျိုင်းတုံမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆိုင်ကယ် အလစ်သုတ် ခိုးယူမှု
https://youtu.be/JqPNCCpG0uI
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ ဝင်းတည်းခိုခန်း(၂)မှာ ငွေလာလွှဲသူရဲ့ ဆိုင်ကယ်ကို အလစ်သုတ် ခိုးယူတဲ့ ဖြစ်စဉ် ၂၀၂၅ခုနှစ် မေလ(၂)ရက်နေ့ ည(၆)နာရီ မိနစ်(၄၀)ဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ပါတယ်။
ဆိုင်ကယ် အလစ်သုတ်ခိုးယူတာကို အချိန်မီ သိရှိသွားတဲ့အတွက် ကံကောင်းထောက်မစွာနဲ့ ပြန်လုယူနိုင်ခဲ့ပါတယ်။
ဒီဖြစ်စဉ်မှာ ဆိုင်ကယ်ပိုင်ရှင်ဟာ ဆိုင်ကယ်ကို ရပ်တန့်စဉ်မှာ ဆိုင်ကယ်သော့ကို မဖြုတ်သွားသလို ဆိုင်ကယ်စက်ကိုလည်း မပိတ်ခဲ့ဘဲ ဒီအတိုင်းထားခဲ့တာကို ဆိုင်ကယ်ခိုးဖို့ လှည့်လည်သွားလာနေတဲ့ သူခိုးအဖွဲ့က တွေ့ပြီး အခုလို အလစ်သုတ် ခိုးယူဖို့ ကြိုးစားခြင်း ဖြစ်တာကို CCTV မှတ်တမ်းအရ တွေ့ရပါတယ်။
အခုဆိုရင် ကျိုင်းတုံမြို့ဟာ တာချီလိတ်မြို့လိုဘဲ ဆိုင်ကယ် လုယက်မှုတွေနဲ့ အလစ်သုတ်ခိုးယူမှုတွေ နီးစဉ်နီးပါး ဖြစ်ပွားနေပါတယ်။
ကျိုင်းတုံမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆိုင်ကယ် အလစ်တုပ် ခိုးယူမှုရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ ဝင...