28/08/2021
📫ယနေ့ကြေးနန်း📫
🕛၂၈-၈-၂၀၂၁...............................
🎯မြင်းခြံ
*******
♦ထန်းပင်ကန်နှင့်ကျောက်မြေကျေးရွာသို့
စခရခများ ဝင်မွှေ၊ ထန်းပင်ကန်ဒေါ်ဥမ္မာသိမ့်အိမ်နှင့် ကျောက်မြေ ဦးစိုးမြင့်အိမ် ဝင်ရောက်ရှာဖွေ၊ မဥမ္မာသိမ့်အိမ်မှ ရွှေငွေ သိန်း ၅၀၀ ဖိုးခန့် လုယက်ခိုးယူသွား
♦တောပုရွာ၊နဘူးအိုင်ရွာ၊သဲဖြူဝ၊အုတ်ကျင်းရွာများတွင် စခများတပ်စွဲ
🔊 ပြည်သူများ သတိရှိကြပါ။ အထူးဂရုစိုက်ကြပါ ။
အဖမ်းအဆီး သတိပြုကြရန်နှင့် ဖမ်းဆီးခံရပါက ICRCနှင့် AAPPကို ဆက်သွယ်စာရင်းသွင်းထားရန် အကြံပြုအပ်ပါသည်။ စာရင်းသွင်းထားမှသာ နိုင်ငံရေးအကျဉ်းသား အမည်စာရင်းပေါက်၍ ပြန်လည်လွှတ်ပေးရသည်အခါ အခွင့်အရေးရှိမည် ဖြစ်ပါသည်။
(ဆက်သွယ်ပေးပို့ရေး တာဝန်ခံလုပ်ဆောင်ပေးမည်။)
🛑 NUG
*******
♦စစ်ကောင်စီအကြမ်းဖက်အဖွဲ့က တရားမဝင်ငွေစက္ကူတွေ ရိုက်နှိပ်ထုတ်ဝေနေတာကို အားပေးအားမြောက် ကူညီတဲ့ စီးပွားရေးလုပ်ငန်းတွေကို မှတ်တမ်းပြု အရေးယူမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတိပေး
🎯 တိုက်ပွဲ၊ EAOs & PDF
*******************
♦KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီ၊ BGF ပူးပေါင်းအဖွဲ့နှင့် KNLA တို့ ယမန်နေ့တွင် တိုက်ပွဲ ၆ ကြိမ်ဖြစ်၊ စစ်ကောင်စီဘက်မှ ၁၅ ဦး သေဆုံး
♦လွိုင်လင်လေးမြို့အရှေ့ဘက် ဒေါတဟေးရွာအနီးတွင် စစ်ကောင်စီနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေ
♦ယင်းမာပင်နှင့်ပုလဲမြို့နယ်ကြား တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း သေဆုံး
♦တိုက်ခိုက်ချေမှုန်းရေးလုပ်သွားမည်ဟု မြန်မာပြည်အလယ်ပိုင်းအခြေစိုက် ထနောင်းတပ် (H.T.F)ပြော
♦စဥ့်ကူးမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးအား ကျည်ဆန်ဖြင့် SPDF သတိပေး
♦မြို့ပြပျောက်ကျားစနစ်ကို ထိရောက်အောင်လုပ်နိုင်ဖို့ ရန်ကုန်မြို့ပြအာဏာရှင်ဆန့်ကျင်ရေးအင်အားစုကို ဖွဲ့စည်း
♦MNDAA ကိုးကန့်ပြည်သူ့အုပ်ချူပ်ရေးအဖွဲ့က မုံးကိုးပြည်သူများကို စားနပ်ရိက္ခာထောက်ပံ့
🤡 အကြမ်းဖက် အဖွဲ့
***************
♦မီဒီယာများ၏ အကောင်းပြောမခံရဟု မြန်မာအကြမ်းဖက်စစ်ခေါင်းဆောင်ပြော
♦ဒလန်တွေကို ဆုကြေးငွေ အနည်းဆုံး ၅သိန်းပေးမယ်လို့ စစ်ကောင်စီကြေငြာ
♦အကြမ်းဖက် စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက သတင်းစာ ရှင်းလင်းပွဲတွင် CDM သူနာပြု ကိုစည်သူလွင်ကို PDF အဖွဲ့ဝင်ဟု လိမ်လည် ပြောဆို ဝါဒဖြန့်
♦ပဲခူးမြို့အတွင်းမှာ စစ်ကောင်စီက ကင်းလှည့်ဖမ်းဆီးတာတွေပြုလုပ်ဖို့ လူနာတင်ယာဉ်တွေကို အသုံးပြုနေ
♦မလှိုင်မြို့နယ် တောတွင်းစခန်းတစ်ခုကို စစ်ကောင်စီတပ်က ဝင်စီး
♦စစ်ကောင်စီစစ်ကား ၁၀ စီးကျော် ဒီမနက်ဘားအံကနေထွက်ခွာ
💣ဗုံး
*****
♦လှိုင်မြို့နယ် ၃ နေရာတွင် ဗုံးပေါက်ကွဲမှုများဖြစ်
♦မင်းဘူးမြို့မှာ သြဂုတ် ၂၇ ရက်နေ့ည ၇ နာရီဝန်းကျင်လောက်က အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး မင်းဘူးခရိုင်ရဲမှူးရုံး ဗုံးခွဲတိုက်ခိုက်ခံရ
♦တန့်ဆည်မြို့နယ်တရားရုံးအနီး ဗုံးပေါက်ကွဲ
♦မြဝတီမြို့ ၊ ကြံ့ခိုင်ရေးပါတီရုံးရှေ့ ဗုံးကွဲ
👹စစ်တပ်ရဲ့ ယုတ်မာရက်စက်မှု
********************
♦မန္တလေးသပိတ်စစ်ကြောင်း ဖြိုခွင်းခံရ အမျိုးသမီး ၁ ဦး ကျည်ထိမှန်၊ ၁ ဦး ဖမ်းဆီးခံရ
♦မိုးကုတ်က ဖမ်းဆီးခံလူငယ် ၁၁ ဦးနှင့် အဆက်သွယ်မရသဖြင့် မိသားစုဝင်များ စိုးရိမ်
♦ကလေးမြို့နယ် တင်သားရွာ နေအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့
♦တန့်ဆည်မြို့နယ်၊ကပေါင်းကျကျေးရွာတောထဲမှ စစ်ဘေးရှောင်နေကြတဲ့ဒေသခံတွေကို စစ်တပ်ကလိုက်လံပစ်ခတ်ခဲ့တဲ့အတွက် မောင်နှမနှစ်ယောက်ကျည်ထိမှန်ပြီး တစ်ဦးသေဆုံးသွား
♦ဘုတလင်မြို့နယ်တွင် CDM ထွေအုပ်စာရေး ၁ ဦး ဖမ်းဆီးခံရ
♦သိမ်ဇရပ်မြို့ NLD ပါတီ အတွင်းရေးမှူး ဖမ်းဆီးခံရ
♦KNU တပ်မဟာ ၄ အပိုင် ကျေးဇူးတော်ရွာမှ တိမ်းရှောင်နေသည့် ရွာသားများကို စစ်ကောင်စီပြန်ခေါ်၊ တောနင်းရှာတွေ့ပါက ပစ်သတ်မည်ဟု ခြိမ်းခြောက်
♦ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကို အဂတိမှုဖြင့် စစ်ကောင်စီအမှုဖွင့်
♦မိုးကုတ်မြို့တွင် စစ်ကောင်က လူငယ်တစ်ဦးအား ဖမ်းဆီးပြီး ထောင်ဒဏ် ၁ နှစ်ချ
♦ပုလဲမြို့နယ် မင်းတိုင်ပင်ရွာက ပရဟိတလူငယ်တစ်ဦး ဖမ်းဆီးခံရ
♦စစ်ကောင်စီက အသက်မပြည့်သေးသူ ၂ဦးကို သေဒဏ်ချမှတ်
♦ကျည်ပေါက်ကွဲကြောင့် ဒဏ်ရာရရှိသူတွေကို ဟားခါးအစိုးရဆေးရုံမှာသာ ကုသဖို့ စစ်ကောင်စီက ဖိအားပေးနေ
♦လှူဒါန်းသူများကိုသေနတ်နှင့်ချိန်တားဆီးပြီးနောက် စစ်ကောင်စီတပ်ကိုယ်တိုင်ဈေးရောင်း
♦ကပစ (၁၈) စက်ရုံမှူးက စစ်သည်မိသားစု၏ ရိက္ခာအပြည့်အဝမပေးဘဲ ခေါင်းပုံဖြတ်နေ
🕳️သာရေး
********
♦တန့်ဆည်မြို့နယ်တွင် ပျူစောထီး အဖွဲ့ဝင် တူဝရီးနှစ်ဦး အသတ်ခံရ
♦စဉ့်ကူးမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ
😷ကိုဗစ်
*******
♦လားရှိုးမြို့ သီလရှင်အပါး ၅၀ ဝန်းကျင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရ
♦ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြင့်သေဆုံးသူ ၄၀၀ ခန့်ရှိလာ
♦ မနေ့က တရက်တည်း ကိုဗစ်-၁၉ လူနာသစ်၂၆၀၀ ကျော်ရှိ၊ ၁၁၈ ဦးထပ်မံသေဆုံး
စစ်ဘေးရှောင်
***********
♦စစ်ကောင်စီ၏ ထိုးစစ်ဆင် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် လွိုင်လင်လေး အရှေ့ဘက် ကျေးရွာ ၇ ခုမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
♦စစ်ကောင်စီက ထောက်ပံ့ပစ္စည်းများ သယ်ခွင့်မပြုသဖြင့် စစ်ရှောင်များစားနပ်ရိက္ခာ အကူအညီ လိုအပ်
🌐 နိုင်ငံတကာ
***********
♦မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းထောက်တွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့ နယူးယောက်အခြေစိုက် သတင်းထောက်များအကာအကွယ်ပေးရေး ကော်မတီ (CPJ) က တောင်းဆိုလိုက်
⛔ လူမှုစီးပွား
**********
♦အချိန်ခါမဟုတ်ပဲ ဆန်ချော ဈေးကွက် ဈေးမြင့်နေ
🔵အထွေထွေ
**********
♦ရန်ကုန်တိုင်းထဲက မြို့နယ် ၅ မြို့နယ်မှာ ဩဂုတ် ၂၉ ရက် မနက်ဖြန် တနင်္ဂနွေနေ့ မနက် ၉ နာရီကနေ မွန်းလွဲ ၁ နာရီအထိ အချိန်ပိုင်း မီးပြတ်မှာ ဖြစ်
♦မင်းတပ်မြို့ပေါ် ရပ်ကွက်များတွင် နေ့လည်ဘက် ဧည့်စာရင်းနှင့်အိမ်ထောင်စုစာရင်းစစ်
♦ ရဲဝန်ထမ်းမိသားစုဝင်များ အွန်လိုင်း မှဈေးမဝယ်ရန်လျှို့ဝှက်ညွှန်ကြားစာ ပေါက်ကြား
♦မန္တလေးတွင် နယ်ကျော်ကတ်၊ ဈေးဝယ်ကတ်များကို ရှောင်တခင် စစ်ဆေးရန် စစ်ကောင်စီ ညွှန်ကြား
♦မြစ်ကြီးနားမြို့တွင် ပေးဆပ်သူအသင်းက အောက်စီဂျင်အခမဲ့ပေးဝေမည်
♦ထုတ်ပယ်ခံ မော်လမြိုင်တက္ကသိုလ် CDM ဆရာမ၊ ဆရာမများထံမှ ချေးငွေ ပြန်တောင်း
♦မူဆယ်တွင် လူဦးရေ ၂၅၀၀ အတွက် အစားအသောက်လှူဒါန်း
♦မန္တလေးတွင် စေတနာ့ဝန်ထမ်း လူငယ်များက ဆေးဝါးနှင့် အစားအစာ အခမဲ့သယ်ယူပို့ဆောင်ပေး
♦နိုင်ငံအနှံ ပြည်သူများ ပုံသဏ္ဍာန်မျိုးစုံဖြင့် စစ်ကောင်စီကို ဆက်လက် ဆန္ဒပြနေဆဲဖြစ်သည်
♦ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသူ ၁၀၂၆ ဦးနှင့် ဖမ်းဆီးချုပ်နှောင်ခံနေရသူ ၆၀၀၅ ဦးရှိဟု ယနေ့ သြဂုတ် ၂၈ ရက်တွင် AAPPထုတ်ပြန်ထား
🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ