Peter Sawm

Peter Sawm လေ့လာသင်ယူရင်း လက်တွေ့အသုံးချမယ်👨‍💻🚀💻📚

Spring Boot projectတစ်ခုမှာ Junior Developer နဲ့ Senior Developer ကို ဘာက အဓိက ခွဲခြားသလဲ။ အဲဒါကတော့ Code Patterns တွေပါ...
01/11/2025

Spring Boot projectတစ်ခုမှာ Junior Developer နဲ့ Senior Developer ကို ဘာက အဓိက ခွဲခြားသလဲ။ အဲဒါကတော့ Code Patterns တွေပါ။ Senior Developer တွေဟာ ပိုပြီး စနစ်ကျ၊ လွယ်ကူထိန်းသိမ်းနိုင်တဲ့၊ လိုအပ်ရင် ပြောင်းလဲလို့ရတဲ့ Code တွေကို ဖန်တီးဖို့အတွက် သတ်မှတ်ထားတဲ့ ပုံစံ ၅ မျိုးကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုတတ်ကြပါတယ်။ Junior ဘဝကနေ Senior အဆင့်ကို ကူးပြောင်းဖို့အတွက် မဖြစ်မနေသိထားရမယ့် Spring Boot Patterns ၅ မျိုးကို တစ်ခုချင်းစီ လေ့လာကြည့်ရအောင်ဗျာ။

၁။ 🛡️ Strategy Pattern
ပထမဆုံး Pattern ကတော့ Strategy Pattern ပါ။ ဒါက ဘာအတွက်လဲဆိုရင်တော့ ကျွန်တော်တို့ Application မှာ အလုပ်တစ်ခုတည်းကို လုပ်ဆောင်ဖို့အတွက် နည်းလမ်းမျိုးစုံ၊ တွက်ချက်ပုံ (Algorithms) မျိုးစုံ ရှိနေတဲ့အခါမျိုးမှာ သုံးပါတယ်။ ဥပမာ- ငွေပေးချေမှု (Payment) ကို Credit Card နဲ့ ပေးမလား၊ Mobile Banking နဲ့ ပေးမလား စသဖြင့်ပေါ့နော်။ Senior ဘာကြောင့် သုံးတာလဲဆိုရင် Senior တွေဟာ if/else ဒါမှမဟုတ် switch အကြီးကြီးတွေကို ရှောင်ရှားချင်ကြပါတယ်။ ဒီ Pattern ကို သုံးလိုက်ရင် ပုံစံအသစ်တစ်ခု (ဥပမာ- Crypto Payment) ထပ်ထည့်ဖို့အတွက် လက်ရှိ Code တွေကို လုံးဝ ပြင်စရာမလိုဘဲ အသစ်တစ်ခု ရေးထည့်လိုက်ရုံပါပဲ။ ဒါကို Open for Extension, Closed for Modification လို့ခေါ်ပါတယ်။

၂။ 🏭 Factory Pattern
ဒုတိယတစ်ခုကတော့ Factory Pattern ပါ။ နာမည်အတိုင်းပါပဲ၊ ပစ္စည်းထုတ်တဲ့ စက်ရုံလိုပေါ့နော်။ ဒါက ဘာအတွက်လဲဆိုရင်တော့ Object တစ်ခုကို ဖန်တီးတဲ့ လုပ်ငန်းစဉ် (Instantiation Logic) ကို၊ အဲဒီ Object ကို အသုံးပြုမယ့် Class တွေဆီကနေ ဖယ်ထုတ်ပစ်ဖို့ သုံးပါတယ်။ Junior နဲ့ Senior ကွာခြားချက်ပြောရရင်တော့ Junior တွေဟာ Code ထဲမှာ new MyObject() လို့ အမြဲတမ်း ခေါ်နေတတ်ကြတယ်။ Senior တွေကတော့ ဒီလိုဖန်တီးတဲ့အပိုင်းကို သီးခြား Class (Factory) တစ်ခုထဲမှာ ပိတ်ပြီး ထားလိုက်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အပြင်က Class တွေဟာ ဘယ် Object ကို သုံးနေတယ်ဆိုတာကို သိစရာမလိုဘဲ အလုပ်အပ်လိုက်ရုံပါပဲ။ ဒါမှ Code တွေ ချိတ်ဆက်မှု (Coupling) လျော့နည်းပြီး လွယ်လွယ်ကူကူ ပြောင်းလဲနိုင်မှာပါ။

၃။ 🗣️ Observer Pattern
တတိယ Pattern ကတော့ သတင်းပို့စနစ် (Notification System) တွေမှာ အသုံးများတဲ့ Observer Pattern ပါ။ ဒါက ဘာအတွက်လဲဆိုရင်တော့ Event တစ်ခုဖြစ်လာတဲ့အခါ (ဥပမာ- User တစ်ယောက် အကောင့်ဖွင့်လိုက်တဲ့အခါ)၊ အဲဒီ Event နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းဆောင်တာများစွာကို အလိုအလျောက် အကြောင်းကြားပြီး လုပ်ဆောင်စေဖို့အတွက် သုံးပါတယ်။ Spring Boot မှာ ဘယ်လိုသုံးလဲ။ Spring ရဲ့ ApplicationEventPublisher ကိုသုံးပြီး သီးခြား Class တွေဆီကို Message တွေ လွှင့်ပေးလို့ရပါတယ်။ ဥပမာ- User အကောင့်ဖွင့်တာနဲ့ Email ပို့တာ၊ Welcome Badge ပေးတာ၊ Log ထုတ်တာ စတဲ့ လုပ်ငန်း ၃ ခုကို တစ်ပြိုင်နက် လုပ်ဆောင်စေနိုင်ပါတယ်။ ဒါမှ Main Business Logic က ပိုပြီး သန့်ရှင်းသွားတာပေါ့နော်။

၄။ 🧩 Decorator Pattern
နောက် patternကတော့ Decorator Pattern ပါ။ ဒါက ဘာအတွက်လဲဆိုရင်တော့ လက်ရှိ Object ရဲ့ အဓိက လုပ်ဆောင်ချက် (Core Functionality) ကို မထိခိုက်စေဘဲ အပိုဆောင်း စွမ်းဆောင်ရည် (Additional Functionality) တွေကို လိုသလို ထပ်ထည့်ပေးဖို့အတွက် သုံးပါတယ်။ လက်တွေ့ ဥပမာ- UserService ဆိုတဲ့ Class တစ်ခုရှိတယ်။ အဲဒီ Service ရဲ့ အရှေ့မှာ Logging နဲ့ Caching ကို ထပ်ထည့်ချင်တယ်ဆိုရင်၊ လက်ရှိ Service Code ကို လုံးဝမပြင်ဘဲ Decorator Class တွေနဲ့ အပေါ်ကနေ ဝန်းရံပြီး ထပ်ပေါင်းထည့်လိုက်လို့ ရပါတယ်။ ဒီ Pattern က Code တွေ ထပ်ခါတလဲလဲ ဖြစ်တာကို လျော့နည်းစေပါတယ်ဗျာ။

၅။ 🔄 Chain of Responsibility
နောက်ဆုံး patternကတော့ Chain of Responsibility ပါ။ နာမည်ရှည်ပေမယ့် ရိုးရှင်းပါတယ်ဗျာ။ ဒါက ဘာအတွက်လဲဆိုရင် Request တစ်ခု (ဥပမာ- API Call တစ်ခု) ဝင်လာတဲ့အခါ၊ အဲဒီ Request ကို လက်ခံကိုင်တွယ်ဖို့အတွက် Class တွေရဲ့ ဆင့်ကဲကွင်းဆက် (Chain) ကို ဖွဲ့စည်းပေးတာပါ။ Spring Boot ရဲ့ Filter ဒါမှမဟုတ် Interceptor တွေဟာ ဒီ Pattern ကို အသုံးပြုထားတာပါ။ Request တစ်ခု ဝင်လာတာနဲ့ Authentication လုပ်မယ်၊ ပြီးရင် Authorization လုပ်မယ်၊ ပြီးမှ Controller ဆီ ပို့မယ်၊၊ ဒါတွေဟာ တာဝန်ယူမှု ကွင်းဆက်တစ်ခုပါပဲ။ Senior တွေဟာ ကိုယ့်ရဲ့ Custom Business Logic ကိုလည်း ဒီလို ကွင်းဆက်ထဲမှာ ထည့်သွင်း စီမံခန့်ခွဲတတ်ကြပါတယ်ဗျာ။

ဒီတော့၊ အခုပြောပြတာတွေက ရှင်းပါတယ်။ Junior တွေဟာ "အလုပ်ပြီးမြောက်ဖို့" ကိုပဲ အာရုံစိုက်ပေမယ့်၊ Senior တွေကတော့ "အလုပ်ကို စနစ်တကျနဲ့ အနာဂတ်အတွက် လွယ်လွယ်ကူကူ ပြင်ဆင်နိုင်အောင် ဘယ်လိုပြီးမြောက်စေမလဲ" ဆိုတာကို အမြဲစဉ်းစားပါတယ်။ ဒီ Pattern ၅ မျိုးကို နားလည်ပြီး ကိုယ့် Code ထဲမှာ စတင်အသုံးပြုကြည့်ပါလို့ အားပေးချင်ပါတယ်ခင်ဗျာ။

Telegram link- https://t.me/petersawmtech/54
𝐉𝐚𝐯𝐚 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐢𝐧𝐠 ရဲ့ အဓိက သဘောတရားများက ဘာတွေလဲ
https://www.facebook.com/share/p/1CZEkKyYxm/
Object-Oriented Programming (OOP)ကို နားလည်ဖို့ လိုတယ်
https://www.facebook.com/share/p/1BZbLF5yt2/
React အကြောင်းတစ်စေ့တစ်စောင်း
https://www.facebook.com/share/p/12KTTkhtW7o/
Programming concepts တွေကို နားလည်ဖို့လိုတယ်
https://www.facebook.com/share/p/1MmeX162Ds/
𝐉𝐚𝐯𝐚 ဖြင့် 𝐃𝐒𝐀- ထိရောက်သော အဆင့်ဆင့် သင်ယူနည်းလမ်း
https://www.facebook.com/share/p/1C3y6drdGi/

TypeScript Code ကို ရေးနေပြီဆိုတော့ tsconfig.json ဖိုင်နဲ့ ရင်းနှီးဖို့ အချိန်တန်နေပါပြီ။ ဒီဖိုင်ဟာ ကိုယ့် Project ရဲ့ ဦ...
23/10/2025

TypeScript Code ကို ရေးနေပြီဆိုတော့ tsconfig.json ဖိုင်နဲ့ ရင်းနှီးဖို့ အချိန်တန်နေပါပြီ။ ဒီဖိုင်ဟာ ကိုယ့် Project ရဲ့ ဦးနှောက် လို့ ပြောရင် မမှားပါဘူး။ ဒီနေ့မှာ Junior တွေ မကြာခဏ လွဲချော်တတ်တဲ့ tsconfig.json ထဲက အရေးကြီးဆုံး Setting သုံးခု ကို လက်တွေ့ကျကျ ရှင်းပြပေးသွားမှာပါ။

၁။ strict ကို အမြဲတမ်း ဖွင့်ပါ
Setting တွေ အားလုံးထဲမှာ ကျွန်တော်တို့ အကြိမ်ရေ အများဆုံး သတိပေးချင်တာက strict ကို ဖွင့်ထားတာပါပဲ။ strict: true ဆိုတာက TypeScript ရဲ့ စစ်ဆေးမှုအားလုံးကို အမြင့်ဆုံးအဆင့် မှာ ထားလိုက်တာနဲ့ အတူတူပါပဲ။ ဘာကြောင့် အရေးကြီးတာလဲဆိုရင် null ဒါမှမဟုတ် undefined ဖြစ်နိုင်ချေရှိတဲ့ Variables တွေကို သေချာစစ်ဆေးခိုင်းတဲ့အတွက် Runtime Error တွေ လျော့ကျသွားမယ်။ Type သတ်မှတ်မထားတဲ့အခါ any ကို အလိုအလျောက် သုံးတာကို တားဆီးပေးတယ်။ strict: true ဟာ ကျွန်တော်တို့ကို ပိုကောင်းတဲ့၊ ပိုလုံခြုံတဲ့ Code တွေ ရေးဖို့ အတင်းအကျပ် တွန်းအားပေးပါတယ်။ ဒါက ကိုယ့်ကိုကို့ စည်းကမ်းတင်းကျပ်လိုက်တာနဲ့ အတူတူပါပဲ။ Professional ပီသတဲ့ အလေ့အကျင့်ပါ။

၂။ Modules တွေကို စနစ်တကျ စီမံပါ
နောက်တစ်ခုကတော့ moduleResolution ပါ။ ကိုယ့် Code က ဘယ်လိုနည်းနဲ့ အစိတ်အပိုင်းတွေ (Modules) ကို ရှာဖွေရမလဲဆိုတာကို ဒီ Setting က ပြောပြပေးပါတယ်။ ဒီနေရာမှာ moduleResolution: "node" (သို့မဟုတ် ပိုပြီးအသစ်ဖြစ်တဲ့ "nodenext" ကိုသုံးပါ) လို့ သတ်မှတ်ဖို့ လိုပါတယ်။ Node.js Project တွေမှာ Dependencies တွေကို ဘယ်လို ရှာရမယ်၊ ဘယ်လို import လုပ်ရမယ်ဆိုတာကို TypeScript ကို နားလည်အောင် သင်ပေးပါတယ်။ ဒီ Setting မှန်မှသာ Third-party Library တွေကို သုံးတဲ့အခါ Type Error တွေ မတက်တော့ဘဲ ချောချောမွေ့မွေ့ အလုပ်လုပ်မှာ ဖြစ်ပါတယ်။ Junior တွေ မကြာခဏ ခေါင်းကိုက်ရတဲ့ အချက်ပါ။

၃။ Output Directory ကို သတ်မှတ်ပါ
နောက်ဆုံးအချက်ကတော့ outDir ပါ။ TypeScript ဖိုင်တွေ (.ts) ကို JavaScript ဖိုင်တွေ (.js) အဖြစ် ပြောင်းတဲ့အခါ (Compile လုပ်တဲ့အခါ)၊ ဘယ်နေရာမှာ ထားရမလဲ ဆိုတာ သတ်မှတ်ဖို့ လိုပါတယ်။ ဒီလို ရေးလိုက်ပါ - "outDir": "./dist" ဘာကြောင့် အရေးကြီးတာလဲဆိုရင်တော့ Source Code (မူရင်း .ts ဖိုင်တွေ) နဲ့ Compile လုပ်ပြီးသား Code (.js ဖိုင်တွေ) ကို သီးခြား ခွဲခြားလိုက်နိုင်တယ်။ ကိုယ့် Project Folder ကို ရှင်းလင်းသွားစေတယ်။ .js ဖိုင်တွေအားလုံးကို dist (distribution) ဆိုတဲ့ Folder တစ်ခုတည်းမှာ စုစည်းထားလို့ ရတယ်။ ဒါက Deployment လုပ်ဖို့အတွက်လည်း အလွန် အသုံးဝင်ပါတယ်။

ကိုယ်က Professional Developer တစ်ယောက်လို Code ရေးချင်ရင်…
✅ "strict": true ကို အမြဲဖွင့်ပါ။ (Type Safety အတွက်)
✅ "moduleResolution" ကို ကိုယ့် Project Environment နဲ့ ကိုက်အောင် သတ်မှတ်ပါ။ (Import Error တွေ ရှောင်ရှားဖို့)
✅ "outDir" ကို သုံးပြီး Source နဲ့ Build ဖိုင်တွေကို ရှင်းရှင်းလင်းလင်း ခွဲထားပါ။ (Organization အတွက်)

Telegram link - https://t.me/petersawmtech/53
𝐉𝐚𝐯𝐚 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐢𝐧𝐠 ရဲ့ အဓိက သဘောတရားများက ဘာတွေလဲ
https://www.facebook.com/share/p/1CZEkKyYxm/
Object-Oriented Programming (OOP)ကို နားလည်ဖို့ လိုတယ်
https://www.facebook.com/share/p/1BZbLF5yt2/
React အကြောင်းတစ်စေ့တစ်စောင်း
https://www.facebook.com/share/p/12KTTkhtW7o/
Programming concepts တွေကို နားလည်ဖို့လိုတယ်
https://www.facebook.com/share/p/1MmeX162Ds/
𝐉𝐚𝐯𝐚 ဖြင့် 𝐃𝐒𝐀- ထိရောက်သော အဆင့်ဆင့် သင်ယူနည်းလမ်း
https://www.facebook.com/share/p/1C3y6drdGi/

💾 Volume တွေနဲ့ Data ကို ဘယ်လို ထိန်းသိမ်းမလဲ။ (Data Persistence)Docker Container တွေဟာ မူလသဘောအရ "တစ်ခဏတာသုံး" (Ephemer...
12/10/2025

💾 Volume တွေနဲ့ Data ကို ဘယ်လို ထိန်းသိမ်းမလဲ။ (Data Persistence)
Docker Container တွေဟာ မူလသဘောအရ "တစ်ခဏတာသုံး" (Ephemeral) ဖြစ်ပါတယ်။ ဆိုလိုတာက Container တစ်ခုကို ပိတ်လိုက်တာနဲ့၊ အဲဒီ Container ထဲမှာ ရှိတဲ့ Data တွေ (ဥပမာ- Database ထဲက အချက်အလက်တွေ၊ Log Files တွေ) ဟာ ပျောက်သွားနိုင်တယ်။

ဒါပေမဲ့ ကျွန်တော်တို့ရဲ့ Application တွေက Data တွေကို ရေရှည်သိမ်းထားဖို့ လိုအပ်ပါတယ်။ ဒီလို Data တွေကို Container ရဲ့သက်တမ်းထက် ပိုကြာအောင် ထိန်းသိမ်းဖို့ အတွက် Volume တွေကို အသုံးပြုရပါတယ်။ Volume ဆိုတာက Docker က စီမံခန့်ခွဲတဲ့ သီးခြားနေရာတစ်ခု ဖြစ်ပြီး၊ Host Machine ကိုယ့်ရဲ့ Laptop ဒါမှမဟုတ် Server ပေါ်မှာ တည်ရှိပါတယ်။ ဒီ Volume တွေကို Container ထဲက လိုအပ်တဲ့ Folder တွေနဲ့ ချိတ်ဆက် (Mount) ပေးလိုက်ရုံပါပဲ။

Junior Developer တစ်ယောက်အနေနဲ့ Volume ဘာကြောင့် သုံးသင့်တာလဲဆိုရင်-
၁။ Data Persistence
Database Container ကို ကိုယ်က ဘယ်နှစ်ခါပဲ ဖျက်ဖျက်၊ ပြန်ဖန်တီးဖန်တီး၊ အကယ်၍ Database Data တွေကို Volume နဲ့ ချိတ်ထားမယ်ဆိုရင် ကိုယ့်ရဲ့ Dataတွေဟာ Host Machine ပေါ်မှာ လုံခြုံစွာ ကျန်ရှိနေပါလိမ့်မယ်။

၂။ Better Performance
Volume တွေဟာ Container ရဲ့ စာဖတ်/စာရေးခြင်း (Read/Write) Performanceကို မြှင့်တင်ပေးနိုင်ပါတယ်။ Application ရဲ့ Data တွေအတွက်ဆိုရင် Volume တွေ သုံးတာက အမြဲတမ်း အကောင်းဆုံး နည်းလမ်း ပဲ ဖြစ်ပါတယ်။

၃။ Easy Configuration
Application ရဲ့ Configuration File တွေကို Container ရဲ့ အတွင်းပိုင်းမှာ မထားဘဲ၊ Volume အနေနဲ့ Host Machine ပေါ်မှာ ထားနိုင်ပါတယ်။ ဒါဆိုရင် Configuration ပြောင်းဖို့အတွက် Container အသစ် ပြန် Build စရာ မလိုဘဲ၊ Host Machine ပေါ်က File ကိုသာ တိုက်ရိုက် ပြင်ဆင်နိုင်ပါတယ်။

အနှစ်ချုပ်ပြောရရင်၊ Volume တွေကို နားလည်ပြီး အသုံးပြုနိုင်တာက ကိုယ့်ရဲ့ Development Environment ကို ပိုပြီး တည်ငြိမ်ပြီး စနစ်ကျစေပါတယ်။ ဘာလို့လဲဆိုတော့ Container ပြဿနာတက်ရင်တောင် ကိုယ့် Data တွေက လုံခြုံနေလို့ပါပဲ။

ဒီအချက်တွေကို နားလည်သွားပြီဆိုရင် Docker ရဲ့ အခြေခံသုံးဆင့်ဖြစ်တဲ့ Image Building (Dockerfile)၊ Multi-Service Orchestration (Docker Compose) နဲ့ Data Persistence (Volumes) ဆိုတာတွေကို အခုဆိုရင် လေ့လာနေသူ တစ်ယောက်အနေနဲ့ သဘောပေါက်သွားပြီလို့ ယုံကြည်ပါတယ်ဗျာ။

Telegram link- https://t.me/petersawmtech/49
𝐒𝐨𝐟𝐭𝐰𝐚𝐫𝐞 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 တစ်ယောက် ဖြစ်ချင်တယ်ဆိုရင်
https://www.facebook.com/share/p/1BN7UjSYNU/

Beginner တွေအတွက် Programming Language ကို ဘယ်လိုရွေးမလဲ?
https://www.facebook.com/share/p/1Bu4DfB81x/

Java ကို စတင်လေ့လာတဲ့သူတွေ မှားတတ်တဲ့ အချက် ၅ချက်
https://www.facebook.com/share/p/179WJXMrYp/

Docker ဘာကြောင့် မဖြစ်မနေ လေ့လာသင့်တာလဲ။
https://www.facebook.com/share/p/1G3wxw3Ybi/

DS&A ဆိုတာ ကိုယ့် Code ကို မြန်ဆန်၊ ထိရောက်၊ ပိုမိုကောင်းမွန်အောင် ရေးသားနိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ တွေးခေါ်မှုပုံစံ ပ...
11/10/2025

DS&A ဆိုတာ ကိုယ့် Code ကို မြန်ဆန်၊ ထိရောက်၊ ပိုမိုကောင်းမွန်အောင် ရေးသားနိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ တွေးခေါ်မှုပုံစံ ပါပဲ။ ဒါဟာ Interview ဖြေဆိုဖို့သာမက၊ Professional Developer တစ်ယောက်အနေနဲ့ ရပ်တည်နိုင်ဖို့အတွက်ပါ အဓိကလိုအပ်တဲ့ သော့ချက်ပါ။

Code ချက်ချင်းရေးတာကို ခဏရပ်ပြီး သဘောတရား (Concept) ကို အရင်ဆုံး နားလည်အောင် လုပ်ပါ။ Linked List ကို လေ့လာရင်၊ သူ့ရဲ့ Node တွေနဲ့ Pointer (မြှား) တွေ ဘယ်လိုချိတ်ဆက်ထားလဲဆိုတာကို စာရွက်ပေါ်မှာ ကိုယ်တိုင် ပုံဆွဲကြည့်ပါ။ Stack ရဲ့ Last-In, First-Out (LIFO) သဘောတရားကို ပန်းကန်ထပ်ထားသလို ပုံဖော်ကြည့်ပါ။ ဒါမှသာ Data တွေ စနစ်တကျ ဘယ်လို စီစဉ်ထားတယ်ဆိုတာကို မျက်စိနဲ့ မြင်နိုင်မှာပါ။

Binary Search လို Algorithm မျိုးကို လေ့လာရင် Code မကြည့်ဘဲ စာရွက်ပေါ်က ကိန်းဂဏန်းတွေပေါ်မှာ Step-by-Step ကိုယ်တိုင်လုပ်ဆောင်ရင်း ဖြေရှင်းကြည့်ပါ။ ကိုယ်လေ့လာလိုက်တဲ့ နည်းလမ်းတစ်ခုက Time Complexity (အချိန်ကုန်ကျမှု) ဘယ်လောက်ရှိလဲဆိုတာကို ခန့်မှန်းတတ်ဖို့အတွက် Big O Notation ကို အခြေခံသိထားဖို့လိုပါတယ်။ ဥပမာ- ရှာဖွေမှုတစ်ခုက O(n) (ပစ္စည်းအရေအတွက် များလေ အချိန်ပိုကြာလေ) လား၊ ဒါမှမဟုတ် O(logn) (ပစ္စည်းများပေမယ့် အချိန်နည်းနည်းပဲယူလေ) လားဆိုတာကို ခွဲခြားနိုင်ရပါမယ်။

သဘောတရား နားလည်ပြီးရင် လက်တွေ့ Code ရေးပြီး ခိုင်မာအောင် လုပ်ရပါမယ်။ ဒါပေမယ့် Built-in Function တွေကို ခဏမေ့ထားပါ။ Structure တွေကို အတုယူပါ၊၊ Array, Stack, Queue, Linked List လို Basic Data Structure တွေကို ကိုယ့်ရဲ့ Programming Language (ဥပမာ- Python, Java, JavaScript) ရဲ့ Built-in Method တွေ မသုံးဘဲ ကိုယ်တိုင် Class တစ်ခုတည်ဆောက်ပြီး အစကနေ ရေးကြည့်ပါ။ ဥပမာ- Stack ရဲ့ push() နဲ့ pop() Function ကို ကိုယ်တိုင်ရေးပြီး အတွင်းပိုင်း Logic ကို တကယ်နားလည်စေပါတယ်။ Linear Search နဲ့ Bubble Sort လို ရိုးရှင်းတဲ့ Algorithm တွေကနေ စတင်ပြီး၊ ဖြည်းဖြည်းချင်း Merge Sort, Quick Sort လို ပိုရှုပ်ထွေးတဲ့ Algorithm တွေဆီ ကူးပြောင်းပါ။ Recursive Function တွေရဲ့ အလုပ်လုပ်ပုံကို နားလည်အောင် အချိန်ယူပါ။

Problem-Solving Skill တိုးတက်ဖို့အတွက် LeetCode, HackerRank လို Online Platform တွေမှာ လေ့ကျင့်ခန်းလုပ်ပါ။ နည်းလမ်းမှန်ဆိုရင် အမြဲတမ်း Easy Level မေးခွန်းတွေနဲ့ စတင်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု တည်ဆောက်ပါ။ မေးခွန်းတစ်ခုကို ချက်ချင်း Solution မကြည့်ဘဲ အနည်းဆုံး မိနစ် ၃၀ လောက် စဉ်းစားပြီး၊ စာရွက်ပေါ်မှာ ကိုယ့်ရဲ့ Solution Idea ကို Draft ဆွဲပါ သို့မဟုတ် Code Comment အဖြစ် ချရေးပါ။ Code ရေးပြီးလို့ Error တွေ့ရင် Hint ကိုသာ ရှာကြည့်ပါ။ Solution ကို တစ်ခါတည်း မကြည့်ပါနဲ့။ အဖြေမှန် ရသွားရင်တောင် အခြားသူတွေရဲ့ Solution ကို ကြည့်ပြီး ကိုယ့် Code ထက် ပိုကောင်းတဲ့ (Optimized) နည်းလမ်းတွေ ရှိမရှိ စစ်ဆေးပါ။ ပြီးရင် အဲဒီပိုကောင်းတဲ့ နည်းလမ်းကို ကိုယ့်ဘာသာကိုယ် ပြန်ရေးနိုင်သည်အထိ ထပ်လေ့ကျင့်ပါ။

DS&A ဟာ Consistent (ပုံမှန်မပျက်) လေ့ကျင့်မှ ရလာတဲ့ Skill ပါ။ တစ်ပတ်မှာ အနည်းဆုံး ၂ ရက် ကို DS&A လေ့ကျင့်ဖို့ သီးသန့်အချိန် ပေးပါ။ နေ့တိုင်း Code လွယ်လွယ်လေးတစ်ခုပဲ ရေးရရင်တောင် ရေးပါ။ သင်ယူခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်း၊ အမှားပြင်ဆင်ခြင်း၊ ပိုကောင်းတဲ့ Solution ကို ကြည့်ပြီး ပြန်ပြင်ခြင်း ဆိုတဲ့ သံသရာကို အမြဲလည်ပတ်နေပါ။ DS&A ဟာ ကြည့်နေရုံနဲ့ မရဘဲ လက်နဲ့ ရေးနေမှ ရလာတဲ့ Skill ပါ။

DS&A ကို လေ့လာခြင်းဟာ ကိုယ့်ရဲ့ Code Career တစ်လျှောက်လုံး အကျိုးပြုနေမယ့် Investment တစ်ခုပါပဲ။ ချက်ချင်းမရရင်တောင် စိတ်မပျက်ဘဲ ဇွဲနဲ့ ဆက်လက်လေ့လာပါ။ တစ်ပတ်ကို အနည်းဆုံး ၃ နာရီ ကို DS&A အတွက် သီးသန့်ပေးပါ။ Consistent ဖြစ်နေရင်၊ မကြာခင်မှာပဲ ကိုယ့်ရဲ့ Code ဟာ ပိုပြီး မြန်ဆန်၊ ထိရောက် လာတာကို တွေ့ရပါလိမ့်မယ်။

Telegram link - https://t.me/petersawmtech/48
DS&A - https://neetcode.io/courses/dsa-for-beginners/0
LeetCode - https://leetcode.com/
HackerRank - https://www.hackerrank.com/

𝐉𝐚𝐯𝐚 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐢𝐧𝐠 ရဲ့ အဓိက သဘောတရားများက ဘာတွေလဲ
https://www.facebook.com/share/p/1CZEkKyYxm/
Object-Oriented Programming (OOP)ကို နားလည်ဖို့ လိုတယ်
https://www.facebook.com/share/p/1BZbLF5yt2/
React အကြောင်းတစ်စေ့တစ်စောင်း
https://www.facebook.com/share/p/12KTTkhtW7o/
Programming concepts တွေကို နားလည်ဖို့လိုတယ်
https://www.facebook.com/share/p/1MmeX162Ds/

👨‍💻 Developer တစ်ယောက်အတွက် Docker ဘာကြောင့် မဖြစ်မနေ လေ့လာသင့်တာလဲ။ Docker ဆိုတာ Senior တွေမှ သုံးတာလို့ ထင်နေရင် မှားသ...
09/10/2025

👨‍💻 Developer တစ်ယောက်အတွက် Docker ဘာကြောင့် မဖြစ်မနေ လေ့လာသင့်တာလဲ။ Docker ဆိုတာ Senior တွေမှ သုံးတာလို့ ထင်နေရင် မှားသွားမယ်။ အခုခေတ်မှာ Junior Developer ကစလို့ သိကိုသိရမယ့် Tool တစ်ခု ဖြစ်လာပါပြီ။ ဘာလို့လဲဆိုတော့ အနည်းငယ်ပြောပြသွားမယ်ဗျာ၊၊

၁။ Consistency
ဒါက Developer လောကရဲ့ နာမည်အကြီးဆုံး ပြဿနာပါ။ ကိုယ့်စက်မှာ Code ကောင်းကောင်း အလုပ်လုပ်နေပေမယ့် Testing Environment ဒါမှမဟုတ် Production Server ပေါ်ရောက်သွားတဲ့အခါ ဘာမှ မလုပ်တော့ဘူး ဖြစ်တတ်တယ်။ Docker က ဘာလုပ်ပေးလဲဆိုရင် ကိုယ့်Application နဲ့ သူလိုအပ်တဲ့ Operating System (OS)၊ Library၊ Dependency တွေ အားလုံးကို "Container" ဆိုတဲ့ သေတ္တာလေးတစ်ခုထဲ ထုပ်ပိုးပေးလိုက်တယ်။ ရလဒ်ကတော့ အဲဒီသေတ္တာကို ဘယ်စက်မှာပဲ ဖွင့်ဖွင့်၊ ဘယ်အချိန်မှာပဲ Run Run၊ ရလဒ်က အမြဲတမ်း တူနေမယ်။ ဒီတော့ projectကို တခြားသူဆီ လွှဲပေးတာပဲ ဖြစ်ဖြစ်၊ Server ပေါ် တင်တာပဲ ဖြစ်ဖြစ် ခေါင်းမစားရတော့ဘူးပေါ့။ Environment တစ်ခုတည်းကို အားလုံးက မျှဝေသုံးစွဲ နိုင်သွားတာပေါ့။

၂။ Onboarding Speed
Company အသစ် ဒါမှမဟုတ် Project အသစ်တစ်ခု စဝင်တဲ့အခါ ပတ်ဝန်းကျင် (Development Environment) ကို စနစ်တကျ ပြင်ဆင်ဖို့ အချိန်တွေ အများကြီး ပေးရလေ့ရှိတယ်။ Docker က ဘာလုပ်ပေးလဲဆိုရင်တော့ ကိုယ့်ရဲ့ projectအသစ်မှာ docker-compose up ဆိုတဲ့ Command တစ်ကြောင်းတည်း ရိုက်လိုက်တာနဲ့ Backend Server၊ Database (ဥပမာ- PostgreSQL) နဲ့ Cache Server (ဥပမာ- Redis) တွေ အားလုံးဟာ ချက်ချင်း အလုပ်လုပ်မယ့် အခြေအနေကို ရောက်သွားစေနိုင်တယ်။ သင်ယူသူအတွက် အကျိုးကျေးဇူးကတော့ တစ်ပတ်ကြာမယ့် Setup လုပ်ချိန်ကို မိနစ်ပိုင်းအတွင်း ပြီးသွားစေပြီး၊ ကိုယ့်ရဲ့ အဓိကတာဝန်ဖြစ်တဲ့ Code ရေးသားခြင်းကိုသာ ချက်ချင်း အာရုံစိုက် လို့ရသွားပါတယ်။

၃။ Security & Best Practices
Senior Developer တွေ အသုံးပြုတဲ့ Dockerfile Tips တွေက ကိုယ့်ရဲ့ Code ကို ပိုမို လုံခြုံပြီး performance ကောင်းအောင် လုပ်ပေးနိုင်တယ်။ သင်ယူသင့်တဲ့အရာများ ကတော့-

1️⃣Multi-Stage Builds
Build လုပ်ဖို့ လိုအပ်တဲ့ Tools တွေ (ဥပမာ- Compilers) ကို Final Image ထဲမှာ မပါစေဘဲ ပုံရဲ့အရွယ်အစား (Image Size) ကို လျှော့ချခြင်း။ Image သေးလေ၊ Server နေရာသက်သာလေ၊ ဆွဲရလွယ်လေပဲ။

2️⃣Layer Ordering
မကြာခဏ မပြောင်းလဲတဲ့ (ဥပမာ- Base OS Package တွေ) Command တွေကို Dockerfile ရဲ့ အပေါ်ဆုံးမှာ ထားပြီး၊ မကြာခဏ ပြောင်းလဲတဲ့ Code တွေကို အောက်ဆုံးမှာ ထားတာ။ ဒါမှ Code အသေးအမွှာလေး ပြောင်းလိုက်ရုံနဲ့ အစကနေ ပြန်မ Build ရတော့ဘူး။

3️⃣Non-Root User
Container ကို root user နဲ့ မ run ဘဲ၊ USER non-root-user Command သုံးပြီး သာမန် User အနေနဲ့သာ Run ခိုင်းတာ။ ဒါက Container တစ်ခု အက်ကွဲသွားရင်တောင် Host System ကို ထိခိုက်မှု လျှော့ချပေးနိုင်တဲ့ လုံခြုံရေး အလေ့အကျင့်ပါ။

4️⃣.dockerignore
မလိုအပ်တဲ့ Files/Folders (ဥပမာ- node_modules, .git, .DS_Store) တွေကို Image ထဲမှာ ကူးယူထည့်သွင်းခြင်း မပြုဘဲ ချန်ထားခဲ့တာမျိုး။ ဒါက Image Size သေးစေပြီး Build လုပ်ချိန်ကို လျှော့ချပေးတယ်။

🔑 နိဂုံးချုပ်အနေနဲ့ပြောရရင်တော့ Docker ဟာ Developer ဘဝရဲ့ "ဘုံဘာသာစကား (Common Language)" တစ်ခု ဖြစ်လာပါပြီ။ ကိုယ်ဟာ ဘယ် Platform မှာပဲ အလုပ်လုပ်လုပ် (Web, Mobile Backend, Cloud)၊ Docker ရဲ့ အခြေခံအချက်အလက်တွေနဲ့ အထက်က ပြောပြတဲ့ Tips တွေကို သိထားမယ်ဆိုရင် ကိုယ့်ရဲ့ လုပ်ငန်းခွင် ဝင်ရောက်နိုင်စွမ်း (Employability) နဲ့ အဖွဲ့အစည်းတွင်း ပူးပေါင်းဆောင်ရွက်နိုင်စွမ်း (Collaboration) ကို သိသိသာသာ မြှင့်တင်ပေးနိုင်မှာ သေချာပါတယ်ဗျာ။

Docker လေ့လာချင်ရင် 👇
https://www.youtube.com/watch?v=pg19Z8LL06w

https://www.youtube.com/watch?v=pTFZFxd4hOI

Telegram link - https://t.me/petersawmtech/47
Docker အကြောင်း တစ်စေ့တစ်စောင်း
https://www.facebook.com/share/p/1K2Rt3DKBW/
JavaScript က ခက်လိုက်တာ လူတွေရယ် ဆိုတဲ့သူအတွက်
https://www.facebook.com/share/p/17Fj8cTvqv/
Code ရေးတာအပြင် Project Management ပါ ကျွမ်းကျင်ဖို့လိုတယ်။
https://www.facebook.com/share/p/17D7RGkEkS/
TypeScript အကြောင်း တစ်စေ့တစ်စောင်း
https://www.facebook.com/share/p/1BEwjHSRuW/

Docker ဆိုတာက ကိုယ့်ရဲ့ Software (Application) နဲ့ သူ အလုပ်လုပ်ဖို့ လိုအပ်တဲ့ ပတ်ဝန်းကျင် (Environment) အားလုံးကို "Cont...
08/10/2025

Docker ဆိုတာက ကိုယ့်ရဲ့ Software (Application) နဲ့ သူ အလုပ်လုပ်ဖို့ လိုအပ်တဲ့ ပတ်ဝန်းကျင် (Environment) အားလုံးကို "Container" ဆိုတဲ့ သေတ္တာလေးတစ်ခုထဲ ထုပ်ပိုးပေးတဲ့ နည်းပညာပါ။ Software projectတွေကို မြန်မြန်ဆန်ဆန် တည်ဆောက်ဖို့၊ စမ်းသပ်ဖို့နဲ့ ဖြန့်ချိဖို့အတွက် အသုံးပြုတဲ့ platform တစ်ခုပါ။ ရှင်းရှင်းလင်းလင်းပြောရရင် application တွေကို container ထဲမှာ ထည့်ပြီး run နိုင်အောင် လုပ်ပေးတဲ့ platform တစ်ခုပါ။

အဓိကအားဖြင့် Docker က ကိုယ့်ရဲ့ application တွေကို "Container" လို့ခေါ်တဲ့ စံပြုထားတဲ့ အထုပ်တွေအဖြစ် ထုပ်ပိုးပေးပါတယ်။ ဒီ Container ထဲမှာ application လည်ပတ်ဖို့ လိုအပ်တဲ့ code တွေ၊ runtime (ဥပမာ Node.js, Python), system tools တွေ၊ library တွေ အားလုံး ပါဝင်ပါတယ်။

ဘာကြောင့် Docker ကို သုံးသင့်တာလဲဆိုရင် Docker ရဲ့ အဓိက အားသာချက်ကတော့ ပတ်ဝန်းကျင် တသမတ်တည်းရှိမှု (Consistency) ပဲ ဖြစ်ပါတယ်။ ကိုယ်က application တစ်ခု develop လုပ်ပြီး သူငယ်ချင်းကို ပို့ပေးတယ်ဆိုပါစို့။ ကိုယ့်ကွန်ပျူတာမှာ အဆင်ပြေပြေ run နေတာ သူ့ကွန်ပျူတာမှာ error တက်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Python version မတူဘူး။ လိုအပ်တဲ့ library တွေ မရှိဘူး။ Operating system ကွဲပြားနေတယ်။ Docker က ဒီပြဿနာကို ဖြေရှင်းပေးပါတယ်။ ကိုယ့် application နဲ့ လိုအပ်တဲ့ အရာအားလုံးကို container တစ်ခုထဲ ထုပ်ပိုးပြီး ဘယ်မှာဖွင့်ဖွင့် တူညီတဲ့ပုံစံ run နိုင်ပါတယ်။

Virtual Machine (VM) တွေလိုမျိုး OS တစ်ခုလုံးကို အတုယူဖန်တီးတာ မဟုတ်ဘဲ၊ Host ရဲ့ Operating System Kernel ကို မျှဝေသုံးစွဲတာကြောင့် အရမ်းပေါ့ပါးပြီး မြန်ဆန်ပါတယ်။ စတင်လည်ပတ်ဖို့ စက္ကန့်ပိုင်းပဲ ကြာပါတယ်။ ကိုယ်တည်ဆောက်လိုက်တဲ့ Docker Container Image ကို Mac, Windows, Linux, ဒါမှမဟုတ် cloud server တွေမှာ အလွယ်တကူ သယ်သွားပြီး အလုပ်လုပ်စေနိုင်ပါတယ်။

Docker ရဲ့ အဓိက အစိတ်အပိုင်းများ နားလည်ဖို့အတွက် ဒီအချက်တွေကို သိထားဖို့ လိုအပ်ပါတယ်။

1) Container
ကိုယ့် application လည်ပတ်နေတဲ့ သီးခြားခွဲထားတဲ့ ပတ်ဝန်းကျင်လေးတစ်ခုပါ။ ဒါဟာ software ရဲ့ "shipping unit" လို့ ပြောလို့ရပါတယ်။

2) Image
Container တွေကို ဖန်တီးဖို့အတွက် အသုံးပြုတဲ့ ဖတ်လို့ပဲရတဲ့ (Read-only) Template ပါ။ ကိုယ့် application code တွေ၊ library တွေ၊ OS setting တွေအားလုံးကို ဒီထဲမှာ ထည့်သွင်းထားပါတယ်။ Image ဟာ Container ရဲ့ အပြာရောင်ပုံစံ (Blueprint) ပါပဲ။

3) Dockerfile
Image တစ်ခုကို ဘယ်လိုတည်ဆောက်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေ ရေးထားတဲ့ Text File ပါ။ (ဥပမာ: "Node.js base image ကိုသုံးပါ"၊ "ဒီ code တွေကို copy ကူးပါ"၊ "npm install လုပ်ပါ" စသဖြင့်ပေါ့)

4) Docker Hub
အခြားသူများ တည်ဆောက်ထားတဲ့ Image များကို ရှာဖွေနိုင်၊ သိမ်းဆည်းနိုင်ပြီး မျှဝေနိုင်တဲ့ Registry (repository) ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။

Docker ဟာ ခေတ်သစ် software ဖြန့်ချိရေး (deployment) နည်းလမ်းတွေထဲမှာ မရှိမဖြစ်တဲ့ tool တစ်ခု ဖြစ်ပါတယ်။ Software Developer တွေရော၊ DevOps အဖွဲ့တွေအတွက်ပါ Docker ဟာ တကယ့်ကို အရေးကြီးတဲ့ အခြေခံကျတဲ့ နည်းပညာတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ Tool ကို မလေ့လာလို့ မရပါဘူးလို့ ပြောချင်ပါတယ်ဗျာ။

Telegram link - https://t.me/petersawmtech/46

Programming concepts တွေကို နားလည်ဖို့လိုတယ်
https://www.facebook.com/share/p/16gXTr9c8U/

JavaScript က ခက်လိုက်တာ လူတွေရယ် ဆိုတဲ့သူအတွက်
https://www.facebook.com/share/p/17Fj8cTvqv/

Code ရေးတာအပြင် Project Management ပါ ကျွမ်းကျင်ဖို့လိုတယ်။
https://www.facebook.com/share/p/17D7RGkEkS/

TypeScript အကြောင်း တစ်စေ့တစ်စောင်း
https://www.facebook.com/share/p/1BEwjHSRuW/

Beginner တွေအတွက် Programming Language ကို ဘယ်လိုရွေးမလဲ?
https://www.facebook.com/share/p/1Bu4DfB81x/

Coding လေ့လာမယ်ဆို အချိန်လေး ခွဲပီးလေ့လာပါ
https://www.facebook.com/share/p/16URxEDvxd/

Database နည်းပညာတွေက အစဉ်အမြဲပြောင်းလဲနေပါတယ်။ ဒီနေ့မှာတော့ SQL, NoSQL နဲ့ NewSQL တို့ရဲ့ လက်ရှိအခြေအနေနဲ့ အနာဂတ်လမ်းကြေ...
24/09/2025

Database နည်းပညာတွေက အစဉ်အမြဲပြောင်းလဲနေပါတယ်။ ဒီနေ့မှာတော့ SQL, NoSQL နဲ့ NewSQL တို့ရဲ့ လက်ရှိအခြေအနေနဲ့ အနာဂတ်လမ်းကြောင်းကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

SQL ဟာ ဆက်စပ်ဒေတာဘေ့စ် (relational database) တွေအတွက် အဓိကဘာသာစကားတစ်ခုဖြစ်ပြီး နှစ်ပေါင်းများစွာ အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ အင်တာနက်ကုမ္ပဏီကြီးတွေရဲ့ ကြီးမားတဲ့ Dateပမာဏကို ကိုင်တွယ်တဲ့အခါ SQL မှာ အားနည်းချက်တွေ ရှိလာပါတယ်။ ကြီးမားတဲ့ဒေတာတွေကို ကိုင်တွယ်တဲ့အခါ performanceနှေးကွေးလာတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် SQL ကို "Tသွားပြီ" လို့ ပြောစမှတ်ပြုလာကြပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ SQL ဟာ အခုထိ အသုံးများနေဆဲဖြစ်ပြီး အသေးစားနဲ့ အလတ်စားprojectsတွေအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်နေပါသေးတယ်။

SQL ရဲ့ အားနည်းချက်တွေကို ဖြည့်ဆည်းဖို့အတွက် NoSQL ကို မိတ်ဆက်ခဲ့ပါတယ်။ NoSQL ဟာ ကြီးမားတဲ့ဒေတာပမာဏကို မြန်မြန်ဆန်ဆန် ကိုင်တွယ်နိုင်ပြီး အချက်အလက်တည်ဆောက်ပုံ (data structure) မျိုးစုံကိုလည်း ပံ့ပိုးပေးနိုင်ပါတယ်။ ဒါပေမဲ့ NoSQL မှာလည်း အားနည်းချက်တွေ ရှိပါတယ်။ NoSQL က ဒေတာတွေရဲ့ တိကျမှန်ကန်မှု (data integrity) ကို အာမခံချက်မပေးနိုင်တဲ့အပြင် ရှုပ်ထွေးတဲ့မေးခွန်းတွေ (complex queries) ကိုလည်း ထိထိရောက်ရောက် မကိုင်တွယ်နိုင်ပါဘူး။ ဒါကြောင့် NoSQL ဟာ အချို့သော အခြေအနေတွေအတွက်သာ သင့်တော်ပါတယ်။

ဒီအားနည်းချက်တွေကို ဖြေရှင်းဖို့အတွက် NewSQL ကို မိတ်ဆက်ခဲ့ပါတယ်။ NewSQL ဟာ SQL နဲ့ NoSQL ရဲ့ အကောင်းဆုံးအချက်တွေကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ NewSQL မှာ SQL ရဲ့ အားသာချက်ဖြစ်တဲ့ ဒေတာတိကျမှန်ကန်မှုကို ထိန်းသိမ်းထားနိုင်တဲ့အပြင် NoSQL ရဲ့ အားသာချက်ဖြစ်တဲ့ မြန်ဆန်တဲ့ performanceနဲ့ ကြီးမားတဲ့ဒေတာကို ကိုင်တွယ်နိုင်စွမ်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် အနာဂတ်မှာ NewSQL ဟာ ကြီးမားတဲ့လုပ်ငန်းကြီးတွေအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်လာနိုင်ပါတယ်။

Databaseတစ်ခုရွေးချယ်တဲ့အခါ ဘယ်နည်းပညာက အကောင်းဆုံးလဲဆိုတာထက် မိတ်ဆွေရဲ့ projectအတွက် ဘယ်နည်းပညာက အသင့်တော်ဆုံးလဲဆိုတာကို စဉ်းစားဖို့ အရေးကြီးပါတယ်။

Telegram link - https://t.me/petersawmtech/45
𝐉𝐚𝐯𝐚 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐢𝐧𝐠 ရဲ့ အဓိက သဘောတရားများက ဘာတွေလဲ
https://www.facebook.com/share/p/1CZEkKyYxm/
Object-Oriented Programming (OOP)ကို နားလည်ဖို့ လိုတယ်
https://www.facebook.com/share/p/1BZbLF5yt2/
React အကြောင်းတစ်စေ့တစ်စောင်း
https://www.facebook.com/share/p/12KTTkhtW7o/
Programming concepts တွေကို နားလည်ဖို့လိုတယ်
https://www.facebook.com/share/p/1MmeX162Ds/
𝐉𝐚𝐯𝐚 ဖြင့် 𝐃𝐒𝐀- ထိရောက်သော အဆင့်ဆင့် သင်ယူနည်းလမ်း
https://www.facebook.com/share/p/1C3y6drdGi/

Java ကို စတင်လေ့လာတဲ့သူတွေ မကြာခဏဆိုသလို မှားတတ်တဲ့ အချက်တွေကို ဘယ်လိုရှောင်ရှားနိုင်မလဲဆိုတာကို ရှင်းပြပေးလိုက်ပါတယ်ဗျာ...
17/09/2025

Java ကို စတင်လေ့လာတဲ့သူတွေ မကြာခဏဆိုသလို မှားတတ်တဲ့ အချက်တွေကို ဘယ်လိုရှောင်ရှားနိုင်မလဲဆိုတာကို ရှင်းပြပေးလိုက်ပါတယ်ဗျာ။

📑၁။ Fundamental Concepts တွေကို သေချာနားမလည်ဘဲ သင်တာ
အစပိုင်းမှာ Java Syntax ကိုပဲ အာရုံစိုက်ပြီး Object-Oriented Programming (OOP) လိုမျိုး အခြေခံသဘောတရားတွေကို သေချာနားမလည်ဘဲ လေ့လာကြတာမျိုးပါ။ ဥပမာ - Inheritance၊ Polymorphism၊ Encapsulation စတာတွေပေါ့။ ဒီသဘောတရားတွေကို နားလည်ထားမှ Code တွေကို ကောင်းကောင်းရေးနိုင်မှာပါ။ ဒါကြောင့် အခြေခံသဘောတရားတွေကို အချိန်ပေးပြီး သေချာလေ့လာဖို့ အကြံပြုချင်ပါတယ်။

📑၂။ စာအုပ်တွေ၊ Videoတွေ အများကြီးနဲ့ လမ်းပျောက်တာ
အင်တာနက်မှာ Java သင်ခန်းစာတွေ၊ စာအုပ်တွေ၊ Videoတွေ အများကြီးရှိပါတယ်။ တချို့က တစ်ခုပြီးတစ်ခု လိုက်ကြည့်ရင်း ဘာမှလက်တွေ့မလုပ်ဖြစ်ဘဲ လမ်းပျောက်သွားကြပါတယ်။ ဒါကြောင့် သင်ခန်းစာတစ်ခုကို စနစ်တကျ လေ့လာပြီးတာနဲ့ ကိုယ်တိုင် လက်တွေ့ Code ရေးကြည့်ဖို့က အရမ်းအရေးကြီးပါတယ်။

📑၃။ Project တွေကို အစကနေ စပြီး တည်ဆောက်ဖို့ ခက်ခဲတာ
သင်ခန်းစာတွေပဲ လိုက်လုပ်နေပြီး ကိုယ်ပိုင် Project တစ်ခုကို အစကနေ စပြီး မတည်ဆောက်နိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါဟာ အခြေခံသဘောတရားတွေကို လက်တွေ့အသုံးချဖို့ အားနည်းနေသေးတာကြောင့်ပါ။ အကြံပြုချင်တာကတော့ ကိုယ်သိထားတဲ့ အခြေခံတွေကို အသုံးချပြီး ရိုးရှင်းတဲ့ Project လေးတွေနဲ့ စတင်လေ့ကျင့်ကြည့်ပါ။ ဥပမာ - ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ဂဏန်းတွက်စက်လေးတွေ၊ စာရင်းပြုစုတဲ့ Application လေးတွေ စတာမျိုးပေါ့နော်။

📑၄။ Debug လုပ်ဖို့ မကြိုးစားတာ
Code ရေးတဲ့အခါ အမှားတွေရှိတာက ပုံမှန်ပါပဲ။ ဒါပေမဲ့ အမှားကို ဘာကြောင့်ဖြစ်လဲဆိုတာ မရှာဘဲ၊ Debugger ကို မသုံးဘဲနဲ့ တစ်ခါတည်း အစကနေပြန်ရေးတာမျိုးတွေ လုပ်တတ်ကြပါတယ်။ Debugger ကို သုံးပြီး ကိုယ့်ရဲ့ Code ထဲက Bug တွေကို ရှာဖွေဖြေရှင်းတတ်အောင် လေ့ကျင့်တာက ပိုပြီး အချိန်ကုန်သက်သာစေပါတယ်။ Stack Trace ကိုဖတ်ပြီး ဘယ်နေရာမှာ အမှားရှိနေလဲဆိုတာကိုလည်း သိအောင်လုပ်ပါ။

📑၅။ ကိုယ်ပိုင် Code မရေးဘဲ သူများရေးထားတာတွေကိုပဲ Copy & Paste လုပ်တာ
တခြားသူတွေရဲ့ Code တွေကို ယူသုံးတာက အချိန်ကုန်သက်သာစေနိုင်ပေမယ့် ကိုယ်တိုင် နားလည်ပြီး ရေးနိုင်ဖို့က အဓိကကျပါတယ်။ GitHub၊ Stack Overflow က Code တွေကို ယူပြီး Copy & Paste လုပ်တာထက် ဘာကြောင့် ဒီလိုရေးထားလဲဆိုတာကို နားလည်အောင် အရင်လေ့လာပါ။ ပြီးမှ ကိုယ့် Project မှာ အသုံးချပါ။ ဒါမှ ကိုယ့်ရဲ့ Problem-solving skill တွေ တိုးတက်လာမှာပါ။

Telegram link - https://t.me/petersawmtech/44
𝐉𝐚𝐯𝐚 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐢𝐧𝐠 ရဲ့ အဓိက သဘောတရားများက ဘာတွေလဲ
https://www.facebook.com/share/p/1CZEkKyYxm/

Object-Oriented Programming (OOP)ကို နားလည်ဖို့ လိုတယ်
https://www.facebook.com/share/p/1BZbLF5yt2/

React အကြောင်းတစ်စေ့တစ်စောင်း
https://www.facebook.com/share/p/12KTTkhtW7o/

Programming concepts တွေကို နားလည်ဖို့လိုတယ်
https://www.facebook.com/share/p/1MmeX162Ds/

𝐉𝐚𝐯𝐚 ဖြင့် 𝐃𝐒𝐀- ထိရောက်သော အဆင့်ဆင့် သင်ယူနည်းလမ်း
https://www.facebook.com/share/p/1C3y6drdGi/

ဒီနေ့ခေတ်မှာ Python ဟာ အသုံးအများဆုံး programming language တစ်ခုဖြစ်လာပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ရေးသားရလွယ်ကူမှုနဲ့ flexibil...
07/09/2025

ဒီနေ့ခေတ်မှာ Python ဟာ အသုံးအများဆုံး programming language တစ်ခုဖြစ်လာပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ရေးသားရလွယ်ကူမှုနဲ့ flexibility ကြောင့် performance ပိုင်းမှာ အားနည်းချက်တွေ ရှိနေတတ်ပါတယ်။ ဒါပေမယ့် Python ကို ပိုပြီး မြန်ဆန်အောင် ရေးသားနိုင်မယ့် နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒီတခေါက်မှာတော့ မိတ်ဆွေရဲ့ Python code တွေကို မြန်နှုန်းမြှင့်တင်ဖို့အတွက် အရေးပါတဲ့ အချက်လေးတွေကို ရိုးရှင်းစွာ ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဗျာ။

၁။ Local Variable တွေကို အသုံးပြုပါ
Function တစ်ခုထဲမှာ Global variable တွေအစား Local variable တွေ၊ ဒါမှမဟုတ် built-in function တွေကို တိုက်ရိုက်ခေါ်သုံးတာက ပိုမြန်ပါတယ်။ Python ဟာ Global variable တွေကို ရှာဖွေဖို့အတွက် Scope အဆင့်ဆင့်ကို စစ်ဆေးရတာကြောင့် အချိန်ပိုယူရပါတယ်။ ဒါပေမဲ့ Local variable တွေကတော့ လက်ရှိ function ထဲမှာပဲ ရှိနေတာကြောင့် မြန်မြန်ဆန်ဆန် ရှာဖွေအသုံးပြုနိုင်ပါတယ်။

၂။ Library တွေမှာ Built-in Function တွေကို အသုံးပြုပါ
Python ရဲ့ standard library တွေနဲ့ third-party library တွေမှာ လိုအပ်တဲ့ အလုပ်တွေကို လုပ်ဆောင်ပေးဖို့ built-in function တွေ အများကြီးပါဝင်ပါတယ်။ ဥပမာ - sum()၊ max()၊ min() စတဲ့ function တွေဟာ ကိုယ်တိုင် for loop ရေးသားတာထက် အများကြီး ပိုမြန်ပါတယ်။ ဒါ့အပြင် ဒီ function တွေဟာ C-based implementation တွေဖြစ်တာကြောင့် Python native code ထက် ပိုမိုထိရောက်ပါတယ်။

၃။ Loop ကို စနစ်တကျ အသုံးပြုပါ
for loop ကို အသုံးပြုတဲ့အခါ xrange() (Python 2) ဒါမှမဟုတ် range() (Python 3) ကို သုံးပါ။ ဒီ function တွေက iteration တွေကို memory ထဲမှာ list အဖြစ် အရင်ဆုံး generate လုပ်တာမဟုတ်ဘဲ လိုအပ်တဲ့အချိန်မှပဲ တစ်ခုချင်းစီ ထုတ်ပေးပါတယ်။ ဒါကြောင့် memory သုံးစွဲမှုကို သက်သာစေပြီး loop ရဲ့ performance ကို တိုးတက်စေပါတယ်။

၄။ Memory View ကို အသုံးပြုပါ
Python မှာ large data set တွေနဲ့ အလုပ်လုပ်တဲ့အခါ memoryview() ကို အသုံးပြုပြီး ပိုမြန်အောင် လုပ်ဆောင်နိုင်ပါတယ်။ memoryview() ဟာ data ရဲ့ copy အသစ်ကို ဖန်တီးတာမဟုတ်ဘဲ မူရင်း object ရဲ့ memory address ကို တိုက်ရိုက်ညွှန်းဆိုပါတယ်။ ဒါကြောင့် memory သုံးစွဲမှု သက်သာစေပြီး data ကြီးတွေနဲ့ လုပ်ဆောင်တဲ့အခါ အထူးသဖြင့် performance ကောင်းမွန်စေပါတယ်။

၅။ String concatenate လုပ်ရာမှာ join() ကို အသုံးပြုပါ
+ operator ကို အသုံးပြုပြီး string တွေ ဆက်တဲ့အခါ Python ဟာ string အသစ်တစ်ခုကို အကြိမ်တိုင်း ဖန်တီးပေးရပါတယ်။ ဒါဟာ string အရှည်ကြီးတွေနဲ့ loop ထဲမှာ လုပ်ဆောင်ရင် အချိန်အများကြီး ကုန်ဆုံးစေပါတယ်။ ဒါကြောင့် ''.join() function ကို အသုံးပြုပြီး string list တစ်ခုလုံးကို တစ်ပြိုင်နက်တည်း ပေါင်းစည်းတာက ပိုမို ထိရောက်မြန်ဆန်ပါတယ်။

၆။ Multiprocessing ကို အသုံးပြုပါ
ကိုယ့်ရဲ့ Python application က computation-heavy ဖြစ်နေရင် multiprocessing module ကို အသုံးပြုပြီး CPU ရဲ့ cores တွေကို အပြည့်အဝ အသုံးချပါ။ Multiprocessing က ကိုယ့်ရဲ့ application ကို process အများအပြား ခွဲပြီး တစ်ပြိုင်နက်တည်း လုပ်ဆောင်စေတာဖြစ်ပါတယ်။ ဒီနည်းလမ်းက ကိုယ့် application ရဲ့ performance ကို သိသိသာသာ မြှင့်တင်ပေးနိုင်ပါတယ်။

၇။ Just-in-Time (JIT) Compiler တွေကို အသုံးပြုပါ
Python ဟာ interpreted language ဖြစ်ပေမဲ့ JIT compilers တွေကို အသုံးပြုပြီး performance ကို မြှင့်တင်နိုင်ပါတယ်။ PyPy လို JIT compiler တွေဟာ Python code တွေကို machine code အဖြစ် တိုက်ရိုက်ပြောင်းလဲပေးတာကြောင့် interpreter ထက် အများကြီး ပိုမြန်ပါတယ်။ ဒါ့အပြင် Numba လို library တွေကလည်း numerical algorithm တွေအတွက် JIT compiler ကို အလွယ်တကူ အသုံးပြုနိုင်အောင် ကူညီပေးပါတယ်။

၈။ C/C++ Extension တွေကို အသုံးပြုပါ
Python ရဲ့ performance က ကိုယ့်အတွက် လုံလောက်မှု မရှိဘူးဆိုရင် C/C++ လို high-performance language တွေနဲ့ ရေးထားတဲ့ code တွေကို Python extension အဖြစ် အသုံးပြုနိုင်ပါတယ်။ Cython, CFFI, ဒါမှမဟုတ် Python C API တွေကို အသုံးပြုပြီး C နဲ့ ရေးထားတဲ့ function တွေကို Python ထဲမှာ အသုံးပြုနိုင်ပါတယ်။ ဒါဟာ performance-critical ဖြစ်တဲ့ code တွေအတွက် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

ဒါတွေကတော့ ကိုယ့်ရဲ့ Python code တွေကို ပိုမိုမြန်ဆန်ပြီး ထိရောက်အောင် ရေးသားနိုင်မယ့် နည်းလမ်းကောင်းတွေ ဖြစ်ပါတယ်။ ဒီအချက်တွေကို ကိုယ့်ရဲ့ projectတွေမှာ လက်တွေ့အသုံးချပြီး Python ရဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝ ခံစားလိုက်ပါဗျာ။

Telegram link - https://t.me/petersawmtech/43
Programming concepts တွေကို နားလည်ဖို့လိုတယ်
https://www.facebook.com/share/p/1ChEBkqkU8/
Beginner တွေအတွက် Programming Language ကို ဘယ်လိုရွေးမလဲ?
https://www.facebook.com/share/p/1Bu4DfB81x/
Coding လေ့လာမယ်ဆို အချိန်လေး ခွဲပီးလေ့လာပါ
https://www.facebook.com/share/p/16URxEDvxd/

React နဲ့ projects တွေတည်ဆောက်တဲ့အခါ အသုံးဝင်တဲ့ အလေ့အကျင့်တစ်ချို့ကို ပြောပြပေးသွားပါမယ်။ ဒီအလေ့အကျင့်တွေက မိတ်ဆွေရဲ့ c...
25/08/2025

React နဲ့ projects တွေတည်ဆောက်တဲ့အခါ အသုံးဝင်တဲ့ အလေ့အကျင့်တစ်ချို့ကို ပြောပြပေးသွားပါမယ်။ ဒီအလေ့အကျင့်တွေက မိတ်ဆွေရဲ့ code ကို ပိုပြီး သန့်ရှင်း၊ အသုံးဝင်ပြီး ပြုပြင်ထိန်းသိမ်းရလွယ်ကူအောင် ကူညီပေးပါလိမ့်မယ်။

📄 Folder Structure ကို သေချာစနစ်တကျစီစဉ်ပါ
Project တစ်ခု စတင်တဲ့အခါ src folder အောက်မှာ components၊ pages၊ hooks၊ utils စသည်ဖြင့် ခွဲခြားထားတာဟာ ကုတ်တွေ ရှုပ်ထွေးမသွားအောင် အကူအညီပေးပါတယ်။ components: ပြန်သုံးလို့ရတဲ့ UI အစိတ်အပိုင်းတွေ (ဥပမာ- Button, Card) ကို ဒီနေရာမှာ ထားပါ။ pages: မိတ်ဆွေရဲ့ Website မှာ ရှိတဲ့ စာမျက်နှာတွေ (ဥပမာ- HomePage, AboutPage) အတွက် Component တွေကို ဒီမှာထားပါ။ hooks: မိတ်ဆွေကိုယ်တိုင်ရေးထားတဲ့ Custom Hooks တွေကို ဒီနေရာမှာ စုစည်းထားပါ။ utils: အကူအညီပေးတဲ့ functions တွေ (ဥပမာ- format date, validate email) ကို ဒီမှာထားပါ။

📄 DRY (Don't Repeat Yourself) ကိုလိုက်နာပါ
မကြာခဏဆိုသလို တူညီတဲ့ code တွေကို ထပ်ခါတလဲလဲ ရေးမိတတ်ကြပါတယ်။ ဒါကိုရှောင်ရှားဖို့အတွက် code တွေကို ပြန်လည်အသုံးပြုနိုင်အောင် component တွေ ဒါမှမဟုတ် Custom Hooks တွေအဖြစ် ဖန်တီးပါ။ ဥပမာ- data ကို fetch လုပ်တဲ့ logic ကို useFetch ဆိုတဲ့ custom hook တစ်ခုအနေနဲ့ ရေးသားထားနိုင်ပါတယ်။

📄 Props တွေကို သေသေချာချာ စစ်ဆေးပါ
မိတ်ဆွေ Component တွေမှာ props ကိုသုံးတဲ့အခါ Prop-types လိုမျိုး library တွေ ဒါမှမဟုတ် TypeScript ကိုသုံးပြီး props တွေရဲ့ data type ကို စစ်ဆေးသင့်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် bugs တွေကို ကာကွယ်ပေးနိုင်ပြီး code ကို ပိုမိုရှင်းလင်းစေပါတယ်။

📄 State Management ကို ထိထိရောက်ရောက်အသုံးပြုပါ
Component အများအပြားမှာ အသုံးပြုတဲ့ data တွေကို သေချာထိန်းသိမ်းဖို့အတွက် state management ကို အသုံးပြုဖို့လိုအပ်ပါတယ်။ Context API, Redux, ဒါမှမဟုတ် Zustand လိုမျိုး library တွေကို အသုံးပြုပြီး state တွေကို Centralizationရှိရှိ ထိန်းချုပ်ထားနိုင်ပါတယ်။

📄 Testing ကိုမမေ့ပါနဲ့
Testing ဟာ application တစ်ခုရဲ့ quality ကို သေချာစေဖို့အတွက် အရေးကြီးပါတယ်။ Unit testing, Integration testing နဲ့ End-to-end testing တွေက မိတ်ဆွေရဲ့ code ဟာ မျှော်လင့်ထားတဲ့အတိုင်း အလုပ်လုပ်ရဲ့လားဆိုတာကို စစ်ဆေးပေးနိုင်ပါတယ်။ ဒါကြောင့် Testing ကို သေချာလေ့လာပြီး မိတ်ဆွေရဲ့ development process မှာ ထည့်သွင်းဖို့ အကြံပြုလိုပါတယ်ဗျာ။

Telegram link - https://t.me/petersawmtech/41
Programming concepts တွေကို နားလည်ဖို့လိုတယ်
https://www.facebook.com/share/p/1ChEBkqkU8/
Beginner တွေအတွက် Programming Language ကို ဘယ်လိုရွေးမလဲ?
https://www.facebook.com/share/p/1Bu4DfB81x/
Coding လေ့လာမယ်ဆို အချိန်လေး ခွဲပီးလေ့လာပါ
https://www.facebook.com/share/p/16URxEDvxd/

Address

Beykoz/İstanbul

Website

https://t.me/petersawmtech

Alerts

Be the first to know and let us send you an email when Peter Sawm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Peter Sawm:

Share