Han Nway-ဟန်နွေ

Han Nway-ဟန်နွေ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Han Nway-ဟန်နွေ, Digital creator, Istanbul.

🇲🇲🇰🇷🇻🇳🇹🇭🇹🇷Professional Fashion Model👠Actress🇲🇲ContentCreator,Lifestyle,Beauty,Fashion & Skincare💋Personal Blogger 👑2016MissFaceOfMyanmar​Winner🏆AsiaModelSouthKorea🇰🇷2016/2018

08/12/2025

2026 🫶New Year! New Chapter is Coming💪Be Stronger…Ready to Fight 👊How was Your 2025????? #2025 💪

Kiehl’s 💓ကျမ အကြိုက်ဆုံး Brand မို့(အခု ပြန်သုံးနေပီ ..) skincares ,Lifestyle , Reviews ...တွေနဲ့ ပြန်လာခဲ့အုံးမယ်💓😘
08/12/2025

Kiehl’s 💓ကျမ အကြိုက်ဆုံး Brand မို့(အခု ပြန်သုံးနေပီ ..) skincares ,Lifestyle , Reviews ...တွေနဲ့ ပြန်လာခဲ့အုံးမယ်💓😘

👊အမှန်ပါပဲ...ရနိုင်လောက် ဆက်လျှောက်နေခဲ့တာ..အခုထိပဲ(ရောက်နေတဲ့ နေရာ/ နိုင်ငံ တိုင်းမှာ...)
07/12/2025

👊အမှန်ပါပဲ...ရနိုင်လောက် ဆက်လျှောက်နေခဲ့တာ..အခုထိပဲ(ရောက်နေတဲ့ နေရာ/ နိုင်ငံ တိုင်းမှာ...)

“လမ်းပျောက်နေသူတွေ ဖတ်ဖို့”

▫️ဒီကာလမှာ ကိုယ့်ရဲ့ ငယ်ရွယ်မှုကို ပေးဆပ်ထားကြသူတွေ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးထားရသူတွေနဲ့ ခုရက်ပိုင်း စကားပြောဖြစ်တယ်။

တချို့က ပညာရေးတပိုင်းတစနဲ့။ ယုံကြည်ချက် ခိုင်လွန်းလို့သာ ဒီလမ်းကို လျှောက်နေတာ။ အနာဂတ်နဲ့ ပတ်သက်လို့တော့ စိုးရိမ်ပူပန်မှု ရှိကြတယ်။ ရွယ်တူတွေက ကျောင်းပြီးကုန်ပြီ၊ အလုပ်ရကုန်ပြီ၊ ငါတို့ နောက်ကျကျန်နေခဲ့ပြီလား ဆိုတဲ့ အတွေးတွေနဲ့ပေါ့။

▫️ခေတ်ကြီးကြည့်တော့လည်း ပျက်စီးနေတယ်။ ပညာရေး အခွင့်အလမ်း၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါး။ ဘယ်နေ့ ဘယ်တော့ ဘာဖြစ်မယ်တောင် ရေရာတာ မဟုတ်ဘူး။ ဘယ်လိုနေ ဘယ်လိုထိုင် ဘယ်လိုကြိုးစားပါ ပြောရ၊ တိုက်တွန်းရတာတောင် အားနာမိတဲ့အထိပဲ။

ကိုယ်လက်အင်္ဂါ ဆုံးရှုံးလိုက်ရသူတွေဆို ပိုဆိုးတာပေါ့။ ဆက်ရှင်သန်စရာ မျှော်လင့်ချက်ကို မနည်းပြန်ရှာဖွေနေရတဲ့ အနေအထား။

▫️ခက်တာကလည်း ဒီလိုတွေမို့လို့ ဆိုပြီး ရေစုန်မျှောနေလို့က မဖြစ်ပြန်ဘူး။ အရက်၊ ဆေးလိပ်၊ ဂိမ်း၊ ဒါတွေနဲ့ပဲ အချိန်ကုန်နေလို့ မရဘူး။ လောကကြီးက တော်တဲ့သူတွေကို နေရာပေးတာလေ။ ကောင်းရုံသက်သက်နဲ့ ရေရှည်အဆင်မပြေဘူး။

သူက ခံယူချက်မှန်လို့၊ တိုင်းပြည်တာဝန် ဘယ်လိုထမ်းခဲ့လို့ ဆိုပြီး သူဖွင့်တဲ့ဆိုင် သွားအားပေးရင် တစ်ကြိမ် နှစ်ကြိမ်ပေါ့။ ရေရှည်ကျ သူ ဒီအလုပ်ကို ဘယ်လောက်ကျွမ်းကျင်သလဲ ဆိုတာကပဲ စကားပြောသွားမှာပဲ။

▫️မင်း စိတ်ဓါတ်တွေကျပြီး လေလွင့်နေခဲ့သလား။ လေလွင့်တဲ့အတိုင်းပဲ ဘဝက ပုံပေါ်လာမှာပဲ။

ရနိုင်သလောက် နည်းတွေနဲ့ ဆက်လျှောက်နေသလား။ ဒါဆို မင်းဘဝက မြန်မြန်ဆန်ဆန် မဟုတ်တောင် ဖြည်းဖြည်းချင်းတော့ အရှေ့ကို ရွေ့နေမှာပဲ။ ဒါ လက်မခံချင်လည်း လက်ခံရမယ့် ခါးသီးတဲ့ အမှန်တရားပဲ။

ဒီတော့ အားနာနာနဲ့ပဲ ရသလောက်တော့ ဆက်ပြောနေရမှာ၊ ရေးနေရမှာပဲ ဖြစ်တယ်။

▫️နောက်ထပ်ပြဿနာက ကိုယ့်ကိုယ်ကိုယ် ဘာဝါသနာပါမှန်း မသိတာ။ အလုပ်လို့ကို မခံစားရစေတဲ့ ကိုယ့် Passion က ဘာလဲ မသိနေတာ။

အဲဒါကလည်း တစ်ခါရေးဖူးတယ်။ ဘဝလက်တွဲဖော် ရှာရတာနဲ့ တူတယ်လို့။ ဝုန်းဒိုင်းဆိုပြီး တန်းမတွေ့ဘူး။ စိတ်ရှည်ရတယ်။ အချိန်ပေးရတယ်။ လုပ်ကြည့်ရတယ်။ စဉ်းစားကြည့်၊ စိတ်ကူးကြည့်ရုံနဲ့လည်း သိမလာဘူး။ Exposure လိုတယ်။ Experience လိုတယ်။

▫️ဒါကြောင့် အသက်နဲ့လည်း ဆိုင်တယ်။ နိုင်ငံအခြေအနေနဲ့လည်း ဆိုင်တယ်။ ပညာရေးစနစ်နဲ့လည်း ဆိုင်တယ်။

အသက်ကြီးလာတာနဲ့အမျှ အတွေ့အကြုံတွေ ရလာပြီး ကိုယ့်ကိုယ်ကိုယ် ပိုသိလာမယ်။ ငယ်သေးတော့ ကိုယ့်ကိုယ်ကိုယ် မသိသေး။

နိုင်ငံအခြေအနေက ဖွံ့ဖြိုးနေပြန်ရင်လည်း လူငယ်တွေမှာ ဖြစ်ချင်တာ မှန်သမျှ ဖြစ်ခွင့်ရှိတယ်။ ဥပမာ ဒီနိုင်ငံမှာ ဘောလုံးသမား ဖြစ်ချင်တယ်ဆိုတာ ဘယ်လိုမှ လက်တွေ့မကျဘူး။ ပရိုအဖြစ်နဲ့ ရပ်တည်နိုင်တဲ့သူက တစ်ထောင်မှာ တစ်ယောက်တောင် ရှိရဲ့လားပဲ။

ပညာရေးစနစ်ကလည်း ဒါသင် ဒါကျက် ဒါဖြေ။ ဘာာအထိအတွေ့မှ မရှိ။ ဒီတော့ ဘာဖြစ်ချင်မှန်း မသိ။

အဲဒါရယ်၊ ခေတ်ကာလ အခြေအနေရယ်၊ ကိုယ့်ဘ၀ လက်ရှိအနေအထားရယ် ပေါင်းလိုက်တဲ့အခါ လမ်းပျောက်တယ်ဆိုတဲ့ ခံစားချက် ရလာတော့တာပဲ။ ရှင်သန်ရတာ မျှော်လင့်ချက် ရှိမနေတော့ဘူး။

▫️Passion >> Sense of Purpose >> Hope

ဆန္ဒပြင်းပြမှု - ရည်ရွယ်ချက်တစ်ခု ရှိနေတယ် ဆိုတဲ့ ခံစားချက် - မျှော်လင့်ချက်

ဒီလိုသွားတာကိုး။ ခုက ဘာဖြစ်ချင်မှန်း မသိဘူးဆိုတာနဲ့တင် အပိုင်း ၁ ဇာတ်သိမ်း ဖြစ်သွားပြီ။

ကျွန်တော်တို့ကျ ဘာလို့ အတိုင်းအတာတစ်ခုထိ အဆင်ပြေလဲဆို Passion ကို သိပြီးသား။ အဲဒါကို အခြေပြုပြီးပဲ နိုင်ငံ့အရေးအရာမှာ ဝင်ကူနေတယ်။ ဒီတော့ Sense of Purpose ရှိတယ်။ Hope ရှိတယ်။ ဒါကြောင့်လည်း အကြီးအကျယ် လဲပြိုမနေတာပေါ့။

▫️ဒီအတွက် ကျွန်တော်အကြံပြုလိုတာက အဲဒီ Passion ဆိုတာကြီးကို အရမ်းလိုက်မရှာနဲ့ဦး။ မောသွားမယ်။ ကိုယ်က ဘောလုံးသမား ဖြစ်ချင်တာ ဖြစ်ခွင့်မရ(တော့)လို့ ဆိုပြီးလည်း စိတ်ပျက်မနေနဲ့ဦး။ အဲဒါ သေချာသေးတာ မဟုတ်ဘူး။ ကျွန်တော်လည်း ဆေးကျောင်းတက်နေတုန်းကတော့ ဆရာဝန်စစ်စစ် ဖြစ်ချင်တယ် ထင်ခဲ့ဖူးတာပဲ။ လက်တွေ့ ဆေးရုံဆင်းတော့မှ ဒါ ကိုယ်လုပ်ချင်တဲ့အလုပ်၊ ကိုယ်နဲ့ကိုက်တဲ့အလုပ် မဟုတ်မှန်း သိတာ။

လုပ်ကြည့်ရင်းနဲ့မှ တဖြည်းဖြည်း သိလာလိမ့်မယ်။ ကိုယ့်အားသာချက်တွေ၊ အားနည်းချက်တွေ၊ ကိုယ်ရည်ကိုယ်သွေးတွေ၊ ဘာလုပ်နေရရင် ပျော်တယ်ဆိုတာတွေ အစရှိသဖြင့်။

အဓိက,က တစ်ခုခုကို လေ့လာနေ။ တစ်ခုခုကို တစိုက်မတ်မတ်လုပ်နေ။ အလုပ်သိပ်မရွေးနဲ့။

▫️ဘဝဆိုတာ အမှတ်စက်ကလေးတွေ တစ်ခုနဲ့တစ်ခု ဆက်ပြီး ပုံဖော်ရတာတဲ့။ ကျွန်တော့်ဘဝအတွက် အရေးကြီးဆုံး ဘဝဒဿနတစ်ခုပဲ။

ဒါပေမဲ့ အဲဒါက ရှေ့ကို မျှော်ပြီး ဆက်လို့မရဘူး။ အဓိကက အမှတ်စက်ကလေးတွေ များများရှိနေအောင် စု။ နောင်တချိန်ကျ တစ်ခုနဲ့တစ်ခု ဆက်မိလာပြီး မင်းဘဝကို ပုံဖော်ပေးလိမ့်မယ်တဲ့။

▫️ကျွန်တော့်ဘဝမှာလည်း ရှေ့ကို မျှော်ပြီး လုပ်ခဲ့တာ သိပ်မရှိဘူး။ စာရေးတယ်ပဲ ဆိုပါတော့။ ဘဝမှာ စာရေးဆရာ ဖြစ်လာလိမ့်မယ်လို့ အိပ်မက်မပြောနဲ့၊ ယောင်ရမ်းပြီးတောင် စိတ်ကူးမယဉ်ခဲ့ဖူးဘူး။ ကိုယ် စာရေးကြည့်လိုက်တယ်။ ရေးရတာ ပျော်မှန်း သိလာတယ်။ ရေးတယ်။ ဒီလိုနဲ့ အခုလမ်းကြောင်းပေါ် ရောက်လာတာပဲ။

ကိုယ် ဘာလုပ်ရမလဲ။ အဲဒါကို အကောင်းဆုံးဖြစ်အောင် လုပ်ရင်းကနေ တဖြည်းဖြည်း လမ်းစပေါ်လာခဲ့တာ။ ခုလည်း အဲဒီအတိုင်းပဲ နေတယ်။ ရှေ့ကို မျှော်မကြည့်ဘူး။ ကိုယ်လုပ်ရမှာတွေကိုပဲ ၁၀၀ % အကောင်းဆုံးဖြစ်အောင် လုပ်တယ်။

▫️Begin with the end in mind. အဆုံးကို စိတ်မှာမှတ်ပြီး စတင်ပါ ဆိုတဲ့စကားနဲ့တော့ ဆန့်ကျင်ဘက်ပေါ့။ မင်း တချိန်ကျ စာရေးဆရာ ဖြစ်ချင်လား၊ ဒါဆို အဲဒီလို ဖြစ်လာဖို့ ဘာတွေလုပ်မလဲ စဉ်းစား ဆိုတဲ့နည်း။

မကောင်းဘူးလားဆို ကောင်းတယ်။ အသုံးမတည့်ဘူးလားဆို တည့်တယ်။ ကျွန်တော် သင်တန်းတွေလုပ်ရင် အဲဒီအတိုင်း လုပ်တာပဲ။ ငါ ဒီသင်တန်းကနေ သူတို့ကို ဘာပေးလိုက်ချင်လဲ၊ ဘာရသွားစေချင်လဲ၊ အဆုံးသတ်ကို စစဉ်းစားတယ်။ အဲဒီလို ဖြစ်လာဖို့ ငါ ဘာတွေလုပ်ပေး၊ ပြောပေးရမလဲ ပြင်ဆင်တယ်။

▫️သို့သော် အဲဒါက အဆုံးသတ်ကို မြင်နေရလောက်တဲ့ အနေအထား၊ အနာဂတ်က တွက်ဆထားလို့ ရတဲ့ အခြေအနေမျိုးမှာပဲ အသုံးတည့်တယ်။ အခုလို အနာဂတ် မရေမရာနဲ့ မှောင်မိုက်နေတဲ့အချိန်မှာ အဆုံးကို ဘယ်လိုမှ စဉ်းစားလို့ မရဘူး။ ဘယ်သူ့သွားမေးမေးလည်း အတိအကျ ပြောပြနိုင်မှာ မဟုတ်ဘူး။

ဒါကြောင့် ပစ္စုပ္ပန်တည့်တည့်ကိုပဲ အာရုံစိုက်။ ငါ ဘာလုပ်လို့ ရသလဲ။ ငါ ဘယ်အရပ်ဒေသ ရောက်နေသလဲ။ ငါ့အနားမှာ ဘယ်သူတွေ ရှိသလဲ။ ပြီးရင် ကိုယ့်ရဲ့ အကောင်းဆုံးတွေကို ပေး။

ကိုယ့်လုပ်ရပ်တစ်ခုစီ တစ်ခုစီဟာ အမှတ်စက်တစ်ခုဖြစ်လာပြီး တချိန်ကျ ကိုယ့်ဘဝကို ပုံဖော်ပေးလိမ့်မယ်လို့ ယုံကြည်ထားလိုက်။

▫️Passion ကို မရှာနဲ့။ Progress ကို ရှာ။ မနက်ထက် ည၊ မနေ့ကထက် ဒီနေ့မှာ ပိုတိုးတက်လာတယ် ဆိုတာမျိုး ဖြစ်အောင်လုပ်။ ကိုယ့်ကိုယ်ကိုယ် ပြန်တည်ဆောက်။

Progress >> Sense of Purpose >> Hope

ဒီဖော်မြူလာအတိုင်း သွားစေချင်တယ်။ ပိုပြီးလည်း အလုပ်ဖြစ်မယ်လို့ ယူဆတယ်။

▫️ချက်ချင်းလက်ငင်း ရမယ့်အကျိုးကျေးဇူးဆို - ပန်းတိုင်တစ်ခု ရှိလာမယ်။ ရှင်သန်ရတာ အဓိပ္ပါယ်ရှိနေမယ်။ မနက်နိုးလာတာနဲ့ ငါ ဒီနေ့ ဘာလုပ်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်ကလေး ရှိလာမယ်။

အခု ကိုယ်လုပ်နေတဲ့အလုပ်က နောင်တချိန် ကိုယ့်ကို ဘာအထောက်အကူမှ မဖြစ်စေဘူးဆိုတောင် အဲဒီလို Sense of purpose ရှိနေတာကိုက လက်ရှိခက်ခဲတဲ့ကာလကို ဖြတ်သန်းရာမှာ အများကြီး အထောက်အကူ ဖြစ်စေပါလိမ့်မယ်။

▫️ရနိုင်သလောက် ဆက်လျှောက်နေတဲ့သူမှာ လမ်းပျောက်တယ် ဆိုတာ မရှိပါဘူး။

ဒေါက်တာ ဖြိုးသီဟ
၇.၁၂.၂၀၂၅

07/12/2025

ဒုက္ခရောက်တော့လဲ တယောက်ထဲ.. 👊ရူန်းကန်တော့လဲ တယောက်ထဲ, တနေ့ ကျ ရင် အောင်မြင်ရင်လဲ တယောက်ထဲပဲ...I suffered Alone.I Struggle Alone.I will Succeed Alone ..One day

05/12/2025

အဆင့်တန်းဆိူတာ ခွဲခြားတာ မဟုတ်ဘူး...သူ့ဘာသာ သူကို ကွဲထွက်နေတာတဲ့...မှန်လိုက်တာ...Oversea မှာ ပိုသိသာလာတာလို့ထင်မိတယ်
အခု

05/12/2025

နိုင်ငံ အစုံ Photohrapher တွေ ရိုက်ထားတဲ့ ✈️🇹🇭Fashion Weeks 💓Offical Page က တင်ထားတာလေး.. ဒီဇိုင်နာတွေက ✈️US,HongKong,Japan,Indonesia,Philippines,Lebenon) 💃Model တွေလဲ အသက်ရွယ် Generation အစုံ,နိုင်ငံ အစုံ, Skin color အစုံ ပဲ ဆိုပေမဲ့❗️dream job 💪 Carrer တူတဲ့ Globally 💃Internationally ထိုးဖောက်နေကြတဲ့ Professionalists တွေချည်းပဲ👊Who am I ??? I was born to walk ...On Runway...👗Thailand Fashion Week (Spring-Summer collections/2026

🔥Confidence💃 အပြည့်နဲ့ လျှောက်လှမ်း နေတဲ့💓ကျမ ပုံလေးတွေ သဘောကျလို့.. 🇨🇫အာဖရိကန်က (ဓါတ်ပုံဆရာနဲ့ Desiger)အတွဲ💓Couple လေးက...
04/12/2025

🔥Confidence💃 အပြည့်နဲ့ လျှောက်လှမ်း နေတဲ့💓ကျမ ပုံလေးတွေ သဘောကျလို့.. 🇨🇫အာဖရိကန်က (ဓါတ်ပုံဆရာနဲ့ Desiger)အတွဲ💓Couple လေးက ...သူတို့Photos ရိုက်ထားတာတွေ🖤(IG) မှာCollaboration လုပ်ပီးတင်ဖို့ Request လုပ်တော့ 😘သူတို့ Couple လေး💓သဘောကျလိုက်တာ✈️ထိုင်း Fashion Weeks မှာ 👗ဟောင်ကောင် Designer ဝတ်စုံ နဲ့ ပုံလေးတွေ အမှတ် တရ Save ပါရစေ...🥰နိုင်ငံ အစုံ ,လာစုံကြ,ခင်ကြတာ, နယ်ပယ်တူ, Goals ,ပန်းတီုင်တူ,တဲ့သူတွေချည်းမို့...: ✈️Globally / Internationally ကမ္ဘာပတ် သွားလာတာနေတဲ့ အနုပညာ, ဖက်ရှင် နယ်ပယ်က Artists တွေ New Community ,multinational (နိုင်ငံအစုံ) Models,Designers,Photographers, Miss,artists, မိတ်ဆွေ အသိတွေပိုပိုများလာတယ်...ကိုယ့် Personal Image ကိုလဲ အသိမှတ်ပြု Mutual Respect ရှိကြတယ်💓

(least developed countries -ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံထဲ က တခု ဖြစ်တဲ့ ကိုယ့် 🇲🇲မြန်မာ နိုင်ငံ လေးက သာ Facebook တခုထဲ အဟူတ်ကြီး သုံးနေကြတာ Social Media Platform အစုံ personal branding, Company branding တည်ဆောက်ဖို့ တိုးဖို့ တကယ်လိုတာပါနော်(Profile,Background Histroy ) Strong ဖြစ်မနေဘဲ Marketing Strategy က မခိုင်မာပဲ...မြနမာ Audience လောက်ပဲ Target ထားနေလို့မရတော့တာ အမှန်ပဲ💪Experiences တွေ,အသစ်သစ်တွေနဲ့ ခေတ်နောက်ကို အမှီ ပြေးလိုက်နေရမှာ..🌏Globally ,Internationally ကမ္ဘာပတ် နေတဲ့ Professionalists တွေက Instagram ပဲBusiness အရ,Smart ကျကျ ,သုံးကြတော့တာ,Facebook ခေတ်နောက် ကျန်ခဲ့ပီ

04/12/2025

ကျမ ရဲ့ ချစ်ရသော. အစ္စတန်ဘူလ် က🇹🇷✈️...ပင်တိုင် 💃Model လုပ်နေတဲ့ (ဖက်ရှင် ကုမ္ပဏီ )မိသားစုလေး နဲ့ Desiger ကြီး(၂)ယောက် 😬ဝိတ် မတက်လို့ အဆူခံထိ 💃ထိုင်းက လက်ဆောင်, 🇲🇲မြန်မာ ပိုးပုဆိူး,ပုဝါတွေ ကို Coupဖြစ်ထဲက ချင်းမိုင်မှာနေနေတဲ့ လေးစားတန်ဖိူးထားရတဲ့🇲🇲မြန်မာ 💓Designer ကြီး တယောက်စီ လှန်း အကူညီတောင်းပီး(၁)ပတ်နဲ့ စီစဥ် ပီး အချိန်မရတဲ့ကြားက 💓သူတိူ့အတွက် 🎁လက်ဆောင်✈️ဝယ်လာလို့ သဘောတွေကျ….Mutual Respect ,Care and love 💃👊

နင်ဒီလို မနားမနေ Run နေတာ 🤣ဝိတ်မတက်လို့...မြန်မာပြန်ပို့မယ်တဲ့😅Surgery လုပ် စီလီကွန် ထည့် ပစ်မယ်တဲ့ ✌️Exam ရှိ,ကျောင်းတက်, Model agency 💃Training လဲ အပတ်တိုင်းသွား, အလုပ်မပျက်, ကျောင်းမပျက်, Modeling အလုပ်လဲ မလျော့ ခဏခဏ နေမကောင်းတောင် ခွင့်မယူဘူး😉😬Show လျှောက်ဖို့ , ကျောင်း ကိစ္စတွေဆို ခွင့်တိုင်တိုင်း အလုပ်ထုတ်မယ် ပြောပီး 😉Family types လိုဖြစ်လာတော့ ...ဘာခိုင်းခိုင်း ရတာကိုး (Digital Marketing အပိုင်း, Social Media အပိုင်း,Vedio Editor) multi-Skills အကုန်ရတာကိုး🤩လက်တွဲလုပ်နေတာ( ၅) လရှိနေပီ 🤭(ကျမ အတွက် သိပ်ကြမ်းတမ်း ခက်ခဲ ခဲ့ပြီး အရမ်း ကြိုးစား ရှငိသန်နေတာ သူတို့ အသိဆုံးပဲ...

04/12/2025

💓Fashion Runway Modeling in other countries 👠Me🇲🇲✈️ 15-flying hours🇹🇷👉🇹🇭Fashion Weeks/ Show #2025

Address

Istanbul
34000

Alerts

Be the first to know and let us send you an email when Han Nway-ဟန်နွေ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Han Nway-ဟန်နွေ:

Share