မန်ယူနေ့စဉ်

မန်ယူနေ့စဉ် ယူနိုက်တက်ပရိတ်သတ်စစ်စစ်များအတွက်ယူနိုက်တက်သတင်းများအစုံလင်ဆုံးနေရာ

"ပက်ဂွာဒီယိုလာမန်ချက်စတာစီးတီးမှာရယူခဲ့တဲ့လက်ရှိအချိန်အထိအောင်မြင်မှုတွေဟာဆြာအဲလက်စ်ဖာဂူဆန်ယူနိုက်တက်မှာရယူခဲ့တဲ့အောင်မြ...
10/10/2025

"ပက်ဂွာဒီယိုလာမန်ချက်စတာစီးတီးမှာရယူခဲ့တဲ့လက်ရှိအချိန်အထိအောင်မြင်မှုတွေဟာဆြာအဲလက်စ်ဖာဂူဆန်ယူနိုက်တက်မှာရယူခဲ့တဲ့အောင်မြင်မှုတွေထက်ပိုပြီးကြီးကျယ်ခမ်းနားပါတယ်။ဂွာဒီယိုလာဟာပရီးမီးယားလိဂ်သမိုင်းမှာအကောင်းဆုံးနည်းပြပါဘဲ။လူတွေကဖာဂူဆန်အဘာဒင်းအသင်းနဲ့ရယူခဲ့တဲ့အောင်မြင်မှုကိုထည့်ပြောပြီးဖာဂူဆန်ပိုကောင်းတယ်ပြောရင်ပြောကြမှာပါ။ဒါပေမဲ့ဂွာဒီယိုလာက၇နှစ်အတွင်းပရီးမီးယားလိဂ်ဖလား၆ကြိမ်ယူခဲ့တယ်။သူအင်္ဂလန်ရောက်တာ၈နှစ်ဘဲရှိသေးတာနော်။ဖာဂူဆန်ကသူယူနိုက်တက်ကိုရောက်ပြီး ၇ နှစ်အကြာမှာပရီးမီးယားလိဂ်ဖလား၁လုံးဘဲရတယ်။"

ကစားသမားဟောင်းများနဲ့ပြုလုပ်တဲ့ Podcast အင်တာဗျုးမှလီဗာပူကစားသမားဟောင်းဂျေမီကာရာဂါ၏မှတ်ချက်စကား

ကာရာဂါကတော့လာမဲ့ပွဲအတွက်ကြိုပြီးများစိတ်ဓာတ်စစ်ဆင်ရေးလုပ်နေလေသလား...🤔

ပို့စ်ကို like & share လုပ်ပြီး page ကိုအားပေးဖို့ယူနိုက်တက်ဖန်ညိုကီတို့ကိုတောင်းဆိုချင်ပါတယ်...👏👏


#မန်ယူနေ့စဉ်

Player News ✨ယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကစားသမားဘရိုင်ယန်အမ်ဘွီမိုဟာကင်မရွန်းလက်ရွေးစင်အသင်းမှာရွေးချယ်ခံထားရသူဖြစ်ပါတယ်။...
10/10/2025

Player News ✨

ယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကစားသမားဘရိုင်ယန်အမ်ဘွီမိုဟာကင်မရွန်းလက်ရွေးစင်အသင်းမှာရွေးချယ်ခံထားရသူဖြစ်ပါတယ်။

ကင်မရွန်းအသင်းရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲ ပွဲစဉ်တစ်ခုဖြစ်တဲ့ Mauritius အသင်းနဲ့ပွဲစဉ်မှာ ၇၅မိနစ်တွင်လူစားဝင်ကစားခဲ့ပြီး ၉၂မိနစ်မှာအနိုင်ဂိုး ၁ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။အဆိုပါပွဲစဉ်မှာကင်မရွန်းအသင်းက ၂ ဂိုးဂိုးမရှိနဲ့အနိုင်ရခဲ့ပါတယ်။

အမ်ဘွီမိုဟာအသင်းကိုရောက်ရောက်ချင်းမှာဘဲဩဂုတ်လရဲ့၁လတာအကောင်းဆုံးကစားသမားဆုရရှိခဲ့သူဖြစ်ပြီးပြီးခဲ့တဲ့ဆန်းဒါးလန်းအသင်းနဲ့ပွဲမှာလည်းမေဆင်မောင့်ရဲ့အဖွင့်ဂိုးကိုဖန်တီးပေးခဲ့သူဖြစ်ပြီးပုံစံကောင်းပြသနေသူဖြစ်ပါတယ်။

နိုင်ငံတကာပွဲစဉ်တွေအပြီးပြန်လာချိန်မှာယူနိုက်တက်နဲ့အတူဆက်လက်ခြေစွမ်းပြနိုင်မလားစောင့်ကြည့်ရမှာပါ။

ပို့စ်ကို like & share လုပ်ပြီး page ကိုအားပေးဖို့ယူနိုက်တက်ဖန်ညိုကီတို့ကိုတောင်းဆိုချင်ပါတယ်...👏👏


#မန်ယူနေ့စဉ်

10/10/2025
Player News 🚨BBC SPORTS ရဲ့ Reporter ဖြစ်တဲ့ Simon Stone ရဲ့အဆိုအရယူနိုက်တက်ရဲ့အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်ဇ်ဟာရာသီကုန...
09/10/2025

Player News 🚨

BBC SPORTS ရဲ့ Reporter ဖြစ်တဲ့ Simon Stone ရဲ့အဆိုအရယူနိုက်တက်ရဲ့အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်ဇ်ဟာရာသီကုန်မှာဆော်ဒီလိဂ်သို့ပြောင်းရွှေ့မည်မဟုတ်ကြောင်းသိရှိရသည်။

ဘရူနိုအနေနဲ့မည်သည့်ကမ်းလှမ်းမှုကိုမှလက်ခံစဉ်းစားဖို့အစီအစဉ်မရှိဘဲယူနိုက်တက်ရဲ့အနာဂတ်အစီအစဉ်များတွင်ပါဝင်ရန်သာစိတ်အားထက်သန်လျက်ရှိသည်ဟုသိရှိရသည်။

ညီအကိုတို့အနေနဲ့ရောဘရူနိုကိုရောင်းသင့်လား (သို့)အသင်းရဲ့အနာဂတ်မှာပါဝင်စေချင်လားဗျ..🤔

ပို့စ်ကို like & share လုပ်ပြီး page ကိုအားပေးဖို့ယူနိုက်တက်ဖန်ညိုကီတို့ကိုတောင်းဆိုချင်ပါတယ်...👏👏


#မန်ယူနေ့စဉ်

09/10/2025

#မန်ယူနေ့စဉ်

Team News 💬ယူနိုက်တက်ရဲ့ပူးတွဲပိုင်ရှင်ဖြစ်သူဆြာဂျင်ရက်ကလစ်ဖ်ကလက်ရှိနည်းပြအမိုရင်အားအချိန် ၃ နှစ်ပေးသွားမယ်လို့ The Time...
09/10/2025

Team News 💬

ယူနိုက်တက်ရဲ့ပူးတွဲပိုင်ရှင်ဖြစ်သူဆြာဂျင်ရက်ကလစ်ဖ်ကလက်ရှိနည်းပြအမိုရင်အားအချိန် ၃ နှစ်ပေးသွားမယ်လို့ The Times နဲ့ပြုလုပ်တဲ့အင်တာဗျုးမှာပြောကြားသွားပါတယ်။

နည်းပြအမိုရင်ဟာရလဒ်ဆိုးတွေကြောင့်မကြာခဏထုတ်ပယ်ခံရမဲ့သတင်းတွေထွက်နေပေမဲ့အသင်းပိုင်ရှင်ကတော့အချိန် ၃ နှစ်ပေးမယ်လို့လူသိရှင်ကြားပြောကြားသွားခဲ့ပြီဖြစ်ပါတယ်။

အမိုရင်ဟာမကြာသေးခင်ကဘဲယူနိုက်တက်ကိုကိုင်တွယ်ခဲ့တာပွဲ၅၀ပြည့်သွားခဲ့ပြီဖြစ်ပြီး နိုင်ပွဲ ၂၀၊ ၁၂ ပွဲသရေ၊ ၁၈ ပွဲအရှုံးရလဒ်ကိုပိုင်ဆိုင်ထားပါတယ်။

ယူနိုက်တက်ပရိတ်သတ်တွေ​အနေနဲ့ရောအမိုရင်ကို၃ နှစ်လောက်အချိန်ပေးသင့်တယ်ထင်လားဗျ...🤔

ပို့စ်ကို like & share လုပ်ပြီး page ကိုအားပေးဖို့ယူနိုက်တက်ဖန်ညိုကီတို့ကိုတောင်းဆိုချင်ပါတယ်...👏👏


#မန်ယူနေ့စဉ်

Former Player Talk 💬ယူနိုက်တက်ကစားသမားဟောင်းဖြစ်သူရီရိုဖာဒီနန်ကတော့လက်ရှိသတင်းထွက်နေတဲ့အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်ဇ်က...
08/10/2025

Former Player Talk 💬

ယူနိုက်တက်ကစားသမားဟောင်းဖြစ်သူရီရိုဖာဒီနန်ကတော့လက်ရှိသတင်းထွက်နေတဲ့အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်ဇ်ကိုဆော်ဒီကလပ်အဲဒယ်ဟီလာထံပေါင်သန်း၁၀၀နဲ့လာမဲ့နွေအပြောင်းအရွှေ့မှာရောင်းချဖြစ်ခဲ့ပါကသူဖြည့်တင်းလိုတဲ့ကစားသမားကိုပြောကြားလိုက်ပါတယ်။

"ဘရူနိုကိုရောင်းပြီးပေါင်သန်း ၁၀၀ ရခဲ့မယ်ဆိုရင်ကျွန်တော့်အတွက်တော့ဦးစားပေးပစ်မှတ်ကဂျု့ဘယ်လင်ဟန်ပါဘဲ။လက်ရှိရီးရဲမှာအမ်ဘာပေကအဓိကကစားသမားဖြစ်နေပြီးသူသာယူနိုက်တက်ကိုလာမယ်ဆိုအဓိကကစားသမားနေရာကသူ့အတွက်ပါဘဲ။လူတွေကတိုက်စစ်အားသန်းကွင်းလယ်ကစားသမားလို့ဆိုလိုက်ရင်ဖလောရင့်ဗက်ဇ်၊အိုဒီဂတ်တို့အကြောင်းကိုသာပြောနေပေမဲ့ကျွန်တော့်အတွက်ကတော့သူတို့ကောင်းတယ်ဆိုတာဂျု့ခြေစွမ်းကျနေချိန်လောက်ကိုတောင်မမှီပါဘူး။"

ဖာဒီနန်ကတော့ကမ္ဘာအဆင့်လည်းဖြစ်....ပရီးမီးယားလိဂ်နဲ့ချက်ချင်းအံဝင်နိုင်လောက်တဲ့ကြံ့ခိုင်မှုအသားပေး box-to-box ဆန်ဆန်ကွင်းလယ်တိုက်စစ်ကစားသမားဂျု့ဘယ်လင်ဟန်ကိုသဘောကျနေပုံရပါတယ်။

တကယ်လည်းဘယ်လင်ဟန်ဟာဘောလုံးနဲ့အတူတိုက်စစ်ဧရိယာအထိဆွဲတက်နိုင်သလိုကောင်းမွန်တဲ့ through ball တွေလည်းပေးပို့နိုင်ပြီး အသင်းရဲ့ pressing မှာမေဆင်မောင့်တို့လိုကောင်းကောင်းပူးပေါင်းနိုင်တဲ့ကစားသမားဖြစ်ပါတယ်။

ဒါပေမဲ့ဘယ်လင်ဟန်လိုကစားသမားမျိုးကိုရဖို့လက်ရှိယူနိုက်တက်ရဲ့အနေအထားရအပြောင်းအရွှေ့ဖြစ်ဖို့ကတော့ခက်ခဲတယ်ဆိုရမှာပါ။သူ့ထက်စာရင်ဘာလီဘာ..ဝါတန်တို့လိုကစားသမားတွေကပိုတော့ဖြစ်နိုင်ချေရှိတယ်လို့ထင်ပါတယ်ဗျ။

ပို့စ်ကို like & share လုပ်ပြီး page ကိုအားပေးဖို့ယူနိုက်တက်ဖန်ညိုကီတို့ကိုတောင်းဆိုချင်ပါတယ်...👏👏


#မန်ယူနေ့စဉ်

Big thanks toNaing Aung, Hein Htet Naing, Tun Tun Lin, Nay Lin Phyo, ဘာ မီ တြန္, Chit Lay, Ko Phyo, Wai Yan Moe, Than Au...
08/10/2025

Big thanks to

Naing Aung, Hein Htet Naing, Tun Tun Lin, Nay Lin Phyo, ဘာ မီ တြန္, Chit Lay, Ko Phyo, Wai Yan Moe, Than Aung, Thar Lanemar, Khun Revo Love, Jeff Htun Kyaw, Saw Htet Naing Htew, Thet Swe Oo, Thet Wai Soe, Htet Min Thu, Pyae Hmue Paing, Boe Aung, Moenandar Kyawkyaw, Myo Min Htet, Khin Zaw, Aung Myo Kyaw, Kaung Moe Yan, Aung Myo Kyaw, Ko Soe Soe, Khaingthinzarmaung, Mg Htet, Win Htut, La Min, ရင် ခွင် ရိပ်, Yaung Ne, Myat Min, Than Myint Aung, MiN Ko KO, Mg Zaw, Kyaw Thet Aung, Śĥìñè Òó Ñwàý, Zin Lin Phyo, Khithic Dha Thaa, Abu Tariq Jameel, Htay Naing Win, Yar Zar Maung, အောင်နိုင် အညာမြေ, Lone Lone

for all your support! Congrats for being top fans on a streak 🔥!

အစဉ်အမြဲအားပေးနေတဲ့ယူနိုက်တက်ဖန်ညီအကိုများကိုကျေးဇူးပါ...✨✨✨

#မန်ယူနေ့စဉ်

Future Transfer News ✨မန်ချက်စတာယူနိုက်တက်ဟာဆီနီဂေါနိုင်ငံက Be Sport Academy ထွက်လူငယ်ကစားသမားလေးမိုဟာမက်ဒါဘိုကိုခြေစွမ်...
08/10/2025

Future Transfer News ✨

မန်ချက်စတာယူနိုက်တက်ဟာဆီနီဂေါနိုင်ငံက Be Sport Academy ထွက်လူငယ်ကစားသမားလေးမိုဟာမက်ဒါဘိုကိုခြေစွမ်းခေါ်ယူစမ်းသပ်မှုပြုလုပ်ရာမှာစိတ်ကျေနပ်မှုရှိတာကြောင့်တရားဝင်ခေါ်ယူမှုပြုလုပ်တော့မယ်လို့သိရှိရပါတယ်။

ဆီနီဂေါနွယ်ဖွားလူငယ်ကစားသမားလေးဟာအသက် ၁၇နှစ်သာရှိသေးတဲ့ကွင်းလယ်ကစားသမားလေးဖြစ်ပြီးအသင်းအနေနဲ့မိုဟာမက်ဒါဘိုကိုခေါ်ယူဖို့သက်ဆိုင်ရာလုပ်ငန်းစဉ်များစတင်လုပ်ဆောင်နေပြီလို့သိရှိရပါတယ်။

ယူနိုက်တက်အနေနဲ့အလားအလာရှိလူငယ်ကြယ်ပွင့်များစုဆောင်းခြင်းကိုသေချာလုပ်ဆောင်လာနေတာတွေ့ရပြီးပြီးခဲ့တဲ့ရာသီကလူငယ်ကြယ်ပွင့်လေးဒီရေဂိုလီယွန်ကိုခေါ်ယူခဲ့ခါ လက်ရှိရာသီမှာလည်းမကြာသေးခင်ကကိုလံဘီယာ ယူ-၂၀ ရဲ့အသင်းခေါင်းဆောင်လူငယ်ကစားသမားလေး ခရစ်ရှန်အိုရိုဇကိုသဘောတူညီမှုရရှိထားခဲ့တာဖြစ်ပါတယ်။

ပို့စ်ကို like & share လုပ်ပြီး page ကိုအားပေးဖို့ယူနိုက်တက်ဖန်ညိုကီတို့ကိုတောင်းဆိုချင်ပါတယ်...👏👏


#မန်ယူနေ့စဉ်

Player News 💨မန်ချက်စတာယူနိုက်တက်ရဲ့တိုက်စစ်ကစားသမားဂျိုရှုအာဇစ်ဇီးနဲ့ကွင်းလယ်လူငယ်ကစားသမားကိုဘီမိုင်နူးတို့ဟာလက်ရှိရာသီ...
08/10/2025

Player News 💨

မန်ချက်စတာယူနိုက်တက်ရဲ့တိုက်စစ်ကစားသမားဂျိုရှုအာဇစ်ဇီးနဲ့ကွင်းလယ်လူငယ်ကစားသမားကိုဘီမိုင်နူးတို့ဟာလက်ရှိရာသီနည်းပြအမိုရင်လက်အောက်မှာပွဲထွက်ကစားခွင့်နည်းပါးနေခြင်းအတွက်မပျော်မရွှင်ဖြစ်နေတယ်လို့သိရပါတယ်။

ဇစ်ဇီးအနေနဲ့ဒီရာသီမှာပြိုင်ပွဲစုံ၄ပွဲကိုလူစားဝင်ကစားသမားအနေနဲ့မိနစ်အနည်းငယ်စီသာကစားထားခဲ့ရပြီးကိုဘီမိုင်နူးဆိုလည်းပြိုင်ပွဲစုံ၆ပွဲကစားထားရာမှာ EFL CUP ပြိုင်ပွဲဖြစ်တဲ့ Grimsby Town အသင်းနဲ့ပွဲသာပွဲချိန်ပြည့်ကစားခဲ့ရပြီးကျန် ၅ပွဲမှာလူစားဝင်အနေနဲ့မိနစ်အနည်းငယ်စီသာကစားထားရတာဖြစ်ပါတယ်။

ထွက်ပေါ်နေတဲ့သတင်းတွေအရလက်ရှိအခြေအနေအတိုင်းဆိုလျှင်ကစားသမား ၂ ဦးလုံးကလာမဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာအငှားအနေနဲ့အသင်းကထွက်ခွာလိုနေတယ်လို့သိရပါတယ်။

လက်ရှိမှာအသင်းရဲ့တည်ငြိမ်မှုကိုတည်ဆောက်နေရတာကြောင့်ဇစ်ဇီးနဲ့မိုင်နူးတို့ကောင်းကောင်းကစားခွင့်မရသေးတာလို့ယူဆလို့ရနိုင်ပြီးအထူးသဖြင့်အမိုရင်အနေနဲ့ကွင်းလယ်မှာမိုင်နူးကိူလက်ရှိထက်ပိုမိုကစားခိုင်းသင့်တယ်လို့ထင်မိပါတယ်။အသင်းကကျစ်ကျစ်လစ်လစ်တည်ဆောက်ဖို့လိုအပ်တာကြောင့်ကစားသမားအဝင်အထွက်မျာပြားခြင်းအသင်းည်ငြိမ်မှုကိုထိခိုက်နိင်တယ်လို့လည်းထင်ပါတယ်ဗျ။

ယူနိုက်တက်ဖန်ညီအကိုတို့နေနဲ့ရောဒီကစားသမား၂ယောက်ကိုဆက်ထားသင့်တယ်ထင်လားဗျ...🤔

ပို့စ်ကို like & share လုပ်ပြီး page ကိုအားပေးဖို့ယူနိုက်တက်ဖန်ညိုကီတို့ကိုတောင်းဆိုချင်ပါတယ်...👏👏


#မန်ယူနေ့စဉ်

Target Player News 🎯မန်ချက်စတာယူနိုက်တက်ဟာပြီးခဲ့တဲ့နွေရာသီဆက်သွယ်ဆွေးနွေးမှုများပြုလုပ်ခဲ့တဲ့ဘုန်းမောက်အသင်းရဲ့တောင်ပံက...
07/10/2025

Target Player News 🎯

မန်ချက်စတာယူနိုက်တက်ဟာပြီးခဲ့တဲ့နွေရာသီဆက်သွယ်ဆွေးနွေးမှုများပြုလုပ်ခဲ့တဲ့ဘုန်းမောက်အသင်းရဲ့တောင်ပံကစားသမား အမ်တွမ်ဆယ်မန်ညိုဟာအသင်းရဲ့အပြောင်းအရွှေ့စာရင်းထဲမှာရှိနေဆဲဖြစ်ပြီးခေါ်ယူဖို့အတွက်ဆက်လက်စောင့်ကြည့်နေဆဲဖြစ်သည်။

ဂါနာနွယ်ဖွားဆယ်မန်ညိုဟာပြီးခဲ့တဲ့ရာသီကဘုန်းမောက်အတွက် ၄၂ပွဲကစား၊၁၃ဂိုးသွင်း၊၇ဂိုးဖန်တီးပေးခဲ့ပြီးလက်ရှိရာသီမှာလည်း၈ပွဲကစား၊၆ဂိုးသွင်း၊၃ဂိုးဖန်တီးထားခါအကောင်းဆုံးခြေစွမ်းပြလျက်ရှိပါတယ်။ကစားသမားဟာဘယ်ညာတောင်ပံနှစ်ဘက်လုံးသာမကကွင်းလယ်လူအဖြစ်ပါကောင်းကောင်းကစားနိုင်တဲ့ Versatile player ဖြစ်ပြီးအသက် ၂၅ နှစ်သာရှိသေးတဲ့လူငယ်ကစားသမားဖြစ်ပါတယ်။

ဘုန်းမောက်အနေနဲ့သူတို့ရဲ့ကစားသမားအတွက်ပေါင်၇၅သန်းဝန်းကျင်အလိုရှိနေတယ်လို့သတင်းထွက်နေပြီးလက်ရှိခေတ်အရမများဘူးလို့ဆိုရမှာပါဘဲဗျ။

ပို့စ်ကို like & share လုပ်ပြီး page ကိုအားပေးဖို့ယူနိုက်တက်ဖန်အားလုံးကိုတောင်းဆိုချင်ပါတယ်ဗျ။👏👏


#မန်ယူနေ့စဉ်

Address

Jin'an Street
Xinbei
236043

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959965999289

Website

Alerts

Be the first to know and let us send you an email when မန်ယူနေ့စဉ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to မန်ယူနေ့စဉ်:

Share