Natalie Kobman

Natalie Kobman Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Natalie Kobman, Digital creator, Landmark, Alexandria, VA.

ဒေါက်တာ Pratik Joshi သည် လန်ဒန်တွင် လွန်ခဲ့သော ခြောက်နှစ်ကတည်းက နေထိုင်ခဲ့သည်။ သူသည် အိန္ဒိယတွင် ကျန်ရစ်နေသော မိမိ၏ဇနီးန...
06/12/2025

ဒေါက်တာ Pratik Joshi သည် လန်ဒန်တွင် လွန်ခဲ့သော ခြောက်နှစ်ကတည်းက နေထိုင်ခဲ့သည်။ သူသည် အိန္ဒိယတွင် ကျန်ရစ်နေသော မိမိ၏ဇနီးနှင့် ငယ်ရွယ်သောကလေးသုံးယောက်အတွက် နိုင်ငံရပ်ခြားတွင် ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခု ဖန်တီးပေးချင်သည့် အိပ်မက်ကို မက်မောတမ်းတစွာ ကြာမြင့်စွာ မက်မောနေခဲ့သည်။

နှစ်ပေါင်းများစွာ ကြိုးစားပြီး နောက်မှာတော့ ထိုအိပ်မက်သည် နောက်ဆုံးတွင် အမှန်တကယ် ဖြစ်လာပါတော့သည်။ လွန်ခဲ့သော နှစ်ရက်ကမှ သူ့ဇနီး ဒေါက်တာ ကိုမီ ဗျာ့စ် (သူမလည်း ဆေးပညာရှင်တစ်ဦး ဖြစ်သည်) သည် အိန္ဒိယရှိ မိမိ၏အလုပ်မှ နုတ်ထွက်ခဲ့သည်။ အိတ်များကို ပြင်ဆင်ပြီး၊ နှုတ်ဆက်ပွဲများ ပြုလုပ်ပြီး၊ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အနာဂတ်ကို မိသားစုနဲ့ အတူ ဘဝသစ်တစ်ခု ဖန်တီးရန် စိတ်လှုပ်ရှားနေမိသည်။

ယနေ့နံနက်တွင် သူတို့ငါးယောက်စလုံးသည် မျှော်လင့်ချက်၊ စိတ်လှုပ်ရှားခြင်းနှင့် အစီအစဉ် များဖြင့် ပြည့်နှက်လျက် လန်ဒန်သို့သွားသော Air India လေယာဉ် အမှတ် ၁၇၁ လေယာဉ်ပေါ်သို့ တက် ရောက်ခဲ့ကြသည်။ မိသားစု Selfieလေယာဉ် ပေါ်တွင် ရိုက်ပြီး ဆွေမျိုးများထံ သို့လဲ ပို့​ပေးလိုက် ကြသည်။ မိသားစု အတူတူဘဝသစ်ကို တစ်ခုကို စတင်ရန် စိတ်လှုပ်ရှားစွာဖြင့် ပျော်ရွှင်စွာကောင်းသော အနာဂတ်တစ်ခုဆီသို့ .... ....

သို့သော် သူတို့မိသားစု အားလုံး အင်္ဂလန်သို့ မရောက်လာနိုင်ခဲ့​ပေ.....လေယာဉ်ပျက်ကျခဲ့မှုထဲတွင် ကံမကောင်းစွာဖြင့် မိသားစုအားလုံး ပါဝင်ခဲ့သည်။ သူတို့တစ်ယောက်မှ အသက်မရှင်နိုင်ခဲ့။

ခဏလေးကြားမှာပင် တစ်သက်တာ အိပ်မက်များသည် ပြာမှုန့်အဖြစ်သို့ ပြောင်းသွားခဲ့သည်။ ဘဝသည် ကြောက်မက်ဖွယ်ရာ ကောင်းသော၊ ပျက်စီးရန် လွယ်ကူကြောင်း ရက်စက်သော၊ သတိပေးချက်တစ်ခု အဖြစ် ခေါင်းထဲ သို့ Reminder အဖြစ်ရောက်ရှိလာခဲ့သည်။

တည်ဆောက်ဖို့ ခက်ခဲသမျှ၊ ပျက်စီးရန်သိပ်လွယ်ကူခဲ့သည်။ ချစ်မြတ်နိုးသမျှ အားလုံးသည် သည်လဲ မျက်စိတမှိတ်အတွင်း အရာအားလုံး ခဏလေးအတွင်း ပျောက်ကွယ်သွားနိုင်သည်။ ဒီနေ့နဲ့ မနက်ဖြန် ဘာမှ အာမခံချက် မရှိပေ။ ဒီအဖြစ်အပျက်ထဲက ထပ်ပြီးရလိုက်တဲ့ သင်ခန်းစာကတော့ ဘဝကို တန်ဖိုးရှိစွာ ပျော်ရွှင်စွာ၊ စိတ်အေးချမ်းစွာ အသက်ရှင်ပါ၊ ချစ်ခြင်းမေတ္တာ ပေးပါ။ ပူလောင်မှုများကို မဖန်တီးပါနဲ့။ ပူလောင်မှုများ မှ ကင်းဝေးအောင်နေပါ။ ကိုယ့်အတွက် တန်ဖိုးမရှိတဲ့၊ အဆိပ်အတောက် ပေးနေတဲ့ အသိုင်းအဝိုင်းကို တတ်နိုင်သလောက်ဖြတ်တောက်ပါ။ ပျော်ရွှင်ခြင်းကို မနက်ဖြန်မှ စတင်မည်ဟု မစောင့်ပါနှင့်။​​​​​​​​​​​​​​​​ ၂ ခါ ပြန်မရနိုင်သော ကိုယ့်ဘဝ အတွက် အတတ်နိုင် ဆုံးပျော်ရွှင်စွာ ဖြတ်သန်းပါ။ အချိန်ကုန်မခံပါနဲ့။

-Natalie-
💐💐💐💐💐
Dr Pratik Joshi had been living in London for the past six years. He had long dreamed of building a better future abroad for his wife and their three young children, who were staying back in India.

After years of planning, paperwork, and patience, that dream was finally coming true. Just two days ago, his wife, Dr. Komi Vyas, also a medical professional, resigned from her job in India. The bags were packed, the goodbyes said, the future waiting.

This morning, all five of them, filled with hope, excitement, and plans, boarded Air India flight 171 to London. Clicked this selfie, sent it to relatives. A one-way journey to begin a new life.

But they never made it. The plane crashed. None of them survived.

In a matter of moments, a lifetime of dreams turned to ash. A brutal reminder, life is terrifyingly fragile. Everything you build, everything you hope for, everything you love, it all hangs by a thread. So while you can, live, love, and don’t wait for happiness to start tomorrow.




"တကယ်လို့ အထိန်းသိမ်း ခံရတော့မယ်ဆိုရင်"လက်ရှိသမ္မတ ထရမ့်ရဲ့ အစုလိုက်အပြုံလိုက် ပြန်ပို့ရေးအစီအစဉ်ကို သူတာဝန်ပေးထားတဲ့ IC...
06/11/2025

"တကယ်လို့ အထိန်းသိမ်း ခံရတော့မယ်ဆိုရင်"
လက်ရှိသမ္မတ ထရမ့်ရဲ့ အစုလိုက်အပြုံလိုက် ပြန်ပို့ရေးအစီအစဉ်ကို သူတာဝန်ပေးထားတဲ့ ICE-U.S. Immigration and Customs Enforcement အဖွဲ့က ဝင်စီးနင်းတာကို ICE Raids လို့ ခေါ်ပါတယ်။ မြန်မာလို အတိုကောက် ရေခဲတွေက မိမိအိမ်ရှေ့ကို (မပြောကောင်းမဆိုကောင်း) ရောက်လာပြီဆိုရင် လုပ်သင့်တာနဲ့ မလုပ်သင့်တာတွေကို ရေးပြပါမယ်။

မှတ်ချက်အနေနဲ့ အခု ပြန်ပို့နေတာတွေက တရားရုံးက စာထွက်ပြိးသား၊ ရာဇဝတ်မှုများစွာကျူးလွန်ပြီးသား၊ မူးယစ်ဆေးဝါးလူဆိုးများနဲ့ ကလေးသူငယ်တွေအပေါ် အမှုကျူးလွန်ထားကြတဲ့ Criminal ရာဇဝတ်သားတွေကို ဖမ်းနေတာ ဖြစ်ပါတယ်။

တရားမဝင်နေသူအားလုံးဟာ "အမေရိကန်အစိုးရရဲ့ဥပဒေကို ချိုးဖောက်သူတွေဖြစ်လို့ ရာဇဝတ်သားတွေဖြစ်တယ်" လို့ ပေါ်ပေါ်တင်တင် ပြောခဲ့သူက အသစ်ခန့် အိမ်ဖြူတော် ပြန်ကြားရေးအရာရှိသစ် မိန်းကလေး ကယ်ရိုလိုင်းလီဗစ်-Karoline Leavitt ဖြစ်ပါတယ်။ အခု အစိုးရအသစ်ကို နှစ်များစွာ တိုင်းပြည်တွင်းမှာ နေခဲ့ကြတဲ့ လွတ်မြောက်နေဆဲ တရားမဝင်တွေကို ဖမ်းနေတာပါ။

တရားဝင် တိုင်းပြည်ထဲကို ဝင်လာပြီး နေထိုင်ခွင့် တစ်ခုခုစီကို ပြောင်းလဲရပ်တည်နေပြီး SSN ၊ EAD တို့ကို ထုတ်ပေးထားတယ်ဆိုတာက Legally Reside လုပ်နေတာ ဖြစ်ပါတယ်။ ဒီလိုလူတွေကို မဖမ်းပါ၊ ပြန်မပို့ပါဘူး ဆိုတာကို အမေရိကန် ရှေ့နေတွေက ပြောပြထားကြောင်း စာရေးတင်ပြပြီး ဖြစ်ပါတယ်။

တကယ်လို့ မိမိဟာ ICE Raids တစ်ခုကို မဖြစ်မနေ ကြုံတွေ့ရင်ဆိုင်နေရပြီဆိုရင် ငါဟာ တရားဝင် လာသူလား၊ တရားမဝင် လာသူလား ဆိုတာ အရင်စဉ်းစားပါ။

မိမိရဲ့ ဖုန်းထဲမှာ

-ပါ့စပို့
-I-94 ပုံ
-ကျောင်းသား ကျောင်းဝင်စာ I-20
-ဗီဇာ
-TPS စာရွက်
-ID ကတ်
-SSN
-EAD ကတ်
-ကားလိုင်စင်
-Asylum လျှောက်ထားတဲ့ဖောင်
-USCIS က စာရရှိကြောင်း I-797C စာ
-လက်ဗွေနှိပ်လက်ခံ
-(ရှိရင်) Green Card
-(ရှိရင်) နိုင်ငံသားဖြေထားတဲ့ Naturalization Certificate
-(ရှိရင်) အမေရိကန်နိုင်ငံသားနဲ့ လက်ထပ်စာချုပ် တို့အပြင်
-အရေးပေါ်ဆက်သွယ်ရမယ့် ဆွေမျိုး လိပ်စာတို့ကို Cloud ဖိုင်တစ်ခုထဲမှာ Scan ဖတ်ပြိး အကုန်ပေါင်းစု သိမ်းဆည်းထားပါ။ ဖုန်းထဲမှာ သိမ်းဖို့မဟုတ်၊ Google Drive လိုမျိုး အွန်လိုင်း Cloud မှာ တက်သိမ်းပါ။

မလွဲသာလို့ တကယ် အခက်အခဲကြုံတဲ့ အချိန်မှာတော့
၁. တည်ငြိမ်စွာနေပါ
_______________ စိတ်လှုပ်ရှားလွန်းရင် အမှားပါတတ်ပါတယ်။ အသက်ဝဝ ရှူပါ။ ဘာပြောလာ ပြောလာ နားလည်ဖို့ ပြင်ဆင်ထားပါ။ မရှင်းရင် ထပ်မေးပါ။
၂. ဘာ ထွက်ချက်မှ ပြန်မပြောပါနဲ့
_______________ တစ်ခွန်းထဲသော စကားကိုသာ ပြောပါ။
ငါ့အခွင့်အရေးကို ငါသိတယ်-I know my right.
ငါ ဘာမှမဖြေဖို့ ရွေးချယ်ပါတယ်-I'm choosing not to respond. ဆိုတာကိုသာ အလွတ်ကျက်ထားပါ။ ဘာမှ မဖြေထားရင် နောက်ကျမှ ဖြေသမျှဟာ အရှေ့နဲ့ လွဲချော်စရာ မရှိပါဘူး။ လျှောက်ဖြေသမျှကို သူတို့မှတ်သွားမှသာ နောက်ပိုင်းမှ ကွဲလွဲချက်တွေကြောင့် လူကောင်းကသာ တရားခံ ဖြစ်သွားတတ်တာကို သတိချပ်ပါ။
၃. ဘယ်စာရွက်မှာမှ လက်မှတ်မထိုးပါနဲ့
_______________ ထပ်တလဲလဲ ပြောဖို့ စကားတစ်ခွန်း ရှိပါတယ်။
ငါရှေ့နေနဲ့မှ ပြောပါ-Please talk to my lawyer.
Please speak to my attorney. ဒီထက်မှတ်မိလွယ်တာက
ငါ ရှေ့နေတစ်ယောက် လိုချင်တယ်-I need a lawyer. လို့သာ ပြောပါ။ ဘယ်ဆီနေမှန်းမသိတဲ့ ရှေ့နေဟာ ပိုက်ဆံပေး ငှားလို့ရရင်ရ မရရင် အမေရိကန်အစိုးရက Public Defender တစ်ယောက်ကို အခမဲ့ ရှာပေးရမှာပါ။
၄. ဘာစာရွက်စာတမ်းအမှားမှ မထုတ်ပေးပါနဲ့
_______________ လာစစ်တဲ့လူတွေဟာ Immigration Officer တွေ ဖြစ်တယ်။ ဒါကြောင့် ပြည်ဝင်ခွင့်ကို မိတ်ဆွေထက် အများကြီးနားလည်သလို ဘာသာစကားမှာ အားသာချက် အင်မတန် ကြီးတယ်။ ဒါကြောင့် မသေချာ မရေရာတဲ့ ဒီစာရွက်ပြလိုက်ရင် ကောင်းမလားဆိုတာကို မလုပ်မိဖို့ လိုပါတယ်။
၅. မိသားစုကို ချက်ချင်းဆက်သွယ်ပါ
_______________ မိသားစုမရှိရင် မိမိအခြေအနေကို သိတဲ့ ဆွေမျိုး၊ သူငယ်ချင်း၊ ဆရာသမားတို့ကို အကြောင်းကြားပါ။ တကယ်လို့ ယုံရတယ်ဆိုရင် မိမိရဲ့ တရားဝင် နေထိုင်နေတယ်ဆိုတဲ့ စာရွက်စာတမ်းတွေကို အရင် ပြထားပါ။ မိတ္တူတွေ ပေးထားပါ။
၆. မရုန်းကန်ပါနဲ့
_______________ မိမိလက်နှစ်ဘက်ကို အရာရှိတွေ မြင်ပါစေ။ ဆက်ကနဲ ထွက်ပြေးတာ၊ အိတ်ထဲကို တစ်ခုခုလှမ်းနှိုက်တာ၊ တစ်ခုခု ဖွက်လိုက်တာ၊ တိုက်ခိုက်တာတွေကို လုံးဝမလုပ်ပါနဲ့။ ပြန်ပို့စီမံကိန်းကို ကိုင်တွယ်တဲ့ ရဲတွေမှာ တိုက်ခိုက်အားအပြည့် ပါတာကို အမြဲ သတိရှိထားပါ။ သူတို့ပြောသမျှကို သေသေချာချာ နားထောင်ပြီး လိုက်လုပ်ပေးလိုက်ပါ။ အသက်ထက် ဘာမှ အရေးမကြီးပါဘူး။
၇. ကူညီနိုင်မယ့် အဖွဲ့အစည်းတွေကို ရှာဖွေပါ
_______________ တကယ်ဖြစ်ပြီဆိုရင် Facebook ပေါ်တက်ပြီး စာရေးလို့ မရပါဘူး။ အမေရိကားရောက်လို့ အရင် ကြွယ်ခဲ့သမျှ ရေခဲအရာရှိတွေရှေ့မှာ မျက်နှာငယ်ရတော့မှာပါ။ မိမိအခြေအနေအရ ဒီလို ကံနိမ့်ဖို့ အကြောင်းရင်းခံ ပါလာနိုင်တယ်လို့ ထင်ရင် ဆက်သွယ်ရမယ့် အဖွဲ့အစည်းတွေရဲ့ နာမည်တွေကို မှတ်မိနေပါစေ၊ ဖုန်းနံပါတ်တွေ ရှာတတ်ပါစေ၊ တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ တတ်ကျွမ်းသူတွေရဲ့ အကြံဉာဏ်အတိုင်း လိုက်ပါလုပ်ဆောင်နိုင်ပါစေ။

မြန်မာနိုင်ငံကနေ နည်းအမျိုးမျိုးနဲ့ အမေရိကားရောက်လာတဲ့ မြန်မာတွေ၊ တိုင်းရင်းသားတွေ၊ လူမျိုးခြားတွေ အကုန် ဘေးကင်းကြပါစေ။
06/07/2025 (ဘာသာတရား)များများလုပ်
ကြပါ

◾အိမ်ထောင်ရေးမှာ ကွာရှင်းတာက ကိုယ့်ဘဝအတွက် မှန်ကန်တဲ့အကြောင်းပြချက်တွေအတွက်ဆိုရင် မှန်ကန်ပါတယ်။  ကွာရှင်းတာကို ကျရှုံးမှ...
03/22/2025

◾အိမ်ထောင်ရေးမှာ ကွာရှင်းတာက ကိုယ့်ဘဝအတွက် မှန်ကန်တဲ့အကြောင်းပြချက်တွေအတွက်ဆိုရင် မှန်ကန်ပါတယ်။
ကွာရှင်းတာကို ကျရှုံးမှုလက္ခဏာ (သို့) ရှက်စရာအဖြစ် တိုးတက်မှုနှေးကွေးတဲ့ နိုင်ငံတွေမှာ မကြာခဏ သတ်မှတ်လေ့ရှိကြပေမယ့်
အမှန်က... တစ်ခါတစ်ရံမှာ မင်းကို ဆက်လက်ပြီး ပျော်ရွှင်မှု မပေးနိုင်တော့တဲ့၊ မင်းရဲ့ စိတ်လုံခြုံမှု အတွက် ဆက်လက်ပြီး မပံ့ပိုးပေးနိုင်တော့တဲ့ အိမ်ထောင်ရေးမှာ ဆက်လက်ပြီး ရှင်သန်နေခြင်းကသာ ကိုယ့်ဘဝ အတွက်အစစ်အမှန် ကျရှုံးမှုပါ။

◾ကိုယ့်ကိုယ်ကို ဂုဏ်မပြုနိုင်ခြင်း၊ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုကို မကာကွယ်နိုင်ခြင်း၊ ကိုယ့်စိတ်မှာပျော်ရွှင်မှုတွေ တဖြည်းဖြည်း လျော့နည်းပျောက်ဆုံးလာခြင်း၊ ကလေးတွေကို အချစ်နဲ့ လေးစားမှုရဲ့ မှန်ကန်တဲ့ပုံရိပ်ကို မပြနိုင်ခြင်းကသာ မင်းဘဝရဲ့ တကယ့်ကျရှုံးမှုစစ်စစ်ပါ။

◾ဘယ်သူကမှ ကွာရှင်းဖို့အတွက် မျှော်လင့်ပြီး အိမ်ထောင်မပြုကြပါဘူး။ တစ်ယောက်နဲ့တစ်ယောက်ထာဝရအတူရှိချင်လို့၊ ထာဝရအတူရှိကြမယ်လို့ ယုံကြည်လို့သာလျှင်မျှော်လင့်ချက်တွေနဲ့ ဘဝသစ်ကို စတင်ကြတာပါ။

◾ ဒါပေမယ့် လူတွေဟာ ပြောင်းလဲသွားကြတယ်။ အခြေအနေတွေ ရွေ့လျားသွားကြတယ်။ ကြိုးစားပေမယ့်လည်း အိမ်ထောင်ရေး ဟာ Blessings ကောင်းချီးထက် Burdens ဝန်ထုတ်ဝန်ပိုးတွေ ဖြစ်လာတဲ့အခါ... ခက်ခဲတဲ့ရွေးချယ်မှုတွေကို စတင်လုပ်ဆောင်ရပါတော့တယ်။
ယုံပါ... အဲဒီရွေးချယ်မှုတွေက ဘဝမှာ
တကယ့်ကို ခက်ခဲပါတယ်။ 😓😓
တကယ်ကြုံတွေ့ ခဲ့ဖူးတဲ့ သူတွေမှသာ ခံစားနားလည်နိုင်တာပါ။

◾ ကွာရှင်းတာဟာ လက်လျှော့လိုက်တာ မဟုတ်သလို၊ ကျရှုံးသွားတာလည်း မဟုတ်ပါဘူး။ ဒါက ကိုယ်ယုံကြည်လို့ စတင်ထားခဲ့တဲ့ ဘဝ တစ်ခုမှာ မှန်ကန်စွာ အလုပ်မဖြစ်နေတာကို သိမြင်ပြီး
အဆိပ်သင့်နေတဲ့ အခြေအနေတစ်ခု
ကနေ အပြီးတိုင်ထွက်ခွါပြီး ပိုမိုကောင်းမွန်တဲ့ ဘဝတစ်ခုကို ပြန်လည်တည်ဆောက်ဖို့ အတွက် စိတ်အားထက်သန်မှုရှိ​နေခြင်းသက်သက်ပါ။

ဘာကြောင့်ပဲဖြစ်ဖြစ်... အဆိပ်သင့်မှု၊ အိမ်​ထောင်​ရေး ဖောက်ပြန်မှု၊ အကြမ်းဖက်မှု၊ လစ်လျူရှုမှု (သို့) လမ်းခွဲပြောင်းလဲသွားတဲ့ဘဝတွေကြောင့်ဖြစ်ဖြစ်... ဘဝအတွက် သတ္တိရှိရှိ သင့်တော်တဲ့ဆုံးဖြတ်ချက်တွေ ကို ချမှတ်နိုင်ခဲ့တာတွေဟာ စစ်မှန်တဲ့ပျော်ရွှင်မှု တွေကို တဖန် ပြန်လည်ရစေဖို့ အတွက်ပဲဖြစ်ပါတယ်။

◾ကွာရှင်းပြီးနောက် အပြစ်ရှိသလို (သို့) ရှက်
သလို ခံစားနေရ ရင် သိထားပါ... နာကျင်မှုထက် စိတ်ငြိမ်းချမ်းမှု၊ ဝမ်းနည်း၊ ကြေကွဲ မှုထက် ကုသမှုကို ရွေးချယ်ပြီး ကိုယ့်ကိုယ်ကို (သို့) ကလေးတွေ အတွက် Respect လေးစားမှုအတွက်၊ Self -worth ကိုယ့်ရဲ့တန်ဖိုး တစ်ခု အတွက် စံနမူနာပြခြင်းဟာ ဘယ်တော့မှ မမှားပါဘူး။

ကွာရှင်းတာ ဟာ မလွယ်ပေမယ့် တချို့တချို့သော အခြေအနေတွေ အတွက် တစ်ကယ်ကို လိုအပ်ပါတယ်။ မင်းဘဝ အတွက် မင်းရဲ့ ရွေးချယ်ဆုံးဖြတ်ချက်တွေဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်​တွေ ဖြစ်ခဲ့ရင်.….
မင်းဘဝ ရဲ့ကျန်းမာ၊ ပျော်ရွှင်သော လူနေမှုပုံစံ အတွက် ဒါဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက် ပါပဲ။

◾ဒီလမ်းကို လျှောက်ခဲ့ဖူးသူ (သို့) စဉ်းစားနေသူတိုင်းအတွက်... မင်းဟာ ကျိုးပဲ့နေတာမဟုတ်ဘူး။ အတ္တကြီးတာမဟုတ်ဘူး။ ကျရှုံးသူလည်းမဟုတ်ဘူး။ မင်းရဲ့ပျော်ရွှင်မှုအတွက် ခက်ခက်ခဲခဲ ရုန်းကန်ရွေးချယ်ခဲ့သူပါ။ ဒါဟာ လုံလောက်ပါတယ်... ဂုဏ်ယူစရာပါပဲ။ ကိုယ့်ကိုယ်ကို လုပ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူကျေနပ်ပါ။

◾ ပြင်ပက အသံတွေရဲ့ ဝေဖန်မှုကို (လုံးဝ) လက်မခံပါနဲ့။ ကိုယ့်စိတ်ကိုယ် သေခြာနားထောင်ပါ။ ကိုယ့်ကိုယ်ကို ပိုချစ်ပါ။
ကိုယ့်ကိုယ်ကို သတ္တိရှိရှိနဲ့ ကာကွယ်ပါ။
ကိုယ့်ဘဝအတွက် ပိုမိုကောင်းမွန်မဲ့ လမ်းကို သတ္တိရှိရှိရွေးချယ်ပါ။ နှလုံးသားကို အလိုမလိုက် ပါနဲ့။ ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်သစ်ကို ရှာဖွေပြီး နေထိုင်ရှင်သန်ပါ။

တကယ်တော့ ကွာရှင်းခြင်းဟာ မင်းဘဝအတွက် ပိုမိုအဓိပ္ပါယ်ရှိတဲ့ဘဝသစ်ကို ရှာဖွေနိုင်ဖို့နဲ့ မင်းဘဝပျော်ရွှင်ဖို့ သတ္တိရှိရှိ မင်းရွေးချယ်ထားတဲ့အရာသာဖြစ်ပါတယ်။
အားလုံးပဲ အဆိပ်သင့်နေတဲ့ အိမ်ထောင်ရေးကနေ သတ္တိရှိရှိနဲ့ ရုန်းထွက်ရင်း တကယ် လွတ်မြောက်နိုင်ကြပါစေ။

-Natt-

Re-edited by Natalie. Inspired by the original author. Credit to the original author.

Love is a choice you make from moment to moment.
03/20/2025

Love is a choice you make from moment to moment.

- ရင်ဘတ်ထဲက ကဗျာ - 💞 တစ်ယောက်နဲ့ တစ်ယောက်သံယောဇဉ်တွေ ရှိခဲ့ပေမဲ့ နီးစပ်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေတခု မှာ ခံစားချက်တွေ ဥပ...
03/18/2025

- ရင်ဘတ်ထဲက ကဗျာ -

💞 တစ်ယောက်နဲ့ တစ်ယောက်
သံယောဇဉ်တွေ ရှိခဲ့ပေမဲ့ နီးစပ်ဖို့
မဖြစ်နိုင်တဲ့ အခြေအနေတခု မှာ
ခံစားချက်တွေ ဥပက္ခာပြုထားပြီး
အရာရာ ဟာ မေ့မေ့ပျောက်ပျောက်နဲ့သာ
အချိန်တွေ ကုန်ဆုံးနေခဲ့….

💞 ဆယ်နှစ်ကျော် ဆိုတဲ့ ကာလတွေ ဟာ
ကြာခဲ့ပေမယ့် ချစ်ခြင်းရဲ့
အစွမ်းတွေနဲ့ မရင့်ရော်ခဲ့….
မမျှော်လင့်ဘဲ ငါတို့နှစ်ယောက်ဒီလိုပုံစံနဲ့
ထပ်တွေ့ကြရလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ …

💞ပေါင်းစည်းခွင့် မရှိတဲ့ကံကြမ္မာရယ်
ချစ်ခြင်းတွေ ပြည့်နေတဲ့ နှလုံးသားတစ်စုံရယ်
မနက်ဖြန်ဆို တာ ဘယ်သူမှ သေခြာမသိတဲ့အတွက်
ငါတို့နှစ်ယောက်ရဲ့ ရင်ခုန်ခြင်းတွေသာလျှင် ငါတို့ဘဝရဲ့မျှော်လင့်ချက်လေးတွေပဲပေါ့ ….

💞ချစ်ခြင်းမေတ္တာ ဟာ တကယ်တော့
ရိုးရှင်းပါတယ်။
ချစ်သောသူကို ချစ်ချင်နေရုံ သက်သက်သာ၊ ပျော်ရွှင်နေစေချင်ရုံ သက်သက်သာ…

💞 💞ချစ်တဲ့သူ ပျော်ရွှင်ပါစေ။

- Natt- မတ်လ ၁၅၊ ၂၀၂၅

I found an old picture from 2012. It is been nearly 13 years, and time flies. 📸
01/23/2025

I found an old picture from 2012. It is been nearly 13 years, and time flies. 📸

Embrace the chill, embrace the beauty. ❄️❄️
01/11/2025

Embrace the chill, embrace the beauty. ❄️❄️

🧣All bundled up with somewhere to go
01/07/2025

🧣All bundled up with somewhere to go

Perfect shot to start with 🏀🌟
01/04/2025

Perfect shot to start with 🏀🌟

12/31/2024

ဒီဇင်ဘာလ ဟာ ကိုယ့်ရဲ့ အနှစ်သက်ဆုံး၊ အကြိုက်ဆုံး လ တစ်လ ဖြစ်ပေမဲ့
ကိုယ့်အပေါ်အထီးကျန်မှုတွေ၊
လွမ်းဆွတ်မှုတွေ နဲ့ နာကျင်မှု ခံစားချက်တွေ
ကိုလဲ ပြန်လည် ဖော်ဆောင်ပေးနေတဲ့ လ
တစ်လ လဲ ဖြစ်နေလေရဲ့…..

❄️ ဒီဇင်ဘာလရဲ့ အေးမြတဲ့ လေညင်းတွေက
ကိုယ့်ရင်ဘတ်ထဲက ဝမ်းနည်းမှုတွေကို
ပို၍သာ လှုပ်နှိုးနေသလိုပါပဲ။

❄️ တစ်ချိန်က အမှတ်တရတွေကို
လွမ်းဆွတ်တသနေမိတာဟာလဲ
ကိုယ့်ရဲ့ရင်ဘတ်ထဲမှာ အဲ့အရာတွေက
အခုထိ အရေးပါနေခဲ့လို့ပဲပေါ့။

❄️ ဒါပေမယ့် ဒီလိုခံစားချက်တွေဟာ
ကိုယ့်အတွက် စိတ်ခွန်အားတစ်ခုလည်း
ဖြစ်စေနိုင်သလို၊ အတိတ်က မှတ်တမ်းတွေဟာ
ကိုယ့်ကို တော့ ပိုမိုရင့်ကျက်စေခဲ့ပြီး
ဘဝရဲ့ မတည်မြဲခြင်း သဘောတရားတွေကို
ပိုမိုနားလည်လာစေခဲ့ပါတယ်။

❄️ ဘဝဆိုတာ ပျော်ရွှင်မှုတွေချည်း မဟုတ်သလို
ဝမ်းနည်းမှုတွေချည်းလည်း မဟုတ်ပါဘူး။
နှစ်ခုလုံးက ဘဝရဲ့ အစိတ်အပိုင်းတွေပါပဲ။

❄️ တကယ်တော့ ဒီဇင်ဘာလရဲ့
အဆုံးသတ်ဟာ နှစ်သစ်အတွက်
အကောင်းဆုံးသော ဘဝ စာမျက်နှာသစ်၊
အကောင်းဆုံးသော မျှော်လင့်ချက်သစ်တွေရဲ့
အစလည်း ဖြစ်နေခဲ့ပြီး ၊
ကိုယ့်ရဲ့ ခါးသီး နာကျင်ခဲ့ရတဲ့ ခံစားချက်တွေကို အားအင်အဖြစ် လက်ခံ ပြောင်းယူပြီး
ရှေ့ဆက် လျှောက်လှမ်းရမဲ့ ဘဝ ခရီးလမ်းအတွက် အားမာန်သစ်တွေနဲ့အတူ
ခွန်အားယူ ကြိုးစားရင်း …
လှပတဲ့ အနာဂတ် ခရီး တစ်ခုဆီသို့ ……. ✨💫🌟

- Natalie - 12-30-2024

2025 ကစပြီး နောက်ပိုင်းနှစ်တွေမှာ ကိုယ့်ကိုယ်ကိုယ် ဦးစားပေးတဲ့ နေထိုင်မှုမျိုးနဲ့ ပဲ နေထိုင် ရှင်သန်ပါမယ် ။ ကိုယ့်ကိုယ်က...
12/31/2024

2025 ကစပြီး နောက်ပိုင်းနှစ်တွေမှာ
ကိုယ့်ကိုယ်ကိုယ် ဦးစားပေးတဲ့
နေထိုင်မှုမျိုးနဲ့ ပဲ နေထိုင် ရှင်သန်ပါမယ် ။

ကိုယ့်ကိုယ်ကိုယ် focus ထားပြီးပဲ
လုပ်စရာရှိ တာတွေကို ဆက်လုပ်ပါမယ် ။

ကိုယ့်အတွက် တကယ်
အဆင်ပြေမှ ပဲ ခေါင်းငြိမ့်ပါမယ်
ကိုယ့်အတွက် တကယ် အဆင်ပြေမှ
ပဲ ကိစ္စ တော်တော်များများ လက်ခံပါမယ်။

ကိုယ့်အပေါ် အားမနာတတ်တဲ့
လူတွေ အပေါ် ကိုယ်လဲ အားမနာတတ်ဖို့
အမြဲ remind လုပ်ပါမယ် ။
လူတွေ အပေါ် မှန်တချပ်လို ပဲ ပြန်ပြီး
ဆက်ဆံပါမယ်။ သူတို့ စိုက်တဲ့ အပင်အတိုင်း
သူတို့ကို ပြန်ရိတ်သိမ်းခိုင်းပါမယ်။

ဘဝရဲ့ရလာခဲ့ သင်ခန်းစာတွေ ကြောင့်
အားနာခြင်း၊ လိုတာထက်ပိုပြီး သီးခံခြင်း၊
ကိုယ်မှန်နေရက်နဲ့ မကောင်းတတ်လို့
နှုတ်ဆိတ်နေရခြင်းတွေ လုံးဝ (လုံးဝ) လုပ်မှာ မဟုတ်တော့ပါဘူး။

ကိုယ်တိုင်က ကိုယ့်ကိုယ်ကို လုံးဝပြိုလဲမသွားအောင် ယိုင်လုလု နဲ့ ပြန်လည်တည်ဆောက်
နေရချိန်တွေ မှာလဲ အများကြီးတွေးပြီး
လူတကာကို ကိုယ်ထက်ပိုပြီး
ငဲ့ညှာနေရတာမျိုးလဲ ဘယ်တော့မှ
မလုပ်တော့ပါဘူး ။

ကိုယ့် အပေါ် အားမနာလျှာမကျိုး၊
မမေးသင့် မမေးထိုက် မအပ်စပ်သော မေးခွန်းများ၊ အမူအယာများနဲ့ မယဉ်ကျေး
အပါးဝ သော စကားလုံးများအတွက်
လျော်ပေးခြင်းများ၊ ခွင့်လွှတ်ခြင်းများလဲ
လုံးဝ မလုပ်တော့ပါဘူး။

တစ်ခုခုဆို နင် အဆင်ပြေရဲ့လားဆိုတာထက် ငါ အဆင်ပြေရဲ့လား လို့ပဲ
ကိုယ့်ကိုယ်ကို အမြဲမေးပါမယ် ။
Self Love/ Self Care နဲ့ပဲ ဘဝကို
ပျော်ရွှင်ပြီး အဓီပ္ပါယ်ရှိအောင် ပိုပြီး
နေထိုင်ပါမယ်။

2025 မှ စပြီး လုပ်သင့်တယ် ထင်တဲ့အရာတွေနဲ့ကိုယ်လုပ်ချင်တဲ့ အရာတွေကို ပဲ Focus ထားပြီး
လုပ်ပါမယ် ။ ကိုယ်မလုပ်ချင်တဲ့ အရာမှန်သမျှ မည်သူတစ်ဦး တစ်ယောက်ရဲ့ တိုက်တွန်းမှုကြောင့် ကိုယ်စိတ်နှလုံးမပါပဲ ဘာတစ်ခု မှ မလုပ်တော့ပါဘူး။ အကုန်ငြင်းမှာပါ။

ကိုယ့်အတွက်ကို ပိုပြီး ငဲ့ညှာမယ်
ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်မယ်
ကိုယ် အဆင်ပြေမယ့် နေထိုင်မှုမျိုးနဲ့
ပဲ ကိုယ့်ဘဝ ကို ရှင်သန်နေထိုင်ပါမယ် ။

ကိုယ့်ဘဝ ကို ကိုယ့်ပေတံနဲ့ပဲ ကိုယ်လိုချင်တဲ့ အတိုင်း တိုင်းတာနေထိုင်မှာပါ။

2025 - မှ စပြီး နောက်ပိုင်းနှစ်တွေ ဟာ
ကိုယ့်အတွက်ပဲ ကိုယ်ကြိုက်သလို
ရှင်သန်ပါတော့မယ် ။ ကိုယ်ပျော်ရာမှာပဲ
Focus ထားပြီးနေမှာပါ။ တော်ရာ မှာ နေမှာ မဟုတ်တော့ပါဘူး။ မည်သူတစ်ဦး
တစ်ယောက်ရဲ့ ကိုယ့်ဆန္ဒ မပါတဲ့၊
ကိုယ် မတောင်းဆိုတဲ့ ဩဝါဒတွေလဲ
Energy အကုန်ခံပြီးနားထောင် နေမှာ
မဟုတ်ပါဘူး။

2025 နောက်ပိုင်းက စပြီးကိုယ့်ရဲ့ဘဝနဲ့
အပ်စပ်သူတွေကိုပဲ ကြိုဆိုနေမှာဖြစ်ပြီး
ကိုယ့်ဘဝ၊ ကိုယ့်ခံယူချက်တွေ နဲ့
မတိုက်ဆိုင်သူတွေကိုတော့
ကိုယ့်ဘဝ ထဲ လာမပတ်သတ်ဖို့ အတွက်
ထွက်သွားခိုင်းမှာပါ။
တိုတောင်းလွန်းလှတဲ့ လူ့ဘဝ ခရီးလမ်းမှာ ကိုယ်၊ စိတ်နှလုံး ကျန်းမာခြင်း၊ ချမ်းသာခြင်းတွေနဲ့
အတူ အပူအပင်ကင်းကင်းနဲ့
ငြိမ်းချမ်း ပျော်ရွှင်ခြင်း အတွက်ပဲ
အဓိကထား အာရုံစိုက်သွားမှာပါ။

I will live my life according to my desires, my rules, my beliefs, my thoughts and
I don't need any dramas 🎭 in my life.

ဒီလောက်ပါပဲ ❣️🍀🌹- Natalie-


Chasing views and moments that make my heart feel alive. 🍃🌄
12/31/2024

Chasing views and moments that make my heart feel alive. 🍃🌄

Address

Landmark
Alexandria, VA
22312

Opening Hours

Monday 8:30am - 5:30pm
Tuesday 8:30am - 5:30pm
Wednesday 8:30am - 5:30pm
Thursday 8:30am - 5:30pm
Friday 8:30am - 5:30pm
Saturday 9am - 2pm

Telephone

+15714558255

Website

Alerts

Be the first to know and let us send you an email when Natalie Kobman posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share