12/07/2025
မြန်မာဖိုက်တာ ဂျော့ရှုဝါဗန် UFC Flyweight ချန်ပီယံအသစ်ဖြစ်လာ
UFC မှာ ပထမဆုံးအကြိမ် ချန်ပီယံခါးပတ် စိန်ခေါ်ခွင့် ရခဲ့တဲ့ မြန်မာကိုယ်စားပြု ချင်းဖိုက်တာ ဂျော့ရှုဝါဗန်က လက်ရှိ ချန်ပီယံ ပန်တိုဂျာကို အလဲထိုး TKO နဲ့ အနိုင်ရရှိသွားပါပြီ။
ပန်တိုဂျာဟာ ပွဲစအပြီး စက္ကန့်ပိုင်းအကြာမှာပဲ လက်တံတောင်ဆစ်လွဲသွားခဲ့ပြီး ဒိုင်အနားပေးခံခဲ့ရတာပါ။ ။
ဂျော့ရှုဝါဗန် နဲ့ ပန်တိုဂျာတို့ဟာ UFC 323 ပြိုင်ပွဲ ရဲ့ ဒုတိယခေါင်ပွဲအစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့ကြတာပါ။
ချန်ပီယံ ခါးပတ် ၄ ကြိမ်တိုင်တိုင် ကာကွယ်လာပြီးတဲ့နောက် မြန်မာဖိုက်တာ ဂျော့ရှုဝါဗန် နဲ့ တွေ့တဲ့အချိန်မှာ ပန်တိုဂျာက သူ့ရဲ့ ချန်ပီယံခါးပတ် ကို လက်လွှတ်ခဲ့ရတာပါ။
ကမ္ဘာတဝန်းပရိတ်တွေအခိုင်အမာရှိပြီး ထင်ရှားကျော်ကြားလှတဲ့ UFC သမိုင်းမှာ ပထမဆုံးအကြိမ် မြန်မာဖိုက်တာ တစ်ဦး ချန်ပီယံဖြစ်လာတာပါ။
UFC မှာ အရှေ့တောင်အာရှနိုင်ငံတွေအထဲမှာလည်း မြန်မာကိုယ်စားပြု ဖိုက်တာ ဂျော့ရှုဝါဗန်က ပထမဆုံး ချန်ပီယံ ဖြစ်လာတာပါ။