SKM Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SKM, Talent Agent, Austin, TX.

ကျနော်တို့အဖွဲ့ပျောက်နေတာကြာလို့ စိတ်မပူကြပါနဲ့လို့ သူချစ်တဲ့ပရိတ်သတ်ကြီးကို သတင်းစကားပါးလိုက်တဲ့ ဟာသလူရွှင်တော် တိုင်းက...
11/27/2021

ကျနော်တို့အဖွဲ့ပျောက်နေတာကြာလို့ စိတ်မပူကြပါနဲ့လို့ သူချစ်တဲ့ပရိတ်သတ်ကြီးကို သတင်းစကားပါးလိုက်တဲ့ ဟာသလူရွှင်တော် တိုင်းကျော်

News ကျနော်တို့အဖွဲ့ပျောက်နေတာကြာလို့ စိတ်မပူကြပါနဲ့လို့ သူချစ်တဲ့ပရိတ်သတ်ကြီးကို သတင်းစကားပါးလိုက်တဲ့ ဟာသ...

ဆောမြို့နယ်ရှိ ကျေးရွာ ၃ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် ပစ္စည်း သိန်း ၅ဝဝ ကျော်ဖိုး လုယက် ဖျက်ဆီး၊ ဒေသခံပ...
11/27/2021

ဆောမြို့နယ်ရှိ ကျေးရွာ ၃ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် ပစ္စည်း သိန်း ၅ဝဝ ကျော်ဖိုး လုယက် ဖျက်ဆီး၊ ဒေသခံပြည်သူ ၂ဝဝဝကျော် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ နိုဝင်ဘာ ၂၇

မကွေးတိုင်း ဆောမြို့နယ်အတွင်းရှိ လက်မွန်၊ ကံချောင်းနှင့် ကျောက်စစ် စသည့် ကျေးရွာ၃ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ နိုဝင်ဘာလ ၂၃ ရက်နေ့က စတင်ကာ ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူပိုင် ပစ္စည်း သိန်း ၅ဝဝ ကျော်ဖိုးကို လုယက် ဖျက်ဆီးကာ ဒေသခံပြည်သူ ၂ဝဝဝကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် လက်မွန်ကျေးရွာကို နိုဝင်ဘာလ ၂၃ ရက်နေ့က စတင်ကာ ဝင်ရောက်စီးနင်း တပ်စွဲခဲ့ပြီး ကျန်ကျေးရွာများကိုပါ ဝင်ရောက် စီးနင်း လုယက်ခဲ့ကြောင်းသိရသည်။

" လက်မွန်ရွာကို စခတွေက ၂၃ ရက်နေ့ရောက်တယ်။ တပ်စွဲတယ်။ ရွာထဲမှာရှိတဲ့ အိမ်ခြေ ၂ဝဝလုံးက ရွှေထည်ပစ္စည်းတွေ အဖိုးတန် ပစ္စည်းတွေကို လုယက်သွားတယ်။ သူတို့ မယူတဲ့ဟာတွေကို ဖျက်ဆီးခဲ့တယ်။ အားလုံးပေါင်း သိန်း ၅ဝဝ ကျော်ဖိုးလောက်ရှိတယ်။ လက်မွန်မှာ တပ်စွဲပြီးတော့ ကျန်တဲ့ ၂ရွာကို ဝင်စီးတာပေါ့။ အခုအဲဒီစစ်ကြောင်းက ကံချောင်းရွာမှာ တပ်စွဲထားတယ်။ သိန်း ၅ဝဝကျော်ဖိုး ဆုံးရှုံးတာက လက်မွန်ရွာ တစ်ခုတည်းပဲရှိသေးတယ်။ ကျန်တဲ့ ၂ရွာမှာ စစ်ခွေးတွရှိနေသေးတော့ ကျေးရွာသားတွေ မသွားရဲသေးဘူး။ ပျက်စီးဆုံးရှုံးမှု အခြေအနေ မသိရသေးဘူး" ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းသည် နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အောက်လက်မွန်ကျေးရွာက ပြန်လည် ဆုတ်ခွာသွားသွားသော်လည်း စစ်ကြောင်းများ ပြန်လည်ရောက်ရှိလာမည်ကို စိုးရိမ်သောကြောင့် လက်ရှိချိန်ထိ ဒေသခံပြည်သူများ တိမ်းရှောင်နေရကြောင်း သိရသည်။

Photo - အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ဝင်ရောက်ဖျက်ဆီး လုယက်ခဲ့သည့် လက်မွန်ကျေးရွာရှိ ပြည်သူပိုင် နေအိမ်များ။

Address

Austin, TX
78701

Website

Alerts

Be the first to know and let us send you an email when SKM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category