Cele News

Cele News အနုပညာသတင်းများ တင်သည်

သမီးထက်ပိုနုနေတဲ့ မေမေခိုင်သင်းကြည် 🥰🥰
12/09/2025

သမီးထက်ပိုနုနေတဲ့ မေမေခိုင်သင်းကြည် 🥰🥰

ကင်ဆာ​ရောဂါဖြစ်​နေပြီဆို..စိတ်မပူရ​တော့..ကင်ဆာ[၁၅]မျိုးကိုကုသနိုင်တဲ့ဆေးထိုးကုထုံးသစ်အင်္ဂလန်နိုင်ငံမှာတရားဝင်စတင်အသုံးပ...
11/11/2025

ကင်ဆာ​ရောဂါဖြစ်​နေပြီဆို..စိတ်မပူရ​တော့..
ကင်ဆာ[၁၅]မျိုးကိုကုသနိုင်တဲ့ဆေးထိုးကုထုံးသစ်
အင်္ဂလန်နိုင်ငံမှာတရားဝင်စတင်အသုံးပြုကုသ​နေ။
================
10.Nov.2025.

​သမိုင်းဝင်ဆေးဘက်ဆိုင်ရာအောင်မြင်မှု
တစ်ခုအနေဖြင့် အင်္ဂလန်နိုင်ငံဟာကင်ဆာ
အမျိုးအစား ၁၅ မျိုးကို ကုသနိုင်စွမ်းရှိတဲ့
ကင်ဆာဆေးထိုးကုထုံးအသစ်ကို တရားဝင်
ယခုအခါစတင်အသုံးပြုလိုက်ပြီဖြစ်​ကြောင်း
သိရပါတယ်။ကင်ဆာကုသရေး (Oncology)မှာ
ခေတ်သစ်တစ်ခုကို ဖော်ဆောင်ပေးခဲ့ပြီး
ကမ္ဘာတစ်ဝန်းရှိလူသန်းပေါင်းများစွာအတွက်
မျှော်လင့်ချက်ကိုပေးစွမ်းလိုက်တာလည်း
ဖြစ်ပါတယ်။

​ဒီကုထုံးသစ်ဟာခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်
(immune system)ကိုလှုံ့ဆော်ပေးပြီးကင်ဆာ
ဆဲလ်များကို မှတ်မိကာ ဖျက်ဆီးပစ်ရန်အတွက်
အဆင့်မြင့် ကိုယ်ခံအားကုထုံး (Immunotherapy)
နည်းပညာများအပေါ် အခြေခံထားတာလည်းဖြစ်
တယ်လို့ဆိုပါတယ်။​ကျန်းမာသောဆဲလ်များနဲ့
ကင်ဆာဆဲလ်နှစ်မျိုးလုံးကို ထိခိုက်စေသော
ဓာတုကုထုံး (chemotherapy)နဲ့မတူဘဲ၊
ဒီဆေးထိုးကုထုံးဟာအကျိတ်များကို တိကျစွာ
ပစ်မှတ်ထား​ချေဖျက်​ပေးတာလို့လည်း​ပြောပါတယ်။

​ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုများမှာ
ရင်သားကင်ဆာ၊အဆုတ်ကင်ဆာ၊အရေပြား
ကင်ဆာနှင့်အူမကြီးကင်ဆာအပါအဝင်
အမျိုးမျိုးသောကင်ဆာများကိုကုသရာမှာ
ထူးခြားသောအောင်မြင်မှုကို ပြသခဲ့တယ်လို့လည်း
​ပြောပါတယ်။

​လူနာများဟာအသက်ရှင်သန်နှုန်းပိုမိုမြင့်မား
လာပြီး အချို့သောကိစ္စများမှာလုံးဝပျောက်ကင်းခြင်း (complete remission) ကိုပါ တွေ့ကြုံခဲ့ရ
တယ်လို့ဆိုပါတယ်။ယခုအခါအဆိုပါကုသမှုကို
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသုံးပြုရန်
ခွင့်ပြုထားပြီး၊ အင်္ဂလန်နိုင်ငံဟာကင်ဆာ​ရောဂါနဲ့
လူနာများအတွက်ကျယ်ပြန့်တဲ့ဖြေရှင်းချက်ကို
ပထမဆုံးပေးနိုင်သည့်နိုင်ငံဖြစ်လာခဲ့ပြီလို့ဆိုပါတယ်။

Ref #အင်္ဂလန်သုတေသန

ကျောက်ကပ်ရောဂါသည်လေး မသင်းနုဝေကတော့ သူမရဲ့ ညီမဝမ်းကွဲ တော်စပ်သူက လှူဒါန်းပေးခဲ့တဲ့ ကျောက်ကပ်နဲ့ ကျောက်ကပ်အစားထို: နိုင်ခ...
10/23/2025

ကျောက်ကပ်ရောဂါသည်လေး မသင်းနုဝေကတော့ သူမရဲ့ ညီမဝမ်းကွဲ တော်စပ်သူက လှူဒါန်းပေးခဲ့တဲ့ ကျောက်ကပ်နဲ့ ကျောက်ကပ်အစားထို: နိုင်ခဲ့ပီပဲ ဖြစ်ပါတယ် 😍

လက်ရှိမှာ မသင်းနုဝေက အိန္ဒိယမှာ ရောက်ရှိနေပီး ကျောက်ကပ်အစားထို: ကုသမှုဟာလဲ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်

မိဘတွေ မရှိတော့လို့ တစ်ကောင်ကြွက် ဘဝနဲ့ ဒီရောဂါဆိုးကြီးကို ရင်ဆိုင်နေရတဲ့ မသင်းနုဝေတစ်ယောက် ကျောက်ကပ် အစာထိုးကာ သူမရဲ့ ဘဝကို အသစ်ပြန်လည် စတင်နိုင်တော့မှာပါ

ကျောက်ကပ် လှူဒါန်းပေးခဲ့တဲ့ ညီမဝမ်းကွဲ ဖြစ်သူကိုလဲ အထူးကို ကျေးဇူးတင်စရာကောင်းလှသလို ဒီ အစားထိုး ကုသမှုကို ပြုလုပ်နိုင်ဖို့ ငွေကြေး ထောက်ပံ့ လှူဒါန်းပေးခဲ့ကြတဲ့ အလှူရှင်တွေ အတွက်လဲ တကယ်ကို မွန်မြန်တဲ့ ကျန်းမာရေးအလှူကို ပြုလုပ်ပေးနိုင်ခဲ့ကြတာပါပဲ 🥰

တကယ်ကို စိတ်ချမ်းသာစရာကောင်းလှပါတယ်နော် 😍


အရေးပေါ် အကူအညီတောင်းခံခြင်း / ပျောက်ဆုံးသူရှာဖွေခြင်း​အမည်: မနင်းအိလှိုင်အဖေအမည်: ဦးသန်းလှိုင်အမေအမည်: ဒေါ်စန်းစန်းဝင်း...
10/15/2025

အရေးပေါ် အကူအညီတောင်းခံခြင်း / ပျောက်ဆုံးသူရှာဖွေခြင်း
​အမည်: မနင်းအိလှိုင်
အဖေအမည်: ဦးသန်းလှိုင်
အမေအမည်: ဒေါ်စန်းစန်းဝင်း
နေရပ်လိပ်စာ: မြန်အောင်မြို့နယ်၊ ထူအပိုင်၊ ဒေါင်းကြအုပ်စု၊ ဘွတ်ကုန်ရွာ
​ကျွန်တော့်၏ဇနီးဖြစ်သူ မနင်းအိလှိုင် သည် ကလေးနှစ်ဦးရှိပါလျက်နှင့် လင်ငယ်တစ်ဦးနှင့် ဖောက်ပြန်ပြီး အိမ်မှ ထွက်ပြေးတိမ်းရှောင်သွားပါသည်။
​မည်သည့်နေရာတွင် တွေ့ရှိသည်ဖြစ်စေ အောက်ပါဖုန်းနံပါတ်သို့ အမြန်ဆုံး အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
​တွေ့ရှိပါက အကြောင်းကြားရန် ဖုန်းနံပါတ်: ဖုန်း၀၉၆၉၉၂၀၅၆၆၈
၀၉၇၆၃၆၁၆၁၉၀ပါ]
​တွေ့ရှိ၍ အကြောင်းကြားပေးသူများကို ထိုက်တန်သော ကျေးဇူးဆပ်လက်ဆောင် ပေးအပ်ပါမည်။
​ထို့အပြင်၊ ၎င်းလင်ငယ်နှင့်ပတ်သက်၍ အရေးယူဆောင်ရွက်နိုင်ရန်အတွက် ဥပဒေအရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
​ကူညီရှာဖွေပေးကြသော မိဘပြည်သူများကို အထူးကျေးဇူးတင်ရှိပါသည်။

‼️ အကူအညီ လိုအပ်ပါသည် ‼️​ကျွန်တော့်ရဲ့ အိမ်ထောင်ရေး ပြဿနာနဲ့ ပတ်သက်ပြီး အကူအညီတောင်းခံချင်ပါတယ်။​အမည် လပြည့်ဖြိုး ဟူသော ...
10/15/2025

‼️ အကူအညီ လိုအပ်ပါသည် ‼️
​ကျွန်တော့်ရဲ့ အိမ်ထောင်ရေး ပြဿနာနဲ့ ပတ်သက်ပြီး အကူအညီတောင်းခံချင်ပါတယ်။
​အမည် လပြည့်ဖြိုး ဟူသော ပုဂ္ဂိုလ်တစ်ဦးသည် ကျွန်တော့်ဇနီးသည်နှင့် ဖောက်ပြန်မှုများ ရှိနေပါသည်။ ၎င်းတွင် မွေးကင်းစနီးပါး ၆ လသားအရွယ် သားသမီးလေးတစ်ဦး ရှိနေမှန်းကို သိသိကြီးနဲ့ ဖောက်ပြန်နေခြင်း ဖြစ်ပါတယ်။
​လပြည့်ဖြိုးရဲ့ ဇာတိမှာ ပုဂံဘက်ကဖြစ်ပြီး၊ လက်ရှိတွင် သမိုင်းမုဒိတာ အိမ်ရာ မှာ နေထိုင်ကြောင်း၊ ၎င်းဟာ ဂျပန်ဘာသာစကား သင်တန်း တက်နေသူဖြစ်ကြောင်း သိရပါတယ်။
​ကလေးအိမ်ထောင်ရှိမှန်း သိသိကြီးနဲ့ ကျူးလွန်နေတဲ့ ဒီကိစ္စကို ဖြေရှင်းနိုင်ဖို့အတွက်-
​လပြည့်ဖြိုးရဲ့ နေရပ်လိပ်စာ အတိအကျကို သိရှိပါက
​ပုဂ္ဂလိက မက်ဆေ့ခ်ျ (Private Message) ဖြင့် လျှို့ဝှက်စွာ အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံပါတယ်။

အိမ်နားကအမတယောက် အကူအညီလာတောင်းလို့ဗျာ သူ့၏သမီး ပုံပါ မိန်းကလေး အမည် ရွှေစင် ၂၁ နှစ်ဝန်းကျင် မနက် ၆ နာရီ ခန့်မှ စျေးသွား...
10/13/2025

အိမ်နားကအမတယောက် အကူအညီလာတောင်းလို့ဗျာ သူ့၏သမီး ပုံပါ မိန်းကလေး အမည် ရွှေစင် ၂၁ နှစ်ဝန်းကျင် မနက် ၆ နာရီ ခန့်မှ စျေးသွားဦးမည်ဆိုကာ ထွက်သွားပြီး ပြန်ရောက်ရှိမလာဘဲ ညနေ ၄ နာရီ ဝန်းကျင်ခန့်၌ ဖုန်းပြန်ဆက်လာပြီး မြဝတီသူငယ်ချင်းနှင့် အလုပ်သွားလုပ်မည်ဟု ပြန်ဆက်လာပြီးနောက် လုံးဝ ဖုန်းထပ်ဆက်၍မရတော့ဘဲ ဘယ်ရောက်နေသည် ဘယ်သူနှင့်ရှိနေသည် မသိရှိပါ၍ တွေ့ရှိသူများ ကူညီအကြောင်းကြားပေးကြပါခင်ဗျာ

မအေးအေးသင်း
09661189870
09688529660

ပုံပါညီမအမျိုးသားသည် Deliပို့နေရင်းအိမ်ပြန်မလာပါသဖြင့်တွေ့ရင်ဆက်သွယ်ပေးကြပါ။ နောက်ဆုံးအဆက်သွယ်ရတာ (4:44)မိနစ်မှာမြေနီးကု...
10/11/2025

ပုံပါညီမအမျိုးသားသည် Deliပို့နေရင်းအိမ်ပြန်မလာပါသဖြင့်တွေ့ရင်ဆက်သွယ်ပေးကြပါ။ နောက်ဆုံးအဆက်သွယ်ရတာ (4:44)မိနစ်မှာမြေနီးကုန်းရောက်နေတယ်ပြောပါတယ်
(5:53)မိနစ်မှာဖုန်းဆက်ပိတ်သွားပြီးခုထိအိမ်ပြန်မလာပါသဖြင့်တွေ့ရင်အကြောင်းကြားပေးကြပါအုံးရှင်အကူညီတောင်းပါတယ်။
အမည်_နိုင်လင်းထက်
ဒီဖုန်းလေးကိုဆက်သွယ်ပေးပါနော်
09425785133

အမည် - မာန်ပိုင်ထိုက်ခင် အသက် - 24အရပ်မြင့် - 5" ပုံစံ - အသားဖြူဖြူ အရပ်ပု ဆံပင်အဖြောင့်အနက်ရောင်ခါးအောက်ထိရှိတီရှပ်အဖြူ...
10/10/2025

အမည် - မာန်ပိုင်ထိုက်ခင်
အသက် - 24
အရပ်မြင့် - 5"
ပုံစံ - အသားဖြူဖြူ အရပ်ပု ဆံပင်အဖြောင့်အနက်ရောင်ခါးအောက်ထိရှိ
တီရှပ်အဖြူရောင်နဲ့ဂျင်းဘောင်းဘီရှည်ဝတ်ထားပါတယ်ရှင်

ကျွန်မညီမလေးဒီနေ့ မနက် ( 9.10.25 ) စံရိပ်ငြိမ် ၆ လမ်းကသူ့ငယ်ချင်းအိမ်သွားမယ်ဆိုလို့လွှတ်လိုက်တာမနက် 11 နာရီလောက်ကဖုန်းဆက်ပြီးခဏနေပြန်လာမယ်ပြောပြီးနေ့လည် 1နာရီခွဲလောက်ကကျွန်မဖုန်းဆက်တော့စက်ပိတ်ထားပြီးခုချိန်ထိအိမ်ပြန်မရောက်အဆက်သွယ်မရပဲပျောက်နေပါသဖြင့်တွေ့ရှိပါကအမြန်ဆုံးဆက်သွယ်ပေးပါရန်မေတ္တာရပ်ခံအပ်ပါတယ်ရှင် ညီမလေးကပုံထဲကအတိုင်းဖြူဖြူသေးသေးလေးပါရှင် တစ်ခါမှလည်းဒီလိုအပြင်တွေအကြာကြီးမသွားတက်ပါဘူး ဒီပို့စ်လေးကိုလည်းကူညီပြီး share ပေးကြပါအုံးရှင်

ဘူးသီးကိစ္စမှာ ဝင်ကူညီပေးအပြီးမှာ CID ကို ပါသွားကြောင်း မိတ်ဆွေတယောက်ကို အရေးပေါ် အကူအညီတောင်းလာတဲ့ ဝေယံထက်ရှိန် ​ကျားဖေ...
09/28/2025

ဘူးသီးကိစ္စမှာ ဝင်ကူညီပေးအပြီးမှာ CID ကို ပါသွားကြောင်း မိတ်ဆွေတယောက်ကို အရေးပေါ် အကူအညီတောင်းလာတဲ့ ဝေယံထက်ရှိန်
​ကျားဖောင်ကိစ္စရော ဘူးသီးကိစ္စမှာပါ သူ့ဘက်က စွမ်းစွမ်းတမံ ကူညီပေးခဲ့တာ ခုချိန်မှာလည်း ပြ၊ည်သူအများက သူ့ကို တလှည့် ဝိုင်းကူညီပေးကြပါဦးနော် 🙏

#မျှဝေပေးကြပါ

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သားလင်မယား အလုပ်သွားနေချိန် သူတို့နေထိုင်နေတဲ့ အခန်းဖောက်ခံရရာကနေ သူတို့လင်မယား ချွေးနည်းစာတွ...
09/28/2025

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သားလင်မယား အလုပ်သွားနေချိန် သူတို့နေထိုင်နေတဲ့ အခန်းဖောက်ခံရရာကနေ သူတို့လင်မယား ချွေးနည်းစာတွေဖြင့် ဝယ်ယူစုဆောင်းထားတဲ့ ရွှေဆွဲကြိုး ၂ ကုံး၊ ရွှေလက်စွပ် ၂ ကွင်း နှင့် ငွေသားဘတ် ၅ သောင်း ပါသွားခဲ့ပါတယ်။
ထိုင်းရောက် မြန်မာတွေကလည်း ခေတ်မကောင်းလို့ အလုပ်ထွက်လုပ်ပါတယ် ဘဏ်အကောင့်ဖွင့်တော့လည်း ပိတ်ခံရ၊ အိမ်မှာစုတော့လည်း ဖောက်ခံရနဲ့ ဘာမှကို လုပ်လို့ မရတော့ဘူး။

အိန္ဒိယမှာ ခွဲစိ-တ်ကုသမှု အောင်မြင်ခဲ့လို့ လမ်းပြန်လျှောက်နိုင်နေပြီး အနုပညာအလုပ်တွေ လုပ်တော့မယ့် စွမ်းဇာနည် 🥰အားပေးကြအု...
09/28/2025

အိန္ဒိယမှာ ခွဲစိ-တ်ကုသမှု အောင်မြင်ခဲ့လို့ လမ်းပြန်လျှောက်နိုင်နေပြီး အနုပညာအလုပ်တွေ လုပ်တော့မယ့် စွမ်းဇာနည် 🥰

အားပေးကြအုံးမှာလား ပရိတ်သက်ကြီးရေ...


နတ်မောက်မှာ နှစ် ၆၀အတွင်းဆိုးရွားဆုံးရေကြီးမှုဖြစ်ပွားနေပြီး မိသားစု ခြောက်ယောက်ရေစီးနဲ့မျောပါသေဆုံးခဲ့ရ 😥😥မကွေးတိုင်းနတ...
09/28/2025

နတ်မောက်မှာ နှစ် ၆၀အတွင်းဆိုးရွားဆုံးရေကြီးမှုဖြစ်ပွားနေပြီး မိသားစု ခြောက်ယောက်ရေစီးနဲ့မျောပါသေဆုံးခဲ့ရ 😥😥

မကွေးတိုင်းနတ်မောက်မြို့နယ်မှာ မိုးများပြီး ဆည်ကျိုးသွားတဲ့အတွက် နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံးသောရေကြီးမှု ဖြစ်ပွားနေပြီး နေအိမ်အချို့ရေစီးနဲ့မျောပါကာ မိသားစုလိုက် ခြောက်ယောက်စလုံး သေဆုံးတဲ့အထိ ရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

နတ်မောက်မြို့ပေါ်ရပ်ကွက်တွေ အပါအဝင် လေးအိမ်ရွာ ၊ မယ်ဇလီပင်ရွာ စတဲ့ နတ်မောက် ယင်းချောင်းတလျှောက်ရှိ အနိမ့်ပိုင်းနေရာတွေအားလုံးမှာ ရေကြီးနေမြုပ်မှုဖြစ်ပွားနေတာဖြစ်ပြီး မိသားစုလိုက် သေဆုံးမှုကတော့ မယ်ဇလီပင်ရွာမှာဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။

မယ်ဇလီပင်ရွာနားမှာရှိတဲ့ အောင်ပန်းကျွန်းဆည်ကျိုးကျခဲ့တာကြောင့် ဆည်ရေတွေစီးဆင်းပြီး ဒီနေ့စ က်တင်ဘာ ၂၈ ရက်နေ့မနက်အစော ၂ နာရီကျော်လောက်မှာ မယ်ဇလီပင်ချောင်းဘေးရှိနေအိမ်နှစ်လုံးရေထဲမျောပါကာ မိသားစု ခြောက်ယောက်စလုံး ရေနစ်မြုပ်သေဆုံးခဲ့ရတာဖြစ်တယ်လို့ မယ်ဇလီပင်ရွာမှ ဆရာတော် အရှင်ဂန္နမာက မိန့်ပါတယ်။

"ရေထဲ ပါသွားတာ ခုနှစ်ယောက်ကို ဒကာတယောက်က သစ်ကိုင်းဆွဲထားတော့ အသက်ရှင်တယ်။ကျန်တဲ့မိသားစုခြောက်ယောက်လုံးကအသေပျောက်ပါဘဲ။ အခုရှာနေတာတွေ့ပြီလို့ပြောတယ်။ သေတဲ့အထဲ ကလေးတယောက်ပါတယ်။ ဆည်အလယ်ကနေကိုကျိုးကျတာလို့သိရတယ်။ ခုလိုမတွေ့ဘူးသေးဘူး။ တခါမှမဖြစ်ဖူးဘူး။ ဆည်နဲ့ရွာကတမိုင်ကျော်ကျော်လောက်ပဲဝေးတယ်။" လို့ ဆရာတော်ကမိန့်ပါတယ်။

နတ်မောက်မြို့ပေါ်မှာဆိုရင်လည်း စျေးရပ်ကွက်နဲ့ အောင်ဆန်းရပ်ကွက်တွေမှာ လူတရပ်နီးပါးအထိ ရေနစ်မြုပ်နေတာကြောင့် ဒေသလူမှုကူညီရေးအသင်းတွေနဲ့ မီးသတ်တပ်ဖွဲ့ က အရေးပေါ်ကူညီရွှေ့ပြောင်းမှုတွေလုပ်ပေးနေတယ်လို့သိရပါတယ်။

"ကျွန်တော့အသက် ၆၀ လောက်ရှိပြီ။ ဒီတကြိမ်ပဲ ခုလောက်ကြီးတာ ကြုံဘူးတယ်။ ဆည်ကျိုးတာကြောင့်ရော ၊ နတ်မောက်မြောက်ဘက်ခြောက်မိုင်အကွာမှာလေးအိမ်ဆိုတာ ရှိတယ်။လေးအိမ်ချောင်းကလည်း ရေလျှံပြီး အိမ်တွေဆိုရင် ပျဉ်ထိအောင်ကို ရေတက်တာ။ မိုးများလို့ပေါ့။လေးအိမ်ချောင်းရေလျှံတာပေါ့။ မြို့ပေါ်မှာက မယ်ဇလီပင်ကဖောက်လိုက်တဲ့ဆည်ရေက မြောက်ဘက်ကျွဲမကျချောင်းကိုဆုံတယ်။ လေးအိမ်ချောင်းကလည်း ကျွဲမကျချောင်းထဲဆုံတယ်။ ပြီးတော့နတ်မောက်ယင်းထဲဆုံတာပေါ့။ယင်းတလျှောက်စီးတာပေါ့။ နတ်မောက်တမံဆည်ထားတဲ့ချောင်းပေါ့။ မြို့ပေါ်ကစျေးရပ်၊အောင်ဆန်းရပ်ကွက်၊ ကံကြီး၊ရန်အောင်မြင် အဲဒီနေရာတွေက အနိမ့်ပိုင်းနေရာတွေဖြစ်တယ်။ ရေမြောင်းတွေတော့ဖောက်ထားပေမယ့်လည်း မိုးကြီးချိန်ကျတော့ ရေလျှံတက်တာပေါ့။" လို့ နတ်မောက်မြို့ခံ ကဗျာဆရာကြီး ဦးမောင်ကြိုင်ကပြောပါတယ်။

နတ်မောက်မြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းနေတာဟာ ယနေ့အထိဆိုရင် လေးရက်မြောက်အထိရှိပြီဖြစ်ကြောင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆည်ကျိုးကျပြီး ချောင်းရေတွေလျှံကာ ရေကြီးမှုဖြစ်ပွားနေတာဖြစ်တယ်လို့သိရပါတယ်။

ရေကြီးရေလျှံမှုကြောင့် နတ်မောက်မြို့နယ်အတွင်းစိုက်ပျိုးထားတဲ့ စပါးစိုက်ခင်း ၊ဝါ ၊ နှမ်းကြီး ၊နေကြာ၊ ပဲနောက် စတဲ့နောက်ကျစိုက်ပျိုးတဲ့ သီးနှံစိုက်ခင်းတွေ ထိခိုက်ပျက်စီးမှုရှိနေတယ်လို့သိရပါတယ်။

ဓာတ်ပုံ - အရှင်ဂန္နမာ /မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
#မကွေး #နတ်မောက် #နှစ်ပေါင်း၆၀အတွင်းဆိုးရွာတဲ့ရေကြီးမှု

Address

Austin, TX

Website

Alerts

Be the first to know and let us send you an email when Cele News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Cele News:

Share