Voice Of Westland

  • Home
  • Voice Of Westland

Voice Of Westland Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Voice Of Westland, News & Media Website, .

မောင်တောတွင် ICRC သိုလှောင်ရုံမှ အရေးပေါ်အသုံးအဆောင်ပစ္စည်းတွေကို စစ်ကောင်စီတပ်သားများ ခိုးထုတ်ရောင်းချနေဟုဆို VOW| ဇူလိ...
01/07/2024

မောင်တောတွင် ICRC သိုလှောင်ရုံမှ အရေးပေါ်အသုံးအဆောင်ပစ္စည်းတွေကို စစ်ကောင်စီတပ်သားများ ခိုးထုတ်ရောင်းချနေဟုဆို

VOW| ဇူလိုင် ၁၊ ၂၀၂၄

ရခိုင်၊ မောင်တောမြို့ပေါ် ကညင်တန်းရပ်ကွက်မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ( International Committee of the Red Cross )ရုံးရဲ့ ကုန်ပစ္စည်းသိုလှောင်ရုံထဲကနေ အရေးပေါ် အသုံးအဆောင် ပစ္စည်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ နယ်ခြားစောင့်ရဲတွေက ထုတ်ယူ ရောင်းချနေတယ်လို့ မောင်တောသတင်းအရင်းအမြစ်က ပေးပို့ချက်အရ သိရပါတယ် ။

ဈေးများအတွင်း ICRC သိုလှောင်ရုံ ပစ္စည်းတွေထဲက ဓါတ်မီး ၊ ခေါက်ဖျာ ၊ တာပေါ်လင် ၊ ခြင်ထောင် ၊ဓါတ်ခဲ နဲ့ ငါးသတ္တာဗူး တွေ အပြင် အခြား ပစ္စည်းတွေလည်း ရောင်းချနေတာတွေ့ရပြီး စစ်ကောင်စီတပ်သားတွေက လာရောက်ရောင်းချနေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

မောင်တောဒေသခံတစ်ဦးက “ မြင်နေပေမယ့် မပြောရဲကြဘူး ၊ အချို့ဆို အိမ်ထဲကို ဝင်ပြီး အတင်းရောင်းတာတွေရှိပါတယ် “ လို့ ၎င်းက ဆိုပါတယ် ။

အဲဒီသိုလှောင်ရုံမှာ နိုင်ငံတကာမှ လူသားချင်းစာနာထောက်ထားမှုအကူညီပေးရေး ပစ္စည်းတွေဖြစ်တဲ့ ဆေးဝါးပစ္စည်းတွေအပြင် အမျိုးသမီးနဲ့ ကလေးသူများအတွက် အာဟာရပစ္စည်းတွေ၊ လူသုံးကုန်ပစ္စည်းတွေအများအပြားရှိခဲ့တယ်လို့ အဲဒီ(ICRC)အဖွဲ့အစည်းနဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။

အခုလို နိုင်ငံတကာကူညီကယ်ဆယ်ရေး အဖွဲ့အစည်းတွေရဲ့ အထောက်အကူပြု ပစ္စည်းတွေကို ခိုးထုတ်တာဟာ စီးပွါးရေးသက်သက်မဟုတ်ဘဲ ရခိုင်ပြည်သူတရပ်လုံးထောက်ခံနေတဲ့ ULA/AA ရဲ့ ပုံရိပ်ကိုနာမည်ဖျက်ချင်တဲ့အတွက် ထင်ယောင်ထင်မှားဖြစ်အောင်လုပ်နေတာ ဖြစ်တယ်လို့လည်း မောင်တောမြို့ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာဇွန်လ ၂၂ ရက်နေ့ကလည်း မောင်တော ( WFP) ရုံးက ဆန်အိတ် ၂ဝဝဝ ကျော်ကို ယူဆောင်ခဲ့ကြောင်း စစ်ကောင်စီရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုယ်တိုင် ဝန်ခံပြောဆိုခဲ့တာကိုလည်း တွေ့ရပါတယ်။

အဲဒီဆန်အိတ်တွေကို AA လက်ထဲကိုမရောက်ရအောင် ပြောင်းရွှေ့ခဲ့တာဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက အကြောင်းပြပြောဆိုထားပြန်ပါတယ်။

မောင်တောမြို့နယ်က တပ်စခန်းအများအပြားကို ထိမ်းသိမ်းထားတဲ့ အာရက္ခတပ်တော်(ULA/AA) ကို စစ်ရေးအရရှုံးနှိမ့်နေတဲ့ စစ်ကောင်စီဟာ ဒေသခံပြည်သူတွေကို ဆေးဝါးနှင့် စားနပ်ရိက္ခာပြတ်တောက်အောင်ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေတာတွေ ရှိနေတယ်လို့ ဝေဖန်မှုတွေရှိနေကြပါတယ်။

စစ်တွေမြို့မွတ်ဆလင်ကျေးရွာများတွင် စစ်ကောင်စီမွတ်ဆလင်တပ်သားများပါဝင်သည့်တပ်သားများက ဂိတ်ချ၍ ကျေးရွာသားများကို ငွေညစ်၊ ရိ...
30/06/2024

စစ်တွေမြို့မွတ်ဆလင်ကျေးရွာများတွင်
စစ်ကောင်စီမွတ်ဆလင်တပ်သားများပါဝင်သည့်တပ်သားများက ဂိတ်ချ၍ ကျေးရွာသားများကို
ငွေညစ်၊ ရိုက်နှက်မှုများလုပ်ဆောင်နေဟုဆို

VOW| ဇွန် ၃၀ ၊၂၀၂၄

ရခိုင်ပြည် ၊ စစ်တွေမြို့နယ် သက္ကေပြင်ကျေးရွာ ရထားလမ်း ၊ မှန်စီခွဆုံရှိ စစ်ကောင်စီတပ်နဲ့ မွတ်ဆလင်တပ်သားတွေဟာ လမ်းသွားလမ်းလာ
ဆိုင်ကယ်စီးလာတဲ့ ပြည်သူတွေကို စစ်ဆေးပြီး ရိုက်နှက်ကာ ငွေကြေးတောင်းခံနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မွတ်ဆလင်အရေးလှုပ်ရှားနေသူ စစ်တွေဒေသခံတစ်ဦးက “ သဲချောင်းက အာယူဆိုတဲ့လူကို ဇွန်လ ၂၉ ရက်ည ၉ နာရီကျော်က ဖုန်းအားဖြည့်ဖို့သွားတဲ့လမ်းအပြန်မှာ ဆိုင်ကယ်ရပ်ပြီး စစ်ဆေးပါတယ်။ သွေးတွေနဲ့ပြန်ရောက်လာပါတယ်။ ရိုက်လွှတ်လိုက်ကြတာပါ။ သူတို့ကဆိုင်ကယ်တွေကို ရပ်ပြီး ဖုန်းတွေလည်းစစ်ပါတယ်။ “ လို့ VOW ကို ပြောပါတယ် ။

နောက်ပြီး မွတ်ဆလင်စစ်သားများနဲ့ အဲဒီ စစ်ကောင်စီတပ်သားတွေဟာ လမ်းသွားလမ်းလာ မွတ်ဆလင်အရပ်သားတွေရဲ့ ဖုန်းများကို စစ်ဆေးပြီး ဆိုင်ကယ်တစ်စီးကို ငွေကျပ်သုံးသောင်းစီတောင်းခံနေတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက ထပ်ပြောပါတယ်။

“ ဆိုင်ကယ်လိုင်စင်စစ်တာပါ ၊ လိုင်စင်မပါတဲ့သူတွေကို ကျပ် သုံးသောင်းအထိ ငွေတောင်းနေပါတယ် ၊ မပေးနိုင်ရင်တော့ ဆိုင်ကယ်သိမ်းလိုက်ပါတယ်။ သူတို့သိမ်းထားတဲ့ ဆိုင်ကယ် ၁၅စီးလောက်တွေ့ပါတယ်။ ကိုယ့်မွတ်ဆလင်တပ်သားတွေလည်း ပါပါတယ်" လို့ အဲဒီမွတ်ဆလင်ကျေးရွာသားတစ်ယောက်က ဆိုပါတယ်။

စစ်ကောင်စီဟာ သဲချောင်း၊ မှန်စီ၊ သက္ကေပြင်၊ အုန်းတောကြီး၊ အုန်တောချေစတဲ့ မွတ်ဆလင်ကျေးရွာတွေမှာ စစ်မှုထမ်းဖို့ လူသစ်စုဆောင်းတာတွေလုပ်ဆောင်နေရုံသာမကဘဲ အရပ်သားတွေအပေါ်မှာ အကြောက်တရားရအောင်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ရခိုင်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်လာပြီးနောက်ပြီး စစ်တွေမြို့နယ်အပါအဝင် မြို့နယ်တချို့ မွတ်ဆလင်အရပ်သားတွေကို စစ်မှုထမ်းဖို့ အတင်းအဓမ္မစေခိုင်းမှုတွေ ရှိနေပြီး ဒေသခံများအပေါ် ရိုက်နှက်တာတွေ၊ ငွေကြေးတောင်းခံတာတွေ လုပ်ဆောင်နေတယ်လို့ မွတ်ဆလင်အသိုင်းအဝိုင်းက ဆိုကြပါတယ်။

ULA/AA ထံ ခိုလှုံမယ်ဆိုရင် ကာလတခုအထိ ထိန်းသိမ်းခံရမယ်ဆိုတဲ့ သတင်းကြောင့် ရခိုင်မှာ စစ်ကောင်စီဝန်ထမ်းတွေ နှုတ်မထွက်ရဲကြဘဲ...
12/06/2024

ULA/AA ထံ ခိုလှုံမယ်ဆိုရင် ကာလတခုအထိ ထိန်းသိမ်းခံရမယ်ဆိုတဲ့ သတင်းကြောင့် ရခိုင်မှာ စစ်ကောင်စီဝန်ထမ်းတွေ နှုတ်မထွက်ရဲကြဘဲ
ပိတ်မိနေ

VOW/ ဇွန် ၁၂ / ၂၀၂၄

စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေရတဲ့ ရဲ ၊ ထွေအုပ် ဝန်ထမ်းတွေအနေနဲ့ နှုတ်ထွက်မယ်ဆိုရင် အာရက္ခတပ်တော်ထဲမှာ အချိန်အတိုင်းအတိုင်းအတာတခုအထိ ထိန်းသိမ်းခံရမယ် ဆိုတဲ့ သတင်းကြောင့် ထွက်မလာရဲကြဘဲ ရခိုင်ပြည်ထဲမှာ ပိတ်မိနေကြတယ်လို့ စုံစမ်းသိရှိရပါတယ် ။

လက်ရှိတိုက်ပွဲ အနေအထားအရ စစ်ကောင်စီထိန်းသိမ်းထားတဲ့ နယ်မြေတွေက ဂိတ်တွေကို ကျော်ဖြတ်နိုင်ရင်တောင် ULA/AA ဂိတ်တွေမှာ ထိန်းသိမ်းခံရနိုင်ခြေရှိတဲ့ အတွက် မစွန့်စားရဲကြတဲ့ ဝန်ထမ်းတွေ အများကြီးရှိနေတယ်လို့ အမည်မဖော်လိုသူ ဝန်ထမ်းတဦးက VOW ကိုပြောပါတယ် ။

“ ဝန်ထန်းအကုန်လုံးက စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်ချင်ကြတာမဟုတ်ပါဘူး ၊ စစ်အာဏာသိမ်းကတည်းက ရခိုင်မှာ CDM လုပ်ချင်တဲ့ ဝန်ထမ်းတွေအများကြီးရှိတယ် ၊ အဲ့ဒီအချိန်က ULA/AA က CDM မလုပ်ဖို့ ကြေငြာချက်တစောင်ထုတ်ပြန်ခဲ့တာရှိတယ် ၊ ဒါကြောင့် တော်တော်များများ CDM မလုပ်ခဲ့ကြဘူး ၊ အခုချိန်မှာတော့ တိုက်ပွဲတွေပြင်ထန်လာတဲ့အတွက် အေးအေးဆေးဆေး လွှတ်ပေးစေချင်ကြတာပါ “ လို့ အဆိုပါ ဝန်ထမ်းက မိမိတို့ သတင်းဌာနကိုပြောပါတယ် ။

လက်ရှိ မြေပြင်တိုက်ပွဲ အခြေအနေအရ လွှတ်မြောက်နယ်မြေကို ခိုလှုံဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထွက်သွားကြတဲ့ ဝန်ထမ်းတွေဟာ AA စစ်သားတွေရဲ့ ဖမ်းဆီးခြင်းကို ခံနေရပြီး လပိုင်းကနေ နှစ်ပိုင်းအထိ ထိန်းသိမ်း စစ်ဆေးခံနေရတာတွေ ရှိတယ်လို့ သိရပါတယ် ။

ULA/AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ စစ်ကောင်စီလက်အောက်ကနေ ထွက်လာတဲ့ ဘယ်သူ့ကိုမဆို ကောင်းကောင်းမွန်မွန် လက်ခံကြိုဆိုမှာ ဖြစ်ပြီး မိမိတို့ ဆီမှာ တာဝန်ထမ်းဆောင်ချင်တယ်ဆိုလည်း ကြိုဆိုမှာ ဖြစ်သလို ၊ မိဘအိမ်ကို ပြန်မယ်ဆိုရင်လည်း ပြန်ပို့ပေးမှာ ဖြစ်ပြီး ၊ တိုက်ပွဲကာလတွေမှာ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေကိုတောင် သတင်းမထုတ်ပြန်ဘဲ ပြန်လွှတ်ပေးခဲ့တာတွေ ရှိတယ်လို့ ဇွန်လ ၈ ရက်နေ့ ကပြုလုပ်တဲ့ ULA/AA ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ် ။

လေကြောင်းသုံးပြီး အရပ်သားပြည်သူများအားစစ်ကောင်စီ ဦးတည်တိုက်ခိုက်နေ VOW| ဇွန် ၊ ၁၁ ၊ ၂၀၂၄ရခိုင်ဒေသအတွင်း အာရက္ခတပ်‌တော် (...
11/06/2024

လေကြောင်းသုံးပြီး အရပ်သားပြည်သူများအားစစ်ကောင်စီ ဦးတည်တိုက်ခိုက်နေ

VOW| ဇွန် ၊ ၁၁ ၊ ၂၀၂၄

ရခိုင်ဒေသအတွင်း အာရက္ခတပ်‌တော် (AA) ထိန်းချုပ်ထားတဲ့ မြို့၊ ရပ်ရွာတွေအပါအဝင် လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ မောင်တော၊ သံတွဲ၊ အမ်း အစရှိတဲ့ ဒေသတွေမှာ စစ်ကောင်စီဟာ
ဒရုန်းတွေသုံးပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာနေတယ်လို့ AA ဘက်က ဆိုပါတယ်။

"အရပ်သားပြည်သူလူထုနေထိုင်ရာ မြို့၊ ရပ်ရွာ များ၊ ဆေးရုံဆေးခန်း၊ စျေး၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် အရပ်သားပြည်သူ သွားလာလှုပ်ရှားရာ နေရာများအား ပစ်မှတ်ထားပြီး ရေကြောင်း၊ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကို တစ်နေ့ ထက်တစ်နေ့ တိုးတိုးပြီး ပြုလုပ်လာနေတယ်" လို့ အာရက္ခတပ်‌တော် (AA)က ဆိုပါတယ်။

နောက်ပြီး ဇွန်လ (၄/၅) ရက်တွေမှာလည်း အရပ်သားပြည်သူနေထိုင်တဲ့ သံတွဲမြို့နယ်၊ ဆင်ခေါင်း ကျေးရွာကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် အပြစ်မဲ့ အရပ်သား ပြည်သူများစွာ ထိခိုက်ဒဏ်ရာရ၊ သေဆုံးခဲ့ပြီး ရွာလုံးကျွတ်နီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လ (၁၁) ရက်၊ မနက် ၉ နာရီ ၉ နာရီ ၃၅ မိနစ် ဝန်းကျင်မှာ စစ်ကောင်စီရဲ့ Y12 လေယာဉ်ဟာ ပေါက်တောမြို့နယ်၊ မြို့ပေါ်ရပ်ကွက် (၁)၊ သဝင်ချောင်းကျေးရွာ ဘုန်းကြီးကျောင်းအနီးဝန်းကျင်၊ မနော်သီရိကျေးရွာနဲ့ လက်ပံပြားကျေးရွာတွေကို လေကြောင်းက ဗုံးကြဲ တိုက်ခိုက်မှု (၄) ကြိမ်ပြုလုပ်ခဲ့သလို ဒရုန်းနဲ့လည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီကြဲချတဲ့ ဒရော့ဗုံး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသမီး (၆) ယောက်နဲ့ အမျိုးသား (၄) ယောက်တို့မှာ အကြီးစား၊ အ‌လတ်စား၊ အသေးစား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့လည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်။

•ဇွန် (၄) ရက်နေ့က စစ်ကောင်စီလေကြောင်းသုံး
တိုက်ခိုက်ခဲ့သည့် သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာ

အရပ်သားမွတ်ဆလင်တွေ စီးနင်းလာတဲ့ မော်တော်ဘုတ်ကို စစ်ကောင်စီနေဗီက ဝင်တိုက်၍ လူဦးရေ ၄၀ ခန့်သေဆုံး VOW/ဇွန် ၁၀ / ၂၀၂၄၂၀၂၄ ခု...
10/06/2024

အရပ်သားမွတ်ဆလင်တွေ စီးနင်းလာတဲ့ မော်တော်ဘုတ်ကို စစ်ကောင်စီနေဗီက
ဝင်တိုက်၍ လူဦးရေ ၄၀ ခန့်သေဆုံး

VOW/ဇွန် ၁၀ / ၂၀၂၄

၂၀၂၄ ခုနှစ် ၊ ဇွန်လ ၉ ရက်နေ့ ည ၁၀နာရီခန့်မှာ မောင်တောမြို့နယ် ၊ မောင်နီပြင်ကျေးရွာ ကနေ ထွက်လာတဲ့ လူဦးရေ ၄၀ကျော်စီးနင်းလိုက်ပါလာတဲ့ မော်တော်ဘုတ်တစီးကို မောင်နီပြင်ကျေးရွာနဲ့ ၂မိုင်အကွာမှာရှိတဲ့ စစ်ကောင်စီ နေဗီတစီးက ဝင်တိုက်ခဲ့တယ်လို့ သိရပါတယ် ။

“ရွာကနေ ၂မိုင်လောက်အကွာလောက်မှာ စစ်တပ်နေဗီက တမင်နစ်မြုပ်အောင်တိုက်သွားတာပါ ၊ စစ်လှေထဲမှာပါလာတဲ့ လူတွေထဲက အမျိုးသမီး တဦးနဲ့ အမျိုးသားနှစ်ဦး အသက်ရှင်ပြီး ကျန်တဲ့သူတွေကတော့ သေသွားပါပြီ “ လို့ ကူညီကယ်ဆယ်ရေးမှာ ဆောင်ရွက်ပေးတဲ့ ဒေသခံတဦးက ပြောပါတယ် ။

အသက်ရှင်ကျန်ရစ်သူ ၃ဦးဟာ လက်ရှိအချိန်မှာ မောင်တော ဆေးရုံကိုရောက်ရှိနေကြပြီး ဆေးကုသမှု ခံယူနေတယ်လို့ အဆိုပါ ဒေသခံကပြောပါတယ် ။

စက်လှေနဲ့လိုက်ပါလာသူ အားလုံးနီးပါးဟာ ဘူးသီးတောင်မြို့နယ်က ဒေသခံမွတ်ဆလင်တွေ ဖြစ်ကာ စစ်ဒဏ်ကြောင့် ဒဏ်ရာရှိထားသူတွေဖြစ်ပြီး မောင်နီပြင်ကျေးရွာကနေတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဆေးကုသမှုခံယူဖို့အတွက် လှေနဲ့ခိုးထွက်ကြသူတွေဖြစ်တယ်လို့ သိရပါတယ် ။

အသက်ရှင်လွတ်မြောက်လာသူ ၃ဦးရဲ့ ပြောကြားချက်အရ အနည်းဆုံး လူ ၄၀-ကျော်သေဆုံးပြီး နတ်မြစ်ထဲမှာ ရုပ်အလောင်းတွေ မျှောနေတယ်လို့ ဆိုပါတယ် ။

ရခိုင်အမျိုးသားပါတီ ANP လူငယ်ခေါင်းဆောင် ကိုဂမ်ဘာရီကို ၅၀ ည ဖြင့် တရားစွဲ VOW| ဇွန် ၊ ၇ ၊ ၂၀၂၄ရခိုင်အမျိုးသားပါတီ ANP ရဲ...
07/06/2024

ရခိုင်အမျိုးသားပါတီ ANP
လူငယ်ခေါင်းဆောင် ကိုဂမ်ဘာရီကို
၅၀ ည ဖြင့် တရားစွဲ

VOW| ဇွန် ၊ ၇ ၊ ၂၀၂၄

ရခိုင်အမျိုးသားပါတီ ANP ရဲ့ ပါတီလူငယ်ခေါင်းဆောင်ဖြစ်သူ ကိုဂမ်ဘာရီ (ခ)
ခင်ဝင်းမောင်ကို ဒီကနေ့ ၂၀၂၄ ခုနှစ် ၊
ဇွန်လ ၇ ရက်နေ့မှာ အကြမ်းဖက်မှုများ
အတွက် ငွေကြေးထောက်ပံ့မှု ဥပဒေပုဒ်မ
၅၀ ည နဲ့ ရန်ကုန်တိုင်းဒေသကြီး
အလုံမြို့နယ် တရားရုံးက
တရားစွဲဆိုလိုက်တယ်လို့သိရပါတယ် ။

“ ဒီကနေ့ မှာ စပြီး ရုံးထုတ်တာပါ ၊ တရားစွဲတာကတော့ ၅၀ ည နဲ့ ပါ ၊ ထိုင်းဘတ်ငွေ ၄၀၀၀၊ မြန်မာငွေကျပ် သိန်းတရာကျော် ဖမ်းမိတာပါ ၊
ဒီကိစ္စအတွက် သူ့အနေနဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်ပေးနိုင်ရင်တော့ အမှုက လွတ်နိုင်ခြေရှိပါတယ် “ လို့ တရားရုံးကို လိုက်ပါဆောင်ရွက်ခဲ့သူ တဦးက VOWကို ပြောပါတယ် ။

ရခိုင်အမျိုးသားပါတီ ANP လူငယ်ခေါင်းဆောင်
ကိုဂမ်ဘာရီ (ခ) ကိုခင်ဝင်းမောင် ကို မေလ ၃၁ ရက်နေ့ ညက ရန်ကုန်မြို့ နေအိမ်ကနေ
ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ် ။

မေလ ၃၁ ရက်နေ့ညက ဂမ်ဘာရီနဲ့ အတူ
ဖမ်းဆီးခေါ်ဆောင်သွားတဲ့ နောက်ထပ်လူငယ် (၃) ဦး ကိုတော့ စစ်ကြောရေးမှာ စစ်ဆေးနေတုန်း
ဖြစ်ပြီး ရုံးထုတ်ဖို့ အခြေအနေ မရှိသေးဘူးလို့ စုံစမ်းသိရှိရပါတယ် ။

စစ်ကောင်စီ‌၏ လေကြောင်းနဲ့တိုက်ခိုက်မှုကျောက်တော်မြို့နယ်ရှိ အရပ်သားပြည်သူ နှစ်ယောက်ထိခိုက်VOW | ဇွန်လ၊ ၇ ၊၂၀၂၄ရခိုင်ပြည်...
07/06/2024

စစ်ကောင်စီ‌၏ လေကြောင်းနဲ့တိုက်ခိုက်မှု
ကျောက်တော်မြို့နယ်ရှိ အရပ်သားပြည်သူ
နှစ်ယောက်ထိခိုက်

VOW | ဇွန်လ၊ ၇ ၊၂၀၂၄

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်
ရှောက်ချောင်း ကျေးရွာအား စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ၎င်းရှောက်ချောင်းကျေးရွာမှ အပြစ်မဲ့ ကလေးငယ်တစ်ဦး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ (၆) ရက် နေ့လည် ၁ နာရီခွဲနှင့်
ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီက လေကြောင်းနဲ့လာရောက်ပြီး ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"စစ်ကောင်စီက ရှောက်ချောင်းကျေးရွာနားကို လေယျာဉ်နဲ့ဗုံးလာချသွားတာပါ။ ကလေးတစ်ယောက် အမျိုးသမီးတစ်ယောက် ထိခိုက်သွားပါတယ်။ အသေးစိပ်တော့ မသိရသေးဘူး" လို့ အမည်မဖော်လိုသူ ဒေသခံတဦးက ပြောပါတယ်။

ကျောက်တော်မြို့နယ်ဟာ ရက္ခိုင့်တပ်‌တော် AA
စစ်ကောင်စီလက်ထဲကနေ အပြီးသတ်သိမ်းပိုက်ပြီးမြို့နယ်ထဲက နယ်မြေတစ်ခုလည်း
ဖြစ်ပါတယ်။

စောမြရာဇာလင်း ဦးဆောင်သည့် ALP အဖွဲ့စစ်ကောင်စီနှင့် ပူးပေါင်းနေမည်ဆိုပါက ရခိုင်အမျိုးသားရေးလမ်းကြောင်းနှင့် သွေဖီသွားမည်ဖ...
05/06/2024

စောမြရာဇာလင်း ဦးဆောင်သည့် ALP အဖွဲ့
စစ်ကောင်စီနှင့် ပူးပေါင်းနေမည်ဆိုပါက
ရခိုင်အမျိုးသားရေးလမ်းကြောင်းနှင့်
သွေဖီသွားမည်ဖြစ်ကြောင်း AASYC သတိပေး

VOW| ဇွန်လ/ ၃ / ၂၀၂၄

စစ်တွေမြို့နယ် ၊ ဆပ်ရိုးကျရပ်ကွက် (ဗျိုုင်းဖြူကျေးရွာ) မှာ ကျေးရွာသားတွေကို မတရားဖမ်းဆီးသတ်ဖြတ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်နဲ့ စောမြရာဇာလင်းဦးဆောင်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အဖွဲ့ဝင်တွေဟာ ရခိုင်ပြည်အနှံအပြားမှာ စစ်ကောင်စီနဲ့ပေါင်းပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ သတင်းကို အကြိမ်ဖန်များစွာ ကြားနေရတယ်လို့ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) က ၂၀၂၄ ခုနှစ် ၊ ဇွန်လ ၄ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ် ။

၂၀၂၄ ခုနှစ် ၊ မေလ ၂၉ရက်နေ့ ၊ နေ့လည် ၁၂နာရီလောက်မှာ စစ်တွေမြို့ ၊ ဆပ်ရိုးကျရပ်ကွက် (ဗျိုင်းဖြူရွာ) ကို စစ်ကောင်စီတပ် ဒကစ(စစ်တွေ) ရဲ့ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ခဲ့ပြီး ကျေးရွာအတွင်းက အမျိုးသားတွေရဲ့ မျက်နှာကို အသင့်ယူဆောင်လာတဲ့ ပိတ်စတွေနဲ့စည်းနှောင်ကာ ရွာရဲ့ အရှေ့ဘက် ရေကန်ဘေးကနေတဆင့် သင်္ချိုင်းနားကို ခေါ်သွားပြီး ပစ်သတ်ခဲ့တယ်လို့ AASYC ကြေငြာချက်မှာ ဖော်ပြထားပါတယ် ။

ရခိုင်ပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အပြစ်ပေး အရေးယူနိုင်ရေးအတွက် ကုလသမဂ္ဂ အပါအဝင် ပြည်တွင်းပြည်ပ အင်အားစုတွေအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပြီး ကျူးလွန်ခံရတဲ့ မိသားစုတွေအတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုတွေကို တတ်စွမ်းသမျှပံ့ပိုးပေးမယ်လို့ AASYC ကြေငြာချက်မှာ ဖော်ပြထားပါတယ် ။


စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက အခုလိုပြောဆိုတဲ့ ကိစ္စတွေဟာ AA ရဲ့တဖက်သတ်စွပ်စွဲချက်သာ ဖြစ်ပြီး ဗျိုင်းဖြူကျေးရွာမှာ AA တပ်ဖွဲ့ဝင်တွေရှိတယ်ဆိုတဲ့ သတင်းအရ မသင်္ကာတဲ့သူတွေကို သွားရောက်စစ်ဆေးရာမှာ သေနတ်လုတဲ့ အတွက်ကြောင့် ပစ်ခတ်ရာမှာ ၃ ဦးသေဆုံးခဲ့တာဖြစ်တယ်လို့ MRTV4 ရုပ်သံကနေတဆင့် ပြောကြားခဲ့ပါတယ် ။

ဗျိုင်းဖြူရွာသားတွေအပေါ် အခုလို စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ ကျူးလွန်သူ ၊ ပူးပေါင်းပါဝင်ခဲ့သူ နဲ့ ညွန်ကြားခဲ့သူတွေကို လက်စားချေတုန့်ပြန်သွားမယ်လို့ ULA/AA က ဇွန်လ ၂ ရက်နေ့မှာ ကြေငြာချက် ထုတ်ပြန်ခဲ့ပေမယ့် စောမြရာဇာလင်း ဦးဆောင်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့ ပါတီစည်းရုံးရေးတာဝန်ခံ ခိုင်အောင်ဇံက ရခိုင်ပြည်သူတို့နဲ့ ALP အပေါ် ပြသနာဖြစ်အောင် ဖန်တီးထားတဲ့ လှုံဆော်မှုတွေဖြစ်ကြောင်း ငြင်းဆိုထားပါတယ် ။

ဗျိုင်းဖြူကျေးရွာက အပြစ်မဲ့အရပ်သားတွေကို စစ်ကောင်စီက အစုလိုက်အပုံလိုက် သတ်ပြတ်မှုကို AA က ကန့်ကွက်ရှုံ့ချ သတိပေးကြောင်းထ...
03/06/2024

ဗျိုင်းဖြူကျေးရွာက အပြစ်မဲ့အရပ်သားတွေကို စစ်ကောင်စီက အစုလိုက်အပုံလိုက် သတ်ပြတ်မှုကို AA က ကန့်ကွက်ရှုံ့ချ သတိပေးကြောင်းထုတ်ပြန်

ဇွန်လ/ ၃/ ၂၀၂၄

ရခိုင်ပြည်၊ ဗျိုင်းဖြူကျေးရွာက အပြစ်မဲ့အရပ်သားပြည်သူတွေကို ပြည်သူလူထုတို့ကို ဖမ်းဆီး၊ သတ်ဖြတ်၊ နှိပ်စက်ညှဉ်းပန်းခဲ့ကြပြီး စစ်ရာဇဝတ်မှုကျူးလွန်ရုံမက လူသားမျိုးနွယ်အပေါ် ပြစ်မှုတွေကို လက်ရဲဇက်ရဲ ဆက်တိုက်ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ သတိပေးကြောင်း AA က ဇွန်လ ၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှု အရပ်သားများ  သေဆုံး၊ ဒဏ်ရာရဇွန်လ / ၁/ ၂၀၂၄ရခိုင်ပြည်အတွင်း စစ်ရှုံးစစ်ကောင်စီက ပုဏ္ဏားကျ...
01/06/2024

စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှု
အရပ်သားများ သေဆုံး၊ ဒဏ်ရာရ

ဇွန်လ / ၁/ ၂၀၂၄

ရခိုင်ပြည်အတွင်း စစ်ရှုံးစစ်ကောင်စီက ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ပေါက်တောမြို့နယ်က ကျေးရွာသုံးခုကို Y - 12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူတွေရှိတယ်လို့ သတင်းရရှိပါတယ်။

"စစ်ရှုံးနေတဲ့ စစ်‌ကောင်စီတပ်က လေယာဉ်နဲ့ လာပစ်ပါတယ်။ အသက် ၇ နှစ်လောက်ရှိတဲ့ကလေးပါဆိုရင် ၈ ယောက်လောက် သေသွားပါတယ်" လို့ ယိုးတရုတ် ဒေသခံတစ်ယောက်က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်လို့ AAIn fo Desk က အခုလို ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

၂၀၂၄ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့၊ နံနက် (၉) နာရီ နှင့် (၉) နာရီ (၄၅) မိနစ်ကြားတွင် ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာနှင့် ကြိမ်ခွေမော်‌‌ကျေးရွာအားလည်းကောင်း၊ နံနက် (၁၀) နာရီ (၂၄) မိနစ်အချိန်၌ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာအားလည်းကောင်း ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် Y-12 လေယာဉ်များ၊ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

အခုလို စစ်ကောင်စီက အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲတဲ့အတွက် အရပ်သားပြည်သူအချို့မှာ သေဆုံးသူတွေနဲ့ အသေးစား၊ အလတ်စား၊ အပြင်းစား ထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့ ဆိုထားပါတယ်။

ရခိုင်ပြည်အတွင်းက ဒေသခံပြည်သူတွေ နေရထိုင်ရအခက်အခဲ့ဖြစ်နေကြသလို စာဝတ်နေရေးအတွက်လည်း အခက်အခဲ့ကြုံနေကြတယ်လို့ ဆိုပါတယ်။

18/05/2024

၂၀၂၄ ခုနှစ်၊ မေလ (၁၄) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက် ခမရ (၃၅၃) တပ်ရင်းအား အာရက္ခတပ်တော်မှ သိမ်းပိုက်ရှင်းလင်းစဉ် အကြမ်းဖက်စစ်ကောင်စီမှ (၃) ရက်ကြာ ဖမ်းဆီးပိတ်လှောင်ထားသော ခရုချောင်း မူဆလင်ကျေးရွာမှ ကလေးငယ်များအပါဝင် မူဆလင် အမျိုးသား အမျိုးသမီးစုစုပေါင်း (၃၅) ဦးအား အာရက္ခတပ်တော်မှ
ကယ်ထုတ်နိုင်ခဲ့သော ရုပ်သံမှတ်တမ်း....

VOW| မေလ ၁၈၊ ၂၀၂၄

06/05/2024

ဘူးသီးတောင်က စစ်ကောင်စီတပ်မ စကခ ၁၅ တပ်ရင်းဌာနချုပ်တစ်ခုလုံး AA ထံ လက်နက်ချအဖမ်းခံ

VOW - မတ်/ ၆/ ၂၀၂၄

အာရက္ခတပ်တော်က ကာလအတန်ကြာဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားတဲ့ ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ စကခ (၁၅) တပ်မဌာနချုပ်တစ်ခုလုံး AA ထံ လက်နက်ချအညံ့ခံထားတဲ့ ရုပ်သံဖိုင်ကို AA က မှတ်တမ်းတင်ရိုက်ကူးထားတာဖြစ်ပါတယ်။

အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်မှုအပြီးမှာ အပြတ်အသတ်ရှုံးနိမ့်ပြီး လုံးဝမလွတ်မြောက်နိုင်တဲ့ အခြေအနေမှာ လက်နက်ချအညံ့ခံခဲ့လို့ အသက်ချမ်းသာရာရခဲ့တဲ့ ဘူးသီးတောင် စကခ (၁၅) တပ်မဌာနချုပ်က ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တပ်မိသားစုဝင်တွေကို ၂၀၂၄ ခုနှစ်၊ မေလ (၄) ရက်နေ့မှာ တွေ့ရတဲ့ ရုပ်သံမှတ်တမ်းဖြစ်တယ်လို့ အာရက္ခတပ်တော်က ဆိုထားပါတယ်။

Address


Alerts

Be the first to know and let us send you an email when Voice Of Westland posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Voice Of Westland:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Want your business to be the top-listed Media Company?

Share