Myanmar Area

Myanmar Area Music, picture and video posted

11/27/2025

6သနတ်ငှါးဘဝ က​နေ တော်လှန်​ရေး စခဲ့တဲ့ PDF များ နဲ့ မိုးကုတ်မြို့ကို ဘာကြောင့် မကာကွယ်ကြတာလဲ

မိုးကုတ်မြို့ကို TNLA ဦးဆောင်မှု နဲ့ PDF တွေက သိမ်းပိုက်ထားတဲ့ မြို့ဖြစ်ပါတယ်။ နယ်ခံမြို့ခံတွေရဲ့ ပါဝင်မှုကလည်း အထောက်အကူ ခရာကျခဲ့လို့ အထိအခိုက် နည်းနည်း နဲ့ မြို့ကို သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။ မြို့သိမ်းပြီး တစ်နှစ်ကျော်အကြာမှာတော့ မူလရန်သူဆီကို အလွယ်တကူ ပြန်ပေးလိုက်ရပါပြီ။

PDF များသည် TNLA ရဲ့ လက်နက်များကို အငှါးနဲ့ သာ လက်နက်ကိုင်နေကြရသည်။ ထို့ကြောင့် TNLA အမိန့်ကိုမလွဲမသွေ နာခံရတဲ့ အနေအထားဖြစ်လာသည်။ မိုးကုတ်မြို့ကို ဝင်လာမယ့် စစ်တပ်ကို ပြန်ချချင်တဲ့ pdf ထိပ်တန်းခေါင်းဆောင်များကို အရင် ထိန်းသိမ်းခံရတယ်။

ထို့​နောက် TNLA ဖက်က တောင်းဆိုထားတယ်။ မိုးကုတ်မြို့ထဲကို စစ်တပ်ဝင်လာချိန် ဘာမှ အနှောက်အယှက် မပေးကြဖို့ တောင်းဆိုထားပါတယ်။ ငါတို့ငှါးထားတဲ့ လက်နက်တွေကို အပိုင်ပေးမယ်။ မိုးကုတ်မြို့ကို စစ်တပ်လက်ထဲ အကုန်လွှဲပြီးမှ ခင်ဗျားတို့ဟာ ခင်ဗျားတို့ လုပ်ရမယ့်ဟာ ဆုံးဖြတ်ကြတော့။ လောလောဆယ်က အလုပ်မပြီးသေးဘူး။

အလုပ်အားလုံးလွှဲပြီးသွားရင် ငါတို့နဲ့ မဆိုင်တော့ဘူး။ ခင်ဗျားတို့ ဆုံးဖြတ်ချင်သလို ဆုံးဖြတ်ကြတော့။ ပြန်သိမ်းချင်ရင် ခင်ဗျားတို့သဘော ဟု TNLA က သေနတ်နဲ့ အပေးအယူ လုပ်လိုက်ပါတယ်။ 6သနတ်တွေရဖို့ စျေးကြီးလိုက်တာ ။ ဒါကြောင့် ရခိုင်AA တွေ ရခိုင်ပြည်နယ်ကို စစ်ရေးမဖော်ခင် ဆယ်စုနှစ် တစ်ခုနီးပါး ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်မှာ တိုက်ပွဲနေကြတာကိုး

11/25/2025

ပြည်သူ့ရဲ​ဘော်​တွေ အ​နေနဲ့ တခြားအဖွဲ့တွေ နဲ့ မြို့သိမ်း စခန်းသိမ်းစနေတာ့မယ် ဆိုရင် WIN WIN နိုင်ငံ​ရေး သ​ဘောတူညီချက် ရယူပြီးမှ တိုက်ပွဲဝင်ကြပါ၊ ဘယ်သူမှ အသက်ပို မပါဘူး

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်တဲ့ အခါ တော်လှန်ရေးကို ဆင်နွဲရတယ်။ တော်လှန်ရေးအောင်မြင်ရင် စနစ်ပြောင်းလဲတယ်။

PDF မပေါ်ခင် ဘယ် EAOs တွေမှ မြို့မသိမ်းပိုက်နိုင်ကြဘူး ဆိုတာ အားလုံးအသိပဲ။ ဒီနေရာမှာ တချို့က မျှော်လင့်ချက်အမှားတွေနဲ့ နှိုးဆော်တယ်။ တချို့ကျတော့ စေတနာမှန်နဲ့ ဖြစ်သင့်တာနဲ့ နှိုးဆော်တယ်။

မျှော်လင့်ချက်အမှားက ဘာလဲ ၄ လ ၆လ နဲ့ တော်လှန်ရေးက ပြီးသွားမယ်ပေါ့။ ဘာနိုင်ငံရေးမှ သဘောတူညီချက်မလို စစ်တပ်ကို တိုက်ဖို့ပဲ အရေးတယ် နိုင်ငံရေးကို တော်လှန်ရေး အလွန်မှာ ပြောကြမယ်ပေါ့။

စေတနာနဲ့ ဖြစ်သင့်တာကို နှိုးဆော်ချက်ကတော့ တော်လှန်ရေးမစခင် နိုင်ငံရေး သဘောတူညီချက် အရင်ချရတယ်။ တော်လှန်ရုံနဲ့ အကျိုးမရှိရင် အလကားပဲ။ မြို့စခန်းတွေ သိမ်းနိုင်ရင် ရပြီ ဆိုတာနဲ့ မပြီးဘူး ဆိုတာ လက်တွေ့ကြုံနေရပြီ မဟုတ်လား။ ဟိုက စနစ်တကျနဲ့ နိုင်ငံရေး နဲ့ တော်လှန်ရေး တွဲပြီး ဆက်နေတာ။ တချို့ PDF တွေက စစ်တပ်ကိုတော်လှန်ရင် ရပြီပေါ့။ NUG အောက်လည်း မနေချင်ကြ။ တချို့က ဗိုလ်ကို ဖြစ်ချင်နေကြတာ။

မြောက်ပိုင်း ၃ ဖွဲ့ဟာ NUG နဲ့ ကင်းကင်းရှင်းရှင်း နေတဲ့ အဖွဲ့တွေပါ။ လက်နက်လိုချင်လောဘ နဲ့ စစ်သင်တန်းတွေသွားတက် မြို့သိမ်းတိုက်ပွဲတွေကူ အသက်တွေ ပေးဆပ် မြို့လည်းသိမ်းပြီးရော မောင်းထုတ်ခံ ဘဝရောက်သွားကြတယ်။ ဘာနိုင်ငံရေး သဘောတူညီချက် မရှိမှုရဲ့ အကျိုးဆက်ပါ။ မြို့မသိမ်းခင် နိုင်ငံရေး သဘောတူညီချက်သာ ရှိခဲ့ရင် ပြောစရာတွေ ရှိမယ်။ ငါတို့သဘောတူထားတာ ဒီလိုကွ ဆိုပြီး

လားရှီုးမြို့သိမ်း တိုက်ပွဲမှာ pdf တွေ အများကြီးပေးဆပ်ရတယ်။ မြို့လည်းသိမ်းရော ဦးဆောင်သူတွေက စစ်တပ်ကို ပြန်အပ်ပြီး pdf တွေကို မြို့ကနေ မောင်းထုတ်ခံရတယ်။ ခိုင်မာတဲ့ အဖွဲ့အစည်းတွေကိုကျတော့ ဟိုကလည်း မသုံးချင်ဘူး။

NUG လက်အောက်မှာရှိတဲ့ PDF တွေ နဲ့ KIA တွေ စစ်ကိုင်းဖက် မြို့သိမ်းရင် ဘယ်သူတွေက မြို့ကို စီမံသလဲ အုပ်ချုပ်သလဲ။ မြောက်သုံးဖွဲ့နဲ့ ပေါင်းတဲ့သူတွေနဲ့ တူသလား တွေးစရာရှိတွေးပါ နှိုင်းယှဉ်ပါ ပြုပြင်ပါ။ အတူပူးပေါင်းလုပ်ဆောင်တဲ့နေရာမှာ နှစ်ဖက်စလုံးအတွက် Win Win အခြေအနေပဲ ကောင်းတယ်။ Win Lose အခြေအနေမျိုးဟာရှောင်သင့်

အဖွဲ့ငယ်ငယ် နဲ့ အဖွဲ့များ​နေရင် စစ်တပ်က အိပ်ကပ်ထဲ ကောက်ထည့်မယ်ဆိုတာ
သင်ခန်းစာယူကြတော့

AA နဲ့ ပေါင်းတဲ့ အဖွဲ့ငယ် pdf တွေလည်း အခုကတည်းက မြို့သိမ်းတော့မယ်ဆိုရင် နိုင်ငံရေးသတူညီညီချက်ယူပြီးမှ လုပ်သင့်တယ်။ AA လည်း NUG ကို သဘောကျတဲ့ အဖွဲ့ မဟုတ်ဘူး။ ဒါပေမယ့် ဧရာဝတီ နဲ့ အင်တာဗျူးမှာတော့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မပူပေါင်းနိုင်စရာတော့ မရှိပါဘူး လို့ ထုတ်ပြောလာတာတော့ ရှိတယ်။ အပြုသဘောဆောင်တဲ့ ပြောဆိုချက်တော့ ပြောသွားတယ်။

တော်လှန်ရေးဖက်တော်သား အားလုံးဟာ အသက်ကို ရန်သူဆီမှာ ပေါင်ထားရတာ ရိုသားဖို့လိုတယ်။ အတူတူကြိုးစားပြီး စားဖို့ကျတော့ ခင်ဗျားက ဒီနေရာမှာ မဟုတ်ဘူး ဆိုတာတွေ မဖြစ်အောင် နိုင်ငံရေး သဘောတူညီချက် ထားရတယ်။

တော်လှန်​ရေး အောင်မြင်မှာလား ဆိုတာကို သံသယ နဲ့ လုပ်လို့ မရဘူး။ တကယ်​တော်လှန်ရင် တကယ်တိုက်ရင် အကြမ်းဖက် စစ်တပ် မခံနိုင်ဘူးဆိုတာ ရှမ်း​မြောက် ရခိုင် ကချင် ချင်း ကရင် ကရင်နီ တွေမှာ သက်​သေရှိတယ်။ တော်လှန်​ရေးရဲ့ အနာဂတ် နိုင်ငံ​ရေး သ​ဘောတူညီချက် တော့ လိုလိမ့်မယ်။ အဲ့ဒါမရှိရင် လားရှိုး နောင်ချို မိုးကုတ် မိုးမိတ် ကျောက်မဲ တွေလို ကစားစရာ ဖြစ်လာမယ်။ ဒီ​နွေဦး​တော်လှန်​ရေးက စျေးကြီးတယ်။ ဒီလိုမျိုး​နောက်တစ်ခါ ပြန်ရဖို့ဆိုတာ ဆယ်စုနှစ်အများကြီး​စောင့်မှ ရနိုင်​တော့မည်။

နွေဦး​တော်လှန်​ရေး ကျဆုံးရင် မြောက်ကိုးရီးယားလို နိုင်ငံပြင်ပတောင် ထွက်လို့ရမှာ မဟုတ်​တော့ဘူး အခု​တောင် တင်းကြပ်​နေပြီ

11/18/2025

လောဘ သား​ကောင်​တွေ တလွဲ​တွေ လုပ်ပြ​နေပြန်ပြီ

သမ္မတ ဦးမင်းအောင်လှိုင်က ဗိုလ်ချုပ်မှုကြီး မင်းအောင်လှိုင်ကို ကျားဖြန့်မှာ ပါဝင်​နေတဲ့ စစ်​ကော်မရှင် ဥက္ကဌ ဦးမင်း​အောင်လှိုင်ကို အဖမ်းခံဖို့ အမိန့်ပေးပြီး၊ BGF ကလည်း ကျားဖြန့်မှာ ပါဝင်​နေတဲ့ BGF ကိုတိုက်ထုတ်ဖို့ အမိန့်ပေးနေ

မြန်မာပြည်မှာရှိတဲ့ စီးပွါးရေး အရပ်ရပ်ကို ချုပ်ကိုင်ဖို့ ဦးပိုင်ကုမ္ပဏီ ဆိုပြီးဖွဲ့စည်းထားသလို ကမ္ဘာ့မှောင်ခိုဂိုဏ်း ကျားဖြန့်ဆိုတဲ့ ငွေလိမ်ဂိုဏ်းကို ကရင်ပြည်နယ် နယ်ခြားစောင့်ထိန်းချုပ်နေရာမှာ အဆောက်အဦးတွေ ဆောက်ပြီး ကမ္ဘာအရပ်ရပ်က ရိုးသားတဲ့လူတွေဆီကနေ အွန်လိုင်းငွေလိမ်ယူနေခဲ့ကြပါတယ်။

အမေရိကန်အစိုးရက ဒီလို ငွေလိမ်ဂိုဏ်းချုပ်ကို သုတ်သင်ရှင်းလင်းဖို့ ဖွဲ့စည်းပြီး သိပ်မကြာခင်မှာပဲ ကိုယ့်ကိုယ်ကို စိတ်မလုံခြုံဖြစ်နေကြပြီး Darama တွေပြနေကြပြီ။ ဘယ်သူက ဘယ်သူ့ကိုထိုးကျွေးမလဲ။ ပါဝင်ပတ်သက်သူတွေကို အကုန်သုတ်သင်ခံ ရမလား ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပြီ။

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကြောင့် ရန်ကုန်အိမ်ခြံမြေတွေပါ စျေးနှုန်းအကုန်ထိုးတက်သွားတာပါ။ ငွေကို ရေလိုသုံးနိုင်တာကလည်း ငွေကိုလွယ်လွယ် နဲ့ရခဲ့ကြတာကိုး

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမိန့်နဲ့ KK Park အဆောက်အဦးတွေကို အကြီးအကျယ် ဗုံးကျဲဖျက်ဆီးပြလိုက်တာတွေ့ရတယ်။ BGF ကလည်း ပါဝင်သူတွေကို တိုက်ထုတ်မယ်လို့ ကျုံးဝါး။ အမေရိကန်တို့ သုတ်သင်ချင်တာ နဲ့ သူတို့လုပ်ပြနေတာက လွဲနေပါတယ်။

11/16/2025

မောတောင်မြို့သိမ်းတိုက်ပွဲတွင် အညံ့ခံသူတွေကို ဇော်မင်းထွန်း စကားလက်ဆောင်ပါး

တနင်္သာရီတိုင်း မောတောင်မြို့ရှိ စစ်တပ်စခန်း နဲ့ ရဲစခန်းများကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နေချိန်အတွင်း အညံ့ခံတဲ့သူတွေကို စုစုပေါင်း အယောက် ၄၀ ကျော်ဖမ်းမိထားပါတယ်။ သူတို့နဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဇော်မင်းထွန်းက

"ဒီကောင်တွေ သူတို့ညံ့လို့ သူတို့ခံတာ တပ်မတော်နဲ့ ဘာမှမဆိုင်ဘူး။ သူတို့သာ တပ်မတော်ရဲ့ စစ်စည်းကမ်းအတိုင်း လိုက်နာမယ်ဆို အခုလို ရန်သူက အဖမ်းခံရမှာမဟုတ်ဘူး။ သူတို့စခန်းမှာ သူတို့ စိတ်ဓာတ်ခွန်အား အတွက် တစ်ချိန်လုံးစွဲထားအောင် စာရေးပေးထားပါတယ်။ "ငါမသေ ငါ့စခန်း မကျစေရ" ဆိုတာ သူတို့အတွက် လိုက်နာဖို့ ရေးပေးထားတာ။

မလိုက်နာတော့ သူတို့ခံရပြီပေါ့။ နည်းတောင်နည်းသေးတယ်။ သူတို့မရှိလည်း ဘာမှမဖြစ်ဘူး။ ငါတို့ ပေါ်တာဆွဲတဲ့ လူငယ်တွေအများကြီး အစားထိုးလို့ရတာပေါ့။ ဒီလူအိုတွေ စောက်သုံးမကျတဲ့ကောင်တွေ ဆန်ကုန်မြေလေးတွေ ငလမသ တွေ မင်းတို့စောက်ခွက်ကို မမြင်ချင်ဘူး။ စစ်တပ်စိတ်မရှိတဲ့ကောင်တွေ တော်တော် အသုံးမကျတဲ့ကောင်တွေ ကျက်သရေကို မရှိဘူး။ မ6သရဲရင် အစကတည်းက ထွက်ပြေးကြပါလား။ မင်းတို့အသက်ရှင်​နေတာက အ​ရေးမကြီးဘူး။ လက်နက်​တွေက မင်းတို့​ကောင်​တွေထက် အဆတစ်ရာ တန်ဖိုးရှိတယ်။ " ဟု ဇော်မင်းထွန်းက သူ့လူတွေကို အမြတ်ဒေါသတကြီး ဆဲဆိုလိုက်ပါသေးတယ်။

ChatGPT
11/09/2025

ChatGPT

10/30/2025
ဒီလူ​တွေကို ဘဝမှာ လုံးဝ မမေ့ကြနဲ့နော်
10/26/2025

ဒီလူ​တွေကို ဘဝမှာ လုံးဝ မမေ့ကြနဲ့နော်

10/26/2025

သရုပ်ဆောင်တွေ သရုပ်ပျက်လွန်းပါတယ် စကစ ဖိအားကြောင့် မဟုတ်ပါ။ စိတ်ထဲကနေ ဘောမနေတာပါ

ထောက်ခံသူတွေရဲ့အိမ်
10/10/2025

ထောက်ခံသူတွေရဲ့အိမ်

09/22/2025

Zero

09/20/2025

ရခိုင်ပြည်နယ် မောင်တောဒေသ ကို ဗိုလ်ချုပ် ထွန်းမြတ်နိုင် ရောက်ပြီး

The Irrawaddy သတင်းဌာန ကိုအောင်ဇော် နဲ့ AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင် တို့ တွေ့ဆုံမေးမြန်းခန်း

Address

Baltimore, MD

Alerts

Be the first to know and let us send you an email when Myanmar Area posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share