03/07/2024
မြန်မာ လူမျိုးလောက် မနာလိုတရားကြီးပြီး လျှာရှည် အကောင်းမမြင်တတ် စာမဖတ်တာ မစည်းလုံးတာ မြန်မာလူမျိုးပဲရှိမယ် ထင်တယ်။
သားအဖ၂ယောက်နဲ့ မြင်းပုံပြင်က မြန်မာပြည်က မူရင်းလာတာဖြစ်မယ်။
ဗုဒ္ဓဘာသာ ထွန်းကားဆုံးက လည်းမြန်မာပြည်ပဲ တရားမရှိဆုံးက လည်းမြန်မာပြည်ပဲ။ အဓိကက စာမဖတ်ပဲသူများပါးစပ်ဖျားမှာလမ်းဆုံးနေလို့ပဲ။
ဘူတန်ကမိန်းမ၂ယောက်နဲ့ အလုပ်တူတူလုပ်ဘူးတယ်။
ဘူတန်လို့လာလို့ပြောလည်းဆိုတော့ ဘူတန်က မြန်မာနဲ့ အကုန်တူတယ်။ ရုပ်ကအစ ခွဲမရ အောင်တူတယ်။
မတူတာကစိတ်ဓာတ်ပဲ။ စောက်တင်းလုံးဝမပြောသလို သူများကိစ္စလုံးဝစိတ်မဝင်စားဘူး။ အဲ့တော့အေးချမ်းတာပေါ့။
သူ့ဘာသာသူ သူ့ပိုက်ဆံဘယ်လိုသုံးသုံးလေ။ ဘာလို့အတင်းလှူပဲ လှူခိုင်းနေတာလည်း။ ဟိုကပိုတောင်လှူတတ်ခဲ့လို့ ကျိကျိတက်ချမ်းသာနေတာလေ။ မြန်မာတွေကအလှူပေးရင်တောင်လှူချင်တာအဓိကမဟုတ်ဘူး။ အပျော်အပါးနဲ့ကြွားဝါဖို့က အဓိက။ ဘယ်လိုလှူရမယ်ဆိုတာဘုရားဟောပြီးသား။ ဖတ်ကြည့်ဖို့စိတ်မဝင်စားကြဘူးမှတ်လား။ တရားစာပေဆိုတာ ဘုန်းကြီးပဲဖတ်စရာလို့ယူစထားကြတာလေ။
အင်္ဂလိပ် အမေရိကန် တွေလို့နိုင်ငံနဲ့ချီပြီး ဆွေစဉ်မျိုးဆက် ချမ်းသာလည်း။ ဆွေစဉ်မျိုးဆက် စာဖတ်တယ်။
ဘီဂိတ်ကို ဘယ် ဆူပါပါဝါလိုချင်လည်း မေးတော့ စာအုပ်တွေအများကြီးကို မြန်မြန်ဖတ်ချင်တယ်တဲ့။
ဝရမ်ဘူးဖတ်သူငယ်ချင်း ချာလီမန်ဂါ ဘီလျံနာက မွေးကတည်းက နေ ၉၉နှစ်အထိ သေတဲ့အထိစာဖတ်သွားတယ်။
ဒီမှာလူတွေကြည့်လိုက်ရင် စာပဲဖတ်နေတာ။ နယူယောက်မှာနေတဲ့လူတွေမေးကြည့်။
ရထားစီးသွားရင် ကွင်း လရွတ်ကလင် ဘရွန့်ဘက်က လာတဲ့ အမည်း၊တရုတ်၊စပန်းနစ် ၉၉% က ဖုန်းပွတ်ခာတယ်။ သီချင်းနားထောင်လာတယ်။
မန်ဟက်တန်ဘက်ရောက်လာရင် တက်လာတဲ့ သားသားနားနား အဖြူတွေ စာအုပ်လေးတွေဖတ်ပြီး နေနေတာ။ ရထားပေါ်မှာတောင်။ အဲ့တော့ဘယ်သူတွေက ချမ်းသာနေတယ်ထင်လည်း။
ဖေ့ဘုတ်မှာတောင် ပို့စ်က ရှည်ရင် မဖတ်ချင်တဲ့လူတွေ စာပေဟောပြောပွဲတို့ စာအုပ်တို့ဆိုတာ စာရေးဆရာ နဲ့ပဲဆိုင်တာလို့ ထင်တဲ့လူတွေက သူများချမ်းသာတဲ့ မင်္ဂလာ ဆောင်ပွဲကို ဆရာသွားလုပ်နေသေးတယ်😂