Build Myanmar - Media

Build Myanmar - Media Emerging Tech, Innovative Ideas and Market Insights

09/05/2026

AI ကအစားထိုးမရတဲ့အရာ
Video အပြည့်အစုံကို အခုဘဲ comment Link လေးကနေတဆင့် ကြည့်လိုက်ကြစို!

ငယ်ငယ်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုအကြောင်းအရာတစ်ခုကိုအရွယ်ရောက်လာတဲ့အခါဆယ်စုနှစ်နဲ့ချီပြီး ပြန်ရှင်းလင်းနေရတာမျိုးကျွန်တ...
09/02/2026

ငယ်ငယ်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခု
အကြောင်းအရာတစ်ခုကို
အရွယ်ရောက်လာတဲ့အခါ
ဆယ်စုနှစ်နဲ့ချီပြီး ပြန်ရှင်းလင်းနေရတာမျိုး
ကျွန်တော်တို့တွေ ဖြစ်ဖူးကြမယ်ထင်တယ်
အဲဒါ ကျွန်တော်တို့ ကလေးဘဝမှာ
ထိန်းကျောင်းခံခဲ့ရတဲ့ ပုံစံနဲ့ ဆိုင်တယ်
ကျွန်တော်တို့ ဆီမှာ တွေ့နေရတာက
မိဘတွေအနေနဲ့
ကလေးကို ထိန်းကျောင်းတဲ့နေရာမှာ
ရေတိုနည်းတွေ သုံးကြတာများတယ်
ဥပမာ
ကလေးအငိုတိတ်အောင်
ရေချိုးခန်းထဲ ပိတ်ထားတာလိုမျိုးပေါ့
အဲဒါ ရေတိုနည်းနဲ့ ဖြေရှင်းကြတာလို့ မြင်တယ်
အရှည်ကို သိပ်မကြည့်တော့ဘူး
ဒါပေမဲ့ အဲဒီကလေး ကြီးလာတဲ့အခါ
အဲဒီ ငယ်ဘဝက အဖြစ်အပျက် တစ်ခုကိုပဲ
ပြန်ပြီး ဖြေရှင်းဖို့
နောက်ထပ် ဆယ်နှစ်၊ နှစ်နှစ်ဆယ်လောက်
အချိန်ယူရတာမျိုး ဖြစ်နေတတ်တယ်။
မိဘတွေကို သတိထားစေချင်တာက
သူတို့ လုပ်လိုက်တဲ့ ကိစ္စလေးတွေက
ကလေးတွေအတွက် ဆယ်စုနှစ်နဲ့ချီပြီး
ဖြေရှင်းရတဲ့ ပြဿနာ ဖြစ်နေနိုင်တယ်ဆိုတာကို
သိစေချင်တယ်။

09/01/2026

ဆရာမွေးတက်အောင် ကြိုးစား
Video အပြည့်အစုံကို အခုဘဲ comment Link လေးကနေတဆင့် ကြည့်လိုက်ကြစို!

ကျွန်တော်တို့တွေ ပိုက်ဆံစုပြီး ဘာလို့ မချမ်းသာသေးတာလဲဆိုပြီးတွေးမိကြတာရှိတယ်ပိုက်ဆံနဲ့ ပတ်သက်ပြီး အခြေခံစည်းမျည်းကလည်း ရ...
08/31/2026

ကျွန်တော်တို့တွေ ပိုက်ဆံစုပြီး ဘာလို့ မချမ်းသာသေးတာလဲဆိုပြီး
တွေးမိကြတာရှိတယ်
ပိုက်ဆံနဲ့ ပတ်သက်ပြီး အခြေခံစည်းမျည်းကလည်း ရှိတယ်
ဥပမာ
တစ်လကို ဆယ်ရာခိုင်နှုန်း စု
ဘယ်လောက်ပဲ သုံး
မလိုတာတွေ မဝယ်နဲ့
ဒီလို လုပ်နေတဲ့ လူတွေအများကြီး ရှိတယ်
ဒါပေမဲ့ ကျွန်တော်တို့တွေ ဘာလို့ မချမ်းသာတာလဲ
ကမ္ဘာကျော် ဘီလျံနာတွေကြတော့ ဘယ်လိုနည်းနဲ့ချမ်းသာလာတာလဲ
အမှန်တိုင်း ပြောရရင်
သာမာန် လူနဲ့ သိပ်ကို ချမ်းသာလွန်းတဲ့လူ တွေ ကြားမှာ
ပိုက်ဆံ သုံးပုံချင်း မတူကြဘူး
သာမာန်လူတွေအတွက် ပိုက်ဆံ ဆိုတာ Physical အကြီးကြီး တစ်ခု
ရှာမယ်၊ သုံးမယ်၊ လိုချင်တာဝယ်မယ် ဆိုတဲ့
Physical ပိုင်းမှာ အသုံးချလို့ရမယ့် အရာတစ်ခု
ချမ်းသာလွန်းတဲ့လူတွေ အတွက်တော့
ငွေဟာ Physical မဟုတ်တော့ဘူး
Network တစ်ခု ဖြစ်သွားတယ်
ဘာဖြစ်လို့လဲ ဆိုတော့
သူတို့ရဲ့ ကြွယ်ဝမှုတွေထဲမှာ Network ပါ ရှိနေကြတယ်
ဘီလျံနာတွေက အခြေခံနည်းနဲ့ ချမ်းသာလာကြတာ မဟုတ်ဘူး
ဘီလျံနဲ့ချီပြီး ချမ်းသာနေတဲ့လူတွေဟာ
ပိုက်ဆံနဲ့ ဥပဒေကို Tool တစ်ခုလို သုံးကြတယ်
ပြီးတော့ သူတို့ရဲ့ ဆွေစဉ်မျိုးဆက်အတွက် Trust Fund တွေ ထားတယ်
ဘဏ်တွေကလည်း ချမ်းသာတဲ့လူတွေအတွက် သီးသန့်ဝန်ဆောင်မှု အနေနဲ့
Trust Fund တွေ လုပ်ပေးကြတယ်
Trust Fund ရဲ့ သဘောတရားက
ဒီငွေတွေကို ဘယ်သူမှ လာထိလို့မရဘူး
နှစ်တိုင်းလည်း အတိုးနှုန်းရနေတယ်
အမွေခံတစ်ဦးဦးက အသက် ၁၈ နှစ် ပြည့်သွားမှ
တစ်နှစ်ဘယ်လောက် ၊ တစ်လဘယ်လောက် ဆိုပြီး ထုတ်ပေးလို့ရတယ်
ဒီလိုနည်းနဲ့ သူတို့ရဲ့ နောက်မျိုးဆက် ၁၀ ဆက်လောက်အထိ
ချမ်းသာသွားလို့ရနေတယ်
Trust Fund Baby ဆိုတဲ့ အသုံးတောင် ရှိတယ်
ဘာဆိုဘာမှ လုပ်စရာမလိုဘဲ ချမ်းသာနေတဲ့လူတွေပေါ့
ဒါကြောင့် ဒီကမ္ဘာမှာ သာမာန်လူတွေအတွက်
လုံးဝမသိတဲ့ မထိတွေ့ဘူးတဲ့ လောကကြီး ဆိုတာရှိတယ်
သီးသန့်ဖြစ်နေတဲ့ ကမ္ဘာတစ်ခု ရှိနေတယ်
အဲဒီ ကမ္ဘာမှာ ဘီလျံနာတွေ ရှိနေကြတယ်။

08/30/2026

မိဘနဲ့ စကားပြောနည်းတော့ တက်အောင်လုပ်ထား
Video အပြည့်အစုံကို အခုဘဲ comment Link လေးကနေတဆင့် ကြည့်လိုက်ကြစို!

08/30/2026

ToeTat ပရိသတ်ကြီးအတွက် Special Episode တစ်ခု လာပါပြီ။ ဒီတစ်ခေါက်မှာတော့ Special Guest အနေနဲ့ Mr.Jansen ကို ပြန်လည် ဖိတ်ခေါ်ထားပါတယ်။ Mr.Jansen ကိုတော့ ToeTat ပရိသတ်ကြီး ရင်းနှီးပြီးသား ဖြစ်မှာပါ။ မြန်မာနိုင်ငံမှာ ရဟန်းပြုခဲ့ဖူးသူလည်း ဖြစ်ခဲ့တဲ့ Mr.Jansen နဲ့အတူတူ ဗုဒ္ဓတရားအခြေပြုတဲ့ သဘာဝအကြောင်းတရားတွေ၊ တိုးတက်ရာနည်းလမ်းတွေ၊ နေ့စဉ်ကျင့်ကြံနေထိုင်မှုတွေ၊ ဒုက္ခနဲ့အခက်အခဲကို ရင်ဆိုင်ပုံတွေ၊ အပြန်အလှန်ကျေးဇူးတရားတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးမှုတွေ၊ စတဲ့ အကြောင်းတွေကို ပြောပြသွားမယ့် Episode ပါ။
စောင့်မျှော်နေကြတဲ့ ပရိသတ်ကြီးအတွက် အကောင်းဆုံးတင်ဆက်ပေးထားတာပါတယ်။ ကြည့်ရှုအားပေးကြပါဦး။

ဘရုစ်စလီ ပြောထားတာ တစ်ခု ရှိတယ်တက္ကနစ် အခု တစ်ထောင်ကို သိထားတဲ့သူကို မကြောက်ဘူးတက္ကနစ် တစ်ခုတည်းကို အခါတစ်ထောင်ကျင့်ထားတ...
08/27/2026

ဘရုစ်စလီ ပြောထားတာ တစ်ခု ရှိတယ်
တက္ကနစ် အခု တစ်ထောင်ကို သိထားတဲ့သူကို မကြောက်ဘူး
တက္ကနစ် တစ်ခုတည်းကို အခါတစ်ထောင်ကျင့်ထားတဲ့သူကို ပိုကြောက်တာ တဲ့
အဲဒီ စကားက ကျွန်တော်တို့ ဖြစ်နေတာနဲ့ တော်တော်တူတယ်
ကျွန်တော်တို့လို အခုခေတ် လူငယ်တွေက မသိတာ ရှားတယ်
အကြောင်းအရာတော်တော်များများကို သိကြတယ်
ဟိုဟာဆိုလည်း သိတယ်
ဒီဟာဆိုလည်း သိတယ်
ဒါပေမဲ့ တကယ် တိတိကျကျ သိလားဆိုတော့ မသိကြဘူး
ကျွန်တော်တို့ သိထားတာက အပေါ်ယံသာသာတွေပဲ
အဲဒါဟာ ဘာဖြစ်လို့လဲ ဆိုပြီး ကျွန်တော် စဉ်းစားမိတယ်
Trend နောက်လိုက်တာ ကြိုက်လို့လား
ကိစ္စတစ်ခုကို နက်နက်နဲနဲ လေ့လာရမှာ ပျင်းလို့လား
အာရှဓလေ့အရ
မေးခွန်းထုတ်ရမှာ၊ မသိတာကို ပြန်မေးရတာမှာ တွန့်ဆုတ်နေကြလို့လား
ဒါမှမဟုတ် ကျောင်းတွေက သေသေချာချာမသင်ပေးလိုက်လို့လား ပေါ့
တကယ်က ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေကြတာ
ကိစ္စတစ်ခုခုကို တွေ့ပြီဆိုရင်
ငါ သိပြီးသား ဆိုတာကြီးနဲ့ ကျော်ပစ်လိုက်ကြတယ်
တကယ်က
ငါ ဘာမှ မသိသေးပါလား ဆိုတဲ့ ရှုထောင့်ကနေ ချည်းကပ်ရမှာ
ကျွန်တော် အနေနဲ့ အခုဆိုရင်
Podcast နားထောင်တာပဲ ဖြစ်ဖြစ်၊
အကြောင်းအရာတစ်ခုကို ဖတ်ရှုလိုက်လို့ပဲ ဖြစ်ဖြစ်
ငါ မသိသေးဘူးဆိုတဲ့အမြင်ကနေ ကြည့်လိုက်တယ်
ကိုယ်သိပြီးသားတွေလည်း ပါနိုင်သလို
ကိုယ်မသိသေးတာတွေလည်း ပါလာခဲ့ရင်
အဲဒီ စကားလုံး၊ အဲဒီအကြောင်းအရာကို AI ကို မေးလိုက်တယ်
မေးတဲ့နေရာမှာလည်း ငါ့ကို ငါးနှစ်သားလေးလို ရှင်းပြပါ ဆိုပြီး ခိုင်းတယ်။
ငါ သိပြီးသားဆိုတာကို နည်းနိုင်သမျှနည်းအောင် လေ့ကျင့်လိုက်ရင်
အပေါ်ယံသာသာတွေ နည်းသွားလိမ့်မယ်။

08/25/2026

လူတစ်ယောက်ကိုချစ်ပြီဆိုရင်
Video အပြည့်အစုံကို အခုဘဲ comment Link လေးကနေတဆင့် ကြည့်လိုက်ကြစို!

အခုခေတ်မှာ လူငယ်တွေအနေနဲ့ ရွေးချယ်စရာတွေ အရမ်းများတယ် အဲဒါက ကောင်းကျိုးလည်း ရှိသလို ဆိုးကျိုးလည်း ရှိတယ်။ဆိုးကျိုးက ဘာလဲ...
08/24/2026

အခုခေတ်မှာ လူငယ်တွေအနေနဲ့
ရွေးချယ်စရာတွေ အရမ်းများတယ်
အဲဒါက ကောင်းကျိုးလည်း ရှိသလို
ဆိုးကျိုးလည်း ရှိတယ်။
ဆိုးကျိုးက ဘာလဲဆိုတော့
တစ်ခုခုကိုပဲ စွဲစွဲမြဲမြဲလုပ်ဖို့ အရမ်းခက်လာတယ်
ဒီတော့ သူများလို အောင်မြင်ချင်တယ်ဆိုပြီး
ဟိုဟာ လျှောက်လုပ်
ဒီဟာ လျှောက်လုပ် နဲ့
ဘယ်ကိုမှ ခရီးမပေါက်တော့ဘူး
ကျွန်တော်ကိုယ်တိုင် လုပ်ခဲ့တာနဲ့
ကျွန်တော် ကိုယ်တိုင် သိခဲ့တာက
Focus နဲ့ Persistent ပဲ
သူများတွေ လုပ်ခဲ့တဲ့၊ အောင်မြင် သွားခဲ့တဲ့ Strategy တွေက
ကိုယ်နဲ့ အဆင်ပြေချင်မှ ပြေမှာ
ကိုယ်လိုက်လုပ်လည်း ဒီ Strategy တွေနဲ့
အံကိုက်ချင်မှ အံကိုက်မှာ
ဘာဖြစ်လို့လဲ ဆိုတော့
ကမ္ဘာကြီးက နှစ်ဆယ့်လေးနာရီအတွင်း
အများကြီး ပြောင်းလဲနေတာ
ဒီလို ပြောင်းလဲနေတဲ့ အချိန်ကြီးမှာ
ကိုယ့်အနေနဲ့က
ကိုယ်သွားချင်တဲ့၊ ရောက်ချင်တဲ့ ပန်းတိုင် ကို တိတိကျကျ သိဖို့လိုတယ်
အဲဒါ Focus လို့ ခေါ်တယ်
ပြီးတော့ ကိုယ်သွားချင်တဲ့ ပန်းတိုင်ကို မရောက်မချင်း
မုန်တိုင်းပဲတိုက်တိုက်
ရေပဲကြီးကြီး
မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ Persistent လည်း ရှိရမယ်။
ကျွန်တော် လူငယ်တွေကို ပြောပြချင်တာက
တစ်ခုခုကို လုပ်ချင်ပြီဆိုရင်
ခိုင်မာတဲ့ Focus ထား
ပြီးရင် အဲဒါကို Persistent ရှိရှိနဲ့
အနည်းဆုံး ခြောက်လလောက် ကြုံးလိုက်မယ်ဆိုရင်
တစ်ခုခုတော့ ဖြစ်လာမှာပဲ
အဲဒါကို ကျွန်တော် အာမခံရဲတယ်။

ကျွန်တော်တို့က ကျွန်တော်တို့ဘဝမှာတော့ Main Character ပဲဒီလို ကိုယ့်ကိုယ်ကိုယ် MC လို့ သတ်မှတ်လိုက်တဲ့အခါတခြားသူတွေကို Si...
08/22/2026

ကျွန်တော်တို့က ကျွန်တော်တို့ဘဝမှာတော့ Main Character ပဲ
ဒီလို ကိုယ့်ကိုယ်ကိုယ် MC လို့ သတ်မှတ်လိုက်တဲ့အခါ
တခြားသူတွေကို Side Character လို့ မြင်သွားတတ်တယ်
ဒီနေရာမှာ ကျွန်တော်တို့ မေ့သွားတာ တစ်ခု ရှိတယ်
အဲဒါက တခြားသူ ဆိုတာတွေကလည်း
သူတို့ဘဝရဲ့ Main Character တွေ ဖြစ်နေတယ် ဆိုတာပဲ
အဲဒါကို သတိမထားမိတော့
ကျွန်တော်တို့ က ဆက်ဆံရေးတွေမှာ
တစ်ဖက်လူတွေကို ပြောင်းလဲဖို့ ကြိုးစားတာ
ငါနဲ့မတူပါလားဆိုပြီး ကတောက်ကဆ တွေ ဖြစ်တာ
ဒီလိုတွေ ကြုံလာရရော
တကယ်တော့ မပြောင်းလဲချင်သူကို
ဘယ်လိုမှ ပြောင်းလဲပေးလို့မရဘူး
နောက်တစ်ခုက
ကိုယ့် Standard နဲ့ သူ့ Standard မတူကြဘူး
တစ်ယောက်နဲ့ တစ်ယောက် ရဲ့
ဘဝချင်း မတူကြဘူး
အတွေ့အကြုံချင်း မတူကြဘူး
ဘဝပေး အခြေအနေချင်း မတူကြဘူး
အခက်အခဲချင်း မတူကြဘူး
ဒီတော့ ကျွန်တော်တို့လုပ်ရမှာက
ကိုယ့်ဘဝကိုယ်ပဲ အာရုံစိုက်ပြီး လမ်းဆက်လျှောက်ဖို့ပဲ
တခြားသူတွေနဲ့ ပြောဆိုဆက်ဆံဖို့ လိုလာတဲ့အခါမှာလည်း
သူဟာလည်း သူ့ဘဝရဲ့ Main Character ပဲ ဆိုတာကို မမေ့ဖို့ပဲ
ကိုယ်နဲ့ အမြင်မတူတာ၊ အတွေးမတူတာ၊
ခံယူချက်ချင်း မတူတာတွေ ရှိလာခဲ့ရင်လည်း
No ကို ညင်ညင်သာသာပဲ သုံးပေးလိုက်ပါ။

Address

313 Cambridge Street Apt 1
Cambridge, MA
02125

Alerts

Be the first to know and let us send you an email when Build Myanmar - Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share