01/12/2026
"ICE နဲ့တွေ့ရင်.. ပြရမှာတွေ"
ဒီသတင်းက... အခုတလော အမေရိကားမှာရှိတဲ့ မြန်မာတွေကြားမှာ တော်တော်လေး ...အမေးများနေတဲ့ ကိစ္စမို့ ...သေချာလေး ဖတ်ထားစေချင်ပါတယ်။ အထူးသဖြင့် Green card ပဲဖြစ်ဖြစ်၊ EAD အလုပ်လုပ်ခွင့်ကတ်ပဲဖြစ်ဖြစ် ....သက်တမ်းကုန်ခါနီးသူတွေ... ဒါမှမဟုတ် ....သက်တမ်းတိုးလျှောက်ထားဆဲ သူတွေအတွက် ICE အရာရှိတွေနဲ့ တွေ့ရင် ....ဘာပြရမလဲဆိုတာက ... အသက်တမျှအရေးကြီးပါတယ်။
သက်တမ်းကုန်တွေဟာ .. I-94 ကိုသယ်သွားပြဖို့ရေးထားတာတွေလည်းတွေ့ရပါတယ်၊ ** မလုံလောက်ပါ..
I-94 က.. ပြည်တွင်းကိုတရားဝင်ဝင်လာတာကိုပဲ ပြသနိုင်တာဖြစ်ပါတယ်။
မောင်ရေခဲတို့ဆွဲသွားပြီးမှ.. လိုက်ထုတ်မယ်မကြံပါနဲ့..၊ အင်မတန်ခက်ပါတယ်၊ အခုက.. အချုပ်စခန်းတွေကို.. လွှတ်တော်အမတ်တောင်... လွယ်လွယ်ပေးမဝင်တဲ့ခေတ်ဖြစ်ပါတယ်၊
၂၀၂၆ ခုနှစ်ရဲ့ လက်ရှိအခြေအနေအရ ....ICE နဲ့ တည့်တည့်တိုးရင်ဖြစ်ဖြစ်၊ စာရွက်စာတမ်း ...အမေးခံရရင်ဖြစ်ဖြစ်.... သက်တမ်းကုန်တွေကုန်ထား/လျှောက်ထားဆဲသူတွေက... အောက်ကအတိုင်း ပြင်ဆင်ထားကြဖို့ တိုက်တွန်းလိုပါတယ်။
၁။ Green card သက်တမ်းကုန်နေရင် ဘာပြမလဲ?
Green card ၁၀ နှစ်သက်တမ်းကုန်လို့ Form I-90 နဲ့ သက်တမ်းတိုးထားတယ်ဆိုရင် စိတ်မပူပါနဲ့။
ဘာဆောင်ထားရမလဲ - သက်တမ်းကုန်နေတဲ့ Green card မူရင်းရယ်၊ USCIS က ပို့ပေးထားတဲ့ Form I-797C (Receipt Notice) စာရွက်ရယ်ကို တွဲဆောင်ထားပါ။
အရေးကြီးချက် - အခုနောက်ပိုင်း စည်းမျဉ်းအရ အဲဒီ Receipt စာရွက်ရှိရင် သက်တမ်းကုန်တဲ့ရက်ကနေ ၃၆ လ (၃ နှစ်) အထိ အလိုအလျောက် သက်တမ်းတိုးပေးထားပြီးသားမို့ ဒါဟာ တရားဝင် အထောက်အထားပါပဲ။
URL: https://www.uscis.gov/i-90
၂။ EAD (အလုပ်လုပ်ခွင့်ကတ်) သမားများ သတိပြုရန်
EAD ကိစ္စကတော့ နည်းနည်း သတိထားရပါမယ်။ ၂၀၂၅ အောက်တိုဘာ ၃၀ ရက်နောက်ပိုင်းမှာ စည်းမျဉ်းတွေ ပြောင်းသွားလို့ပါ။
ဘာဆောင်ထားရမလဲ - သက်တမ်းကုန် EAD ကတ်နဲ့ I-797C (Receipt Notice) ကို တွဲပြပါ။
သက်တမ်းကာလ - အကယ်၍ ၂၀၂၅ အောက်တိုဘာ ၃၀ မတိုင်ခင်ကတည်းက လျှောက်ထားတာဆိုရင် ၅၄၀ ရက် အလိုအလျောက် သက်တမ်းတိုးခွင့် ရနိုင်ပေမယ့်၊ အဲဒီနောက်ပိုင်းမှ လျှောက်တာဆိုရင်တော့ အလိုအလျောက် သက်တမ်းတိုးစနစ်က ခက်ခဲသွားပါပြီ။
URL: https://www.uscis.gov/ead-auto-extend
၃။ TPS သမားတွေနဲ့ I-94 ကိစ္စ
TPS နဲ့ နေထိုင်သူတွေအနေနဲ့ EAD ကတ်အပြင် I-94 (ဝင်ရောက်ခွင့်မှတ်တမ်း) မိတ္တူကိုပါ ဆောင်ထားဖို့ အကြံပြုလိုပါတယ်။
ဘာကြောင့်လဲ - ICE အရာရှိတွေက အမေရိကားထဲကို တရားဝင်လမ်းကြောင်းက ဝင်လာတာလားဆိုတာကို အမြဲကြည့်ချင်တာပါ။ I-94 ဟာ အဲဒါအတွက် အကောင်းဆုံး သက်သေပါပဲ။
Social Security ကတ် ဆောင်ရမလား - မလိုပါဘူး။ SSN ကတ်ကို အပြင်သွားရင်း ဆောင်စရာမလိုသလို၊ ICE ကို ပြဖို့လည်း မလိုအပ်ပါဘူး။ အရေးကြီးတာက ဓာတ်ပုံပါတဲ့ ID နဲ့ USCIS က ထုတ်ပေးတဲ့ စာရွက်စာတမ်းတွေပါ။
၄။ အထောက်အထား မရှိရင် ဘာလုပ်မလဲ? (ADIT Stamp)
တကယ်လို့ လက်ထဲမှာ Receipt စာရွက်လည်း မရှိဘူး၊ ကတ်လည်း မရှိဘူးဆိုရင် ADIT (I-551) Stamp ကို USCIS မှာ အမြန်တောင်းထားပါ။ ဒါဟာ Passport ထဲမှာ ထုပေးတဲ့ တံဆိပ်တုံးဖြစ်ပြီး Green card အစစ်အတိုင်း အစွမ်းထက်ပါတယ်။
URL: https://www.uscis.gov/.../temporary-status-documentation...
"အမေရိကနိုင်ငံသား (US Citizen) တွေ"
စစ်သဇင်အတွက်ကတော့ ...အမေရိကနိုင်ငံသား မဟုတ်သူတွေလို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ... အထောက်အထားတွေကို အမြဲဆောင်ထားဖို့ ဥပဒေအရ သတ်မှတ်ထားခြင်း မရှိပါ။ ဒါပေမဲ့... အခြေအနေအမျိုးမျိုးမှာ အဆင်ပြေစေဖို့ ..အောက်ကအတိုင်း ဆောင်ရွက်ထားသင့်ပါတယ်။
ICE သို့မဟုတ် အာဏာပိုင်တွေနဲ့ ထိပ်တိုက်တွေ့တဲ့အခါ...
အကယ်၍ ICE ဒါမှမဟုတ် ....တရားဥပဒေစိုးမိုးရေး အရာရှိတွေက စစ်ဆေးမေးမြန်းလာခဲ့ရင် -
သင်ဟာ .... အမေရိကန်နိုင်ငံသား ဖြစ်ကြောင်း ပြောဆိုနိုင်ပါတယ်။
သင့်မှာ Driver’s License ( Real ID) ရှိရင် ပြသနိုင်ပါတယ်။ အရာရှိအနေနဲ့ သင့်ရဲ့ နိုင်ငံသားဖြစ်မှုကို အချက်အလက်စနစ် (Database) ထဲမှာ ...အလွယ်တကူ စစ်ဆေးနိုင်ပါတယ်။
နိုင်ငံသားလက်မှတ် (Naturalization Certificate) သို့မဟုတ် Passport မူရင်း - ဒီစာရွက်စာတမ်း (နိုင်ငံသားလက်မှတ် (Naturalization Certificate))ကို အပြင်သွားတိုင်း ဆောင်ထားဖို့ မလိုသလို၊ ပျောက်ဆုံးပျက်စီးမှာ.. စိုးရိမ်ရတဲ့အတွက် လုံခြုံတဲ့နေရာမှာပဲ သိမ်းထားဖို့ အကြံပြုလိုပါတယ်။ မိတ္တူ .. ဒါမှမဟုတ် ဖုန်းထဲမှာ ဓာတ်ပုံရိုက်ထားတာမျိုး ရှိရင်တော့... ပိုပြီး အဆင်ပြေပါတယ်။
Passport မူရင်း - တချို့ဆောင်ထားကြပါတယ်၊ အဲဒီအစား...
Passport card ဆိုတာကိုတော့... ထုတ်ထားပြီးဆောင်ထားသင့်ပါတယ်၊
မရှိရင်.. ဒီမှာလျောက်ပါ..၊ ဒေါ် လာ ၃၀ ကျသင့်ပါတယ်။
https://travel.state.gov/.../pass.../need-passport/card.html
နိဂုံးချုပ်အနေနဲ့ - အခုလို အဖမ်းအဆီးနဲ့ စစ်ဆေးမှုတွေ ကြမ်းနေတဲ့ကာလမှာ "စာရွက်စာတမ်း မစုံတာ" ဟာ အန္တရာယ်အများဆုံးပါပဲ။ ဒါကြောင့် မိမိရဲ့ Receipt Notice စာရွက်တွေကို ဖုန်းထဲမှာ ဓာတ်ပုံရိုက်ထားရုံတင်မကဘဲ၊ မိတ္တူတစ်စုံကိုလည်း အိတ်ထဲမှာ အမြဲဆောင်ထားကြဖို့ အလေးအနက် သတိပေးလိုပါတယ်။