08/09/2026
"US ပညာရေး လမ်းညွှန်ချက်.. အထူး Webinar"
မြန်မာကျောင်းသားတွေရဲ့ ပညာရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ မြန်မာဂဇက် နဲ့ Pierce Admissions တို့ ပူးပေါင်းပြီး "College Admissions Now: What Applicants Need to Know " အထူးဆွေးနွေးပွဲ တခု Zoom နဲ့ ပြုလုပ်ဖို့ရှိပါတယ်။
အမေရိကားမှာ .. ကိုယ်နဲ့ တကယ်ကိုက်ညီမယ့် ကျောင်းကို ဘယ်လိုရှာကြမလဲ..၊ US ကောလိပ်တွေက ကျောင်းသားတွေကို ဘယ်လိုစံနစ်နဲ့ ရွေးချယ်တတ်ကြလဲ.. ဗီဇာအခြေအနေဘယ်လိုရှိလဲ.. ဘာတွေပြင်ဆင်ထားရမလဲ.. စတာတွေကို ဆွေးနွေးသွားမှာပါ..။
📌 ဘယ်သူတွေ တက်သင့်လဲ..။
အမေရိကား မှာ အထက်တန်းကျောင်း တက်နေတဲ့ မြန်မာကျောင်းသားများ နဲ့ Community College တွေမှာ တက်နေပြီး Transfer Student အတွက် ပြင်ဆင်နေသူများ..။
နိုင်ငံတကာကနေ အမေရိကားကို ကျောင်းလာတက်ဖို့ ပြင်ဆင်နေကြတဲ့ ကျောင်းသားများ (ဥပမာ- စင်ကာပူ၊ ထိုင်ဝမ်၊ ထိုင်း၊ ဂျပန် နဲ့ ဥရောပနိုင်ငံတွေမှာ နေထိုင်ကြတဲ့ ဆိုင်ရာနိုင်ငံသားကျောင်းသားများ)..။
🕒 Webinar အချိန်ဇယား နဲ့ အရေးကြီးအချက်
Date - August 15, 2026 (Saturday)
Time - 3:00 PM PST
⚠️ အထူးသတိပြုရန် - ယခု Webinar ဟာ ကျောင်းသား၊ ကျောင်းသူများအတွက် သီးသန့် ဖြစ်ပြီး ကျောင်းသားများနဲ့သာ အင်္ဂလိပ်လို တိုက်ရိုက်ဆွေးနွေးမှာ ဖြစ်ပါတယ်..။ (မိဘများအတွက် နောက်ထပ် Webinar ကို နောင်လာမယ့် လတွေမှာ အသီးသီး စီစဉ်ပေးသွားပါမယ်။)
🎙️ ဦးဆောင်ဆွေးနွေးမည့်သူများ
Independent Educational Counselor - Todd Pierce
U.S. Department of State Foreign Service Officer အဖြစ် (၂၅) နှစ် တာဝန်ထမ်းဆောင်ခဲ့သူ..။
မြန်မာပြည်အပါအဝင် တူရကီ၊ ဂရိ၊ အယ်လ်ဘေးနီးယား၊ ဂါနာ နဲ့ ဆွစ်ဇာလန်နိုင်ငံတွေမှာ တာဝန်ထမ်းဆောင်ဖူးသူ..။
ကျောင်းသားဗီဇာ (F, M, J visas) တွေကို လူတွေ့အင်တာဗျူးခဲ့သူ..။
ကောလိပ်ဝင်ခွင့် တိုင်ပင်ဆွေးနွေးရေး၊ စာမေးပွဲပြင်ဆင်ရေး အစီအစဉ်များကို ဦးစီးလုပ်ဆောင်ခဲ့ပြီး Fulbright Scholarship Commissions မှာ Chair အဖြစ်ပါဝင်ခဲ့သူ..။
Host - KaiTamsin Bwor
Class of 2030 အတွက် Yale University ဝင်ခွင့်ရရှိထားသူ..။
📚 ဆွေးနွေးမည့် အဓိကအကြောင်းအရာများ
School Selection - ကိုယ့်အတွက် အသင့်တော်ဆုံးကျောင်းကို ဘယ်လိုရွေးချယ်မလဲ..။
Admissions Process - ကောလိပ်တွေက ကျောင်းသားတွေကို ဘယ်လိုစံနှုန်းတွေနဲ့ ရွေးချယ်လဲ.. (ဒေသအလိုက် ကိုယ်စားပြုမှု၊ ဘာသာရပ်၊ ကျား/မ စသည်ဖြင့်)..။
Financial Aid Basics - တက္ကသိုလ်ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ တန်ဖိုးအတိုင်း အများစုက ဘာလို့ အပြည့်မပေးရတာလဲ..၊ Discount တွေကို ဘယ်လိုတွက်ချက်လဲ..။
Public vs. Private - Private ကျောင်းတွေက Public ကျောင်းတွေထက် ဘာကြောင့် ပိုပြီး စျေးသက်သာနိုင်တာလဲ..။
Standardized Tests - စာမေးပွဲတွေနဲ့ ပတ်သက်ပြီး လက်ရှိအခြေအနေ ဘယ်လိုရှိလဲ၊ ကျောင်းသားတွေ ဘယ်လိုပြင်ဆင်ရမလဲ..။
Outcomes & Majors - တက္ကသိုလ်တစ်ခုနဲ့ Major တစ်ခုရဲ့ အနာဂတ် ရလဒ်တွေကို ဘယ်လိုတိုင်းတာမလဲ..။
UC vs. Cal State vs. Community College - ကယ်လီဖိုးနီးယား ပညာရေးစံနစ်များ အကြောင်း..။
💬 ဆွေးနွေးပွဲအဆုံးမှာ Q&A Session လည်း ပါဝင်မှာဖြစ်လို့ မေးချင်တာတွေကို တိုက်ရိုက်မေးမြန်းနိုင်ပါတယ်..။
✍️ တက်ရောက်ရန်
စိတ်ဝင်စားတဲ့ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ အမည် နဲ့ ဆက်သွယ်ရန် Email ကို Messenger ကနေ လာရောက် စာရင်းပေးသွင်းနိုင်ပါတယ်..။
စာရင်းပေးသွင်းပြီးတာနဲ့ Zoom Webinar URL ကို ပို့ပေးသွားပါမယ်..။
မှတ်ချက်/ လူဦးရေကန့်သတ်ထားပါတယ်။ အမြန်စာရင်းသွင်းစေလိုပါတယ်။
အခမဲ့ဖြစ်ပါတယ်။
===============
Special Webinar: US Education Guidance
The Myanmar Gazette and Pierce Admissions proudly present a special Zoom webinar titled "College Admissions Now: What Applicants Need to Know" to support the educational needs of Myanmar students.
This session will cover how to find the right institution in America, how colleges evaluate and select applicants, current visa updates, and essential preparation strategies.
📌 Target Audience
Myanmar students currently attending high school in America, as well as those studying at community colleges and preparing for transfer.
International students preparing to study in the United States from abroad (e.g., Myanmar students residing in Singapore, Taiwan, Thailand, Japan, and European countries).
🕒 Webinar Schedule & Important Note
Date: August 15, 2026 (Saturday)
Time: 3:00 PM PDT
((3:00 PM PDT - Please be careful with the time, as it is 3:00 PM Pacific Daylight Time.))
⚠️ Important Note: This webinar is exclusively for students and will be conducted directly with them in English. (A separate webinar for parents will be organized in the coming months.)
🎙️ Guest Speakers & Host
Independent Educational Counselor - Todd Pierce
Served for 25 years as a U.S. Department of State Foreign Service Officer.
Served in countries including Myanmar, Turkey, Greece, Albania, Ghana, and Switzerland.
Conducted in-person interviews for student visas (F, M, and J visas).
Spearheaded college admissions counseling and test preparation programs, and served as Chair of Fulbright Scholarship Commissions.
Host - KaiTamsin Bwor
Admitted to Yale University, Class of 2030.
📚 Key Topics of Discussion
School selection
How colleges decide whom to admit: geographic representation, field of study, and gender
Basics of financial aid: why most people do not pay the "sticker price" quoted on the university's website and how discounts are determined
Why a private university might be less expensive than a public one
Standardized tests: what is going on with them and how students can prepare
How to measure outcomes from a particular university and major
UC vs. Cal State vs. community college system
💬 A live Q&A session will follow the presentation, allowing attendees to ask questions directly.
✍️ Registration
Interested students can register by sending their Name and Contact Email via Facebook Messenger.
Upon registration, the Zoom webinar URL will be provided.
Note: Space is limited. Early registration is encouraged. This event is free of charge.