11/07/2025
"TPS ဖျက်သိမ်းပြန်.. စောက်စူဒမ်...၊ မြန်မာအလှည့်အချိန်သိပ်မကျန်"
နိုဝင်ဘာ ၃ ၂၀၂၅ မှာ.. သက်တမ်းကုန်သွားတဲ့.. တောင်စူဒန်နိုင်ငံရဲ့... နိုင်ငံသားတွေအပေါ် ၂၀၁၁ ကစ ပေးထားတဲ့.. TPS ကို.. ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က.. DHS ကစာထုတ်ပြီး.. ဖျက်သိမ်းလိုက်ပါပြီ..။
သူတို့တွေအိမ်ပြုန်ဖို့.. ရက် ၆၀ ရပါတယ်..။
သမ္မတထရမ့်လက်ထက်မှာ. အခုထိသက်တမ်းတိုးပေးတာမရှိ.. ပေးထားတဲ့.. နိုင်ငံတွေ အကုန်.. Afghanistan, Cameroon, Haiti, Honduras, Nepal, Nicaragua, Syria and Venezuela. ဖျက်သိမ်းလာတာထဲ.. ပါလာတာပါ...။
အားလုံးလိုလိုက.. ထရမ့်အုပ်ချုပ်ရေးကို.. တရားပြန်စွဲအမှုဖြစ်ပြီး.. နိုင်ငံတချို့က.. တရားသူကြီးအမိန့်နဲ့.. တန်းလန်းတွေဖြစ်နေပါတယ်..။
ဗန်နီဇွဲလန်းများဆို.. တရားစွဲတာရှုံးပြီး.. စူပရင်းကိုသ့်က.. ထပ်တိုးပေးထားတဲ့သက်တမ်း.. ဒီသောကြာည ( နိုဝင်ဘာ ၇) ၁၂နာရီမှာကုန်ပြီး.. လူ၂၆၀၀၀၀ ဘာလုပ်ရမှန်းမသိဖြစ်နေကြသတဲ့..။
ပြန်ရင်လည်း.. ဟိုမှ.. စစ်ရေးကဆိုးနေရတဲ့ကြားထဲ.. ဟိုကအာဏာရှင်သမ္မတကြီးကလည်း.. ဖမ်းမယ်ဆီးမယ်.. နှုတ်နှုတ်စဉ်းမယ့်သဘော...ပြနေ..။
ရှေ့နေတွေကတော့... A မြန်မြန်တင်ကြဖို့တိုက်တွန်းထား..။
အမှတ်မမှားရင်.. ဒီလ နိုဝင်ဘာ ၂၅ သက်တမ်းကုန်မှာ... မြန်မာ ဖြစ်ပါတယ်..။
ဗန်နီဇွဲလန်း.. ဟေရှန်.. ဟွန်ဒူရန်... နိပေါလိစ်.. ဆီးရီးယန်းများကိုကြည့်ပါ..။ သူတို့လုပ်နည်းတွေကို.. မေးမြန်းပါ..။
ပြင်ဆင်ထားကြစေလို...။