01/01/2023
🙏အားလုံးမင်္ဂလာပါ နှစ်ဆန်းမှာ စိတ်သစ်ကိုယ်သစ် ဘဝသစ်များကို စတင်နိုင်ပြီး လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ ။🙏
🤔 အခု ဒီ Post တင်ရတဲ့ ရည်ရွယ်ချက်ကတော့ DV နဲ့ပက်သတ်ပြီး ကျွန်တော့ကို လာမေးထားတာတွေ ရှိလို့ ဒီ Pageက နေပြီး မျှဝေပေးတာပါ စာကတော့ နည်းနည်းရှည်ပါမယ် 👉တကယ်ကို USA Dream 🇺🇸🇺🇸🇺🇸ရှိတဲ့သူဆိုရင် ဒီစာကို အဆုံးထိဖတ်ပေးကြပါ။
🇺🇸🪴🪴ဒီ Post က DV လျောက်ထားပြီးသား လူတွေ DV result ထွက်လို့ DV winner ဖြစ်ရင် လုပ်ဆောင်ရမယ့် Process 📄📄📄 လေးတွေ ကိုမျှဝေပေးခြင်း ဖြစ်ပါတယ်၊ DV result က May / 6 / 2023ထွက်မှာပါ။
🇺🇸🪴🪴 DV လျှောက်ထားတဲ့သူတွေ ပထမအချက်အနေနဲ့ Passport (နိုင်ငံကူးလက်မှတ်) မဖြစ်မနေလုပ်ထားရပါမယ်။ Passport Type က PV ပဲ လုပ်ထားရင်ရပါပြီ။ DV စလျှောက်တဲ့အခါ Passport မလိုပေမယ့် DV winner ဖြစ်ရင် Passport လိုပါမယ်။
🇺🇸🪴🪴 ဒုတိယအချက် အနေနဲ့ DV winners တွေက DS 260 ဆိုတဲ့ Form ဖြည့်ပီး တင်ရပါမယ်။ DS 260 ဖြည့်တင်ရမယ့် Website က DV result စစ်တဲ့ အခါ Winner ဖြစ်ရင် DS 260 ဖြည့်တင်ရမယ့် website ပါ ပါတယ်။ 🌇 DS 260 က ဘာတွေဖြည့်ရလဲ ဆိုတော့ မိမိရဲ့ Bio ကို အသေးစိတ် ဖြည့်တင်ရတဲ့ Form ဖြစ်ပြီး၊ မိမိအသက် ၁၆ နှစ်အထက် နေခဲ့ဖူးတဲ့ နေရပ်လိပ်စာအတိအကျရယ် ၊ နိုင်ငံခြားမှာ ၁ နှစ်အထက်နေဖူးရင် အဲ့နိုင်ငံရဲ့ နေရပ်လိပ်စာ စသည်ဖြင့်သေချာဖြည့်ရတဲ့ Form ဖြစ်ပါတယ်။
🇺🇸🪴🪴 တတိယအချက်အနေနဲ့ DS 260 Form ဖြည့်ရန် လိုအပ်တဲ့ အချက်အလက်တွ Notes ထုတ်ပေးသွားမှာဖြစ်ပါတယ် အဲ့ဒါတွေက
၁) နာမည်
၂) အိမ်ထောင် ရှိ/မရှိ
၃) မွေးသက္ကရာဇ်
၄) Phone no
၅) လက်ရှိနေတဲ့ နေရပ်လိပ်စာ
၆) ၁၆ နှစ်အထက် နေခဲ့ဖူးတဲ့ နေရပ်လိပ်စာ ( ခြောက်လအထက်နေခဲ့ဖူးတဲ့နေရပ်လိပ်စာ ကိုဖြည့်ရင်ရပါပြီ)
၇) မိဘ နာမည်၊ နေရပ်၊ မွေးသက္ကရာဇ်
၈) Work or Education
— လက်ရှိ အလုပ်လုပ်နေရင် Position ၊ Company Name၊ Company Address
— ကျောင်းသားဆိုရင် Present Year ၊ University or College Name ၊ Address
၉) မိမိ ရဲ့ Educational Background ကိုဖြည့်ရန်
— High School ဘယ် ( year ) ကနေ ဘယ် ( year )
— University or College ဘယ် နှစ် ကနေဘယ်နှစ် စသည်ဖြင့်။
👉👉ဒီအချက်အလက်တွေက Single Case တွေ အတွက်ပါ Family Case တွေလည်း ဒီအတိုင်းပါပဲ အိမ်ထောင်ဖက်ဆိုရင်အိမ်ထောင်ဖက် အကြောင်းအရာတွေ ထပ်ဖြည့်ရုံပါပဲ။
👉👉 DS 260 က သေချာနားလည်တဲ့သူတွေနဲ့ တိုင်ပင်ပြီးမှ ဖြည့်စေချင်ပါတယ် အမှားကင်းဖို့လိုပါတယ်။
🇺🇸🪴🪴 စတုတ္ထအချက် အနေနဲ့ ကတော့ DS 260 တင်ပြီးတာနဲ့ Interview Date စောင့်ရုံပါပဲ။ Interview Date စောင့်နေတုန်း လိုအပ်တဲ့ စာရွက်စာတမ်းတွေ စုဆောင်းထားရပါမယ် အဲ့တာတွေကတော့ Education Certifications တွေ၊ မွေးစာရင်း ၊ မွေးစာရင်း မရှိတဲ့လူတွေက မြို့နယ် ကျန်းမာရေးဦးစီးဌာနက ထောက်ခံစာ တောင်းရပါမယ်။ ပီးရင် လက်ရှိခြောက်လ အထက်နေထားတဲ့ နေရပ်က ရဲစခန်းထောက်ခံစာ ရယ် ၊ နိုင်ငံခြား ၁ နှစ်အထက်နေဖူးရင် နိုင်ငံခြားက ရဲစခန်းထောက်ခံစာ ပါယူထားရပါမယ်။
👉 👉👉 တချို့လူတွေ ပြောနေကြသလို့ DV winner ဖြစ်ပြီဆိုတာနဲ့ သံရုံးသွားပြီး အင်တာဗျူး ရက်ချိန်း ချပေးဖို့ သွား အကြောင်းကြားရမှာမဟုတ် ပါဘူးနော် သူ့ Procedure အတိုင်း Step by Step သွားရမှာပါ။
🇺🇸🪴🪴 ပဉ္စမအချက်အနေနဲ့ကတော့ Interview Date ကို National Visa Center ကနေပြီးတော့ Winners များကို Case Numbers ငယ်စဉ်ကြီးလိုက် Email ပို့မှာပါ အဲ့ Interview Date ပါတဲ့ E-mail ရတာနဲ့ US Embassy က သတ်မှတ်ထားတဲ့ ဆေးရုံကိုဖုန်းဆက်ပြီး အပွိုင့်မန်း ယူပါ ဆေးရုံက ဆေးစစ်ရမယ့်ရက်ချိန်းပေးမှာပါ။ ဆေးစစ်ပီး ဆေး အောင်တဲ့ အဖြေရတာနဲ့ ကိုယ်အင်တာဗျူး ဝင်မယ့်နိုင်ငံက US Embassy ကို Email နဲ့ပဲဖြစ်ဖြစ် ဖုန်းနဲ့ ပဲဖြစ်ဖြစ် Interview Date ချက်ပေးဖို့ request လုပ်ရမှာပါ။ အဲ့ လိုလုပ်ပြီးတာနဲ့ သံရုံးက Date ချပေးပြီး အင်တာဗျူးလာရင် လိုအပ်တဲ့စာရွက်စာတမ်းတွေ ယူလာပေးဖို့မှာပါမယ်။ သံရုံးကတောင်းတဲ့စာရွက်စာတမ်းတွေမှာ English Version မရှိတဲ့ စာရွက်စာတမ်းတွေကို Notary ပြန်ပြီးယူသွားရပါမယ်။ ပီးရင် သံရုံအင်တာဗျူးဝင်ရုံပါပဲ။
🇺🇸🪴🪴 စာကတော်တော်လေးရှည်နေပြီဆိုတော့ ဒီမှာပဲရပ်ပါမယ် အားလုံး 2024 အတွက်DV လျှောက်ထားတဲ့ ညီအစ်ကို မောင်နှမတွေ DV winners များ ဖြစ်ကြပါစေ။ 👉👉👉 DV ပေါက်ပြီး 💸💵💸ကုန်ကျ စရိတ်ကို နောက် ပိုစ့်မှာ တင်ပေးပါ့မယ့်။ Page ကို follow လုပ်ထားပေးပါ။ သိချင်တာတွေရှိရင်လည်း Com section မှာမေးထားပေးပါ ကျွန်တော်တို့ သိသလောက် Sharing လုပ်ပေးပါမယ်။🌇🌇🌇