
08/22/2025
ထိုင်းဖိုက်တာကို အနိုင်ယူကာ ဘောနပ်ပါ ရယူခဲ့သည့် ကရင်လက်ဝှေ့လူငယ်ကစားသမား သွေးလင်းထက်
၂၃.၈.၂၀၂၅ (Sport News)
ယနေ့ ဩဂုတ်လ (၂၂) ရက် ညပိုင်းတွင် ကျင်းပသည့် ONE Lumpinee- 121 ၏ ဒုခေါင်တွဲဆိုင်းတွင် ပါဝင်ထိုးသ-တ်ခဲ့သည့် ရိုးရာသွေးလင်းထက်သည် မွေထိုင်းဖိုက်တာ Chok preecha ကို ဒုတိယအချီတွင် အနိုင်ယူကာ အပိုဆုကြေး ဘတ်(၃)သိန်းခွဲကိုပါ ရယူခဲ့သည်။
ပြိုင်ဘက်ထိုင်းဖိုက်တာကို ပထမအချီ၌ပင် အမှတ်စဉ် (၂) ကြိမ်ရေရသည်အထိ ဖိအားပေး ထိုးသ-တ်ခဲ့ပြီး ဒုတိယအ ချီတွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။
သွေးလင်းထက်သည် ONE တွင် (၆) ပွဲ ထိုးထားရာ (၅) ပွဲနိုင် (၁) ပွဲရှုံး ရလဒ်ပိုင်ဆိုင်ထားပြီး လက်ဝှေ့အကျော်အမော် စိုးလင်းဦး၏ နောက်တွင် ONE နှင့် ဒေါ်လာတစ်သိန်းတန်စာချုပ် ချုပ်ဆိုခွင့် ရရန် အလားအလာအကောင်းဆုံးရှိနေသည့် မြန်မာ ဖိုက်တာ တစ်ဦးဖြစ်သည်။
Sky
Photo: One Champion