09/01/2026
🚨အိမ်မှာ အချုပ်ခန်းဆောက်ပြီး လူငယ်တွေကို စစ်.မှု.ထမ်း ဖို့ ရောင်း.စား.နေတဲ့ အရံမီးသတ်တပ်ဖွဲ့ဝင် နေအိမ်ကို ဝင်ရောက်စီးနင်း 🚨
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့က လူငယ် ၂ ဦးကို ရန်ကုန်မှာ အလုပ်ရမယ်ဆိုပြီး ကြည်ဝင်း ဆိုသူက လိမ်ညာခေါ်ဆောင်လာရာကနေ အင်းစိန်၊ ဒညင်းကုန်းလမ်းဆုံအနီးမှာ အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ မိသားစုဝင်တွေရဲ့ အကူအညီတောင်းခံမှုအရ ဩဂုတ်လ ၂၅ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်မှာ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက သတင်းရထားတဲ့ ဒညင်းကုန်းအုတ်စက်ရုံနောက်ကျောက နေအိမ်တစ်လုံးကို ဝင်ရောက်စီးနင်း ရှာဖွေခဲ့ပါတယ်။
ဝင်ရောက်ရှာဖွေရာမှာတော့ အခိုင်အမာတည်ဆောက်ထားတဲ့ အိမ်နောက်ဘက်က အခန်း ၃ ခန်းမှာ ထိပ်တုံးခတ်ခံထားရတဲ့ လူငယ် ၃ ဦးနဲ့ အချုပ်ခန်းထဲက လူငယ် ၁ ဦး၊ စုစုပေါင်း လူငယ် ၄ ဦးကို အချိန်မီ ကယ်တင်နိုင်ခဲ့ပါတယ်။ ဒီကိစ္စကို အဓိက ကျူးလွန်သူကတော့ အရံမီးသတ် သုံးပွင့်အဆင့်ရှိတဲ့ သိန်းဦး (ခ) အငယ်လေး ဆိုသူဖြစ်ပြီး ၎င်းရဲ့နေအိမ်မှာ ကိုယ်ပိုင်အချုပ်ခန်းတွေ ဖန်တီးကာ လူငယ်တွေကို ပြန်.ပေး.ဆွဲ ရောင်း.စား.နေတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ သိန်းဦး (ခ) အငယ်လေး နဲ့ သန်းစိုး တို့ ၂ ဦးကို အင်းစိန်မြို့မရဲစခန်းက (ပ) ၈၂၀/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၆၅ (ပြန်.ပေး.ဆွဲမှု) နဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။
ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက လူငယ်ဘောလုံးသမားတွေ ပျောက်ဆုံးခဲ့တဲ့ ကိစ္စတွေနဲ့လည်း ဆက်စပ်နေနိုင်ပါတယ်။ အရံမီးသတ်လို စစ်အုပ်စုလက်အောက်ခံ အဖွဲ့အစည်းတွေက အခုလို ပေါ်ပေါ်ထင်ထင် ကျူးလွန်နိုင်တာဟာ နောက်ကွယ်မှာ အုပ်ချုပ်ရေး၊ ရဲ နဲ့ စစ်တပ်ပိုင်းက လူတွေ ပါဝင်ပတ်သက်နေဖို့ များပါတယ်။ ကြုံတွေ့ရသူတချို့ရဲ့ အဆိုအရ ဒီလိုဖမ်းဆီးခံရပြီး ကျိုင်းတုံစစ်သင်တန်းကျောင်းကနေတစ်ဆင့် နေပြည်တော်အထိ စစ်.မှု.ထမ်း ဖို့ ပို့ဆောင်ခံရတဲ့ လူငယ်တွေလည်း ရှိနေပါတယ်။
အလားတူပဲ ဩဂုတ်လ ၃၀ ရက်နေ့က ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှာလည်း စစ်တပ်ကလို့ အမည်ခံပြီး လူငယ်နှစ်ဦးကို လက်ထိပ်ခတ်ကာ ကားနောက်ဖုံးထဲ ထည့်ခေါ်ဖို့ ကြိုးစားတဲ့ လူသုံးဦးကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။
ခေတ်ပျက်ကြီးထဲမှာ အလုပ်အကိုင် အခွင့်အလမ်းဆိုပြီး မက်လုံးပေး ခေါ်ဆောင်တာတွေကို အထူးသတိထားကြဖို့နဲ့ ကိုယ့်ပတ်ဝန်းကျင်က လူငယ်တွေ လုံခြုံရေးကို ဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။