The Hub Myanmar

Call Directions Contact the business

The Hub Myanmar ရသမျိုးစုံ ဖန်တီးပေးမယ့် အားလုံးအတွက် The Hub

10/09/2026

ကလောစျေးထဲက အကောင်းဆုံး ရှမ်းဟင်းထုပ်ဆိုင်က ဘယ်ဆိုင်လဲ?🤔

📺 YouTube: [https://www.youtube.com/](https://www.youtube.com/)
📘 Facebook: [https://www.facebook.com/TheHubMedia23](https://www.facebook.com/TheHubMedia23)

ဒီနေ့ ဗီဒီယိုလေးမှာတော့ တောင်ပေါ်မြို့လေးဖြစ်တဲ့ ကလောမြို့ ရဲ့ ဈေးကြီးထဲကို သွားရောက်ပြီး "ကလောဈေးထဲမှာ ဘယ်ရှမ်းဟင်းထုပ်ဆိုင်က အရသာအရှိဆုံးလဲ" ဆိုတာကို ဒေသခံတွေကိုယ်တိုင် လိုက်လံ အင်တာဗျူး မေးမြန်းထားတာဖြစ်ပါတယ်။

ဒေသခံတွေ ညွှန်းဆိုပေးတဲ့ နာမည်ကြီး ရှမ်းဟင်းထုပ်ဆိုင်ဆီ အရောက်သွားပြီး ပူပူနွေးနွေး ရှမ်းဟင်းထုပ် ရိုးရာအရသာစစ်စစ်ကို ကိုယ်တိုင် မြည်းစမ်းစားပြထားပါတယ်။

ရှမ်းပြည်နယ် ရောက်ရင် မဖြစ်မနေ စားသင့်တဲ့ ရိုးရာအစားအစာ အရသာနဲ့ ကလောဈေးရဲ့ စည်းကားလှပတဲ့ အငွေ့အသက်တွေကို ဗီဒီယိုထဲမှာ အတူတူ ကြည့်ရှုခံစားကြည့်လိုက်ပါဦးနော်! ❤️

ဗီဒီယိုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် Like, Share နဲ့ Subscribe လုပ်ပေးဖို့ မမေ့နဲ့ဦးနော်! 🔔

#ကလောမြို့ #ကလောဈေး #ရှမ်းဟင်းထုပ် #ရှမ်းရိုးရာအစားအစာ

10/08/2026

ကျိုက်ဝိုင်းပွဲဈေးလား? လူတိုးပွဲဈေးလား? 📸✨

ပွဲဈေးတန်း ရောက်တာနဲ့ လူတိုးရတော့တာမို့ "လူတိုးပွဲဈေး" လို့တောင် ချစ်စနိုး ခေါ်ရမလိုပဲ!🤔

ဒီနေ့ Video လေးထဲမှာတော့ ကျိုက်ဝိုင်းပွဲဈေးတန်းရဲ့ စည်းကားမှု၊ စားစရာ မုန့်မျိုးစုံနဲ့ ပွဲဈေးအတွေ့အကြုံတွေကို တူတူ လိုက်ကြည့်လိုက်ကြရအောင်။

#ကျိုက်ဝိုင်းဘုရားပွဲတော် #ပွဲဈေးတန်း #ကျိုက်ဝိုင်းပွဲဈေး

10/07/2026

အောင်ပန်းမှာ အကောင်းဆုံး ရှမ်းအစားအစာဆိုင် "Phoo Shan"✨

အောင်ပန်းရောက်တာနဲ့ ရှမ်းအစားစာ စစ်စစ်စားချင်လို့ Phoo Shan မှာ ဝင်စားဖြစ်ခဲ့တယ်~
စားရတာ တကယ်အဆင်ပြေပြီး ဆိုင်လေးက သန့်ရှင်းတယ်။ ဈေးနှုန်းလည်း သင့်တင့်တော့ အောင်ပန်းဘက် ရောက်ရင် မဖြစ်မနေ စားကြည့်ဖို့ recommend ပေးပါတယ်💕။

10/06/2026

မော်လမြိုင် ညစျေးတန်းက အစားအသောက်တွေက တကယ်ရော ကောင်းရဲ့လား? 👀🍴

📺 YouTube: [https://www.youtube.com/](https://www.youtube.com/)
📘 Facebook: [https://www.facebook.com/TheHubMedia23](https://www.facebook.com/TheHubMedia23)

ရန်ကုန်က ညဈေးတန်းတွေနဲ့ ဘာတွေကွာလဲ?အရသာကရော ဘယ်လိုလဲ?🤔ဆိုတာ သိချင်လို့ ဆုလင်းတစ်ယောက် မော်လမြိုင်ရောက်လာခဲ့ပါတယ်💡✨

မော်လမြိုင်ညစျေးတန်းမှာ ဘာတွေ စားခဲ့လဲဆိုတော့…

🍗 ကြက်စဉ့်အိုးကင် + ကောက်ညင်းပေါင်း
🍜 ထိုင်းမုန့်တီ (ကြက်ခြေထောက် + ပဲသွေး)
🌭 ဆိုက်အူဝါး
🍦 Fruits Ice Cream…တွေကို တစ်ခုချင်းစီ စမ်းစားကြည့်ခဲ့ပါတယ်။

တကယ်ပဲ မော်လမြိုင်ညစျေးတန်းက အစားအသောက်တွေ တကယ်တန်ရဲ့လား စားလို့ရော ကောင်းရဲ့လား? သိချင်ရင် ဆုလင်းနဲ့အတူ video လေးကို အဆုံးထိကြည့်ပေးနော်! 👀🔥

#ညစျေးတန်း #မော်လမြိုင်

10/05/2026

ကလော Villa ထဲက မသိတဲ့သူမရှိတဲ့ Pine Dream Vacation Home🏡

#ထင်းရှူးမြို့တော်ကလော #ကလောအပန်းဖြေစခန်း

10/04/2026

ရန်ကုန်က မာလာဘဲစပ်ထက် စျေးအများကြီးသက်သာတဲ့ ကလောမြို့က “Xing LaLa”🌶️

ကလောမြို့ရဲ့ ပထမဆုံးမာလာဘဲစပ်ဆိုင် “Xing LaLa” 🌶️🥢

ကလောရောက်ရင် မာလာကြိုက်တဲ့သူတွေ စားကိုစားကြည့်သင့်တဲ့ဆိုင်လေး 🤤✨

10/03/2026

ဦးချစ်မောင်ပွဲစျေးက အစားသောက်တွေ တကယ်ရောစုံရဲ့လား???🤔🤔🤔

#ဦးချစ်မောင်ပွဲဈေး #ပွဲဈေး

10/02/2026

ကလောမှာ စျေးအသက်သာဆုံး Vacation Home “My Elle”🏡✨

ကလောမြို့မှာ စျေးနှုန်းလည်းအသက်သာဆုံး၊ ကိုယ့်အိမ်လိုလည်းနွေးထွေးပြီး အေးအေးချမ်းချမ်း အပန်းဖြေချင်သူတွေအတွက် “My Elle” Vacation Home လေးကို review လုပ်ပေးထားတယ်နော်💕
မိသားစု (သို့) သူငယ်ချင်းတွေနဲ့ သီးသန့်အနားယူဖို့ အကောင်းဆုံးနေရာလေးမို့ ကလောရောက်ရင် နေကိုနေသင့်တဲ့နေရာလေး🤭✨

#ကလော

Address

Chicago, IL

Telephone

+959408198800

Website

Alerts

Be the first to know and let us send you an email when The Hub Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Hub Myanmar:

Shortcuts

Share