The Melting Pot 4 U

The Melting Pot 4 U The Melting Pot for You
သတင်းစုံပျော်ဝင်အိုးကြီး
We cover news, politics and entertainment - going where the mainstream fear to tread. (The Melting Pot For You)

07/11/2025
07/11/2025
07/01/2025
06/30/2025
မြစ်ဟာ သူ့ရဲ့မြစ်ရေကို သူပြန်မသောက်။ သစ်ပင်သည် သူ့အသီးကို သူပြန်မစား။ နေရောင်သည် သူ့အတွက်သူ မထွန်းလင်း။ ပန်းတွေဟာ အမွှေး...
07/14/2024

မြစ်ဟာ သူ့ရဲ့မြစ်ရေကို သူပြန်မသောက်။ သစ်ပင်သည် သူ့အသီးကို သူပြန်မစား။ နေရောင်သည် သူ့အတွက်သူ မထွန်းလင်း။ ပန်းတွေဟာ အမွှေးရနံ့ သူတို့ကိုယ်သူတို့ အတွက်ရနံ့မပျံ့ဘူး။ သူတစ်ပါးအတွက် နေထိုင်ခြင်းသည် သဘာဝတရားရဲ့ဥပဒေသပဲ ဖြစ်သည်။

ဘာကြောင့် ပျားရည်က မစင်ထက် ပိုကောင်းသလဲ ဆိုတာကို ယင်ကောင်တွေကို ရှင်းပြဖို့ ပျားတွေက အချိန်မဖြုန်းဘူး။
07/11/2024

ဘာကြောင့် ပျားရည်က မစင်ထက် ပိုကောင်းသလဲ ဆိုတာကို ယင်ကောင်တွေကို ရှင်းပြဖို့ ပျားတွေက အချိန်မဖြုန်းဘူး။

၂၀၁၂ခုနစ်က ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးကကာမီရှီရာတာကီဆိုတဲ့ ဘူတာရုံတခုဟာ လူစီးတဲ့သူတွေမရှိတဲ့အတွက် ဘူတာရုံကိုပိတ်လိုက်ဖို့...
06/29/2024

၂၀၁၂ခုနစ်က ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးက
ကာမီရှီရာတာကီဆိုတဲ့ ဘူတာရုံတခုဟာ
လူစီးတဲ့သူတွေမရှိတဲ့အတွက်
ဘူတာရုံကိုပိတ်လိုက်ဖို့ အာဏာပိုင်တွေက စီစဥ်ခဲ့ကြပါတယ်။
ဒါပေမယ့်စီစဥ်နေတဲ့အချိန်မှာပဲ
ဒီဘူတာကနေ နေ့စဥ်ရထားစောင့်စီးပြီးကျောင်းတက်နေတဲ့ အထက်တန်းကျောင်းသူလေးတဦးရှိနေတာကို အာဏာပိုင်တွေက သတိပြုမိခဲ့ကြတာကြောင့်
ဘူတာရုံကိုပိတ်ဖို့ အစီအစဥ်ကိုဖျက်ပြီး ကလေးမလေးကျောင်းပြီးချိန်
ထိ ဘူတာရုံကိုဆက်ဖွင့်ပေးခဲ့ကြပါတယ်။ ကျောင်းသူလေး ကျောင်းပြီးတဲ့ ၂၀၁၆ခုမှပဲ ဒီဘူတာရုံကိုပိတ်ခဲ့ပါတယ်။
ဒီသတင်းဟာ ဂျပန်တနိုင်ငံလုံးတင်မကကမ္ဘာကြီးကိုပါပျံ့သွားခဲ့ပြီး ကလေးမလေးတစ်ဦးရဲ့ပညာရေးကိုအလေးထားတဲ့ ဂျပန်တွေရဲ့လုပ်ရပ်ကိုချီးကျူးခဲ့ကြပါတယ်။

အနာဂတ်မျိုးဆက်လူငယ်တွေရဲ့ပညာရေးကို အလေးထားတဲ့အတွက်
ဂျပန်နိုင်ငံဟာလည်း ကမ္ဘာထိပ်တန်းနိုင်ငံတခုအဖြစ်ရပ်တည်နေနိုင်ခဲ့ပါတယ်။
လူငယ်တွေရဲ့ပညာရေးကို အလေးမထားတဲ့ တိုင်းပြည်ဟာ အနာဂတ်မဲ့တဲ့
တိုင်းပြည်ပါပဲ။
the melting pot 4 you

ဒီနေ့ ဘဝနဲ့ ပတ်သက်တဲ့ ခါးသီးရက်စက်တဲ့ အမှန်တရား ၃ ခုကို ပြောပြမယ်။ နံပါတ်(၁) ဘဝကြီးက မတရားဘူး။မမျှတဘူး။ မမျှတမှု၊ မတရားမ...
06/27/2024

ဒီနေ့ ဘဝနဲ့ ပတ်သက်တဲ့ ခါးသီးရက်စက်တဲ့ အမှန်တရား ၃ ခုကို ပြောပြမယ်။

နံပါတ်(၁) ဘဝကြီးက မတရားဘူး။မမျှတဘူး။ မမျှတမှု၊ မတရားမှုတွေနဲ့ အသားကျအောင် နေထိုင်ပါ။

နံပါတ်(၂) ကမ္ဘာကြီးက မင်းအတွက် ရပ်တန့်နေမှာ မဟုတ်ဘူး။ မင်းပါသည်ဖြစ်စေသို့မဟုတ် မပါသည်ဖြစ်စေ ရှေ့ဆက်သွားနေမှာပဲ။

နံပါတ်(၃) ငွေကစကားပြောတဲ့အခါ အမှန်တရားက တိတ်ဆိတ်နေတတ်တယ်။

ပျားအထီးတွေဟာ အသက်ပေးပြီး တောင်ချစ်တဲ့ အချစ်ကြီးသူတွေပါ။ ပျားထီးတွေဟာ ပျားဘုရင်မနဲ့ မိတ်လိုက်ပြီးတာနဲ့သေဆုံးသွားရပါတယ်။ ...
06/26/2024

ပျားအထီးတွေဟာ အသက်ပေးပြီး တောင်ချစ်တဲ့ အချစ်ကြီးသူတွေပါ။ ပျားထီးတွေဟာ ပျားဘုရင်မနဲ့ မိတ်လိုက်ပြီးတာနဲ့သေဆုံးသွားရပါတယ်။ ဘာကြောင့်လဲဆိုတော့ ပျားထီးရဲ့ မျိုးပွားအင်္ဂါဟာ ချစ်တင်းနှောစဉ်အတွင်းမှာ ဘုရင်မထံမှာ ကျန်ရစ်ခဲ့ပြီးပြင်းထန်တဲ့ ဒီဒဏ်ရာများကြောင့်ပဲ သေဆုံးသွားရတာဖြစ်တယ်။ ဒီနည်းအားဖြင့်ပျားထီးဟာ အခြားပျားဘုရင်မများနဲ့ ချစ်တင်းမနှောနိုင်ဖို့ကိုလည်း သေချာသွားစေတော့တယ်။

ပျားထီးရဲ့မျိုးရိုးဗီဇပစ္စည်းကို ဘုရင်မထံ အောင်မြင်စွာလွှဲပြောင်းပေးပြီးတဲ့နောက် ပျားဘုရင်မဟာ ပျားထီးရဲ့သုက်ပိုးများကို သိမ်းဆည်းထားပြီး ဥထောင်ပေါင်းများစွာ မျိုးအောင်ဖို့ တစ်သက်တာလုံး အသုံးပြုတော့တယ်။

မျိုးဆက်ပြန့်ပွားဖို့အတွက် သဘာဝရဲ့ ထူးခြားတဲ့နည်းစနစ်တခုဖြစ်ပေမယ့် ပျားထီးအတွက်ကတော့ ကြေကွဲဖွယ် အချစ်ဇတ်သိမ်းခန်းပါပဲ။
the melting pot 4 you

လူတစ်ဦးနဲ့တဦးဆက်ဆံရေးမှာ အကြီးမားဆုံး ပြဿနာက တဖက်သား ပြောတာကို နားလည်ဖို့ နားမထောင်ပဲ တစ်ခုခုတုံ့ပြန်ဖို့နားထောင်နေကြတာပ...
06/25/2024

လူတစ်ဦးနဲ့တဦးဆက်ဆံရေးမှာ
အကြီးမားဆုံး ပြဿနာက တဖက်သား ပြောတာကို နားလည်ဖို့ နားမထောင်ပဲ တစ်ခုခုတုံ့ပြန်ဖို့နားထောင်နေကြတာပဲ ဖြစ်တယ်။

သတ္တလောကကြီးမှာ မိခင်မေတ္တာဓာတ်ဟာ ကြီးမားလှတယ်။ "African burrowing ကင်းမြှီးကောက်အမေကြီးဟာ ကလေးတွေကို သူ့ကျောပေါ်ပိုးပြီ...
06/24/2024

သတ္တလောကကြီးမှာ မိခင်မေတ္တာဓာတ်ဟာ ကြီးမားလှတယ်။
"African burrowing ကင်းမြှီးကောက်အမေကြီးဟာ ကလေးတွေကို သူ့ကျောပေါ်ပိုးပြီး ကြီးပြင်းချိန်ထိ ကျွေးမွေးစောင့်ရှောက်တယ်။နောက်ဆုံး ကလေးတွေအတွက် အဟာရအဖြစ် သူ့အသားကိုတောင်ကင်းမြီးကောက်ပေါက်လေးတွေကို ကျွေးမွေးတယ်။မျိုးပွားမှုသံသရာ ပြီးဆုံးပြီးတဲ့နောက် ယိုယွင်းလာတဲ့သူမရဲ့ခန္ဓာကိုယ်ကို ကင်းမြီးကောက်ပေါက်လေးတွေကိုစားသုံးခွင့်ပြုပြီး ကလေးတွေကို ကြီးပြင်းလာစေတယ်။
လူသားတွေမှာလဲ ဒီလိုကိုယ့်ဘဝကို လောင်ကျွမ်းခံပြီး သားသမီးတွေအတွက်ပေးဆပ်ထားတဲ့ မိခင်တွေရှိနေပါတယ်။
the melting pot 4you

06/24/2024

လူတွေက မင်းကိုချစ်ပြီး မင်းကိုဂရုစိုက်တယ်လို့ပြောတဲ့အခါ အရမ်းပျော်မနေပါနဲ့။ တကယ့်မေးခွန်းက ဘယ်အချိန်အထိလဲ။
ဘာဖြစ်လို့လဲဆိုတော့ ရာသီဥတုလိုပဲ ..လူတွေက ပြောင်းလဲတတ်တယ်။

Address

Cumberland Gap, TN

Alerts

Be the first to know and let us send you an email when The Melting Pot 4 U posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Melting Pot 4 U:

Share