Life of Okka

Life of Okka Finding joy through ups and downs

လိုရာပြည့်သောဘဝမှာ မပျော်နိုင်ရင် ဘာလိုနေသေးလဲ?ပိုက်ဆံပမာဏတစ်ခု ဘဏ်ထဲရှိရင်ကိုယ်အရမ်းလိုချင်တဲ့ ပစ္စည်းရရင်မရောက်ဖူးတဲ့န...
09/09/2025

လိုရာပြည့်သောဘဝမှာ မပျော်နိုင်ရင် ဘာလိုနေသေးလဲ?

ပိုက်ဆံပမာဏတစ်ခု ဘဏ်ထဲရှိရင်
ကိုယ်အရမ်းလိုချင်တဲ့ ပစ္စည်းရရင်
မရောက်ဖူးတဲ့နေရာတွေ ခရီးသွားရရင်
ပျော်မယ်ထင်ခဲ့ဘူးတယ်

ဒါပေမယ့် အကုန်ရလည်း မပျော်သေးဘူး

နေ့ရက်တိုင်းက ဖန်တရာလည်နေတယ်
ကိုယ်ပျော်မယ်ထင်တဲ့
အရာတွေ အားလုံးကလည်း
လက်တွေ့ကို ခဏမေ့ဖို့အတွက်
အာရုံလှည့်ဖြားမှု သက်သက်ပဲ

ဘဝက ငယ်ငယ်ကစီးတဲ့
ချားရဟတ်လိုပဲ
နိမ့်လိုက် မြင့်လိုက်နဲ့
စီးခါစကဆို ပျော်ဖို့ကောင်းသလောက်

အချိန်ကြာတော့ ရိုးလာတယ်
လည်တော့လည်နေတယ်
ဒါပေမယ့် ဘယ်မှ မရောက်ဘူး

တကယ်ပျော်ခဲ့ရတဲ့ အချိန်တွေ
ပြန်စဥ်းစားကြည့်တော့..

ပျော်ရွှင်မှုအစစ်အမှန်တွေက
ရုပ်ဝတ္ထုတွေ ခမ်းနားမှု​တွေ မဟုတ်ဘူး

ဗိုက်အရမ်းဆာနေတဲ့အချိန်
အမေ့လက်ရာလေး စားရတာ
ကိုယ်လိုချင်တဲ့အရုပ် မရမချင်း
အဖေက လိုက်ဝယ်ပေးတာ

သူငယ်ချင်းတွေနဲ့ ညလုံး​ပေါက်
အရေမရအဖတ်မရပြောပြီး ထိုင်ခွီတာ
မိုးထဲရေထဲ ချစ်သူနဲ့လက်တွဲပြီး
တစ်မိုးအောက် လမ်းတူတူလျှောက်တာ

ကိုယ်ကူညီလိုက်လို့ တစ်ဖက်လူ အဆင်ပြေသွားတာ
လိုအပ်တဲ့အချိန်တိုင်း အား​ပေးမယ့်သူ ရှိ​နေတာ

တကယ်တော့ ဘဝရဲ့ ပျော်ရွှင်မှုအစစ်အမှန်ဆိုတာ
ကိုယ်ချစ်ရတဲ့သူတွေ အနားမှာ ဝန်းရံထားပြီး
အတူတူ အမှတ်တရတွေ အများကြီး ချန်ခဲ့ဖို့ပဲ

တစ်နေ့နေ့မှာ
တစ်ယောက်ယောက်က
ပိုင်ဆိုင်မှုတွေ ဘယ်လောက်ချမ်းသာပြီလဲလို့
မေးလာခဲ့တဲ့အခါ

ချစ်ရတဲ့သူ တသီတသန်းနဲ့
အမှတ်တရတွေ အလျှံအပယ်
သိမ်းထားတဲ့ ကိုယ့်ရဲ့ Relationship စုဗူးလေးကို
ထုတ်ပြဖြစ်မယ်ထင်တယ်

Address

Daly City, CA
94015

Telephone

+16502481787

Website

Alerts

Be the first to know and let us send you an email when Life of Okka posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Life of Okka:

Share