02/24/2025
"𝗧𝗮𝗸𝗶𝗻𝗴 𝗳𝗼𝗿 𝗴𝗿𝗮𝗻𝘁𝗲𝗱"
လူတော်တော်များများက
ကိုယ်ချစ်ရတဲ့သူနဲ့ အမြဲအတူရှိမှာပဲ
အချိန်တွေလည်း အများကြီးရှိတာပဲလို့
ခပ်ပေါ့ပေါ့လေးတွေးမိကြတယ်
လိုချင်တဲ့အရာတွေနောက်
တကောက်ကော်လိုက်ရင်း
ကိုယ့်ဘေးမှာရှိတဲ့သူတွေကို
တန်ဖိုးထားဖို့ မေ့နေတတ်ကြတယ်
သတိရလို့ လှည့်ကြည့်မိတဲ့အချိန်မှာ
ဘာမှလုပ်လို့မရတော့တဲ့ အခြေအနေတွေရှိတယ်
ဒါတွေ မလုပ်ပေးလိုက်ရကောင်းလားလို့
ရတဲ့ နောင်တက နင့်နေအောင်ခံစားရတတ်တယ်
တစ်သက်လုံး မကျက်တဲ့
အနာလည်း ဖြစ်သွားနိုင်တယ်
ဆုံးရှုံးပြီးမှ နောင်တရတာထက်
မဆုံးရှုံးခင်တည်းက တန်ဖိုးထားရမယ်ဆိုတာ
အချိန်လွန်မှ သိရတယ်
လူတစ်ယောက်စိတ်ကုန်သွားလို့
ပြန်မလှည့်ကြည့်တော့တဲ့အခါ
ဇွတ်သွားကောင်းပြနေလည်း အပိုပဲ
ကော်ဖီတစ်ခွက်လိုပဲ ပူတုန်းသောက်မှ
အေးသွားရင် သောက်လို့မကောင်းတော့ဘူး
ဆက်ဆံရေးတစ်ခုလည်း နွေးထွေးမှုမရှိပဲ
အေးစက်သွားရင် ဘာမှလုပ်လို့မရတော့ဘူး
အချစ်ကြောင့် နာကျင်နိုင်ရတယ်ဆိုပေမယ့်
အချစ်ကြောင့်ပဲ အသက်ရှင်နေရတာမလား
ကိုယ်ကတစ်ခါနာဖူးတိုင် နောက်တစ်ကြိမ်နာရမှာ
ကြောက်နေတယ်ဆိုရင် တကယ်ချစ်တဲ့သူနဲ့
တစ်ဘဝစာလွဲသွားနိုင်ပါတယ်
နောက်တစ်ခုရှိတာက..
လူတစ်ယောက်က ကိုယ့်အပေါ်ကောင်းပေးသလိုမျိုး
နောက်တစ်ယောက်က ထပ်တူကောင်းပေးလိမ့်မယ်လို့
ဘယ်သောအခါမှ လွယ်လွယ်လေး မတွေးနဲ့
တွေးတဲ့နေ့က ခင်ဗျား ဒုက္ခရောက်တဲ့နေ့ပဲ
အခြားတစ်ဖက်မှာလည်း
ကိုယ့်ဘက်ကချည်ပေးနေရတယ်လို့
ခံစားမိလာရင် အရင်ဆုံး လိုချင်မှန်းမလိုချင်မှန်း မသိ
ကိုယ်က ပိုပေးမိနေတာလားဆိုတာ ပြန်စဥ်းစားရမယ်
တခါတလေ ကိုယ်ရှိပေးလုပ်ပေးနေတဲ့ အချိန်မှာ
တစ်ဖက်က နားလည်ဖို့ အချိန်လိုနေတာ ဖြစ်နိုင်သလို
သူကြုံခဲ့တဲ့ ဘဝအတွေ့အကြုံရ ကိုယ်ပေးတာကို
လက်ခံဖို့ Ready မဖြစ်သေးတာလည်း ဖြစ်နိုင်ပါတယ်
ဒီလိုအခြေအနေမျိုးမှာ အစစ်အမှန်လားသိဖို့
ကိုယ်ပေါင်းစိတ်ခွာ လုပ်သင့်ရင်လုပ်ရမယ်
အသာလေး လှည့်ထွက်သင့်ရင် လှည့်ထွက်ရမယ်
ဒီလိုမလုပ်နိုင်ရင် ကိုယ်ပဲ စိတ်ပင်ပန်းရမယ်
နောက်ဆုံးအနေနဲ့ နောင်တကင်းကင်း လိပ်ပြာသန့်သန့်နဲ့
ဘဝကို ရှေ့ဆက်ချင်တယ်ဆိုရင်တော့
အမြဲမမေ့သင့်တာတစ်ခုက..
ကိုယ့်ငြီးငွေ့တယ်လို့ထင်ပြီး
မလိုချင်တော့တဲ့ အနားကသူက
ကမ္ဘာတစ်ဖက်ခြမ်းမှာ
လူတစ်ယောက် အသည်းအသန်လိုချင်လို့
ရှာတာတောင် ရှာမတွေ့နိုင်တဲ့သူမျိုး
ဖြစ်နေနိုင်တယ်ဆိုတာ မမေ့ဖို့တွေးရင်း…
Life of Okka
02.23.25
Send a message to learn more